← Chapters

မွန်းစတားနဲ့ ထပ်တွေ့ခြင်း

Vol. 14 Ch. 132

မွန်းစတားနဲ့ ထပ်တွေ့ခြင်း

Vol. 14 Ch. 132

အော်ဒရီဟာ အကြောင်းရှာပြီး အစေခံကို ခဏ ဖယ်ထုတ်လိုက်ပါတယ်။ အဲဒီနောက် တံခါးကို သော့ခတ်ပြီး အိမ်မွေးတိရစ္ဆာန်လို့ ယူဆလို့ရသေးလား မသိတဲ့ ရွှေရောင်အမွေးတွေနဲ့ ဆူဇီကို ကြည့်လိုက်ပါတယ်။

“နင် တစ်ခုခု ကြားလာရလို့လား”

ဆူဇီဟာထိုင်ပြီး အသံပြုလိုက်တဲ့အခါ သူမပတ်လည်က လေထုဟာ တုန်ခါသွားပါတယ်။

“ဟုတ်တယ်... ခရိုင်မြို့စားနဲ့ ပါလီမန်အမတ်တွေ စာကြည့်ခန်းထဲမှာ ဆွေးနွေးနေတာကို ကြားခဲ့တယ်... သူတို့ပြောတာတော့ အရှင်မင်းကြီးနဲ့ ဝန်ကြီးချုပ်က သဘောတူညီမှု ရသွားလို့ ဘာလမ် အရှေ့ဘက်ကမ်းခြေက ဖေးဆက်အင်ပါယာကို လောလောဆယ် ကလဲ့စား မချေသေးဘူးတဲ့... ဘာလမ်အရှေ့ဘက်ကမ်းခြေက ဘယ်မှာ ရှိတာလဲ...”

ဆူဇီရဲ့ လိုအင်စကားသံက အော်ဒရီရဲ့ ခံစားချက်တွေကို ရောထွေးသွားစေပါတယ်။ သူမဟာ လေးငါးဆယ်စက္ကန့် တိတ်ဆိတ်သွားပြီး “မနက်ဖြန်ကျရင် ငါ နင့်ကို မြေပုံ ပြမယ်”

“အင်း...” ဆူဇီဟာ ဝမ်းပန်းတသာ ဖြေပါတယ်။

“အရှင်မင်းကြီးနဲ့ ဝန်ကြီးချုပ်က လောလောဆယ် အစိုးရဝန်ထမ်းတွေကို စာမေးပွဲကနေ ရွေးချယ်တဲ့ ပြုပြင်ရေးက အရေးကြီးဆုံးလို့ ယုံကြည်ထားတယ်... သူတို့နှစ်ယောက်က ဒီဥပဒေကို သခင်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ အောက်တိုဘာလမတိုင်ခင် အတည်ပြုနိုင်ဖို့ မျှော်လင့်ထားတယ်”

....

“တကယ်လား” အော်ဒရီဟာ ကျေနပ် အံ့အားသင့်သွားပါတယ်။

ဒါက သူမ ပွဲကြည့်သမား ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လျှို့ဝှက် လမ်းညွှန်ပေးနိုင်ခဲ့တာပါ။ သူမရဲ့ လမ်းညွှန်မှု လက်တွေ့ဖြစ်လာတာက သူမကို အောင်မြင်တယ်လို့ ခံစားရစေပါတယ်။

ဆူဇီဟာ ပွင့်ပွင့်လင်းလင်းပဲ ဖြေပါတယ် “ကျွန်မ အတိအကျကြီးတော့ အဖြေမပေးနိုင်ဘူး... ဒီအတိုင်း ကြားလာတာကို ပြန်ပြောရုံပဲ... သူတို့ ဘာပြောချင်လဲဆိုတာကို ကျွန်မ ကောင်းကောင်း နားမလည်ဘူး... ကျွန်မက အခု စသင်ယူတဲ့ ခွေးတစ်ကောင်လေ”

အော်ဒရီဟာ တစ်ခဏ မှင်တက်သွားပြီး အပြုံးနဲ့ ပြောပါတယ် “ဆူဇီ... နင်လုပ်တာ ကောင်းတယ်... ဒါက နင့်အတွက် ဆုပဲ”

