← Chapters

ငွေမြို့တော်

Vol. 14 Ch. 137

ငွေမြို့တော်

Vol. 14 Ch. 137

ငွေမြို့တော်၊ သင်္ချိုင်း။

ဒဲရစ်ဟာ လှေကားထစ်တွေရှေ့မှာ မတ်တတ်ရပ်ရင်း မျက်လုံးနီကြီးနဲ့ ရှေ့ကို ကြည့်လိုက်ပါတယ်။ သူ့ရှေ့မှာ ရှိနေတာက သူ့မိဘနှစ်ပါး ထည့်ထားတဲ့ အခေါင်းနှစ်လုံးနဲ့ ကျောက်ပြားပေါ်မှာ စိုက်ထားတဲ့ ငွေဓားရိုးရိုးတစ်ချောင်းပါ။

မကြာခဏ ထွက်ပေါ်လာတဲ့ မိုးခြိမ်းသံတွေက အိမ်တွေကို တုန်တက်သွားစေပြီး ဓားကို ယိမ်းယိုင်သွားစေပါတယ်။

အခေါင်းထဲက ဘာ့ဂ်မောင်နှံဟာ လုံးလုံး မသေသေးပါဘူး။ သူတို့နှစ်ယောက်ဟာ မျက်လုံး မှိတ်မသွားဖို့နဲ့ အသက်ဝအောင်ရှူဖို့ ကြိုးစားရုန်းကန်နေကြပါတယ်။ ဒါပေမဲ့ လူတချို့ရဲ့ မျက်လုံးထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ အသက်ဓာတ်က အမှောင်ထုကို ဆက်ပြီးတော့ ဖိနှိပ်မထားနိုင်တော့ပါဘူး။

“ဒဲရစ် လုပ်တော့” လက်ထဲမှာ တောင်ဝှေးတစ်ချောင်း ကိုင်ထားတဲ့ အနက်ရောင် ဝတ်ရုံရှည်နဲ့ လူကြီးတစ်ယောက်က ဒဲရစ်ကို ကြည့်ပြီး အသံနက်နဲ့ ပြောပါတယ်။ ဒဲရစ်ရဲ့ မျက်နှာဟာ သိသိသာသာကို မဲ့ရှုံ့သွားပါတယ်။

“မလုပ်ဘူး... မလုပ်ဘူးး... မလုပ်ဘူးးး...” ဝါညိုရောင်ဆံပင်နဲ့ ဒဲရစ်ဟာ ခေါင်းကို ယမ်းနေအောင် ခါပါတယ်။ သူဟာ စကားတစ်ခွန်းပြောတိုင်း ‌နောက်ကို ခြေတစ်လှမ်းဆုတ်ပြီး နောက်ဆုံးမှာ စူးရှစွာ အော်ဟစ်လိုက်ပါတယ်။

...

“ဒေါက်...”

လူကြီးဟာ တောင်ဝှေးကို အားနဲ့ ဆောင့်ပြီး ပြောပါတယ် “မင်းက တစ်မြို့လုံးကို မင်းမိဘတွေနဲ့အတူ သေစေချင်လို့လား”

“ငါတို့က နတ်ဘုရား စွန့်ပစ်ထားတဲ့ အမှောင်သားတွေ ဆိုတာ မင်း သိသင့်တယ်... ငါတို့တွေက သေသွားတဲ့လူ အကုန်လုံး ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါး စိတ်ဝိညာဉ်ဖြစ်သွားတဲ့ ဒီကျိန်စာသင့်နေရာမှာပဲ နေရတယ်... ငါတို့တွေ ဘာပဲလုပ်လုပ် ဒီကြမ္မာဆိုးကို မရှောင်လွှဲနိုင်ဘူး... သူတို့ရဲ့အသက်ကို မိသားစုဝင် တစ်ယောက်ယောက်က အဆုံးသတ်ပေးတာက လွဲရင်ပေါ့”

“ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ... ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ...” ဒဲရစ်ဟာ ခေါင်းခါပြီး မျှော်လင့်ချက်မဲ့တဲ့ မျက်နှာနဲ့ မေးပါတယ် “ငွေမြို့တော်သားတွေက ဘာဖြစ်လို့ မွေးဖွားလာကတည်းက သူတို့ရဲ့ မိဘတွေကို ပြန်သတ်ဖို့ ကံကြမ္မာ ပါလာရတာလဲ...”

လူကြီးဟာ အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးသလိုမျိုး မျက်လုံးမှိတ်လိုက်ပါတယ်။

“ဒါက ငါတို့ရဲ့ ကံကြမ္မာပဲ... ဒါက ငါတို့တွေ ထမ်းထားရတဲ့ ကျိန်စာပဲ... ဒါက ဘုရားသခင်ရဲ့ အလိုတော်ပဲ...”

“ဓားကိုင် ဒဲရစ်... ဒါက မင်းမိဘတွေကို လေးစားကြောင်း ပြတာပဲ”

“ဒီကိစ္စပြီးလို့ မင်း နေသားကျသွားပြီဆိုရင် နတ်သွေးစစ်သည်တော် ဖြစ်လာအောင် ကြိုးစားကြည့်ပေါ့”

အခေါင်းထဲက ဘာ့ဂ်ဟာ စကားပြောဖို့ ကြိုးစားပေမဲ့ စကားသံ ထွက်မလာဘဲ ညည်းညူသံသာ ထွက်လာပါတယ်။

ဒဲရစ်ဟာ ရှေ့ကို ခြေလှမ်း လေးငါးလှမ်း ခက်ခက်ခဲခဲ လှမ်းလိုက်တဲ့အခါ ငွေဓားနား ပြန်ရောက်သွားပါတယ်။ သူဟာ တဆတ်ဆတ်တုန်နေတဲ့ ညာလက်ကို ရှေ့ဆန့်ထုတ်လိုက်ပါတယ်။

ငွေဓားရဲ့ အေးစက်တဲ့ အထိအတွေ့က သူ့အဖေ အမဲလိုက်ရာကနေ ပြန်လာတုန်းက ပါလာတဲ့ သွေးရေခဲကို အမှတ်ရသွားစေပါတယ်။ လက်တဖဝါးစာလောက်ပဲ ရှိတဲ့ သွေးရေခဲက သူ့အိမ်ကို လေးငါးဆယ်ရက်ကြာအောင် အအေးဓာတ် ပေးဖို့ လုံလောက်ပါတယ်။

အတိတ်က ပုံရိပ်တွေဟာ သူ့မျက်လုံးထဲမှာ ယှက်သမ်းသွားပါတယ်။ ဓားသိုင်း သင်ပေးတုန်းက တင်းမာခက်ထန်တဲ့ သူ့အဖေရဲ့ မျက်နှာထား၊ သူ့ကျောကုန်းက ဖုန်မှုန့်တွေကို သပ်ချပေးတဲ့ မေတ္တာကြီးမားတဲ့ အဖေတစ်ယောက်ရဲ့ အမူအရာ၊ မျိုးပြောင်း မွန်းစတားတစ်ကောင်နဲ့ ကြုံတုန်းက သူ့ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး ကာကွယ်ပေးခဲ့တဲ့ သူ့အမေ၊ နောက်ဆုံး ဖယောင်းတိုင် အလင်းရောင်အောက်မှာ သူတို့မိသားစုသုံးယောက် တိုးဝှေ့ပြီး ထမင်းစားခဲ့တာ...။

သူ့ခံစားချက်တွေကို ဘယ်လိုပဲ နှိပ်ကွပ်ပါစေ သူ့လည်ချောင်းထဲကနေ အက်ကွဲသံတစ်သံ ထွက်ပေါ်လာပါတယ်။ သူဟာ ခပ်တိုးတိုး ညည်းညူပြီးနောက် အားထည့်ကာ ဓားကို ဆွဲထုတ်လိုက်ပါတယ်။

“ရှပ်... ရှပ်... ရှပ်...”

အဲဒီနောက် သူဟာ ခေါင်းစိုက်ချပြီး ရှေ့ကို ပြေးသွားကာ ဓားကို မြှောက်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အားထည့်ပြီး အောက်ကို ထိုးစိုက်လိုက်ပါတယ်။

“အား...”

သွေးတွေ ဖြာထွက်သွားပြီး စူးရှတဲ့ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပါတယ်။ သွေးတွေဟာ ဒဲရစ်ရဲ့ မျက်နှာပေါ် စဉ်ပြီး မျက်လုံးထဲ ဝင်ကုန်တာကြောင့် သူ့မြင်ကွင်းဟာ နီရဲသွားပါတယ်။ သူဟာ ဓားကိုဆွဲထုတ်ပြီး ဘေးနားက အခေါင်းထဲကို ထိုးစိုးလိုက်ပါတယ်။

အသွားထက်တဲ့ ငွေဓားက အသွေးအသားကို ထိုးခွဲလိုက်တဲ့အခါမှာတော့ ဒဲရစ်ဟာ ဓားကို လက်ကနေ လွှတ်လိုက်ပါတယ်။

သူဟာ ယိမ်းယိုင်သွာတဲ့ ဓားကို ဂရုမစိုက်သလို အခေါင်းထဲက ဘာ့ဂ်မောင်နှံရဲ့ အခြေအနေကိုလည်း မကြည့်ပါဘူး။ သူဟာ သရဲလိုက်ခံရသလိုမျိုး သင်္ချိုင်းထဲကနေ ဒယီးဒယိုင်နဲ့ ပြေးထွက်သွားပါတယ်။ သူဟာ အံ့ကို တင်းနေအောင် ကြိတ်ထားပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားပါတယ်။ သူ့မျက်နှာမှာတော့ သွေးတွေ ပေကျံနေပါတယ်။

ဘေးကနေ ကြည့်နေတဲ့ လူကြီးဟာ သက်ပြင်းချလိုက်ပါတယ်။

ငွေမြို့တော်ရဲ့ လမ်းမကြီးမှာ ကျောက်တိုင်တွေ အတန်းလိုက် တည်ရှိနေပါတယ်။ ကျောက်တိုင်တွေပေါ်မှာ မီးပုံးတွေ ရှိနေပြီး မီးပုံးတွေထဲမှာတော့ မထွန်းရသေးတဲ့ ဖယောင်းတိုင်တွေ ရှိနေပါတယ်။

ဒီနေရာမှာ နေလည်း မရှိသလို လ,လည်း မရှိပါဘူး။ ကြယ်တွေလည်း မရှိပါဘူး။ အမြဲတမ်း မပြောင်းလဲတဲ့ အမှောင်ထုနဲ့ အရာအားလုံးကို ဆုတ်ဖြဲပစ်မယ်လို့ ခြိမ်းခြောက်တတ်တဲ့ မိုးကြိုးတွေပဲ ရှိပါတယ်။

ငွေမြို့တော်သားတွေဟာ လျှပ်စီးရဲ့ အလင်းရောင်နဲ့ မှောင်မိုက်တဲ့ လမ်းမပေါ်မှာ လျှောက်လှမ်းကြပါတယ်။ လျှပ်စီးမိုးကြိုးတွေ ငြိမ်သက်သွားတဲ့ လေးငါးဆယ်နာရီကို ဒဏ္ဍာရီထဲက ညစစ်စစ်လို့ သူတို့တွေ မှတ်ယူကြပါတယ်။

အဲဒီအချိန်မှာ သူတို့တွေဟာ ဖယောင်းတိုင်ထွန်းပြီး ငွေမြို့တော်ကို အလင်းပေးကာ အမှောင်ထုနဲ့ မွန်းစတားတွေကို မောင်းထုတ်ကြပါတယ်။

ဒဲရစ်ဟာ မှောင်မိုက်တဲ့ လမ်းမပေါ်မှာ ခြေဦးတည့်ရာ လမ်းလျှောက်နေပါတယ်။ သူ သတိပြန်ဝင်လာတဲ့အခါမှာတော့ သူ့အိမ်တံခါးရှေ ရောက်နေတာ တွေ့လိုက်ရပါတယ်။

သူဟာ သော့ထုတ်ပြီး အိမ်တံခါးကို ဖွင့်လိုက်တဲ့အခါ တရင်းတနှီးရှိတဲ့ ပတ်ဝန်းကျင်ကို မြင်လိုက်ရပေမဲ့ သူ့အမေရဲ့ ဂရုစိုက်တဲ့ စကားသံနဲ့ သူ့အဖေရဲ့ ဆူပူသံကို မကြားရတော့ပါဘူး။ အိမ်တစ်ခုလုံး ဟာလာဟင်းလင်းဖြစ်ပြီး အေးစက်နေပါတယ်။

ဒဲရစ်ဟာ အံထပ်ကြိတ်လိုက်ပြီး သူ့အခန်းထဲ ခပ်သွက်သွက် လျှောက်သွားကာ သလင်းလုံးကို ရှာဖွေပါတယ်။ ဒီသလင်းလုံးက ဖျက်ဆီးခံလိုက်ရတာ ကြာလိုက်ပြီဖြစ်တဲ့ မြို့တစ်မြို့က သူတို့ရဲ့ ဘုရားသခင်ကို ဝတ်ပြုဆုတောင်းတဲ့နေရာမှာ သုံးတာလို့ သူ့အဖေက ပြောဖူးပါတယ်။

သူဟာ သလင်းလုံးရှေ့မှာ ဒူးထောက်ပြီး မျှော်လင့်ချက်မဲ့စွာ မချိတင်ကဲ ဆုတောင်းပါတယ်။

“အို ခံ့ညားထည်ဝါ မြင့်မြတ်တော်မူပါသော အရှင်... အရှင်ရဲ့ မျက်လုံးတော်နဲ့ အရှင်စွန့်ပစ်ခဲ့တဲ့ ဒီနယ်မြေကို ကြည့်ရှုစောင်မတော်မူပါ”

“အို ခံ့ညားထည်ဝါ မြင့်မြတ်တော်မူပါသော အရှင်... အမှောင်သားဖြစ်တဲ့ ကျွန်တော်တို့ကို ကံကြမ္မာကျိန်စာကနေ လွတ်မြောက်ခွင့်ပေးတော်မူပါ”

“ကျွန်တော်ရဲ့ သွေးနဲ့ အရှင်ကို ကျေနပ်စေပြီး ကျွန်တော်ရဲ့ တစ်ဘဝလုံးကို အရှင့်ဆီ ပုံအပ်ပါ့မယ်”

...

သူဟာ ဒီဆုတောင်းစကားကို ထပ်ခါထပ်ခါ ပြောပါတယ်။ မျှော်လင့်ချက်မဲ့စွာနဲ့ သူ မတ်တတ်ရပ်ဖို့ ပြင်လိုက်တဲ့အခါမှာ ကြည်လင်သန့်စင်တဲ့ သလင်းလုံးကနေ နီမှောင်ရောင် တောက်ပလာတာကို သူ မြင်လိုက်ရပါတယ်။

ရေအလျဉ်နဲ့တူတဲ့ ဒီတောက်ပမှုက ရုတ်ခြည်းဆိုသလို သူ့ကို ဝါးမျိုသွားပါတယ်။

သူ သတိပြန်ရလာတဲ့အခါမှာတော့ ဧရာမကျောက်တိုင်ကြီးတွေနဲ့ ထောက်ကန်ထားတဲ့ ကြီးကျယ် ခမ်းနားထည်ဝါတဲ့ နန်းတော်တစ်ဆောင်ရှေ့မှာ သူ မတ်တတ်ရပ်နေတယ်ဆိုတာ သတိပြုမိလိုက်ပါတယ်။ သူ့ရှေ့မှာ ရှေးဟောင်း စားပွဲရှည်တစ်လုံး ရှိနေပြီး စားပွဲရဲ့ တစ်ဖက်မှာတော့ ထူထဲတဲ့ မီးခိုးတွေ ကာဆီးထားတဲ့ လူသားတစ်ယောက် ရှိနေပါတယ်။

အဲဒါတွေကလွဲရင် သူ့ဘေးပတ်လည်မှာ တခြားဘာမှ မရှိပါဘူး။ ဟာလာဟင်းလင်းဖြစ်ပြီး နူးညံသိမ်မွေ့လွန်းနေပါတယ်။ သူ့ခြေထောက်အောက်မှာတော့ အဆုံးမရှိတဲ့ မြူခိုးတွေနဲ့ နီမှောင်ရောင် အလင်းစက်တွေ ရှိနေပါတယ်။

ဒါတွေကို ကြည့်ပြီး ဒဲရစ်ရဲ့ ရင်ထဲမှာ မျှော်လင့်ချက် ရောင်ခြည် ထွန်းလင်းစ ပြုလာပါတယ်။ သူဟာ စားပွဲတစ်ဖက်က လူသားအသွင်ကို ဝေခွဲမရတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်မိလိုက်ပါတယ်။

“အရှင်... အရှင်က ဘုရားသခင်လား...”

ဒီမေးခွန်း မေးပြီးနောက် သူဟာ ငွေမြို့တော်ရဲ့ စာအုပ်တစ်အုပ်ထဲက စာကြောင်းတစ်ကြောင်းကို ရုတ်တရက် သတိရလိုက်တာကြောင့် ချက်ချင်း ခေါင်းငုံ့လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစာကြောင်းက “နတ်ဘုရားကို တိုက်ရိုက်မကြည့်ရဘူး” မလို့ပါ။

ကလိုင်းဟာ လက်ပိုက်ပြီး ကုလားထိုင်ကို မှီထိုင်လိုက်ပါတယ်။ သူဟာ ကိုယ်ကို လျှော့ထိုင်ပြီး ဘီလူးဘာသာစကားဖြစ်တဲ့ ဂျိုဒင်နဲ့ ပြန်ဖြေပါတယ်။

“ငါက ဘုရားသခင် မဟုတ်ဘူး... ဒီလောကရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားတဲ့ အရူးတစ်ယောက်သာသာပဲ”

ကလိုင်းဟာ အံသွားကိုက်ပြီး စိတ်ဝိညာဉ်အာရုံ ဖွင့်ထားပြီးပြီမလို့ သူ့ရှေ့မှာရှိတဲ့ လူငယ်လေးရဲ့ လိပ်ပြာခန္ဓာကိုယ်ပေါ်နဲ့ အီသာခန္ဓာကိုယ်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာ အရောင်မျိုးစုံ ရှိနေတာကို သတိထားမိလိုက်ပါတယ်။

ဒီအချက်အလက်တွေက ဒီလူငယ်လေး သာလွန်သူဆိုတာကို ပြနေပါတယ်။

‘အရူး...’ ဒဲရစ်ဟာ ဒီစကားလုံးကို စိတ်ထဲမှာ ထပ်ခါထပ်ခါ ရွတ်ဆိုပြီးနောက် အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ ခက်ခက်ခဲခဲနဲ့ ပြောပါတယ်။

“အရှင်က ဘုရားသခင်ပဲဖြစ်ဖြစ် အရူးပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး... ကျွန်တော်ရဲ့ ဆုတောင်းစကားက ပြောင်းလဲမှာ မဟုတ်ဘူး... ငွေမြို့တော်သားတွေ သူတို့ရဲ့ ကံကြမ္မာကျိန်စာကနေ လွတ်မြောက်နိုင်ဖို့ ကျွန်တော် မျှော်လင့်တယ်... စာအုပ်ထဲမှာပါတဲ့ နေမင်းနဲ့ ကောင်းကင်ပြင်ကို ကျွန်တော်တို့ရဲ့ ကောင်းကင်ပြင်မှာ ပေါ်လာစေချင်တယ်... ဖြစ်နိုင်ရင်... ဖြစ်နိုင်ရင် ကျွန်တော်ရဲ့ မိဘတွေကို ပြန်ရှင်သန်စေချင်တယ်”

‘ဟေး... ငါက ဆုတောင်းပြည့်ရေတွင်း မဟုတ်ဘူး...’ ကလိုင်းဟာ လက်အောက်ချပြီး ရယ်လိုက်ပါတယ်။

“ငါက မင်းကို ဘာဖြစ်လို့ ကူညီရမှာလဲ”

ကလိုင်းရဲ့ စကားကြောင့် ဒဲရစ်ဟာ အေးခဲသွားပြီး တစ်ခဏတွေးကာ ပြန်ဖြေပါတယ်။

“ကျွန်တော်ရဲ့ ဝိညာဉ်ကို အရှင့်ဆီ ပေးအပ်မယ်... ကျွန်တော်ရဲ့သွေးကို အရှင်စိတ်ကြိုက် သုံးနိုင်တယ်”

“ငါက သေမျိုးတစ်ယောက်ရဲ့ သွေးနဲ့ဝိညာဉ်ကို စိတ်မဝင်စားဘူး” ကလိုင်းဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ လူငယ်လေးရဲ့ ခံစားချက်ရောင်ဝါက မျှော်လင့်ချက် ကင်းမဲ့တဲ့ရောင်ဝါအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲသွားတာ မြင်လိုက်ရပါတယ်။

လူငယ်လေး စကားပြောလာတာကို မစောင့်ဘဲ သူဟာ အေးအေးဆေးဆေး ထပ်ပြောပါတယ် “ဒါပေမဲ့ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးနိုင်တယ်”

“ငါက တန်ဖိုးတူလဲလှယ်တာကို သဘောကျတဲ့ အရူးပဲ... မင်းမှာရှိတဲ့အရာတွေကို ငါနဲ့ ဒါမှမဟုတ် မင်းလိုမျိုး တခြားလူတွေနဲ့ မင်းလိုချင်တဲ့ အရာတွေကို လဲလှယ်နိုင်တယ်... ဒါပေမဲ့ တစ်ခုတော့ မှတ်ထား... တန်ဖိုးချင်း တူရမယ်”

“ဒါက မင်းကို စွမ်းအားကြီးလာအောင် လုပ်ပေးနိုင်တယ်... အဲဒီတော့ တစ်နေ့ကျရင် မင်းစွမ်းအားနဲ့မင်း ငွေမြို့တော်သားတွေကို ကျိန်စာကနေ လွတ်မြောက်အောင် လုပ်ပေးပြီး မင်းတို့ရဲ့ ကောင်းကင်ပြင်မှာ နေမင်း ပြန်ပေါ်လာအောင် လုပ်ပေးနိုင်လိမ့်မယ်...”

လူငယ်လေးရဲ့ စကားကနေ ငွေမြို့တော်ဆိုတာက နတ်ဘုရားစွန့်ပစ်နယ်မြေလို့ ကလိုင်းဟာ ယုံကြည်သွားပါတယ်။

သို့ပေမဲ့ သူဟာ ၁၀၀ ရာခိုင်နှုန်းတော့ မသေချာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေးကျမ်းစာတွေထဲမှာ ပထမယုဂ်ဖြစ်တဲ့ ပဋိပက္ခယုဂ်မှာ နေမရှိဘူးလို့ ဖော်ပြထားလို့ပါပဲ။ အဲဒါကြောင့် နတ်ဘုရား စွန့်ပစ်နယ်မြေကလွဲရင် မြောက်ပိုင်းတိုက်က နိုင်ငံတွေ မသိတဲ့ တခြားထူးဆန်းတဲ့ နယ်မြေတွေ ရှိနေမလားဆိုတာ ဘယ်သူမှ မသိပါဘူး။

ဒဲရစ်ဟာ တိတ်တဆိတ် နားထောင်ပါတယ်။ သူဟာ ခေါင်းငုံကာ စဉ်းစားပြီးနောက်...

“ကျွန်တော် နေမင်း ဖြစ်ချင်တယ်... အဲဒါနဲ့ သက်ဆိုင်တဲ့ အစဆုံမှတ်ဆေးရည် ဖော်မြူလာကို လိုချင်တယ်”

‘ဆုံမှတ်ဆေးရည်... နေမင်း... ဒါက အစဉ်ထာဝရ တောက်ပတဲ့နေမင်း ဘုရားကျောင်းက ပိုင်တဲ့ ဆုံမှတ်လမ်းကြောင်းပဲ... ကြည့်ရတာ ငါတို့တွေ တစ်လောကတည်းမှာ ရှိတဲ့ပုံပဲ...’

‘ဆုံမှတ် ဆိုတဲ့ အသုံးအနှုန်းက ပထမ ဘုရားသခင်စော်ကားကျောက်ပြားကနေ လာတာပဲ... ဒါက အမှောင်ယုဂ်လို့ခေါ်တဲ့ ဒုတိယယုဂ်နှောင်းမှာ ပေါ်ခဲ့တာ... ဒီတော့ ငွေမြို့တော်က တကယ်ကို နတ်ဘုရားစွန့်ပစ်နယ်မြေ ဖြစ်နိုင်တယ်... အဲဒါဆို ဒီနယ်မြေက ဒုတိယယုဂ်နှောင်းမှာ တောင်ပိုင်းတိုက်နဲ့ မြောက်ပိုင်းတိုက်ကနေ ကွဲထွက်သွားတာ ဖြစ်ရမယ်’

‘ဒါက တတိယယုဂ်ရဲ့ ပျက်ကပ်နဲ့ ဆက်စပ်နေတာလား... ဒဏ္ဍာရီတွေအရဆိုရင် ထာဝရညနတ်ဘုရားမ၊ မယ်တော်မြေနတ်ဘုရားမနဲ့ တိုက်ခိုက်ရေး နတ်ဘုရားက ဒီလောကထဲ ဆင်းသက်ပြီး မုန်တိုင်းအရှင်၊ အစဉ်ထာဝရ တောက်ပတဲ့နေမင်း၊ အသိဉာဏ်ပညာ နတ်ဘုရားတွေနဲ့အတူ လူသားတွေကို ပျက်ကပ်ကနေ ကာကွယ်စောင့်ရှောက်ခဲ့တာပဲ...’

ကလိုင်းဟာ လူငယ်လေးဆီကနေ သတင်းအချက်အလက် အတော်အတန်အသင့် ရလိုက်ပါတယ်။ ဒါပေမဲ့ သူဟာ ဂျိုဒင်စကားကို မကျွမ်းကျင်တော့ လူငယ်လေးပြောတဲ့ စကားတွေကို ဘာသာပြန်တဲ့နေရာမှာ နည်းနည်း အခက်တွေ့သွားပါတယ်။

ကံကောင်းချင်တော့ ဂျိုဒင်က ရှေးဟောင်းဖေးဆက်ကနေ လာတာပါ။ အဲဒီပိုင်းမှာ ကလိုင်းက ပညာရှင်မလို့ ဂျိုဒင်ဘာသာစကားကို သာမန်ထက် ခပ်မြန်မြန် တတ်မြောက်လွယ်ပါတယ်။ အဲဒီတော့ ခွေးအကြီးလှည်းနင်းတော့ မဖြစ်ပါဘူး။

ကလိုင်းဟာ ကိုယ်ဟန်မပျက် ထိုင်ရင်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ်။

“ငါတို့တွေ ဒီအပေးအယူကို နောက်ကျရင် ဆွေးနွေးမယ်... နောက်နှစ်ရက်မှာ အပြင်မထွက်နဲ့... တခြားလူတွေနဲ့ တစ်ခန်းတည်းမှာ အတူမရှိအောင် အကောင်းဆုံး ကြိုးစားချည်”

သူဟာ ငွေမြို့တော်ရဲ့ အချိန်ယူနစ်ကို မသိသလို လိုအင်နိုင်ငံရဲ့ အချိန်နဲ့ ဘယ်လောက် ကွာခြားတယ် ဆိုတာကိုလည်း မသိပါဘူး။ အဲဒါကြောင့် လောလောဆယ်မှာ “နေ့” ကိုပဲ ယေဘုယျအားဖြင့် သုံးနှုန်းပြီး တဲရော့တွေ့ဆုံပွဲပြီးမှ နောက်တွေ့ဆုံပွဲတွေ အချိန်တွေကို ပြောမှာပါ။

ကလိုင်းဟာ ဂျိုဒင်ဘာသာစကားမှာ “နေ့” ဆိုတဲ့ အသုံးအနှုန်း ရှိတယ်ဆိုတာ သိပါတယ်။ အဲဒါကြောင့် ငွေမြို့တော်က ဒီလိုအချိန်ယူနစ်ကို မသုံးရင်တောင် လူငယ်လေးက နားလည်နိုင်လိမ့်မယ်လို့ တွက်ထားပါတယ်။

“ဟုတ်ကဲ့ပါ... ကျွန်တော် အရှင့်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ့မယ်” ဒဲရစ်ဟာ ‌ခေါင်းငုံ့လျက်က ဖြေပါတယ်။ သူ့မှာ ဘာကန့်ကွက်မှုမှ မရှိပါဘူး။

ကလိုင်းဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် စားပွဲစွန်းကို လက်နဲ့တောက်ကာ ပြောလိုက်ပါတယ်။

“ငါ မင်းကို ပြန်မပို့ခင် ပထမဆုံး အပေးအယူ လုပ်ကြရအောင်... ငါ မင်းကို စွမ်းအားကြီးလာဖို့ အခွင့်အရေး ပေးထားတယ်... အဲဒီတော့ မင်းက တန်ဖိုးတူတဲ့ အရာတစ်ခု ပြန်ပေးရလိမ့်မယ်”

“ငါက ဒီလောကရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားတဲ့ အရူးလို့ ပြောထားခဲ့တယ်... ငါ ပြန်လိုချင်တာက မင်းသိတဲ့ ငွေမြို့တော်ရဲ့ သမိုင်းကြောင်း အစအဆုံးပဲ”

ဒဲရစ်ဟာ တစ်ခဏတွေးပြီး ဖြေပါတယ်။

“ကျွန်တော် အမှန်အတိုင်း ပြောပြပါ့မယ်”

“ငွေမြို့တော်က အတုမဲ့တဲ့ အနှိုင်းမဲ့တဲ့ အရာအားလုံးကို ဖန်တီးထားတဲ့ ဘုရားသခင် ဒီနယ်မြေကို စွန့်ပစ်ကတည်းက တည်ရှိနေခဲ့တာ... မဟုတ်ဘူး... အဲဒီမတိုင်ခင်ကတည်းက တည်ရှိနေခဲ့တာ... အဲဒီတုန်းက ငွေနိုင်ငံတော်လို့ ခေါ်တယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters