ခံစားချက်
Vol. 014 Ch. 1381
မှော်ဝိဇ္ဇာက ယနေ့ ဤဘဝကို စွန့်ခွာခဲ့သည်။
“ဘာလို့လဲ...” ရီဖူရှင်း၏ နှလုံးသားက တုန်ယင်နေသည်။ သူက မှော်ဝိဇ္ဇာကို အတိတ်နှင့် အနာဂတ်အား သိမြင်နိုင်သည်ဟု မယုံကြည်လျှင်ပင် မှော်ဝိဇ္ဇာသည် အလွန် အစွမ်းထက်သည့် တန်ခိုးရှင်ဖြစ်သည်။ ကျူးယန့်မင်းသားသည်ပင် သူ့ထံသို့ သွားရောက်လည်ပတ်ရန် ဆန္ဒရှိပြီး အပြည့်အဝ ယုံကြည်သည်။ ထိုအချက်က မှော်ဝိဇ္ဇာ၏ ထူးချွန်လှသည့် စွမ်းအားကို ပြသနေ၏။
ကျူးယန့်မင်းသား မဟုတ်လျှင်ပင် များပြားလှသည့် ထိပ်တန်း နတ်ဆိုးသားရဲများ၏မျိုးဆက်တို့က ဤနေရာ၌ ရောက်ရှိနေသည်။
ယခင်က မှော်ဝိဇ္ဇာသည် သူ့ထံမှ တစ်ခုခုကို စူးစမ်းလိုနေသည်ဟု ထင်မှတ်ကာ ရီဖူရှင်းသည် အနည်းငယ် ထူးဆန်းသော ခံစားချက်ကို ခံစားရပြီး ဒေါသပင် ထွက်ခဲ့လေသည်။
သို့သော် ရီဖူရှင်းသည် သူ မှော်ဝိဇ္ဇာနန်းတော်မှ ထွက်လာသည်နှင့် နတ်ဆိုးဘုံ၏ ဤကျော်ကြားလှသော ပုဂ္ဂိုလ်မှာ လူအများက သူ့ထံသို့ လာရောက်လည်ပတ်ကြပြီး ကောင်းကင်လျှို့ဝှက်ချက် အများအပြားကို ထုတ်ဖော်ခဲ့သည့်အတွက် သူ၏ အသက်ကိုပင် ပေးဆပ်လိုက်ရမည်ဟု ထင်မှတ်မထားခဲ့ပေ။
သူ၏သေဆုံးခြင်းက ရီဖူရှင်းကြောင့်များလား။
မှော်ဝိဇ္ဇာက တစ်ခုခုကို မြင်တွေ့ခဲ့ရသည်လား။
မှော်ဝိဇ္ဇာက ကောင်းကင်၏ လျှို့ဝှက်ချက်များစွာကို ဖော်ထုတ်ခဲ့သည့်အတွက်ကြောင့် သေဆုံးရသည်မဟုတ်လျှင် သူကိုယ်တိုင်က ကောင်းကင်လျှို့ဝှက်ချက်များကို မဖော်ထုတ်လိုတော့သည့်အတွက်လား။
ရုတ်တရက် ရီဖူရှင်းသည် အမှားလုပ်ခဲ့မိသကဲ့သို့ ခံစားလိုက်ရသည်။ ဖြစ်နိုင်သည်က ကောလာဟလများ ပြောသကဲ့သို့ပင် မှော်ဝိဇ္ဇာက အနာဂတ်ကို ခန့်မှန်းနိုင်သည်မှာ ဖြစ်နိုင်ပေသည်။ သူက တစ်ခုခုကို မြင်တွေ့ခဲ့ပြီး ကောင်းကင်၏ လျှို့ဝှက်ချက်ကို မထုတ်ဖော်လိုတော့သောကြောင့် ဤဘဝကို စွန့်ခွာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ရပေမည်။
သို့သော် မှော်ဝိဇ္ဇာပင်လျှင် မဖော်ထုတ်လိုသည့် လျှို့ဝှက်ချက်နှင့် သူက မည်သူဖြစ်သနည်း။
မှော်ဝိဇ္ဇာ၏ နှုတ်ဖျားမှ ထွက်ခဲ့သည့် ပုဂ္ဂိုလ်ကြီးက မည်သူနည်း။