သူမဟာ ခမ်းနားထည်ဝါတဲ့ ဗီရိုတစ်လုံးထဲက အိတ်တစ်လုံးကို ထုတ်လိုက်ပါတယ်။ အဲဒီနောက် အိတ်ကို ဖောက်ပြီး ဆူဇီရှေ့မှာ ထားလိုက်ပါတယ်။

ဒါက ဘက်ကလင် အိမ်မွေးတိရစ္ဆာန် ကုမ္ပဏီကနေ ထုတ်တဲ့ ဂျုံ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ရေနဲ့ ပြုလုပ်ထားတဲ့ ခွေးဘီစကစ်ပါ။ ဆူဇီ ကြိုက်တဲ့ မုန့်ဆိုရင်လည်း မမှားပါဘူး။

ဆူဇီဟာ မတ်မတ်ထိုင်ပြီး မုန့်ထုပ်ကို အနံ့ခံပါတယ်။ အဲဒီနောက် ရှေ့ခြေဖဝါးကို ဝှေ့ယမ်းလိုက်ပါတယ်။ သူ့ကြည့်ရတာ ဘယ်လိုစားရင် သူ့ရဲ့လက်ရှိအဆင့်အတန်းနဲ့ အကိုက်ညီဆုံး ဖြစ်မလဲဆိုတာ စဉ်းစား ဆုံးဖြတ်နေပုံပါပဲ။

လေးငါးစက္ကန့် ကြာတဲ့အခါမှာတော့ ဆူဇီဟာ မစဉ်းစားတော့ဘဲ သူ့အကျင့်အတိုင်း ရှေ့ကို ခုန်တက်ကာ မုန့်ထုပ်ကို ကိုက်ချီပြီး အပြင်ဘက် ပြေးထွက်သွားပါတယ်။

ဆူဇီဟာ နောက်ခြေနှစ်ချောင်းထောက်ပြီး မတ်တတ်ရပ်ကာ ရှေ့ခြေထောက်တစ်ဖက်နဲ့ တံခါးကို ဖွင့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အပြင်ဘက် ပြေးထွက်ပြီး အရိပ်ထဲမှာ ပုန်းအောင်းကာ ဘီစကစ်ကို ဇိမ်ပြေနပြေ အရသာခံ စားပါတယ်။

...

တနင်္ဂနွေနေ့မှာ ကလိုင်းဟာ နေ့ခင်းရောက်တဲ့အထိ အိပ်စက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ညက ချန်စီဂိတ်ကို စောင့်ကြပ်ခဲ့ရလို့ပါ။ အဲဒီနောက် သူဟာ သံလမ်းမဲ့ အများသုံးမြင်းလှည်းစီးပြီး မိစ္ဆာနဂါးဘားကို ရောက်သွားပါတယ်။

သူဟာ အရင်က မွန်းစတား အဒမ်မစ်ရွှယ်ကို ဗေဒင်တွက်ရှာပြီး ဒီအတောအတွင်း ဘာလို့ ထူးထူးဆန်းဆန်း ဖြစ်နေလဲဆိုတာကို အဖြေရှာဖို့ ကြံရွယ်ထားခဲ့ပါတယ်။ သို့ပေမဲ့ ဒဏ်ခတ်သမား စိတ်လွတ်သွားတဲ့ ကိစ္စကြောင့် အဲဒီကိစ္စကို ဒီနေ့ ရွှေ့လိုက်ရပါတယ်။

သူဟာ ဘိလိယက်ခန်းကို ကျော်ပြီး မြေအောက်ဈေးထဲ ဝင်လိုက်တဲ့အခါ တကူးတက လိုက်ရှာစရာတောင် မလိုဘဲ ထောင့်တစ်နေရာမှာ တဆတ်ဆတ်တုန်နေတဲ့ အဒမ်မစ်ရွှယ်ကို ချက်ချင်း တွေ့လိုက်ရပါတယ်။

ရှုပ်ပွနေတဲ့ ဆံပင်နက်တွေနဲ့ ဖြူဖတ်ဖြူရော် ဖြစ်နေတဲ့ လူငယ်လေးဟာ ကလိုင်း ချဉ်းကပ်လာတာကို သတိထားမိသွားတဲ့အခါ သူ့မျက်လုံးကို ရုတ်တရက် အုပ်ပြီး နံရံကိုမှီကာ ဘေးတံခါးဆီ သွားဖို့ ကြိုးစားပါတယ်။

