← Chapters

မြို့စားရဲ့ ပုံတူပန်းချီ

Vol. 14 Ch. 135

မြို့စားရဲ့ ပုံတူပန်းချီ

Vol. 14 Ch. 135

“ဟိုနားမှာ တစ်ခုခု မူမမှန်ဘူး” ကလိုင်းဟာ ဧည့်ခန်းနဲ့ ထမင်းစားခန်းကို ခြားထားတဲ့ လှေကားထစ်တွေကို ထိုးပြပြီး လေးလေးနက်နက် ပြောလိုက်ပါတယ်။

သူ တစ်ခါဖတ်ဖူးတဲ့ ညသိမ်းငှက်ရဲ့ လျှို့ဝှက်မှတ်တမ်းတွေအရ ပုံမှန်အားဖြင့် စိတ်ဝိညာဉ်အမြင်ထဲမှာ ဒီလိုမျိုး အလားတူ အခြေအနေ ပေါ်လာရင် အဲဒါက အဲဒီနေရာမှာ မကောင်းတဲ့ အရာတစ်ခုခု ဖောက်ပြန်တဲ့ အရာတစ်ခုခု ပုန်းအောင်းနေတယ်လို့ ဆိုလိုပါတယ်။

၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု မရှိရင် အဲဒီလိုအရာမျိုးကို သွားမထိတာက အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ အသက်ဆုံးရှုံးနိုင်ခြေ ရှိလို့ပါပဲ။ တစ်ခါတစ်လေမှာ တစ်ချက်ကြည့်မိရုံနဲ့တင် အဖက်ဆယ်လို့မရတဲ့ ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။

ဒန်းစမစ်ဟာ လှမ်းကြည့်လိုက်တဲ့အခါ သူလည်း စိတ်ဝိညာဉ်အမြင် စူးရှတာမလို့ တစ်ခုခု မှားနေတာကို ချက်ချင်း အာရုံခံမိလိုက်ပါတယ်။ သူဟာ ကလိုင်းကို လှည့်ကြည့်ပြီး တည်တည်ငြိမ်ငြိမ် ညွှန်ကြားပါတယ်။

“ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှု အောင်မြင်မလားဆိုတာ တွက်ကြည့်စမ်း”

‘ကပ္ပတိန်က ရဲတိုက်ထဲ မဝင်ခင်တုန်းက ငါ့ကို မတွက်ချက်ခိုင်းဘူး... အဲဒီတော့ သူ့မှာ ယုံကြည်မှုအပြည့် ရှိတယ်ဆိုတာ သိသာတယ်... အခု ငါ့ကို တွက်ချက်ခိုင်းတယ်ဆိုတော့ ဒီဟာကက တစ္ဆေထက် ပိုပြီးတော့ အန္တရာယ်များကောင်း များနိုင်တယ်’

ကလိုင်းဟာ တိတ်တဆိတ် ခေါင်းညိတ်လိုက်ပါတယ်။ သူဟာ ခြောက်လုံးပြူးကို ချိုင်းသေနတ်အိတ်ထဲ ပြန်ထည့်ပြီး လက်ကိုင်တုတ်ကို ဖရိုင်းဆီ လှမ်းလိုက်ပါတယ်။

အဲဒီနောက် သူဟာ အင်္ကျီလက်စထဲက ဥဿဖရား လက်ပတ်ကို ဖြုတ်ပြီး ငွေချိန်းကြိုးကို ဘယ်လက်မှာ ကိုင်ကာ သင့်တော်တဲ့ စာကြောင်းကို တိတ်တဆိတ် ရွတ်ဆိုလိုက်ပါတယ်။ ချက်ချင်းဆိုသလို သူ့မျက်လုံးတွေဟာ မည်းမှောင်သွားပြီး လေပြေတစ်ခုဟာ သူ့ဘေးပတ်လည်မှာ ရစ်ပတ် တိုက်ခိုက်လာပါတယ်။

...