ယခုတွင် ရီဖူရှင်း၏ ဦးနှောက်က ပူပန်မှုများစွာနှင့် အနည်းငယ် ရှုပ်ထွေးနေသည်။ ဤခံစားချက်က ထူးဆန်းပေသည်။ မကြာသေးခင်က သူသည် ဒေါသထွက်နေခဲ့သော်လည်း ယခုတော့ သူသည် ဖော်ပြခြင်းငှာမစွမ်းသာသော ခံစားချက်များကို ခံစားနေခဲ့ရသည်။
ရီဖူရှင်းသာလျှင် မဟုတ်ဘဲ သူ့အနီးရှိ နတ်ဆိုးဘုံမှ တန်ခိုးရှင်များသည်လည်း သူတို့၏ ရှေ့မှ ထိတ်လန့်ဖွယ် မြင်ကွင်းကြောင့် တုန်လှုပ်နေကြပေသည်။
မှော်ဝိဇ္ဇာက သေဆုံးသွားခဲ့သည်။
သူသည် မှော်ဝိဇ္ဇာကလန်၏ နောက်ဆုံး မှော်ဝိဇ္ဇာဖြစ်သည်။ သို့သော် ယနေ့တွင် ကောင်းကင်၏ လျှို့ဝှက်ချက်များစွာကို ဖော်ထုတ်မိသည့်အတွက် သေဆုံးသွားခဲ့သည်။
သူ သေဆုံးရခြင်း၏ အကြောင်းပြချက်က လျှို့ဝှက်ချက်အများအပြားကို ဖော်ထုတ်ခဲ့၍ဟု ဆိုလျှင် သူက မည်သည့်အတွက် ဤလူများအားလုံးကို ခေါ်တွေ့၍ ကောင်းကင်လျှို့ဝှက်ချက်များကို ဖော်ထုတ်ခဲ့ရသနည်း။
သူ ယခင်က ဖြန့်ဝေခဲ့သည့် သတင်းကြောင့်များလား။
နတ်ဆိုးဘုံတွင် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပျက်မည်ဖြစ်ပြီး ကောင်းကင်အာဏာစက်ဘုံတွင်လည်း ထိုသို့အတူတူပင် ဖြစ်သည်။ ပုဂ္ဂိုလ်ကြီးတစ်ဦး ရောက်လာလိမ့်မည်။ မှော်ဝိဇ္ဇာသည် လူများကို ခေါ်၍ ကောင်းကင်လျှို့ဝှက်ချက်များကို ထုတ်ဖော်ခဲ့သလို တစ်ချိန်တည်းမှာပင် ကောင်းကင်၏ လျှို့ဝှက်ချက်ကို ထောက်လှမ်းနေခဲ့သည်လား။
ကောင်းကင်ရှိ လေထုနှင့် တိမ်တိုက်များက စတင်၍ အရောင်ပြောင်းလဲလာပြီး ကောင်းကင်မှ မွန်းကြပ်ဖွယ်စွမ်းအားများ ကျဆင်းလာသည်။ ထိုအရှိန်အဝါက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ ထိုနေရာရှိ များပြားလှသည့် နတ်ဆိုးသားရဲများသည် ဖိအားအောက်တွင် မြေပေါ်သို့ ပြတ်ကျလုနီးပါးဖြစ်ကာ နတ်ဆိုးသားရဲများက ထိုအရှိန်အဝါကို ပိုမို၍ ခံစားကြရပေသည်။
ထိုသည်က တစ်ဦးထက်ပိုသည့် နတ်ဆိုးအင်ပါယာများ ရောက်ရှိလာခြင်း ဖြစ်သည်။
ကောင်းကင်မှ စွမ်းအားများ အဆက်မပြတ် ကျဆင်းလာပြီး မရေတွက်နိုင်သည့်စိတ်အသိများသည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အချို့သော နတ်ဆိုးသားရဲကြီးများသည် လေထုကို တိုက်ရိုက်ဖြတ်ကာ လာသော်လည်း အချို့သော နတ်ဆိုးသားရဲကြီးများကတော့ မဟာနတ်ဆိုးစွမ်းအားနှင့် အရိပ်များကို ပေါင်းစပ်ကာ မှော်ဝိဇ္ဇာနန်းတော်အထက် ကောင်းကင်တွင် ပေါ်ပေါက်လာကြသည်။