ကလိုင်းဟာ ခပ်သုတ်သုတ် လျှောက်ပြီး အဒမ်မစ်ရွှယ် ထွက်မသွားနိုင်အောင် တားလိုက်ပါတယ်။ အဲဒီနောက် ဘယ်ဘက်အံသွားကို နှစ်ချက်ကိုက်လိုက်ပါတယ်။

သူ့စိတ်ဝိညာဉ်အာရုံထဲမှာ အဒမ်မစ်ရွှယ်ရဲ့ ရောင်ဝါက မကျန်းမာတဲ့ပုံ ပေါ်နေပါတယ်။ အရောင်အကုန်လုံး ဖျော့တော့ မှေးမှိန်နေပါတယ်။ တခြားစကားနဲ့ ပြောရရင် အဒမ်မစ်ရွှယ်က ရောဂါကြီးကြီးမားမား မရှိပေမဲ့ သူ့ခန္ဓာကိုယ်က တော်တော်လေး အားနည်းနေပါတယ်။

တစ်ချိန်တည်းမှာပဲ ကလိုင်းဟာ အဒမ်မစ်ရွှယ်ရဲ့ ခံစားချက်တွေက ကြောက်ရွံ့မှုနဲ့ စိုးရိမ်ထိတ်လန့်မှုကို ဖော်ပြနေတယ်ဆိုတာ သတိထားမိသွားပါတယ်။ သူ့ရဲ့ ခံစားချက်ရောင်ဝါတွေထဲမှာ ကျိုးကြောင်းကျကျ စဉ်းစားတွေးခေါ်နိုင်တဲ့ အပြာရောင်က မရှိသလောက်ပါပဲ။

သူ့လိပ်ပြာရဲ့ မျက်နှာပြင်က သူ့အီသာခန္ဓာကိုယ်ရဲ့ နက်ရှိုင်းတဲ့ နေရာကနေ စပြီးတော့ ဆန့်ထွက်နေပါတယ်။ အရောင်က တညီတညာတည်း ဖြစ်နေပြီး အလင်းရောင်သန့်သန့် လိုမျိုး ကြည်လင်ကာ အရောင်မဲ့ပါတယ်။

‘ဒါက မွန်းစတားရဲ့ မွေးရာပါ တစ်မူထူးခြားမှုလား...’

ကလိုင်းဟာ ခေါင်းညိတ်ရင်း အဒမ်မစ်ရွှယ်ရဲ့ မျက်နှာကို စိုက်ကြည့်ကာ မေးလိုက်ပါတယ်။

“မင်း ဘာတွေ မြင်ထားလို့လဲ... ဘာတွေ့ ကြုံထားလို့လဲ... ဘာဖြစ်လို့ ထောင့်မှာ ပုန်းပြီး တဆတ်ဆတ် တုန်နေရတာလဲ... ဘာဖြစ်လို့ အကုန်လုံး အလောင်းတွေချည်းပဲ၊ လူတိုင်း သေကုန်ပြီလို့ ပြောနေရတာလဲ”

အဒမ်မစ်ရွှယ်ဟာ ခေါင်းငုံ့ပြီး သူ့ခြေချောင်းတွေကို ကြည့်လိုက်ပါတယ်။ သူက သူ့ရှေ့မှာရှိတဲ့လူရဲ့ မျက်လုံးတွေကို တိုက်ရိုက် ရင်မဆိုင်ရဲတဲ့ပုံပါပဲ။ သူဟာ ပြာမှိုင်းမှိုင်း ဘောင်းဘီနဲ့ စုတ်ပြတ်နေတဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆိုးဆိုးရွားရွားကို တဆတ်ဆတ် တုန်နေပါတယ်။ သူဟာ ကလိုင်းရဲ့ မေးခွန်းကို ကပျာကယာ ပြန်ဖြေပါတယ်။

“မဟုတ်ဘူး... ကျွန်တော် ဘာမှ မမြင်ဘူး... ကျွန်... ကျွန်တော် အိပ်မက်ပဲ မက်တာ... အိပ်မက်ထဲမှာ နေရာတိုင်း သွေးတွေချည်းပဲ... ဘယ်ကိုကြည့်ကြည့် အလောင်းတွေချည်းပဲ... ဟားဟား... ဟီးဟီး... ငါက အလောင်းတွေထဲမှာ... ငါက အဲဒီမှာ... ငါ သေတော့မယ်... ငါ သေတော့မယ်... ငါ မသေချင်သေးဘူး... ငါ မသေချင်သေးဘူး”

သူဟာ ရယ်လိုက် ငိုလိုက်နဲ့ အရူးလိုပါပဲ။ သူ့ကို ကြည့်ပြီး ကလိုင်းဟာ ခေါင်းရှုပ်သွားပါတယ်။

ကလိုင်းဟာ နားထင်ကို နှိပ်ပြီး လေသံတိုးတိုးနဲ့ ထပ်မေးပါတယ်။

“မင်းက ငါ့ကို ဘာဖြစ်လို့ ကြောက်နေရတာလဲ”

အဒမ်မစ်ရွှယ်ဟာ သုံးလေးစက္ကန့် ကြောင်သွားပြီးမှ ရုတ်တရက် ဆောင်ကြောင့် ထိုင်ကာ ကြောက်လန့်တကြား အော်ဟစ်ပါတော့တယ်။

“မဟုတ်ဘူး”

“မဟုတ်ဘူး”

....

လူတိုင်းရဲ့ အကြည့်က သူတို့ဆီ ရောက်လာတဲ့အတွက် ကလိုင်းဟာ ရုတ်တရက်ဆိုသလို နေရထိုင်ရ ခက်သွားပါတယ်။

‘ငါ မင်းကို ဘာမှ မလုပ်ဘူးလေ... ဘာဖြစ်လို့ တစ်ခုခု ဖြစ်သလိုမျိုး အော်ဟစ်နေရတာလဲ’ ကလိုင်းဟာ ခြောက်ခြောက်ကပ်ကပ် ရယ်လိုက်ပါတယ်။

အဒမ်မစ်ရွှယ်ဟာ ကြောက်ကြောက်လန့်လန့်နဲ့ ခွေခွေကလေး ဖြစ်သွားပြီး တောင်းပန်တာကလွဲရင် တခြား ဘာမှ မပြောပါဘူး။ အဲဒါကြောင့် ကလိုင်းဟာ သူနဲ့ ခပ်ခွာခွာမှာနေပြီး ဖြတ်သွားဖြတ်လာလိုမျိုး ဟန်ဆောင်လိုက်ရပါတယ်။

‘အင်း... ငါ မစ္စတာအက်ဇစ်ဆီကနေ အကြံတောင်းကြည့်သင့်တယ် ထင်တယ်… ဒါပေမဲ့ သူက ပြီးခဲ့တဲ့အပတ်ကမှ ဖေးဆက်အင်ပါယာ မြောက်ပိုင်းကို အပန်းဖြေခရီး ထွက်သွားတာ... လာမဲ့ ကြာသပတေး ဒါမှမဟုတ် သောကြာနေ့ကြမှ ပြန်ရောက်မှာ... အဲဒီမတိုင်ခင် ငါ ကပ္ပတိန်ဆီကို အရင်ဆုံး သတင်းပို့ရမယ်’

ကလိုင်းဟာ သမ်းဝေတဲ့ပါးစပ်ကို လက်နဲ့အုပ်လိုက်ပါတယ်။ အဲဒီနောက် သူဟာ မြေအောက်ဈေးထဲကနေ ထွက်လိုက်ပါတယ်။

တစ်ပတ်လစာ ရပြီးနောက် သူ့ရဲ့ ကိုယ်ပိုင်ငွေက ရှစ်ပေါင်နဲ့ ဆယ်ဆိုလီ ပြန်ဖြစ်သွားပါတယ်။ သို့ပေမဲ့ တကယ်ရှားတဲ့ သာလွန်ပါဝင်ပစ္စည်းတွေက ဈေးကြီးလွန်းတဲ့အတွက် ထိုင်ကြည့်ရုံကလွဲပြီး သူ ဘာမှ မတတ်နိုင်ပါဘူး။ ဒါပေမဲ့ သူ အတိုးကြီးတာကို မကြောက်ဘူးဆိုရင် ဆွင်းဆီကနေ ရေတိုချေးငွေ ယူလို့ရပါတယ်။

သူဟာ မိစ္ဆာနဂါးဘားကနေ ထွက်ပြီး အများသုံးမြင်းလှည်း စောင့်ရင်း ရှေ့ဘာဆက်လုပ်ရမလဲ ဆိုတာကို စဉ်းစားပါတယ်။

‘နောက်တစ်ပတ်ဆိုရင် ငါကြိုထုတ်ထားတဲ့ ၁၂ ပေါင်က ကျေပြီ... နောက်ဆုံးတော့ ငါအိမ်ကို သယ်သွားနိုင်မဲ့ ပိုက်ဆံကို တစ်ပတ်ကို သုံးပေါင် ဖြစ်သွားပြီ... ဒီတော့ အိမ်ဖော်ငှားဖို့ မလီဆာဆီမှာ ဆင်ခြေရှိတော့မှာ မဟုတ်ဘူး... ကျန်တဲ့သုံးပေါင်ကိုတော့ ငါ့အတွက် ဝှက်ထားပြီး စုရမယ်...’

‘နောက်ပြီး ငါ ဒက်တာ ဂျူဒေးရီယန်ဆီကနေ မနောဆက်သမား ဖော်မြူလာကို မြန်မြန်ရဖို့ လိုတယ်... ပြီးရင် ငါ့ငယ်သားတွေကို ရန်ပုံငွေ ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မစ္စတရားမျှတမှုဆီမှာ ငွေသားနဲ့ အလဲအလှယ် လုပ်ရမယ်... ဒါကို နာမည်မဲ့ ငွေလွှဲပြောင်းမှုကနေ လုပ်လို့ရတယ်... ဒီကိစ္စအတွင်းမှာ ငါ ဗေဒင်သုံးပြီး အနှောင့်အယှက် ထည့်လိုက်မယ်... ဒီလိုဆို လုံခြုံမှု အားကောင်းသွားပြီး ငါ ဘယ်သူလဲဆိုတာ ပေါ်တော့မှာ မဟုတ်ဘူး...’

...

အများသုံး မြင်းလှည်းပေါ်ကို ရောက်တဲ့အခါ ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီဆီ တန်းမသွားဘဲ ဗေဒင်ကလပ်ဆီ ဦးတည်ပါတယ်။ သူဟာ ဗေဒင်ကလပ်မှာ ၂ နာရီနေဖို့ စီစဉ်ထားပါတယ်။ ဒါက သူ ဆေးရည် ချေဖျက်ပြီးတာကို ပြသဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။

နောက်ပြီး အခုအချိန်မှာ ကလိုင်းက ဗေဒင်လောကမှာ နာမည်ကြီးတစ်ယောက်လို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် ထပ်လာမေးတဲ့ ဖောက်သည်တွေနဲ့ ညွှန်းပေးလို့ ရောက်လာတဲ့လူတွေပါ များလာပါတယ်။ ပျမ်းမျှအားဖြင့် တစ်မနက်ခင်းကို ဆယ်ယောက်လောက် တွက်ပေးရပါတယ်။

အဲဒါကြောင့် သူ ဗေဒင်ကလပ်ကို တစ်ပတ် နှစ်ကြိမ်ပဲ သွားတာတောင် ပေါင်ဝက်လောက် အကျိုးအမြတ် ရပါသေးတယ်။ ငမွဲလေး မစ္စတာအရူးအတွက် ပိုက်ဆံမဝင်တာထက်စာရင် ပိုက်ဆံနည်းနည်း ဝင်တာက အများကြီး ပိုကောင်းပါတယ်။

‘ဟင်း... နှမြောဖို့ ကောင်းလိုက်တာ... အစတုန်းက ငါ့ကိုယ်ငါ ပြီးပြည့်စုံတဲ့ အမြင်ဆရာ တစ်ယောက်လိုမျိုး ဟန်မဆောင်ခဲ့ရင် ဗေဒင်ဟောခကို ငါ ကြိုက်သလို့ တောင်းလို့ရမှာ... အခုတော့...’ ဗေဒင်ကလပ်ရဲ့ အစည်းအဝေးခန်းထဲမှာ ထိုင်နေတဲ့ ကလိုင်းဟာ စီးဘလက် လက်ဖက်ရည်ကို သောက်ရင်း သူ့ဘာသာ တွေးလိုက်ပါတယ်။

သူ့ရဲ့ လက်ရှိ နာမည်ကျော်ကြားမှုနဲ့ ဗေဒင်ဟောခကို လေးဆိုလီ တောင်းရင်တောင် လာတွက်တဲ့လူတွေ ရှိနေဦးမှာပါ။ သို့ပေမဲ့ ကံကြမ္မာကို လေးစားတဲ့ အမြင်ဆရာ တစ်ယောက်အနေနဲ့ သူဟာ ရှစ်ပဲနိပဲ ဆက်ပြီးတော့ တောင်းရပါတယ်။

ကလိုင်းဟာ ဆေးရည်ကို အကုန်အစင် ချေဖျက်ပြီးပြီဆိုပေမဲ့ သူအကျဉ်းချုပ်ထားတဲ့ အမြင်ဆရာရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဆန့်ကျင်ပြီး မစွန့်စားချင်ပါဘူး။ အဲဒီစည်းကမ်းတွေထဲမှာ ဗေဒင်တွက်တာကနေ လွန်ကဲတဲ့ အကျိုးအမြတ် မယူဘူးဆိုတာ ပါပါတယ်။

ဒီလိုစည်းကမ်းကို ချိုးဖောက်တာက စိတ်လွတ်သွားတာကို ဦးတည်နိုင်လား ဒါမှမဟုတ် တခြား ဆိုကျိုးတွေ ရှိလားဆိုတာကို သူ မသိပါဘူး။

ညသိမ်းငှက်ရဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေထဲမှာ ဆေးရည်ကို ချေဖျက်တဲ့ အယူအဆ မရှိပါဘူး။ အဲဒါကြောင့် ကလိုင်းဟာ ဆေးရည်ကို ချေဖျက်ပြီးရင်တောင် အန္တရာယ်ရှိသေးလား ဒါမှမဟုတ် စည်းကမ်းတွေကို ဆန့်ကျင်ပြီး ကြိုက်တာ လုပ်နိုင်လား ဆိုတာ မသိပါဘူး။

သူ ဒီအကြောင်းတွေကို တွေးနေတုန်းမှာပဲ အန်ဂျလီကာဟာ သူ့နားကို လျှောက်လာပါတယ်။ အန်ဂျလီကာဟာ ကိုယ်ကိုင်းပြီး ညင်ညင်သာသာ ပြောပါတယ်။

“မစ္စတာမိုရက်တီ... ဖောက်သည်တစ်ယောက်က ဗေဒင်တွက်ချင်နေတယ်... မဟူရာနီအခန်း...”

“အင်း...”

ကလိုင်းဟာ ဗေဒင်ကလပ်ဆီ မလာခင်ကတည်းက ဗေဒင်ကလပ်ဆီ သွားသင့်တဲ့ နေ့လားဆိုတာကို တွက်ပြီး အခြေအနေကောင်းမှ ဗေဒင်ကလပ်ဆီ လာတာပါ။

သူဟာ ပိုးဦးထုပ်ကို ယူပြီး အစည်းအဝေးခန်းထဲက ထွက်လိုက်တဲ့အခါ မဟူရာနီ အခန်းဝမှာ စောင့်နေတဲ့ သူ့ဖောက်သည်ကို တွေ့လိုက်ရပါတယ်။

သူ့ဖောက်သည်က အသက် ၁၆ နှစ်အရွယ် မိန်းမပျိုတစ်ယောက်ပါ။ သူမဟာ အပြာဖျော့ဖျော့ အဝတ်အစားကို ဝတ်ဆင်ထားပြီး အရောင်တူ ပိတ်ကျဲဦးထုပ်ကို လက်မှာ ကိုင်ထားပါတယ်။ သူမဟာ တွန့်လိမ်နေတဲ့ ဆံပင်ညိုတွေရှိပြီး ပါးဖောင်းဖောင်းနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာရှိပါတယ်။ သူ့မျက်လုံးတွေက အပြာနုရောင်သမ်းပြီး ရှုမငြီးအောင် လှပနေပါတယ်။

“အဲလစ်ဇဘတ်...” ကလိုင်းဟာ အီဗီုကျောင်းမှာတက်တဲ့ သူ့ညီမရဲ့ သူငယ်ချင်းကောင်း အဲလစ်ဇဘတ်ကို တန်းမှတ်မိလိုက်ပါတယ်။

သူက အဲလစ်ဇဘတ်အတွက် အဆောင်တစ်ခု ‌ရွေးပေးခဲ့သလို အဲလစ်ဇဘတ်ကလည်း ဆယ်လီနာရဲ့ မှော်မှန်ဗေဒင်ကိစ္စမှာ သူ့ကို အကူအညီ ပေးခဲ့ပါတယ်။

အဲလစ်ဇဘတ်ကလည်း သူ့လိုပဲ အံ့အားသင့်တဲ့ လေသံနဲ့ ပြန်နှုတ်ဆက်ပါတယ် “မစ္စတာမိုရက်တီ... တကယ်ပဲ ရှင်ကိုး... ကျွန်မက နာမည်တူနေလို့ ဘယ်သူများပါလဲလို့ စဉ်းစားနေတာ”

“ငါက ဂမ္ဘီရဝါသနာအိုးလေ” ကလိုင်းဟာ ကူကယ်ရာမဲ့တဲ့ လေသံနဲ့ ရှင်းပြပြီး နောက်ဆုံးမှာ ဖြည့်ပြောလိုက်ပါတယ် “မလီဆာကို ဒီအကြောင်း မပြောနဲ့... အင်း... ဆယ်လီနာကိုရောပဲ”

‘ငါ ဗေဒင်တွက်တာ ဒီနေ့က ဗေဒင်ကလပ်ဆီ သွားသင့်တဲ့နေ့လို့ ပြပါတယ်... ဘာဖြစ်လို့ ငါ အဲလစ်ဇဘတ်နဲ့ ပက်ပင်းတိုးရတာလဲ’

သူဟာ ခေါင်းခါလိုက်ပြီး မဟူရာနီ အခန်းတံခါးကို ဖွင့်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ ဘယ်အံသွားကို နှစ်ကြိမ် ကိုက်လိုက်ပါတယ်။

သူတို့နှစ်ယောက်ဟာ အခန်းထဲကို တစ်လှမ်းချင်း ဝင်လိုက်ပါတယ်။ နေရာမှာထိုင်ပြီးတဲ့အခါ ကလိုင်းဟာ ခေါင်းမော့ပြီး အဲလစ်ဇဘတ်ကို ကြည့်လိုက်ပါတယ်။ တစ်ချက်ကြည့်ပြီးတာနဲ့ သူဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲလစ်ဇဘတ်ရဲ့ စွမ်းအင်စက်ကွင်းမှာ မှုန်မှိုင်းတဲ့ အစိမ်းရောင် အလွှာတစ်လွှာ ခပ်ယဲ့ယဲ့ ရှိနေလို့ပါပဲ။

‘စိတ်ဝိညာဉ် ဒါမှမဟုတ် တစ္ဆေ ခြောက်လှန့်ခံရတဲ့ လက္ခဏာပဲ...’ ကလိုင်းဟာ ကောက်ချက် ချပြီးတာနဲ့ တန်းမေးပါတယ် “ဒီအတောအတွင်း အိပ်မက်ဆိုးမက်လား... တစ်ခုခုကို ထပ်ခါထပ်ခါ မက်တာမျိုးလေ”

တံခါးကို လော့ချပြီးရုံ ရှိသေးတဲ့ အဲလစ်ဇဘတ်ဟာ ကြက်သေသေသွားပါတယ်။ အတော်အတန်ကြာမှပဲ သူမဆီကနေ စကားပြန်လာပါတယ်။

“ဟုတ်တယ်... အဲဒါကြောင့် ကျွန်မ ရှင့်ကို လာရှာတာ”

ကလိုင်းဟာ ကုလားထိုင်မှာ နောက်မှီထိုင်ပြီး ဆက်မေးပါတယ် “ဘယ်လို အိပ်မက်မျိုး မက်တာလဲ... ဘယ်တုန်းက စမက်တာလဲ”

“ပြီးခဲ့တဲ့ နှစ်ရက် ကျွန်မ လမိုဒ် မြို့ကို အပန်းဖြေခရီးထွက်တာကနေ စတာပဲ... အင်း... အဲဒီမှာ ကျွန်မတို့ မိသားစုပိုင်တဲ့ ခြံရှိတယ်”

အဲလစ်ဇဘတ်က ဂမ္ဘီရဝါသနာအိုး တစ်ဝက်လို့ ယူဆလို့ရတဲ့အတွက် ဒီလိုအခြေအနေမျိုးမှာ မှတ်ဉာဏ်ပိုကောင်းပါတယ်။

“ကျွန်မရဲ့ အိပ်မက်ထဲမှာ အနက်ရောင် သံချပ်ကာ ဝတ်ထားတဲ့ စစ်သူရဲဆီကိုပဲ ကျွန်မ အမြဲတမ်း ရောက်သွားတယ်... အဲဒီစစ်သူရဲက ဧရာမ ဓားရွက်ပြား ဓားရှည်တစ်လက်ကို ကိုင်ထားတယ်... သူ့မျက်နှာကို သံခမောက်နဲ့ အပြည့်ကာထားတော့ ကျွန်မ နီရဲတောက်ပတဲ့ မျက်လုံးတစ်စုံပဲ မြင်ရတယ်... အိပ်မက်ထဲမှာ သူက ကျွန်မနားကို ကပ်ဖို့ ကြိုးစားတယ်... ကျွန်မက ကြောက်လို့ သူနဲ့ ဝေးရာကို ပြေးတယ်... ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက်ကြားမှာရှိတဲ့ အကွာအဝေးက အကြိမ်တိုင်းမှာ ပိုပိုပြီးတော့ နီးလာတယ်”

ကလိုင်းဟာ စဉ်းစားပြီး မေးခွန်းထုတ်ပါတယ် “ဒီလိုအိပ်မက်မျိုး မမက်ခင် နှစ်ရက်သုံးရက် အလိုမှာ မင်း ရှေးဟောင်းပစ္စည်းတစ်ခုခုနဲ့ ထိတွေ့မိသေးလား... ဥပမာ ရှေးဟောင်း အပျက်အစီး၊ ဂူသွင်းပစ္စည်းတွေနဲ့ ဂူဗိမာန် တစ်ခုခု...”

အဲလစ်ဇဘတ်ဟာ ပြန်စဉ်းစားပြီး ဖြေပါတယ် “ကျွန်... ကျွန်မ လမိုဒ်မြို့နားက တောင်တစ်တောင်ကို သွားလည်ခဲ့တယ်... အဲဒီမှာ စွန့်ပစ်ထားတဲ့ ရှေးဟောင်း ရဲတိုက်တစ်လုံးတော့ ရှိတယ်”

‘ဒါက လျှို့ဝှက်ဆန်းကြယ် ဝတ္ထုတစ်ပုဒ်ရဲ့ နိဒါန်းပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ သရော်လိုက်ပြီးနောက် ဆက်မေးပါတယ်။

“မင်း အဲဒီရဲတိုက်မှာ တစ်ခုခု ချန်ထားခဲ့လား... ဒါမှမဟုတ် အဲဒီရဲတိုက်ကနေ တစ်ခုခု ယူလာခဲ့သေးလား”

အဲလစ်ဇဘတ်ဟာ မျက်မှောင်ကြုတ်သွားပြီး တစ်ခဏကြာမှာ မရေမရာ ဖြေပါတယ် “ကျွန်မ ဆူးပင်ရှပြီး သွေးထွက်ခဲ့တယ်... သွေးကျန်နေခဲ့တာကရော ဒီထဲမှာ ထည့်တွက်ရမှာလား”

ကလိုင်းဟာ လေးနက်တဲ့ မျက်နှာနဲ့ ဖြေလိုက်ပါတယ် “ဟုတ်တယ်... ထည့်တွက်ရတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters