မြေခွေးဝိညာဉ်
Vol. 014 Ch. 1382
ရီဖူရှင်းတို့အုပ်စု အဝေးကို ထွက်သွားလျှင် တခြားလူများက သူ့အား တားဆီးခြင်း မပြုကြပေ။
မည်သို့ဆိုစေ နတ်ဆိုးဘုံမှ နာမည်ကျော်မှော်ဝိဇ္ဇာတစ်ဦး၏သေဆုံးခြင်းက လူသားရှန့်ထိုတစ်ဦးနှင့်သက်ဆိုင်စရာအကြောင်းတော့ မရှိပေ။
“ရှင်က သူမနဲ့ပတ်သက်ပြီး မမေးခဲ့ဘူးလား” ရှားရှင်းယွန်က လေထဲပျံသန်းနေရင်း စိတ်ဖြင့် မေးသည်။
ရီဖူရှင်းက ခေါင်းယမ်းကာ ပြန်ပြောသည် “ငါမလိမ်ဘူး။ မှော်ဝိဇ္ဇာကို ငါတွေ့တဲ့အချိန်မှာ သူက ဘာမှ မပြောသလို ငါကလည်း ဘာမှ မပြောခဲ့ဘူး”
ရီဖူရှင်းကလည်း သူတစ်ခုခုမေးခဲ့သင့်ကြောင်း တွေးလိုက်သည်။
သို့သော်လည်း သူက မှော်ဝိဇ္ဇာ၏နန်းတော်အတွင်းသို့ ဝင်လိုက်သည်နှင့် မှော်ဝိဇ္ဇာသည် သူ့ကို သည်အတိုင်း နီရဲသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ရုတ်တရက် သွေးအန်ခဲ့သည်။ ထိုသို့သော အခြေအနေတွင် ပြန်ထွက်လာရုံမှလွဲ၍ သူ့တွင် တခြားမရှိပေ။
သူထွက်သွားပြီးနောက်တွင်လည်း မှော်ဝိဇ္ဇာက သူ၏အသက်ကို စွန့်လွှတ်သွားခဲ့ခြင်းမှာလည်း လုံးဝ မထင်ထားသည့်အချက်ဖြစ်သည်။ ထို့ကြောင့်ပင် သည်မတိုင်ခင်အတွေးများကို ရီဖူရှင်းက စတင်၍ ဖယ်ရှားလိုက်ရသည်။
“မှော်ဝိဇ္ဇာသေသွားတာ မင်းနဲ့မသက်ဆိုင်ဘူး။ ဟုတ်တယ်မလား” ကျူးကျောက်က ရီဖူရှင်းကို ရုတ်တရက် မေးသည်။
ရီဖူရှင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူက ကျူးကျောက်ကို ပြန်မေးလိုက်သည် “မင်းသားကော ဘယ်လိုထင်လဲ”
ကျူးကျောက်က ခေါင်းယမ်းလိုက်သည်။ ထိုအတွေးက ရူးသွပ်ခြင်းဖြစ်ကြောင်း သူခံစားမိသည်။ သူသည်ကား နတ်ဆိုးဘုံ၏ တစ်ဦးတည်းသော မှော်ဝိဇ္ဇာဖြစ်ကာ ရီဖူရှင်းကြောင့် အသက်စွန့်သွားစရာ မကြောင်းမရှိပေ။
“ဒါက အရမ်းထူးဆန်းတယ်။ ဂူထျန်းရှင်းက နတ်ဆိုးဘုံရဲ့မူလနယ်မြေကို ဝင်ခဲ့ပြီးတော့ နတ်ဆိုးဘုံက တန်ခိုးရှင်တွေ အများကြီး ရောက်လာခဲ့ကြတယ်။ မှော်ဝိဇ္ဇာရဲ့နန်းတော်ကလည်း ကောင်းကင်အာဏာစက်ဘုံမှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်မယ်လို့ သတင်းတွေ ထွက်လာခဲ့တယ်။ ကြည့်ရတာ ဒီတစ်ခေါက် နတ်ဆိုးဘုံဟာ ငြိမ်းချမ်းတော့မယ် မထင်ဘူး”
ကျူးကျောက်သည် မျက်ခုံးများကို ပင့်ကာ တစ်စုံတစ်ခုအား တွေးတောနေဟန်ရသည်။
“ဘာဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့” ရီဖူရှင်းက ပြောသည်။
“မင်းရဲ့အစ်ကို၃က ဘယ်လိုလူမျိုးလဲ” ကျူးကျောက်က မေးသည်။ ယခု သူသည် ရီဖူရှင်းနှင့် ဂူတုံးလျှိုတို့အကြား ဆက်ဆံရေးကို သိထားပြီးဖြစ်သည်။ အရာအားလုံးသည် ထိုဂူကလန်မျိုးဆက်ကြောင့်ဖြစ်လာခဲ့ကာ သူ့ကြောင့်သာ မဟုတ်ပါက ဂူထျန်းရှင်းသည် ထွက်ပေါ်လာမည်မဟုတ်ပေ။
“ကျုပ် ဘယ်လို သိမှာလဲ” ရီဖူရှင်းက ပုခုံးတွန့်သည်။
“ငါကြားတာတော့ သူက ဂူထျန်းရှင်းရဲ့တစ်ယောက်တည်းသော မြေးဖြစ်ပြီးတော့ ကောင်းကင်နတ်တံခါးက ပြိုင်စံရှားပါရမီရှင်လည်းဖြစ်၊ ဂူထျန်းရှင်းရဲ့သားလည်းဖြစ်တဲ့ ဂူကျန့်နန်(Gu Jiangnan)ရဲ့ တစ်ဦးတည်းသော မျိုးဆက်ဖြစ်တယ်တဲ့။ ဒါပေမဲ့ အရင်တုန်းက ဂူကျန့်နန်မှာ သားရှိတယ်လို့ ဘယ်သူမှ မကြားမိကြဘူး” ကျူးကျောက်က ပြောသည်။
ဂူကျန့်နန်ကား ကောင်းကင်နတ်တံခါး၏သမိုင်းတွင် အငယ်ဆုံးသော ရန်ဟောင်တန်ခိုးရှင်ဖြစ်ပေသည်။
“ဂူကျန့်နန်…” ရီဖူရှင်းက ရေရွက်သည် “သူ့မှာ ပုံပြင်တစ်ခုခုရှိလား”
“အဲဒီတုန်းက သူဟာ ဂူထျန့်ရှင်းကိုတောင် ကျော်ဖြတ်နိုင်လောက်တဲ့ပါရမီကို ပိုင်ဆိုင်ထားပြီးတော့ သူနဲ့ကောင်းကင်အာဏာစက်ပြည်ထောင်က မင်းသားတို့ ပဋိပက္ခဖြစ်တဲ့အခါ ဝိုင်းဝန်းသတ်ဖြတ်ခြင်းခံခဲ့ရတယ်။ အဲဒီ မတော်တဆဖြစ်ရပ်ကြောင့်ပဲ ဂူထျန်းရှင်းဟာ ကောင်းကင်အာဏာစက်ပြည်ထောင်ကို တိုက်ခိုက်ခဲ့ပြီးတော့ ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးကို အပြင်းအထန် လှုပ်ခတ်စေခဲ့တယ်”
ကျူးကျောက်က ထပ်ပြောသည် “ပြောရရင် ကောင်းကင်အာဏာစက်ပြည်ထောင်ရဲ့ မှန်းဆချက်က မမှားနိုင်ဘူးလို့ ငါလည်း ထင်တယ်။ ဂူကျန့်နန်ရဲ့သားကိုယ်ပေါ်မှာ ဂူထျန်းရှင်းနဲ့ဂူကလန်အင်မော်တယ်၁၂ပါးတို့က ချိပ်စည်းတစ်ခု ပြုလုပ်ထားလို့ ရန်ဟောင်တစ်ပါးတောင်မှ ထူးခြားမှုကို ရှာတွေ့ဖို့ ခက်တာဖြစ်ရမယ်”
“ခင်ဗျားရဲ့အစ်ကိုကတော့ ကောင်းကင်အာဏာစက်ဘုံကို ကြီးကြီးမားမား လှုပ်ယမ်းစေဦးမှာပဲ”
“ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ” ရီဖူရှင်းက မေးသည်။ သူက ဘာမှ သိပ်မပြောပေ။ သူ၏အစ်ကို၃သည် နောက်ခံဇတ်ကြောင်း မည်သို့မည်ပုံဖြစ်ပါစေ၊ အရေးမကြီးပေ။ ဂူတုံးလျှိုသည် ကော့တေး၏အစ်ကို၃ဖြစ်သည်ဟုသာ ရီဖူရှင်း ခံယူထားပေသည်။
“နတ်ဆိုးအင်ပါယာတွေအကုန် ရောက်နေတာ ခင်ဗျားတွေ့လား။ ကျုပ်တို့က စိတ်ရှည်ရှည်နဲ့စောင့်ဖို့ပဲလိုတယ်” ကျူးကျောက်က ပြောသည်။
“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကျူးကျောက်ကား နတ်ဆိုးဘုံကို ရီဖူရှင်းထက်ပို၍ သိနားလည်ပေသည်။ ရီဖူရှင်းကား သည်နေရာတွင် သူ၏အင်အားကို အသုံးမချနိုင်ရာ တစ်ဘက်လူ၏လမ်းညွန်ချက်အတိုင်း နေခြင်းက အသင့်တော်ဆုံးဖြစ်ပေသည်။
သူတို့သည် နတ်ဆိုးမြို့ဟောင်းတွင် တည်းခိုခန်းတစ်ခု ရှာဖွေတည်းခိုကြသည်။ နောက်ပိုင်းနေ့ရက်များတွင် နတ်ဆိုးမြို့ဟောင်းသည် အလွန်စည်ကားလာခဲ့၏။
ဂူထျန်းရှင်းသည် မူလတောင်၌ ပေါ်လာသည်ဟူသော သတင်းကား လူသားလောကကိုဖြစ်စေ၊ နတ်ဆိုးလောကကိုဖြစ်စေ ကြီးစွာ လှုပ်ခတ်စေခဲ့သည်။ လူသားဖြစ်စေ၊ သားရဲများဖြစ်စေ သူတို့သည် နတ်ဆိုးမူလတောင်ကို ဝင်ရောက်ရန် သတင်းများစုဆောင်းနေကြ၏။
မူလတောင်ဟုဆိုသည်နှင့်အညီ ထိုနေရာသည် နတ်ဆိုးကလန်များအတွက် တားမြစ်နယ်မြေလည်းဖြစ်သည်။
ယခု လူသားအချို့က ဝင်ရောက်မည့်ပုံစံရှိရာ သူတို့သားရဲများကလည်း ဝင်ရောက်ကြမည်ဖြစ်သည်။
ကောင်းကင်အာဏာစက်ဘုံမှ လူသားများအတွက် ဂူထျန်းရှင်း၏သတင်းကို ရရန် လိုအပ်ပေသည်။ သူနှင့်ပတ်သက်သည့် မည်သည့်သတင်းမဆို ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးအား ကြီးမားစွာ လွှမ်းမိုးနိုင်ပေသည်။
ထိုအချိန်တွင် နတ်ဆိုးမြို့ဟောင်း၏ကောင်းကင်တစ်နေရာတွင် ကျူးကျောက်နှင့်ရီဖူရှင်းတို့ တစ်နေရာကို အမြန်သွားနေကြဟန်ရသည်။
“နတ်ဆိုးကလန်တွေက မူလတောင်ကို ဝင်တော့မယ်လို့ သတင်းကြားတယ်။ အခု နတ်ဆိုးသားရဲတွေက နတ်မိစ္ဆာမြေခွေးကလန်ကို သွားပြီးတော့ အဲဒီကလန်ရဲ့စွမ်းရည်ကို အသုံးချချင်နေကြတယ်” ကျူးကျောက်က ဆက်ပြောသည် “ဒါပေမဲ့ နတ်မိစ္ဆာမြေခွေးတွေဟာ ဉာဏ်ရည်ထက်မြက်ကြတယ်။ သူတို့ကို အသုံးချဖို့ မလွယ်ကူဘူး”
“နတ်မိစ္ဆာမြေခွေးကလန်မှာ ဘယ်လိုထူးခြားစွမ်းရည်တွေ ရှိသလဲ” ရီဖူရှင်းက မေးမြန်းသည်။
“နတ်မိစ္ဆာမြေခွေးနန်းတော်ဟာ နတ်ဆိုးမြို့ဟောင်းရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုပဲ။ နတ်မိစ္ဆာနန်းတော်ဟာ နတ်ဆိုးမြို့ဟောင်းမှာ အကြီးဆုံးရောင်းဝယ်ရာနေရာတစ်ခုပဲ။ ပြီးတော့ သူတို့တွေရဲ့ ဉာဏ်ပညာကြီးမားတဲ့ ဗီဇပါရမီကြောင့် သူတို့ဟာ အောင်မြင်ကြတယ်”
ကျူးကျောက်က ရှင်းပြသည်။ ပုံမှန်အားဖြင့် သားရဲများသည် ဉာဏ်ပညာအရာ၌ အားနည်းသော်လည်း နတ်မိစ္ဆာမြေခွေးများကား မတူကွဲပြားပေသည်။ ယနေ့တွင် သူတို့သည် အလွန်အားကောင်းသော အင်အားစုတစ်ခုဖြစ်နေကြလေပြီ။
ထို့အပြင် သူတို့သည် များစွာသော ထိပ်သီးကလန်များနှင့် ကောင်းမွန်သော ဆက်ဆံရေးများရှိကြပေသည်။
“နတ်မိစ္ဆာမြေခွေးကလန်ဟာ ပုံပြောင်းနိုင်တဲ့ အံ့ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ကြတယ်။ သူတို့ဟာ ပုံရိပ်ယောင်နဲ့ပတ်သက်တဲ့ အစွမ်းအထက်ဆုံးမှော်ပညာကိုလည်း တတ်ကျွန်းလို့ မူလတောင်တန်းတွေကို မကြာခဏ ဝင်ထွက်သွားလာနိုင်ကြတယ်။ နတ်မိစ္ဆာမြေခွေးကလန်က သူတို့ရဲ့ရတနာတွေကို မူလတောင်တန်းမှာ ဝှက်ပြီးတော့ လေလံပွဲတွေနဲ့ ရောင်းချလေ့ရှိတယ်။ ဒါကြောင့်ပဲ နတ်မိစ္ဆာမြေခွေးနန်းတော်ဟာ နတ်ဆိုးမြို့ဟောင်းမှာ နာမည်ကျော်ကြားတဲ့ ရောင်းဝယ်ရေးနေရာတစ်ခုဖြစ်လာခဲ့တယ်”
ကျူးကျောက်က ဆက်ပြောသည် “သားရဲတွေဟာ လူသားတွေနဲ့ကွဲပြားတယ်ဆိုတာ မင်းသိသင့်တယ်။ သားရဲအများစုဟာ ညှိနှိုင်းတာမှာ အားနည်းကြပြီးတော့ သူတို့အလိုရှိတဲ့အရာကို ဝယ်ယူမည့်အစား ခိုးယူလေ့ရှိကြတယ်။ လူသားတွေက ဉာဏ်နီဉာဏ်နက်များပြီး ကွက်ကျော်ရိုက်တာတွေ ရှိတယ်ဆိုပေမဲ့ အပြင်ပန်းမှတော့ သူတို့ဟာ ပိုပြီး လူမှုစီးပွားရေးမှာ တိုးတက်ထွန်းကားတဲ့အတွက် အရောင်းအဝယ်နေရာတွေ အများကြီးရှိတယ်။
“ဒါဆို နတ်မိစ္ဆာမြေခွေးတွေကို အကူအညီတောင်းတယ်ဆိုတာ သူတို့နဲ့ အရောင်းအဝယ်လုပ်တဲ့သဘောပေါ့” ရီဖူရှင်းက မေးသည်။
“နတ်မိစ္ဆာမြေခွေးတွေက တနည်းနည်းနဲ့အဆင်ပြေအောင်စဉ်းစားကြလိမ့်မယ်။ အခု ငါတို့အားလုံးက မူလတောင်တန်းကို သွားကြမှာ။ ဒီအတွက် နတ်မိစ္ဆာမြေခွေးကလန်ရဲ့အကူအညီကို လိုအပ်တယ်” ကျူးကျောက်က ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။
“ပြီးတော့ နတ်မိစ္ဆာမြေခွေးတွေရဲ့ သားရဲမတွေအကုန်လုံးဟာ ဆွဲဆောင်မှုကောင်းတဲ့ မြေခွေးဝိညာဉ်တွေတဲ့” ကျူးကျောက်က ရီဖူရှင်းကို ပြုံးလျှက်ပြောသည်။
“အစ်ကို… မြေခွေးဝိဉာဉ်တွေ လိမ်တာ မခံရစေနဲ့” တောင်ပံလူသားကလန်၏မင်းသမီးက ပြုံးလျှက်ပြောသည်။
“မြေခွေးဝိညာဉ်လိုအဆင့်မျိုးက ငါ့ကို လှည်စားနိုင်မှာလား” ကျူးကျောက်က အထင်သေးစွာ ပြောသည်။ များစွာသော သားရဲများတွင် ထူးခြားသော အလေ့အထများရှိကြသော်လည်း သူ့ကတော့ ထိုသို့မဟုတ်ပေ။
“ငါတို့ရောက်ပြီ” ကျူးကျောက်က ရှေ့ကို ကြည့်လိုက်သည်။ ထိုနေရာတွင်ကား ဧရာမနန်းတော်ကြီးတစ်ခုရှိနေတာ တိမ်များအကြားသို့အထိ မြင့်မားစွာ တည်ဆောက်ထားသည်။
နတ်မိစ္ဆာမြေခွေးနန်းတော်ကား မှော်ဝိဇ္ဇာ၏နန်းတော်ထက်ပင် ကြီးမားဟန်ရသည်။
“ဆင်းရအောင်”
သူတို့သည် အောက်ကို ဆင်းလာခဲ့ကြကာ နတ်မိစ္ဆာမြေခွေးနန်းတော်အပြင်သို့ ရောက်လာခဲ့ကြ၏။ ထိုနေရာတွင်ကား သားရိုင်းများစွာ ရှိနေကာ လူသားများမှာလည်း အနည်းစုဖြစ်သည်။
ထို့အပြင် ကျူးကျောက်ပြောသော နတ်မိစ္ဆာမြေခွေးဝိညာဉ်များလည်း ရှိကြပေသည်။
နတ်မိစ္ဆာမြေခွေးကလန်မှ လူသားအသွင်ဖြင့် မြေခွေးမယ်များမှာ အလွန်ချောမောလွန်းကြသည်။ သူတို့၏အသားအရေများမှာ ပိုးသားများလိုအိစက်ချောမွတ်ကာ ဆွဲဆောင်မှုကောင်းသော ခန္ဓာကိုယ်များအား ပိုင်ဆိုင်ကြသည်။ အဆွဲငင်နိုင်ဆုံးကိုပြပါဆိုလျှင် သူမတို့၏မျက်လုံးများဖြစ်ကြကာ မျက်လုံးချင်းဆုံမိသူတိုင်းအား ဝိညာဉ်နှင့်စိတ်နှလုံးတို့ကိုပင် ဖမ်းစားနိုင်စွမ်းရှိဟန်ရပေသည်။
ရီဖူရှင်းကား သူတို့ကို စိတ်ဝင်စားဟန်မရပေ။ မည်သို့ဆိုစေ စွမ်းအားမြင့်သားရဲများမှာ နေရာတိုင်းတွင် ရှိပေသည်။
ထိုစဉ်မှာပင် နတ်မိစ္ဆာမြေခွေးမယ်အချို့သည် ရီဖူရှင်းတို့အုပ်စုထံသို့ လျှောက်လာကြသည်။ သူမတို့အားလုံးက လမ်းလျှောက်လျှင် ထူးဆန်းသော ဆွဲငင်အားတစ်ခုရှိဟန်ရသည်။ ရီဖူရှင်းသည် ပုံမှန်အားဖြင့် များစွာသော မိန်းမလှကလေးများအနီးတွင် ရှိတတ်သော်လည်း သည်မြေခွေးမယ်ကလေးများမှာ သဘာဝအားဖြင့် ဆွဲဆောင်မှုရှိသည်ဟု ခံစားရသည်။
“ရှင်က နတ်မိစ္ဆာမြို့က အိမ်ရှေ့စံမင်းသားလား” မိန်းမရွယ်တစ်ယောက်က ကျူးကျောက်ကို မေးသည်။
ကျူးကျောက်က မြေခွေးမယ်လေးအား ကြည့်သည်။ သူမသည် ရှီအဆင့်မျှသာဖြစ်သော်လည်း သူ့အား တစ်ချက်ကြည့်ရုံမျှဖြင့် သိရှိခြင်းသည် ထူးခြားသော စွမ်းရည်ရှိကြောင်း သိသာစေသည်။
ကျူးကျောက်က ခေါင်းညိတ်ကာ သူမ၏မျက်လုံးကို တိုက်ရိုက်မကြည့်ဘဲ အဝေးကို ကြည့်လိုက်သည်။
“အရှင့်သား… ခဏစောင့်ပါဦး” သူမက ပြောသည်။ သူမသည် တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ပြုံးလျှက်နောက်ဆုတ်သည်။
အတန်ကြာလျှင် ပိုမို၍ လှပကာ ထူးခြားသော မိန်းမလှတစ်ဦး ရောက်လာသည်။
“ဟူယောင်အာက အရှင့်သားကို လာရောက်ဂါရဝပြုပါတယ်” အမျိုးသမီးငယ်က အနည်းငယ် ဦးညွတ်ကာ ဆိုသည်။ သူမသည် အမှန်တကယ်အားဖြင့် ရှန့်ထိုတစ်ပါးဖြစ်သော်လည်း အနည်းငယ်မျှပင် မောက်မာခြင်းမရှိဘဲ လေးစားစွာ ပြုမူသည်။
ထို့နောက် သူမ၏မျက်လုံးက ရီဖူရှင်းထံကို ရောက်လာသည်။ သူမ၏မျက်လုံးသည် မည်သူ့ဝိညာဉ်ကိုမဆို ခိုးယူဖမ်းစားနိုင်ဟန်ရသည်။
“ရှင်က အရှင်ရီဖြစ်မယ်ထင်တယ်” ဟူယောင်အာက ပြုံးလျှက်မေးသည်။
ရီဖူရှင်းက သူမအား အံ့အားသင့်စွာ ကြည့်သည်။ သူမက ကျူးယန့်မင်းသားကို သိရှိခြင်းက မထူးဆန်းသော်လည်း သူ့အား သိရှိခြင်းက သူမတို့နတ်မိစ္ဆာမြေခွေးကလန်သည် မည်မျှ သတင်းအချက်အလက်စုံလင်သည်ကို သိရှိနိုင်ပေသည်။
“မှန်ပါတယ်… ဒါပေမဲ့ ကျုပ်က ဒီဘွဲ့ဂုဏ်တွေနဲ့မထိုက်တန်ပါဘူး မိန်းကလေး…” ရီဖူရှင်းက ပြန်ပြောသည်။
“ယောင်အာက သားရဲတစ်ကောင်ပါ။ ကျွန်မကို ယောင်အာလို့ပဲ ခေါ်လို့ရပါတယ်” သူမက ပြုံးလျှက်ပြောသည်။ သူမက အနည်းငယ် ခေါင်းငုံ့ကာ ညို့ငင်မှုပြင်းသော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက သူမမျက်လုံးများမှာ အလွန်လှသည်ဟု ခံစားရသည်။
“ဒါက ဆွဲဆောင်တဲ့ပညာရပ်တစ်ခုပဲ” ရီဖူရှင်းက မိမိကိုယ်ကို တွေးသည်။
“ငါတို့ ဒီကို ဘာလာလုပ်တာလဲ” ရှားရှင်းယွန်က စကားဝိုင်းကို နှောင့်ယှက်ဖျက်ဆီးလိုက်သည်။ သူမက ဟူယောင်အာအား စိုက်ကြည့်ကာ သူမနှင့်ပတ်သက်၍ တစ်စုံတစ်ခု လွဲနေကြောင်း ခံစားမိသည်။ သူမကား အမှန်ပင် မြေခွေးဝိညာဉ်ဖြစ်သည်။
***