သူတို့အားလုံးသည် မှော်ဝိဇ္ဇာ၏ ပျက်ပြယ်နေသော ပုံရိပ်ကို ကြည့်ကာ ထိတ်လန့်သွားပြီး နှလုံးသားများက တုန်ယင်လာကြသည်။
“မှော်ဝိဇ္ဇာ ဘာကြောင့် ဒီလိုလုပ်ရတာလဲ” နတ်ဆိုးအင်ပါယာ တစ်ဦးက မေးလိုက်သည်။
သူတို့က နားမလည်နိုင်ကြပေ။
နတ်ဆိုးဘုံအတွင်း၌ မှော်ဝိဇ္ဇာ၏ အဆင့်အတန်းက မြင့်မားပြီး သူတို့က တွေ့ဆုံခွင့် တောင်းခံလျှင်ပင် မှော်ဝိဇ္ဇာက ငြင်းပယ်တတ်သည်။
နတ်ဆိုးဘုံအတွင်း အထွတ်အထိပ် နတ်ဆိုးသားရဲများသည်ပင် မှော်ဝိဇ္ဇာကလန်၏ နောက်ဆုံးကျန်ရစ်သော မှော်ဝိဇ္ဇာကို မထိရဲကြပေ။ ထိုအထွတ်အမြတ်ထားမှုသည် နတ်ဆိုးဘုံတစ်ခုလုံး၏ သဘောဆန္ဒလည်း ဖြစ်ပေသည်။ ထို့အပြင် ကိစ္စများ ဖြစ်ပျက်လာသည့်အခါ သူတို့သည် မှော်ဝိဇ္ဇာ၏ အမြင်ကို တောင်းခံလေ့ရှိသည်။
လူသားနှင့် နတ်ဆိုးသားရဲများကြားမှ စစ်ပွဲအတွင်းတွင် မှော်ဝိဇ္ဇာသည် အရေးကြီးသည့် ကဏ္ဍမှ ပါဝင်ခဲ့သည်။
နတ်ဆိုးဘုံ၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များသည်ပင် မှော်ဝိဇ္ဇာကို ထိပါးရန် ဆန္ဒမရှိကြပေ။ သူက အမြဲ လွတ်လပ်ပြီး ဆန္ဒရှိရာကို လုပ်ဆောင်နိုင်သော်လည်း အဘယ့်ကြောင့် တစ်ဦးတည်းကျန်ရစ်သည့် မှော်ဝိဇ္ဇာက သူ့အသက်ကို စွန့်ပစ်ရန် ရွေးချယ်ခဲ့ရသနည်း။
သူက အနာဂတ်အကြောင်းအရာ တစ်ခုခုကို မြင်တွေ့ခဲ့ရသည့်အတွက် များလား။
“ဘာလို့ဒီလိုဖြစ်ရတာလဲ” အရိပ်ပေါင်းစပ်ထားသည့် နတ်ဆိုးအင်ပါယာ တစ်ဦးက ထွက်ပေါ်လာကာ သက်ပြင်းချလိုက်သည်။ “နတ်ဆိုးဘုံမှာ မင်းက ဘယ်လိုအဆင့်အတန်းမျိုး ရှိလဲ သိရဲ့လား”
“ဒါက ကျုပ် ရှောင်လွှဲမရတဲ့ နတ်ဘုရားပြစ်ဒဏ်ပဲ။ ကျုပ်အတွက် ဝမ်းနည်းပေးဖို့ မလိုပါဘူး” မှော်ဝိဇ္ဇာက ပြောလိုက်သည်။ “အရာအားလုံးက အချိန်ကျလာပြီ။ ကျုပ် ဘာကြောင့် အသက်စွန့်ဖို့ ရွေးချယ်ရသလဲဆိုတာ မစုံစမ်းပါနဲ့ အကြောင်းပြချက် မရှိဘူး။ ပြီးတော့ ခင်ဗျားလည်း ပြောင်းလဲနိုင်မှာ မဟုတ်တာကြောင့် ဒီတိုင်း ထားလိုက်ပါတော့။ နတ်ဆိုးဘုံက အရှုပ်အထွေးတွေ ရှိလာလိမ့်မယ်ဆိုပေမဲ့ လူတိုင်းက လိုက်လျောညီထွေ ဖြစ်သွားကြမှာပါ။ ကောင်းကင်နဲ့ မြေကြီးကြားမှာ နတ်ဆိုးဘုံက နတ်ဆိုးဘုံအဖြစ် ဆက်ပြီး တည်ရှိနေလိမ့်မယ်”
နတ်ဆိုးအင်ပါယာများက တိတ်ဆိတ်စွာ နားထောင်နေပြီး မှော်ဝိဇ္ဇာ၏ စကားလုံးများကို စိတ်ထဲ၌ သိမ်းဆည်းထားလိုက်ကြသည်။ မှော်ဝိဇ္ဇာ၏ နောက်ဆုံးစကားများ အားလုံးက သူ၏ ရင်ထဲမှ လာခြင်းဖြစ်သည့်အတွက် သူတို့က ထာဝရ အမှတ်ရပေးနေသင့်ပေသည်။
“မူလတောင်တန်းအတွက်ရော မင်းမှာ ဘာအကြံပြုချက်ရှိမလဲ မှော်ဝိဇ္ဇာ” နတ်ဆိုးအင်ပါယာ တစ်ဦးက မေးလိုက်သည်။ မူလတောင်တန်းသည် နတ်ဆိုးဘုံအတွက် အလွန် အရေးကြီးလေသည်။ ထိုနေရာက နတ်ဆိုးဘုံ၏ အခရာဖြစ်ကာ ယခု လူသားတန်ခိုးရှင်များက ချင်းနင်းဝင်ရောက်လာကြသည်။ ထို့ကြောင့် သူတို့က မည်ကဲ့သို့ ထိရောက်စွာ ဆက်ဆံရမည်ကို သိလိုကြပေသည်။
ယခု သူတို့သည် နောက်ဆုံးအနေနှင့် မှော်ဝိဇ္ဇာ၏ အမြင်ကို မေးရန် လိုအပ်ပေသည်။
“အရာအားလုံးက အချိန်ကျလာရင် ဖြစ်ပျက်မှာပဲ။ သဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်အောင်ပဲ နေပါ။ ဖြစ်ရမယ့်အရာတွေက ကျိန်းသေဖြစ်လာလိမ့်မယ်။ ပြီးတော့ မင်းတို့လည်း အချိန်ကျရင် နားလည်လာမှာပါ” မှော်ဝိဇ္ဇာ၏ တိုးညင်းပြီး အက်ကွဲသည့် အသံက ထွက်ပေါ်လာသည်။ သူ၏ ဝိညာဉ်ပုံရိပ်သည် ပို၍ ပို၍ မှေးမှိန်လာပြီး မဟာလမ်းစဉ် မီးတောက်များ အောက်၌ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ကျုပ် အချိန်က ကုန်ဆုံးသွားပြီ။ အခုတော့ မှော်ဝိဇ္ဇာ ဘိုးဘေးတွေကို အဖော်ပြုသွားရမယ့် အချိန်ရောက်ပြီ” မှော်ဝိဇ္ဇာက ကျယ်လောင်စွာ သက်ပြင်းချရင်း ပြောလိုက်သည်။ မှော်ဝိဇ္ဇာကလန်၏ နောက်ဆုံးကျန်ရစ်သည့် တစ်ဦးတည်းသော မှော်ဝိဇ္ဇာအနေနှင့် သူသည် လောကကြီးထဲ၌ အထီးကျန်စွာ ခံစားခဲ့ရသည်။
ယနေ့တွင် နောက်ဆုံး၌ သူ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။
နတ်ဆိုးကလန်များ၏ တန်ခိုးရှင်များအားလုံးမှာ တည်ငြိမ်နေပြီး မှော်ဝိဇ္ဇာဘက်သို့ စိုက်ကြည့်နေကြသည်။ အချို့သော နတ်ဆိုးအင်ပါယာများသည် မှော်ဝိဇ္ဇာ ရှိရာဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်ကြပြီး ပြောသည်။ “ဆရာကြီး.. ငြိမ်းငြိမ်းချမ်းချမ်းသွားပါ”
အားလုံးသော နတ်ဆိုးအင်ပါယာများ ထိုသို့ လုပ်သည်ကို ကြည့်ရင်း ကျယ်ပြောလှသော အဆုံးမဲ့ နေရာအတွင်းမှ မရေတွက်နိုင်သည့် နတ်ဆိုးသားရဲများက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာကာ အားလုံးသည် မှော်ဝိဇ္ဇာဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်ကြသည်။