“ရှေးဟောင်းရဲတိုက်ထဲက လျှို့ဝှက်နေရာကို စုံစမ်းစစ်ဆေးတာ အောင်မြင်လိမ့်မယ်”

“ရှေးဟောင်းရဲတိုက်ထဲက လျှို့ဝှက်နေရာကို စုံစမ်းစစ်ဆေးတာ အောင်မြင်လိမ့်မယ်”

...

ဒီစာကြောင်းကို ခုနစ်ခေါက် ရွတ်ဆိုပြီးနောက် ကလိုင်းရဲ့ မျက်လုံးတွေဟာ ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ တွဲလောင်းချထားတဲ့ ဥဿဖရားက နာရီလက်တံအတိုင်း လည်သွားတာကို သူ တွေ့လိုက်ရပါတယ်။

သိပ်ပြီး သိသိသာသာ မရှိပေမဲ့ နာရီလက်တံအတိုင်း လည်နေတာက အမှန်ပါ။

ဒါက ဒီစုံစမ်းစစ်ဆေးမှု အောင်မြင်လိမ့်မယ်လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

အမြင်ဆရာ ကလိုင်းဟာ ဒန်းစမစ်နဲ့ ဖရိုင်းကို ချက်ချင်း ခေါင်းညိတ်ပြလိုက်ပါတယ်။

ဒန်းစမစ်ဟာ မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ကို ဘယ်ဘက်ရင်အုံမှာ ချိတ်လိုက်ပြီး ဦးထုပ်ကို ဖိဆောင်းပါတယ်။ အဲဒီနောက် လှေကားထစ်ဆီ သွက်သွက်လက်လက် လျှောက်သွားပြီး လျှို့ဝှက်ခလုတ်ကို စတင် ရှာဖွေပါတယ်။

သံလက်အိတ်ကို ကောက်ယူထားတဲ့ ဖရိုင်းကလည်း လက်ကိုင်တုတ်ကို ကလိုင်းဆီ ပြန်ပေးပါတယ်။ အဲဒီနောက် ဖရိုင်းဟာ ခြောက်လုံးပြူး ကိုင်ပြီး ရန်သူ ရုတ်တရက် ပေါ်လာမှာကို ကြောက်ရွံ့တဲ့ မျက်နှာနဲ့ ဘေးပတ်ဝန်းကျင်ကို သတိကြီးကြီး ထောက်လှမ်းပါတယ်။

‘ငါက ညသိမ်းငှက် တစ်ယောက်အနေနဲ့... ပရော်ဖက်ရှင်နယ် မကျသေးဘူး...’ ကလိုင်းဟာ သူ့ကိုယ်သူ စိတ်ထဲမှာ ပြောလိုက်ပြီး ခြောက်လုံးပြူးထုတ်ကာ သတိကြီးကြီး ထားလိုက်ပါတယ်။

လေးငါးမိနစ် ကြာတဲ့အခါ ဒူးထောက်နေတဲ့ ဒန်းစမစ်က ဘာကို သွားထိလိုက်လဲ မသိပါဘူး။ လှေကားထစ်ကနေ လေးလံတဲ့ တဖျစ်ဖျစ် တတောက်တောက်သံတွေ ထွက်ပေါ်လာပါတယ်။

ကြမ်းပြင်ဟာ နှစ်ခြမ်းကွဲထွက်သွားပြီး အောက်ဆင်းတဲ့ လှေကားထစ်တွေ ပေါ်လာပါတယ်။ အဲဒီနောက် အေးစက် ဖောက်ပြန်တဲ့ လှိုင်းတွေ ဖြစ်ပေါ်လာပြီး အကောင်အထည်တစ်ခု ဖြစ်တည်လာပါတယ်။

ဒန်းစမစ်ဟာ တစ်ချက် လှမ်းကြည့်ပြီး ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို ရင်ဘက်ကနေ ဖြုတ်ကာ အဲဒီထဲ လှမ်းပစ်ထည့်လိုက်ပါတယ်။

ချွင်ကနဲ လေးငါးခါ မြည်သွားပြီးနောက် မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ဟာ အမျိုးအမည်မသိ နေရာတစ်ခုမှာ ရပ်တန့်သွားပါတယ်။

‘ဒီထဲမှာ စိတ်ဝိညာဉ်တွေသာ ရှိရင် ၃-၀၇၈၂ ကို သေချာပေါက် ပြန်လွှင့်ပစ်မှာပဲ... အဲဒါဆိုရင်တော့ စိတ်ဝင်စားဖို့ ကောင်းမယ်..’ ကလိုင်းဟာ လှေကားထစ်တွေကို စိုက်ကြည့်ရင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။

မကြာခင်မှာပဲ စိတ်လေးစရာကောင်းတဲ့ ဖောက်ပြန်တဲ့ ခံစားချက်ဟာ နေလာနှင်းပျောက် ပျောက်ကွယ်သွားပြီး နွေးထွေးသန့်စင်မှုက လျှို့ဝှက်တံခါးပေါက်မှာ လွှမ်းခြုံသွားပါတယ်။

“ကလိုင်း... မင်းက ငါနဲ့အတူ လိုက်ခဲ့... ဖရိုင်း... မင်းက ဒီမှာနေပြီး ဒီလျှို့ဝှက်ခလုတ်ကို ရန်သူ မဖျက်ဆီးအောင် ကာကွယ်ချည်” ဒန်းစမစ်ဟာ အတွေ့အကြုံရင့်တဲ့ ဆုံးဖြတ်ချက်ကို ချပါတယ်။

“ဟုတ်ကဲ့...” ကလိုင်းဟာ တာဝန်ကနေ နောက်မဆုတ်ပါဘူး။ သူဟာ ခြေနှစ်လှမ်း လှမ်းပြီး ဒန်းစမစ်ဘေးကို ရောက်သွားပါတယ်။

ဖရိုင်းဟာ ခေါင်းညိတ်ပြီး သတိမပြတ် နေပါတယ်။

ဒန်းစမစ်ဟာ ပထမဆုံး အောက်ဆင်းပါတယ်။ သူ့ခြေသံတွေက တိတ်ဆိတ်မှုကြားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။

သူဟာ အလင်းရောင်ရတဲ့ ဘာကိုမှ မယူပါဘူး။ အအိပ်မဲ့လမ်းကို လျှောက်တဲ့ သာလွန်သူ တစ်ယောက်အတွက် အမှောင်ထုက အတားအဆီး မဟုတ်ပါဘူး။ ကောင်းချီးတစ်ခုပါ။ သူတို့ရဲ့ အမြင်အာရုံက ဒီလိုနေရာမျိုးမှာ အတားအဆီး မရှိပါဘူး။

အောက်ကို လေးငါးလှမ်း ဆင်းပြီးနောက် ဒန်းစမစ်ဟာ ကလိုင်းကို ရုတ်တရက် လှည့်ကြည့်ပါတယ် “မင်းမှာ ညအမြင်အာရုံ မရှိတာကို ငါ မေ့သွားတယ်... ငါက အလင်းရောင်ရတဲ့ ပစ္စည်းတွေကို သုံးလေ့ မရှိတော့လေ...”

“... ကပ္ပတိန်... ကျွန်တော့်အတွက် မစိုးရိမ်ပါနဲ့... ကျွန်တော့်မှာ စိတ်ဝိညာဉ်အာရုံ ရှိတယ်” ကလိုင်းဟာ သူက နည်းနည်းမှ မတုန်လှုပ်တာကို သတိထားမိလိုက်ပါတယ်။

‘ခုနက တအားမိုက်တဲ့ ကပ္ပတိန်က တကယ်ကို သာမန်မဟုတ်ဘူး...’