မှော်ဝိဇ္ဇာ၏ ပုံရိပ်က ဝေဝါးသထက် ဝေဝါးလာပြီး ကြယ်များကဲ့သို့ အဆုံးမဲ့ အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားသည်။ ကျယ်ပြောလှသည့် နေရာတစ်ခုလုံးက အလင်းများဖြင့် ပြည့်နှက်သွားပြီး လေနှင့်အတူ ကျဆင်းလာသည်။
များပြားလှသည့် နတ်ဆိုးသားရဲများသည် သူတို့၏ လက်များကို ဆန့်ထုတ်လိုက်ကြပြီး အလင်းစက်များက သူတို့၏ လက်များကို ဖြတ်သန်းသွားသည်။ အဆုံးမဲ့ နေရာတစ်ခုလုံးတွင် ဝမ်းနည်းမှုများနှင့် ပြည့်နှက်သွားကြသည်။
ယနေ့ ပြီးဆုံးသွားလျှင် နတ်ဆိုးဘုံ၏ မှော်ဝိဇ္ဇာများက ထပ်၍ ရှိလာလိမ့်တော့မည် မဟုတ်ပေ။
ရီဖူရှင်းသည် ကောင်းကင်အောက်ဘက်တွင် ရပ်နေပြီး သူသည် လေထုထဲမှ ခံစားချက်ကို ခံစားနိုင်ပေသည်။ နတ်ဆိုးအင်ပါယာများ ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး ဆယ်ချီသော နတ်ဆိုးအင်ပါယာတို့၏ အသက်စွမ်းအားများက မည်မျှ ကြောက်မက်ဖွယ် မြင်ကွင်းဖြစ်နေကြောင်းကိုလည်း ခံစားမိပေသည်။
ထို့အပြင် များပြားလှသည့် နတ်ဆိုးအင်ပါယာများ ထွက်ပေါ်မလာခဲ့သော်လည်း သူတို့က စောင့်ကြည့်နေကြပေသည်။
ထိုအချိန်၌ ရီဖူရှင်းသည် နတ်ဆိုးဘုံရှိ မှော်ဝိဇ္ဇာ၏ အဆင့်အတန်းကို စတင် သဘောပေါက်လာသည်။
သို့သော် ထို့အတွက်ကြောင့်ပင် သူ၏ ခံစားချက်များက ပို၍ ရှုပ်ထွေးလာခဲ့ရသည်။
မှော်ဝိဇ္ဇာ၏ သေဆုံးခြင်းက သူ့ကြောင့်များလား။
“မှော်ဝိဇ္ဇာနဲ့ နောက်ဆုံးတွေ့ခဲ့တာ ဘယ်သူလဲ” ထိုအချိန်တွင် လေထဲမှ အသံတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုးအင်ပါယာ တစ်ဦးက မေးလိုက်သည်။
အောက်ဘက်မှ လူများ၏ မျက်လုံးများက ရီဖူရှင်းထံသို့ ကျရောက်လာသည်။ ကောင်းကင်နတ်တံခါးဂိုဏ်းမှ ကျန်းမို့၊ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များနှင့် ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများတွင် ထူးဆန်းသည့် အကြည့်များ ပေါ်ပေါက်လာသည်။
သူတို့က ရီဖူရှင်း အလွန် မြန်ဆန်စွာ ပြန်ထွက်လာသည်ကို မြင်သည့်အခါ သူတို့အားလုံး တွေးခဲ့သည်မှာ ရီဖူရှင်းက သူလိုချင်သည့် အဖြေကို မရသောကြောင့် စိတ်ပျက်လက်ပျက်နှင့် ပြန်လာသည်ဟူ၍ ဖြစ်သည်။ သို့သော် ထို့နောက်၌ ဖြစ်ပွားခဲ့သည့် အရာအားလုံးမှာ နတ်ဆိုးဘုံအတွက် တုန်လှုပ်စရာ ဖြစ်ခဲ့သည်။
မှော်ဝိဇ္ဇာ၏ သေဆုံးခြင်းတွင် ရီဖူရှင်းက အကြောင်းပြချက် ဖြစ်နေလိမ့်မလား။
သို့သော် သူတို့၏ စိတ်တွင်း၌ ထိုသို့ အတွေးဝင်လာသည့်အခါ ချက်ချင်းပင် ငြင်းပယ်လိုက်ကြသည်၊ ထိုသည်က မဖြစ်နိုင်ပေ။ မှော်ဝိဇ္ဇာက မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။ နတ်ဆိုးအင်ပါယာများသည်ပင် သူနှင့် တွေ့ဆုံရန် ဆင့်ခေါ်ခြင်းကို စောင့်ဆိုင်းကြရသည်။ နတ်ဆိုးဘုံ တစ်ခုလုံးတွင် သူ၏ အဆင့်အတန်းက မြင့်မားလှသည်။
သူတို့သည် ယခင်က မှော်ဝိဇ္ဇာနန်းတော်ကို ဝင်ရောက်၍ မှော်ဝိဇ္ဇာနှင့် တွေ့ဆုံခဲ့သည်။ သူသည် သူတို့ကို အကြည့်တစ်ချက်နှင့် ကြည့်ရုံမျှဖြင့် သူတို့ မည်သည်မှ မတုံ့ပြန်နိုင်အောင် ဖြစ်ခဲ့ရသည်။ သူတို့က ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်နေသော်လည်း မှော်ဝိဇ္ဇာ၏ ရှေ့တွင် ကလေးများကဲ့သို့ အားနည်းသွားခဲ့သည်။
ရီဖူရှင်း၏ အရည်အချင်းက မည်မျှ အားကောင်းနေပါစေ သူသည်လည်း သူတို့နှင့် ကွာခြားမှု သိပ်၍ မရှိနိုင်ပေ။ သူက မှော်ဝိဇ္ဇာ၏ သေခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်မည်နည်း။
မှော်ဝိဇ္ဇာက ရီဖူရှင်း ဝင်မသွားခင်ကပင် အသက်ကို စွန့်လွှတ်ရန် သူ၏ စွမ်းအားများကို စွန့်ပယ်နေခဲ့ခြင်း ဖြစ်ရမည်။
“မှော်ဝိဇ္ဇာနဲ့ တွေ့ခဲ့တဲ့ နောက်ဆုံးတစ်ယောက်က ကျွန်တော်ပါ” ရီဖူရှင်းက နတ်ဆိုးအင်ပါယာကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ လူတိုင်းက သူ့ကို စောင့်ကြည့်နေကြပြီး သူပ မည်သည့်နေရာကိုမှ ပုန်းကွယ်နိုင်မည် မဟုတ်ပေ။
“မှော်ဝိဇ္ဇာက တစ်ခုခုများ ပြောသေးလား” နတ်ဆိုးအင်ပါယာက မေးလိုက်သည်။ မှော်ဝိဇ္ဇာ နောက်ဆုံးတွေ့ဆုံခဲ့သူက လူသားတန်ခိုးရှင် ဖြစ်နေသည်လား။
သို့ဆိုလျှင် မှော်ဝိဇ္ဇာက မည်သည့် အရာမှ ချန်ရစ်မခဲ့နိုင်ပေ။
“မှော်ဝိဇ္ဇာက ကျွန်တော့်ကို ကြည့်ပြီး ပြန်သွားခိုင်းတယ်။ ဘာမှ မပြောခဲ့ပါဘူး။ အဲဒါကြောင့် ပြန်ထွက်လာတဲ့ အချိန်တုန်းက နည်းနည်း ဒေါသထွက်ခဲ့ပေမဲ့ နောက်ပိုင်း ဖြစ်သွားတဲ့ အရာတွေကတော့ ကျွန်တော့်ကို ထိတ်လန့်စေတယ်” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ နတ်ဆိုးအင်ပါယာသည် သူ၏ စကားများကို ကြားလျှင် မည်သည့်စကားမှ မဆိုဘဲ ခေါင်းညိတ်လိုက်သည်။
မှော်ဝိဇ္ဇာက အကြောင်းရင်းကို မစုံစမ်းနှင့်ဟု ဆိုခဲ့သည်။ သူ၏ အချိန်ကျရောက်လာပြီး အရာအားလုံးက အဆုံးသတ်သွားခဲ့ခြင်း ဖြစ်သည်။
နတ်ဆိုးဘုံ၏ မှော်ဝိဇ္ဇာက ရှန့်ထိုအဆင့်မှ လူသားတန်ခိုးရှင်ကြောင့်တော့ မသေဆုံးနိုင်လောက်ပေ။
နတ်ဆိုးအင်ပါယာက သက်ပြင်းချလိုက်သည်။ ကံမကောင်းစွာနှင့် သူက မှော်ဝိဇ္ဇာထံ အလည်အပတ် သွားရောက်ခွင့်ပင် မရသေးမီ မှော်ဝိဇ္ဇာက ယခုကဲ့သို့ အသက်ကို စွန့်လွှတ်သွားခဲ့သည်။ မည်သည့် အကြောင်းရင်းမှ မရှိ မည်သည့်သဲလွန်စမှလည်း မချန်ရစ်ခဲ့ပေ။
“ကျုပ်တို့ ဒီမှာ ရှိနေတဲ့ လူသားတွေနဲ့ နတ်ဆိုးသားရဲတွေကို စစ်ဆေးလိုက်သင့်လား” အခြား နတ်ဆိုးအင်ပါယာတစ်ဦးက မေးလိုက်သည်။ “မှော်ဝိဇ္ဇာရဲ့ သေဆုံးခြင်းက သူ ဒီနေ့တွေ့ခဲ့တဲ့ လူတွေဆီက မြင်ခဲ့တာနဲ့ ပတ်သက်နေနိုင်လား”
“မလိုဘူး။ သူ မသေခင်က ပြောခဲ့တဲ့ နောက်ဆုံးစကားကို ကြားလိုက်တာပဲ။ ဘာလို့ အလုပ်ရှုပ်ခံနေတော့မှာလဲ။ ထားလိုက်ပါတော့။” အခြားနတ်ဆိုးအင်ပါယာတစ်ဦးက ပြောလိုက်သည်။ ကျန်သည့် နတ်ဆိုးအင်ပါယာများက အများကြီး မပြောဘဲ မကြာခင်၌ သူတို့သည် ကောင်းကင်သို့ တက်ကာ ထွက်ခွာသွားသည်။ ထိုကြောက်မက်ဖွယ် အသက်စွမ်းအားများကလည်း လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ဤလောကရှိ အရာအားလုံး ငြိမ်းချမ်းခြင်းသို့ ပြန်လည်ရောက်ရှိရန် အချိန်သိပ်မကြာမြင့်လိုက်ပေ။
နတ်ဆိုးကလန်၏ ရှန့်ထိုအဆင့် တန်ခိုးရှင်များသာလျှင် ဤနေရာ၌ စုစည်းနေဆဲရှိကာ မှော်ဝိဇ္ဇာနန်းတော်သို့ ကြည့်နေကြသည်။
ယနေ့ များပြားလှသည့် နတ်ဆိုးသားရဲများက မှော်ဝိဇ္ဇာကို တွေ့ရန် စောင့်ဆိုင်းနေဆဲ ဖြစ်သော်လည်း ယခုတွင် မည်သည့်အခါမှ အခွင့်အရေး ရနိုင်တော့မည် မဟုတ်ပေ။
“သွားရအောင်” ရှားရှင်းယွန်က ရီဖူရှင်း၏ ဘေးမှ ခပ်တိုးတိုး ပြောလိုက်သည်။
ဤနေရာ၌ ယူချင်းမှလွဲ၍ အများဆုံး သိရှိထားသူမှာ သူမသာလျှင် ဖြစ်ပေလိမ့်မည်။
ယခင်က သူမ၏ ဖခင်ပြောခဲ့ဖူးသည်မှာ တော်ဝင်ကျဲနန်းတော် တိုက်ပွဲအတွင်း၌ ရီဖူရှင်းထံမှ တစ်စုံတစ်ခု ထုတ်ဖော်ပြသခဲ့သည်။ သူမ၏ အဖေက အရာအားလုံးကို တားဆီးရန် အမိန့်ပေးခဲ့ပြီး နောက်တွင် သူသည် ရီဖူရှင်းကို အထက်ဘုံသို့ လာရန် ဆင့်ခေါ်ခဲ့ပြီး ထိုဖြစ်ရပ်နှင့် ဆက်စပ်သည့် မှတ်ဉာဏ်အားလုံးကို ရှင်းလင်းခဲ့သည်။ တော်ဝင်ကျဲနန်းတော် မှ သူများသာလျှင် ထိုအကြောင်းကို သိရှိကြပေသည်။
ထို့အပြင် သူမသည်လည်း သူမ ဖခင်၏ အမြင်အာရုံမှ တစ်ဆင့် တော်ဝင်ကျဲနန်းတော် ဖြစ်ရပ်ကို သိရှိခဲ့ပေသည်။
သူမသည် ထိုအချိန်က အင်ပါယာရှားဘုံသို့ မည်သို့သော ပုဂ္ဂိုလ်မျိုး ဝင်ရောက်လာသည်ကို မသိရှိခဲ့သော်လည်း သူက အလွန် အစွမ်းထက်သည့် သူ ဖြစ်ကြောင်းကိုတော့ သိရှိခဲ့ပေသည်။
ရီဖူရှင်း၏ နောက်ခံက အလွန် ကြီးမားသည့် လျှို့ဝှက်ချက် ဖြစ်နိုင်သည့်အတွက် ရန်ဟောင်များပင်လျှင် မရှာဖွေနိုင်လောက်အောင် အလွန် ကြီးမားပေသည်။
ယခု သူ့ကို တွေ့ဆုံပြီးနောက် မှော်ဝိဇ္ဇာက ဤဘဝကို စွန့်ခွာသွားခဲ့သည်။ အခြားလူများက ရီဖူရှင်း၏ အခြေအနေကို မသိသည့်အတွက် အများကြီး တွေးကြလိမ့်မည် မဟုတ်သော်လည်း သူမကတော့ ထိုအကြောင်းကို တွေးမိပေသည်။
ထိုကိစ္စက ရီဖူရှင်းကြောင့်ပင် ဖြစ်နိုင်သည်။
သို့သော် သူမကို ထိတ်လန့်စေသည်က ထိုအရာကြောင့် မှော်ဝိဇ္ဇာက သူ၏ အသက်ကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်လား။
ရီဖူရှင်း၏ လျှို့ဝှက်ချက်က မည်မျှကြီးမားသနည်း။
သူမသည် အများကြီးတွေးမနေချင်ပေ။ ဤနေရာက သူတို့အတွက် အန္တရာယ်များလှသည်။ သူတို့ မြန်မြန်ဆန်ဆန်ထွက်ခွာသွားရန် လိုပေသည်။
ရီဖူရှင်း၏ အနီးရှိ လူအများမှာ အကြမ်းဖျင်း နားလည်သော်လည်း သူတို့အားလုံးက တိတ်ဆိတ်နေကြသည်။ ချင်ရွှမ်ကန်းကလည်း ပြောလိုက်သည်။ “သွားစို့”
သူသည်လည်း ကံကြမ္မာကို မြင်နိုင်စွမ်းသူတစ်ဦး ဖြစ်သည်။ ယနေ့ ဖြစ်သည့် အဖြစ်အပျက်က သူ့ကို မသက်မသာ ခံစားရစေသည်။ သူက ရီဖူရှင်းအား အမြဲတစေ မြင့်မြင့်မားမား တွေးထင်ထားလျှင်ပင် ယခု ဤတပည့်၏ ကံကြမ္မာက သူ တွေးထင်ထားသည်ထက် ပိုပြီး အစွမ်းထက်တာကြောင့် ခန့်မှန်း၍ပင် မရနိုင်လောက်ပေ။
ထို့အပြင် နတ်ဆိုးဘုံ၏ မှော်ဝိဇ္ဇာသည် ဤနယ်ပယ်၌ သူ့ထက် အများကြီး သာလွန်လှပေသည်။
***