သူ့ စိတ်ဝိညာဉ်အာရုံထဲမှာ သူ့ရှေ့မှာရှိတဲ့ အမှောင်ထုက မီးခိုးရောင်ဖလင် အုပ်ထားသလိုပါပဲ။ တော်တော်လေး ဝိုးတိုးဝါးတား နိုင်လှပေမဲ့ လမ်းလျှောက်ဖို့ အခက်အခဲ မရှိပါဘူး။

‘အင်း... ကပ္ပတိန်က ဒေါင်ဒေါင်မြည်ပဲ... စိတ်အခြေအနေလည်း ကောင်းတယ်...’ ကလိုင်းဟာ ခြေလှမ်းကို ဂရုတစိုက်လှမ်းရင်း အောက်ကို ဖြည်းဖြည်းချင်း ဆင်းပါတယ်။

လှေကားထစ်တွေက သိပ်မရှည်ပါဘူး။ ၁၅ ထစ်လောက်ပဲ ရှိတဲ့အတွက် အောက်ကို ခပ်မြန်မြန် ရောက်သွားပါတယ်။

ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ဟာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ခပ်ယဲ့ယဲ့ တောက်ပမှုနဲ့ နွေးထွေး သန့်စင်မှုကို ထုတ်လွှတ်နေပါတယ်။

ကလိုင်းဟာ ဒီအလင်းရောင်ဖျော့ဖျော့ကြောင့် ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်သွားပါတယ်။ သူဟာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်တဲ့အခါ ကျယ်ဝန်းတဲ့ မြေအောက်ခန်း မဟုတ်ဘူးဆိုတာကို သတိထားမိလိုက်ပါတယ်။ အေးစက်မှုနဲ့ ခံစားချက်မကောင်းတာတွေ မရှိတော့ပေမဲ့ စိုထိုင်းမှုကတော့ ကျန်ရှိနေပါတယ်။

မြေအောက်ခန်းရဲ့ အလယ်မှာ အဖုံးကို နီမှောင်ရောင်သံတွေ ရိုက်ထားတဲ့ အနက်ရောင် ခေါင်းတလားတစ်လုံး ရှိနေပါတယ်။ ခေါင်းတလားရဲ့ အဖုံးက မဆိုစလောက် ပွင့်နေပြီး အခေါင်းထဲမှာ ခေါင်းပြတ် အရိုးစုကို မြင်နိုင်ပါတယ်။

ဒန်းစမစ်ဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်ပြီး မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ကို ကောက်ယူလိုက်ပါတယ်။

“ကပ္ပတိန်... ဒီအခေါင်းက... သေတဲ့လူ ဖုတ်ကောင် ဒါမှမဟုတ် တစ္ဆေမဖြစ်အောင် ကာကွယ်ဖို့ ရည်ရွယ်ထားတာပဲ”

ကလိုင်းဟာ အခေါင်းမှာ ရိုက်ထားတဲ့ နီမှောင်ရဲ့ သံတွေနဲ့ သူတို့ရဲ့ အနေအထားကို ကြည့်ပြီး ပြောလိုက်ပါတယ်။ သူဟာ ဂမ္ဘီရဗဟုသုတ အတော်အတန် ရှိတာမလို့ ဒါက အလောင်းကို ဘာအားမှ မယူနိုင်အောင် တားဆီးတဲ့ ရှေးဟောင်းအစီအရင်ဆိုတာ သိလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ သူဟာ စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ် ‘ပုံမှန်အခြေအနေမှာ ဘယ်ဆွေမျိုးသားချင်းကမှ သူတို့ချစ်တဲ့လူရဲ့ အလောင်းကို ဒီလိုမျိုး အစီအရင်တွေ လုပ်မှာ မဟုတ်ဘူး... အင်း... ဒီတော့ ဒီအလောင်းကို မြှုပ်နှံတဲ့လူက မိသားစုဝင် မဖြစ်နိုင်ဘူး... နောက်ပြီး အခေါင်းကို ဂူမသွင်းဘဲ မြေအောက်ခန်းထဲမှာ ထားတာဆိုတော့ တစ်ယောက်ယောက် ရှာတွေ့သွားမှာကို ကြောက်လို့ ဖြစ်မယ်’

ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ပြန်ဝတ်ထားတဲ့ ဒန်းစမစ်ဟာ အခေါင်းနားကပ်ပြီး စစ်ဆေးပါတယ်။

“သေတဲ့လူက အဆိပ်ခတ်ခံရပြီး သေတာပဲ”

“အဲဒီတော့ သူ့ကို အဆိပ်ခတ်တဲ့လူက အစီအရင်သုံးပြီး လူသေရဲ့ လက်ကျန်စိတ်ဝိညာဉ် သူ့ကို လက်စားမချေနိုင်အောင် ကာကွယ်တာပဲ... ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၃၀၀ ကျော်က ဖြစ်ခဲ့တာ နေလိမ့်မယ်... ဒါပေမဲ့ နောက်ဆုံးတော့လည်း သူက တစ္ဆေ ဖြစ်လာတာပဲ... ဒီစိတ်ဝိညာဉ်ရဲ့ အငြိုးက အားကောင်းလွန်းတယ်”

ကလိုင်းဟာ အခေါင်းရှေ့ လျှောက်သွားပြီး “ခေါင်းက ဘယ်ရောက်သွားတာလဲ... အစီအရင်က ခေါင်းဖြတ်ဖို့ မလိုဘူးမလား”

ဒန်းစမစ်ဟာ ခဏတွေးပြီး ဖြေပါတယ် “ငါ ကောက်ချက် ချကြည့်ရမယ်ဆိုရင် ဒီတစ္ဆေက အရင်ကတည်းက ရှိနေတာ မဟုတ်လောက်ဘူး... မကြာသေးခင်ကမှ ပေါ်လာတာ ဖြစ်နိုင်တယ်... ဒီနေရာနဲ့ မြို့က ၁၅ မိနစ် လမ်းလျှောက်ခရီးပဲ ရှိတာ... ဒီနှစ်တွေမှာ ပြဿနာရှာတဲ့လူတွေ ဒီနေရာကို မကြာခဏ လာခဲ့မှာပဲ... ဒါပေမဲ့ ဒီကိစ္စမတိုင်ခင် ရှေးဟောင်းရဲတိုက်ထဲမှာ တစ္ဆေရှိတယ်လို့ ကောလာဟာလ မရှိခဲ့ဘူး”

ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။

“ကပ္ပတိန်... ကပ္ပတိန် ဆိုလိုချင်တာက မကြာသေးခင်ကမှ တစ်ယောက်ယောက် ဒီကို ရောက်လာပြီး အခေါင်းကိုဖွင့် သေတဲ့လူရဲ့ ခေါင်းကို ယူသွားတယ်လို့ ပြောချင်တာလား”

“ဟုတ်တယ်... အစီအရင်က အလောင်းကို ဘာအားမှ မယူနိုင်အောင် တားဆီးတယ်... တစ်ချိန်တည်းမှာ သူ့ရဲ့ အငြိုးကိုလည်း အခေါင်းထဲမှာ ပိတ်လှောင်ထားတယ်... အခေါင်းကို ဖွင့်လိုက်တဲ့အချိန်မှာ အစီအရင် ပျက်သွားပြီး ဒီအငြိုးအတေးက သူ့ရဲ့ သံလက်အိတ် အကူအညီနဲ့ မြန်မြန်ဆန်ဆန် တစ္ဆေတစ်ကောင် ဖြစ်လာတာပဲ”

“အခေါင်းဖွင့်တဲ့လူရဲ့ အလောင်း မရှိဘူးဆိုတော့ ဒီလူက သာမန်လူ မဖြစ်နိုင်ဘူး... နောက်ပြီး သူက ဘာဖြစ်လို့ သေတဲ့လူရဲ့ ခေါင်းကို ယူသွားရတာလဲ”

ဒန်းစမစ်ဟာ အခေါင်းထဲက အရိုးစုကို စိုက်ကြည့်လိုက်ပါတယ် “အငြိုးအတေးက ဒီလောက် အချိန်အကြာကြီး တည်ရှိနေနိုင်တာ အစီအရင်အပြင် တခြားအကြောင်းအရင်းလည်း ရှိလောက်တယ်... သူ အသက်ရှင်နေတုန်းက သာလွန်သူ ဖြစ်လောက်တယ်... အလတ်တန်းစား သာလွန်သူရဲ့ မျိုးဆက် တစ်ဆက်မြောက် နှစ်ဆက်မြောက်လည်း ဖြစ်နိုင်တယ်... ငါ ပြောတဲ့ အလတ်တန်းစား သာလွန်သူဆိုတာက အရင်တုန်းက သတ်မှတ်ထားတဲ့ ဆုံမှတ် ၅ နဲ့ ၆ ကို ပြောတာ”

“အဲဒီလိုအလောင်းမျိုးက အမြဲတမ်း ထူးခြားတယ်... သူ့ခေါင်းက အစီအရင်တစ်မျိုးမျိုး ဒါမှမဟုတ် တစ်နေရာရာ အသုံးဝင်လို့ ဖြစ်လိမ့်မယ်”

ဒန်းစမစ်ဟာ ခဏရပ်ပြီးမှ ဆက်ပြောပါတယ် “ငါ ပြောတာတွေ အကုန်လုံးက မှန်းဆချက်သက်သက်ပဲ... ဒါပေမဲ့ ငါတို့တွေ တချို့ကိုတော့ အတည်ပြုကြည့်လို့ရတယ်... ပြီးရင် ငါတို့တွေ မြို့ထဲမှာ လူခွဲပြီး မြို့ထဲက တစ်ယောက်ယောက် ဒီနေရာမှာ ငယ်ငယ်တုန်းက ထိခိုက်ဒဏ်ရာ ရဖူးလားလို့ လိုက်မေးကြည့်မယ်... အင်း... သူတို့တွေ အသက်ရှင်နေသေးရင် ဒီတစ္ဆေက မကြာသေးခင်ကမှ ပေါ်လာတယ်ဆိုတာ အတည်ပြုနိုင်တယ်”

“ဒီအတွေးက ယုတ္တိရှိတယ်” ကလိုင်းက ချီးကျူးပါတယ်။ အဲဒီနောက် သူဟာ မြေအောက်ခန်းကို ဖျတ်ဖျတ်လတ်လတ် ရှာဖွေကြည့်ပေမဲ့ ထပ်ပြီးတော့ ဘာမှ ရှာမတွေ့ပါဘူး။

သူဟာ အစီအရင်သုံးပြီး မြေအောက်ခန်းထဲ ဝင်ခဲ့တဲ့ ဧည့်သည်ရဲ့ ပုံကြမ်းကို ဆွဲနိုင်အောင် ကြိုးစားပါတယ်။ ဒါပေမဲ့ အချိန်က တစ်လကျော်သွားပြီး ဒီအတောအတွင်း မကြာခဏ ပေါ်လာတဲ့ တစ္ဆေရဲ့ နှောင့်ယှက်မှုကြောင့် ဘာရလဒ်မှ ရမလာပါဘူး။

အဲဒီနောက် သူဟာ ဖရိုင်းနဲ့ နေရာချင်းလဲပြီး လူသေပညာရှင်ကို ဆက်ပြီးတော့ စစ်‌ဆေးစေပါတယ်။

၁၅ မိနစ်ကြာတဲ့အခါ နေမင်းကြီးဟာ မိုးကုပ်စက်ဝိုင်းမှာ ပျောက်ကွယ်သွားပြီး ဒန်းစမစ်နဲ့ ဖရိုင်းဟာ လှေကားထစ်ကနေ အပေါ်ပြန်တက်လာပါတယ်။

အဲဒီနောက် ဒန်းစမစ်ဟာ လျှို့ဝှက်တံခါးကို ပြန်ပိတ်ပြီး ဖရိုင်းက အတိုချုပ် ရှင်းပြပါတယ် “သေတဲ့လူက အဆိပ်မိလို့ သေတာ ဟုတ်တယ်... လည်ပင်းနားက အရာက မကြာသေးခင်က ပေါ်လာတာ... အများဆုံး သုံးလလောက်ပဲ ရှိဦးမယ်”

‘အဲဒီတော့ တစ်ယောက်ယောက် ဒီကို အရင်လာခဲ့တဲ့ ဖြစ်နိုင်ခြေက ၉၉ ရာခိုင်နှုန်း သေချာသွားပြီ...’ ကလိုင်းဟာ ခေါင်းညိတ်ပြီး တွေးလိုက်ပါတယ်။

ညသိမ်းငှက် သုံးယောက်ဟာ မိုးစုန်းစုန်း မချုပ်ခင်မှာ လမိုဒ်မြို့ဆီ ပြန်ပြီး တည်းခိုခန်းမှာ အခန်းနှစ်ခန်း ငှားပါတယ်။ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကိုင်ရတဲ့ အဖွဲ့ဝင်က ဒီအန္တရာယ်ရှိတဲ့ ပစ္စည်းကို ဘယ်သူမှမရှိတဲ့ မြို့ပြင်ကို ယူသွားရမှာပါ။ ပြီးရင် နှစ်နာရီခြားတစ်ခါ လူစားလဲမှာ ဖြစ်တဲ့အတွက် အခန်းနှစ်ခန်းပဲ လိုတာပါ။

ညစာ စားပြီးတာနဲ့ ကလိုင်း၊ ဒန်းစမစ်နဲ့ ဖရိုင်းတို့ဟာ လူစုခွဲပြီး မြို့အနှံ့ လျှောက်သွားကာ ဒီမြို့မှာ ငယ်ငယ်လေးကတည်းက နေလာခဲ့တဲ့လူတွေကို မေးခွန်းတွေ မေးမြန်းပါတယ်။ ဒီလိုအခြေအနေမှာ သူတို့ရဲ့ ရဲသက်သေခံကဒ်က တော်တော်လေးကို အသုံးဝင်ပါတယ်။

...

“ရဲအရာရှိ... ကျွန်တော်ကို ဘာဖြစ်လို့ ဒီမေးခွန်း မေးတာလဲ... ကျွန်တော် ငယ်ငယ်တုန်းက အဲဒီ ရှေးဟောင်းရဲတိုက်မှာ မကြာခဏ ကစားဖူးတယ်... ထိခိုက်ဒဏ်ရာ ရတာလား... ရတာပေါ့... ကလေးတစ်ယောက် ကစားတာ ဘယ်လိုလုပ်ပြီး ဒဏ်ရာမရဘဲ နေမှာလဲ... ကျွန်တော် မှတ်မိသေးတယ်... အဲဒီရှေးဟောင်းရဲတိုက်ရဲ့ အပြင်တံတိုင်းက ကျောက်တုံးတစ်တုံးနဲ့ ခြစ်မိခဲ့တာကို..”

အသက်လေးဆယ်အရွယ် ရွှေရောင်ဆံပင်နဲ့ အမျိုးသားက ကလိုင်းကို နားမလည်နိုင်တဲ့ မျက်နှာနဲ့ ကြည့်ပြီး ရိုးရိုးသားသား အဖြေပေးပါတယ်။

ဒီလူက ကလိုင်း မေးခွန်း မေးတဲ့လူ ဆယ့်လေးယောက်မြောက်ပါ။ အဲဒီထဲမှာ နှစ်ယောက်က ရှေးဟောင်းရဲတိုက်မှာ ငယ်ငယ်တုန်းက ကစားရင်း ဒဏ်ရာရဖူးတာကို သေသေချာချာ မှတ်မိပါတယ်။

‘ကပ္ပတိန် မှန်းဆတာ မှန်တယ်...’ ကလိုင်းဟာ ရဲသက်သေခံကဒ်ကို သိမ်းပြီး စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် သူဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးပါပဲ... မေးစရာ မေးခွန်း မရှိတော့ပါဘူး”

သူ ထွက်သွားဖို့ ပြင်လိုက်ချိန်မှာ အသက်လေးဆယ်အရွယ် အမျိုးသားက သူ့ကို ပြောပါတယ် “ရဲအရာရှိ... ရဲအရာရှိက ရှေးဟောင်းရဲတိုက်ကို စိတ်ဝင်စားလို့လား... အဲဒီမှာ နေခဲ့ဖူးတဲ့ ပထမဆုံးမြို့စားရဲ့ ဆီဆေးပန်းချီ ကျွန်တော့်မှာ ရှိတယ်... ကျွန်တော့် အဘိုး အဘိုးရဲ့ အဘိုးက... အင်း... ဘာပဲဖြစ်ဖြစ် တော်တော်ကြာခဲ့ပါပြီ... သူက ရှေးဟောင်းရဲတိုက်ကနေ ဆီဆေးပန်းချီတစ်ချပ် ယူလာပြီး လမိုဒ်မြို့ ပထမဆုံးမြို့စားရဲ့ ဆီဆေးပန်းချီလို့ ပြောခဲ့တယ်”

“ရဲအရာရှိ လိုချင်လား... အဲဒါက ရှေးဟောင်းပစ္စည်း စစ်စစ်နော်”

‘ရှေးဟောင်းပစ္စည်း စစ်စစ်ဆိုရင် ရောင်းထွက်တာ ကြာရောပေါ့... ဒီကောင်က တော်တော်ကို စကားတတ်တာပဲ... ရဲကိုတောင် အရူးလုပ်ရဲတယ်... ငါ သူ့ကို သေနတ်နဲ့ ခြောက်လိုက်ရင် ကောင်းမလား မသိဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ သရော်လိုက်ပြီးနောက် အပေါင်ဆိုင်ရှင် မျက်နှာနဲ့ ပြောပါတယ်။

“ရှေးဟောင်းပစ္စည်း အစစ်လား အတုလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ... ငါ့မျက်စိကိုပဲ ငါယုံတယ်”

“ငါ့ကို ပြကြည့်”

ရွှေရောင်ဆံပင်နဲ့ အမျိုးသားဟာ ပြုံးပြီး အခန်းထဲ ဝင်သွားကာ လှန်လှော ရှာဖွေပါတယ်။ တစ်ခဏ အကြာမှာတော့ သူဟာ ဆီဆေးပန်းချီတစ်ချပ် ကိုင်ပြီး ထွက်လာပါတယ်။

ကလိုင်းဟာ ဆီဆေးပန်းချီကို သာမန်ကာလျှံကာ ကြည့်လိုက်ပါတယ်။ မြို့စားက နူးညံတဲ့ အသွင်အပြင်ရှိပြီး ကြေးရောင် အသားအရေ ရှိပါတယ်။ သူ့မျက်လုံးတွေက ဘယ်လောက်မှန်း မသိနိုင်တဲ့ လူသားတွေရဲ့ အတွေ့အကြုံတွေကို ဖုံးကွယ်ထားပါတယ်။ နောက်ပြီး သူဟာ တွန့်လိမ်နေတဲ့ အဖြူရောင် ဆံပင်တုကို စွပ်ထားပါတယ်။

‘အင်း... သူက မစ္စအက်ဇစ်နဲ့ တော်တော် တူပါ့လား...’ ကလိုင်းရဲ့ မျက်လုံးဟာ ရုတ်တရက် ပြူးကျယ်သွားပြီး သူ့အကြည့်ဟာ မြို့စားရဲ့ ညာဘက်နားရွက် အောက်နားဆီ အလိုလို ရောက်သွားပါတယ်။

သူဟာ မြို့စားရဲ့ ညာဘက်နားနားက သိပ်ပြီးတော့ မသိသာ မထင်ရှားတဲ့ မှဲ့ကို သေချာကြည့်လိုက်ပါတယ်။

ဒီမှဲ့ရဲ့ တည်နေရာက မစ္စတာအက်ဇစ်မှာရှိတဲ့ မှဲ့ရဲ့ တည်နေရာနဲ့ ကွက်တိပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters