ကြွားလုံးထုတ်ခြင်း
Vol. 24 Ch. 353
“ဗွမ်း!”
ဇိမ်ခံလေကြောင်းလိုင်း၏ တုန်ခါမှုအပြီးတွင် လေယာဉ်ကြီးသည်ကောင်းကင်ပေါ်သို့ထိုးတက်သွားလေသည်။
ခဏအကြာတွင် တိမ်တိုက်များကို ဖြတ်ကျော်ကာ ကောင်းကင်ပြာဆီသို့ ရောက်သွားကြသည်။
လေယာဉ်တည်ငြိမ်သွားပြီးနောက်တွင် လှပသောလေယာဉ်မယ်သည် ထမင်းစားစားပွဲလေးကို တွန်းလာရင်း ပြုံးပြုံးရွှင်ရွှင်ဖြင့် လျှောက်လာခဲ့သည်။
ချူလီဆိုတဲ့ အမျိုးသမီးက “ဘာစားလို့ရမလဲ” လို့မေးလိုက်သည်။
“သြစတြေးလျပုဇွန်၊ ကဏန်းအခွံခွာထားသောစွပ်ပြုတ်၊ အမဲကင်......” လို့ လှပတဲ့ ဝန်ထမ်းအမျိုးသမီးက ပြောလိုက်သည်။
ချူလီဆိုတဲ့အမျိုးသမီးသည် ဤဟင်းအမည်များကို ကြားသောအခါ အနည်းငယ် စိတ်ရှုပ်သွားသည်။
ခဏအကြာတွင်၊ ချူလိဆိုတဲ့အမျိုးသမီးက “ဒါဆို ငါ သြစတေးလျပုဇွန်နဲ့ အမဲကင်ယူမယ်...”
ဩစတေးလျပုဇွန်ပုစွန်သည် အကောင်းဆုံး ထဲမှအကောင်းဆုံးဖြစ််ဆိုတာကိုလေယာဉ်မယ်သူမ မပြောဝံ့ပေ။
သြစတြေးလျပုဇွန်ကို ဖော်ပြပါက၊ အမဲကင် သည် ရယ်စရာဖြစ်လာနိုင်သည်။
လှပသော လေယာဉ်မယ်က ပြုံးပြီး “ကောင်းပြီ” ဟုပြောလိုက်သည်။
စကားပြောနေစဉ်တွင် သူမသည် တံတောင်ဆစ်ထိရှည်သော သြစတြေးလျပုဇွန်နှင့် အရည်အသွေးမြင့် အမဲသားကင်ကို ချိုလီဆိုတဲ့အမျိုးသမီးရှေ့တွင် တင်ပေးလိုက်သည်။
ဒါကိုကြည့်ရင်း....
ချူလီ ဆိုတဲ့မိန်းကလေးသည် လုံးဝအံ့အားသင့်သွားသည်။
တီး!
ဒါက တကယ့်ကို ဩစတြေးလျ ပုဇွန်၊ ထိပ်တန်း အမဲသား။
ဘာဖြစ်နေတာလဲ?
ထိုအချိန်တွင် လှပသောလေယာဉ်မယ်က “မင်းသောက်စရာတစ်ခုခုလိုသေးလား”
“ကျွန်ုပ်တိုစီမှာ2003 လီဖန်ဝိုင်နီ၊ဖန်တိုင်၊ လိုယူ၊ ဟီနပ်စ့်၊ သဘာဝဖျော်ရည်၊ အဆင့်မြင့်ကော်ဖီ၊ ပရိုတိန်းမြင့်နို့၊ အဆင့်မြင့်ဒိန်ချဉ်စသည်ဖြင့် ရှိပါသည်။”
ချူလီဆိုတဲ့အမျိုးသမီးက “ငါ...ဝိုင်နီလိုချင်တယ်”
လှပသော လေယာဉ်မယ်က “ကောင်းပြီ။”
စကားပြောနေစဉ်တွင် သူမသည် 2003 လီဖန်ဝိုင်နီ ပုလင်းကိုထုတ်ကာ ဒေါက်မြင့်ဖန်ခွက်ထဲသို့ ဂရုတစိုက်လောင်းထည့်လိုက်သည်။
ထို့နောက် ချူလီအား ပေးလိုက်သည်။
လီဖန်
တကယ်လီဖန်ပဲ။
ချူလီသည် အံ့အားသင့်သွားပြန်သည်။
တကယ်တော့...
အံ့အားသင့်သွားသူများမှာ သူမသာမက လေယာဉ်ပေါ်တွင်ပါရှိသော ဟန်စီဒီ ဝန်ထမ်းများလည်းပါဝင်သည်။
၎င်းတို့သည် ဟန်စီဒီကုမ္ပဏီ၏ အလယ်အလတ်နှင့် အဆင့်မြင့် ဝန်ထမ်းများဟု ဆိုနိုင်သည်။ တစ်ချို့လူတွေက နိုင်ငံခြားကို တစ်ခါမှ မရောက်ဖူးပေ။
သို့သော် သူတို့အားလုံးကလေယာဉ်စီးပြီးဖူးကြလေသည်။
သာမန်လေယာဉ်များတွင် အစားအသောက်အချို့ကို အမှန်ပင် ပြင်ဆင်ပေးသည်။
သို့သော် အများစုမှာ ပေါင်မုန့်... အာလူးကြော်စသည်ဖြင့် အလွန်စျေးပေါသော အစားအစာများသာဖြစ်သည်။
ကဲ ... အစားအသောက်အကြောင်း မပြောနဲ့အုန်း၊ 2003 လီဖန် တစ်ခုတည်းကပင် ဒေါ်လာ ရာပေါင်းများစွာ ဒါမှမဟုတ် ထောင်ပေါင်းများစွာ ကုန်ကျမှာ သေချာသည်။
ဒီထမင်းစားပြီးရင် လက်မှတ်ဈေးထက် ပိုဈေးကြီးမှာကို သူတို့ကြောက်သည်။
ဤအခိုက်အတန့်တွင် တစ်စုံတစ်ဦးမှ ရုတ်တရက်ပြောသည်မှာ “လေယာဉ်ပေါ်မှာ ငါတို့ပဲရှိတယ်၊ တခြားခရီးသည်လဲမရှိဘူး”
လူတိုင်းကြားပြီးနောက်လှည့်ကြည့်လိုက်တော့... တခြားဘယ်သူမှ မရှိပေ။ တစ်ယောက်နဲ့တစ်ယောက် ကြည့်ရုံမှလွဲပြီး မကူညီနိုင်ပေ။
လင်းဖန်က လှည့်ကြည့်ပြီး “မင်းတို့ဘာလုပ်နေတာလဲ ကြောင်နေတာလား၊ စားကြလေ”
ချူလီသည် သူမ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး နောက်ဆုံးတွင် သူမ၏ စိတ်ထဲတွင် သံသယများကို ထုတ်မပြောဘဲမနေနိုင်ဖြစ်နေသည်။
“လင်း...မစ္စတာလင်း၊ မင်း ဒီလေယာဉ်ကို ငှားထားတာလား”
လင်းဖန်က “မဟုတ်ဘူး”
အားလုံးက သက်ပြင်းတစ်ချက်ချလိုက်သည်။
လလင်းဖန်က “ကျွန်တော်က ရှဂို လေကြောင်းလိုင်းရဲ့ အဓိကရှယ်ယာရှင်ဖြစ်တာကြောင့်လေယာဉ်စင်းလုံးငှားဖို့ မလိုဘူးလေ။”
တိတ်ဆိတ်
လေယာဉ်တစ်စင်းလုံး အသံတိတ်သွားကြသည်။
ချူလီ၊ဟန်စီဒီဝန်ထမ်း...ချူလီအပါအဝင် ပအားလုံး အံသြသွားကြသည်။
ရှဂိုလေကြောင်းလိုင်းသည် တရုတ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်သည်။
လင်းဖန်သူ့ကအဓိက အစုရှယ်ယာရှင် ဖြစ်လာခဲ့တာလား။ !
အံ့သြစရာမဟုတ်တော့ပေ။လှပသော လေယာဉ်အမှုထမ်းများသည် လင်းဖန်းအား လေးစားစွာ ဆက်ဆံပြီး ဂရုတစိုက် ဆောင်ရွက်ပေးကြသည်မှာ အံ့သြစရာမဟုတ်ပေ။
ဒီလိုသာဆိုရင်အကုန်ရှင်းပြလို့ရသွားပြီဖြစ်သည်။
ချမ်ရီရီက “မင်း ရှဂို လေကြောင်းလိုင်းရဲ့ ရှယ်ယာရှင်ဖြစ်ခဲ့တာ ဘယ်တုန်းကလဲ။”
လင်းဖန် က “ကြာပါပြီ”
ပိုက်ဆံဘယ်လောက်သုံးတယ်၊ ဘယ်အချိန်၊ ဘယ်လောက်သုံးတယ်ဆိုတာ သိပ်အများကြီး မရှင်းပြတတ်ဘူး။
၎င်းကို စာအိတ်အနီစနစ်မှ ရရှိသောကြောင့် ရှင်းပြရန် လုံးဝမလွယ်ကူပေ။
...
အီဂယ်သို့သို့ ပျံသန်းသည့် သာမန်ခရီးသည်တင်လေယာဉ်သည် လင်းဖန်၏ အထူးလေယာဉ်နှင့် လုံးဝမယှည်နိုင်ယ။လင်းဖန်၏ယာဉ်သည်ပေါ့ပါးပြီး ဇိမ်ရှိလှသည်။
သာမန် ဒီခရီးသည်တင်လေယာဉ်မှာ လူတွေပြည့်နေပြီး လေထုထဲမှာ ခန္ဓာကိုယ်အနံ့ဆိုးတွေနဲ့ ခြေထောက်အနံ့ဆိုးတွေရောထွေးနေပါသည်။
နေ့လယ်စာအတွက် သူတို့သည် ခရမ်းချဉ်သီးနှင့် အခြားစျေးပေါသော အစားအစာများနှင့်အတူ အကြော်များ၊ ဘာဂါ တို့ကိုစားနိုင်သည်။
ဂျွန်နာလို့ အမည်ပေးထားတဲ့ မျက်နှာဝိုင်းဝိုင်း လူဖြူတစ်ယောက်ဟာ ဟမ်ဘာဂါရဲ့ နောက်ဆုံးအကိုက်ကို မျိုချလိုက်ပြီး သူ့မျက်နှာပေါ်ရှိ အဆီအညစ်အကြေးတွေကို သုတ်လိုက်ပြီး “နောက်ဆုံးတော့ ငါ အီဂယ်နိုင်ငံကို ရောက်တော့မယ်”
မိတ်ကပ်ထူထူလိမ်းခြယ်ထားသော လီလီသည်သူ့ဘေးတွင် စိတ်လှုပ်ရှားမှု ဖြင့်ရိှနေသည်။
ဂျွန်နာ က မျက်လုံးလေးမှိတ်လိုက်ပြီး “လီလီ မင်းရဲ့ ဟွာရှလမ်းတွေက အမှိုက်တွေ ပြည့်နေတယ်၊ ညစ်ပတ်ပြီးတော့လဲ ရှုပ်ပွနေတယ်၊ လေယာဉ်ပေါ်ကဆင်းပြီးရင် အစက်အပြောက်ကင်းတဲ့ လမ်းတွေကဘာလဲဆိုတာကို နားလည်လာလိမ့်မယ်။ လှပတဲ့ အဆောက်အဦးတွေ၊ ...”
“မင်း အီဂယ်ရိုင်ယာဟိုတယ်မှာမနေချင်ဘူးလား၊ ငါတို့မိသားစုက အီဂယ်ရိုင်ယာဟိုတယ်နဲ့ အရင်က စီးပွားရေးလုပ်ဖူးတာဆိုတော့ အဖေက အီဂယ်ရိုင်ယာဟိုတယ်ပိုင်ရှင်နဲ့ ကညီအစ်ကိုလိုခင်တာလေ!”
“ကျွန်တော် လေယာဉ်ပေါ်မတက်ခင်မှာ အီဂယ်ရိုင်ယာဟိုတယ်က တစ်ယောက်ယောက်ကို လာလာခေါ်ဖို့ အဖေကို ပြောခဲ့တယ်”
ဂျွန်နာ က ဒီလိုပြောတဲ့အခါ အရပ်ရှည်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့မြင့်မြတ်သူတစ်ယောက်လို လည်ပင်းကို မြှောက်ထားလိုက်သည်။
တကယ်တော့?
အီဂယ်ရိုင်ယာဟိုတယ် နဲ့ ဘယ်က စီးပွားရေးလုပ်ခဲ့တာလဲ။
ငါ့အဖေနဲ့ အီဂယ်ရိုင်ယာ ပိုင်ရှင်က ဘယ်လိုလုပ်ညီအစ်ကိုတွေဖြစ်နိုင်မှာလဲ။
ဒါတွေအားလုံးက သူလိမ်နေတာပင်ဖြစ်သည်။
သူ့အဖေက အီဂယ်ရိုင်ယာဟိုတယ်ရဲ့ အထွေထွေကြီးကြပ်ရေးမှူးနဲ့သာရင်းနှီးသူဖြစ်သည်။
ဂျွန်နာ က သူ့အဖေကို အီဂယ်ရိုင်ယာဟိုတယ် မှာနေဖို့ ပြောခဲ့သည်။
ဤကိစ္စတွင် သင်သည် ထိုကြီးကြပ်ရေးမှူးထံမှ အနည်းငယ်လျှော့စျေးရနိုင်သောကြောင့်ဖြစ်သည်။
ဂျွန်နာ သည် လီလီ ၏ လှပသောရုပ်သွင်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
သူဒီလိုပြောပြီးရင် လီလီက သူ့ကို သဘောကျသွားလိမ့်မယ်လို့ ယုံကြည်နေပြီး သူ့ကို အီဂယ်ရိုင်ယာဟိုတယ်ကို ခေါ်သွားတဲ့အခါမှာတော့ သူမကို သေချာပေါက် အနိုင်ရလိမ့်မယ်လို့ ယုံကြည်နေသည်။
လီလီ ရဲ့ စိတ်ပညာအပေါ် ဂျွန်နာရဲ့ ထိန်းချုပ်မှုက အရမ်းကောင်းနေသေးတယ်လို့ ပြောရပါမယ်။
လီလီသည် နိုင်ငံခြားသားများကို အလွန်စိတ်ဝင်စားသည်။
ထိုအချိန်တွင်၊ သူ့မိသားစုသည် အီဂယ်ရိုင်ယာဟိုတယ်နှင့် စီးပွားရေးလုပ်ရန် ဂျွန်နာကပြောသည်ကို သူမကြားလိုက်ရသည်။
ဂျွန်နာ၏ဖခင်သည် အီဂယ်ရိုင်ရာဟိုတယ်ပိုင်နဲ့ညီအစ်ကိုလိုခင်တဲ့သူတစ်ဦးလည်းဖြစ်သည်။
လီလီ၏ နှလုံးသားထဲတွင်တော့ ဂျွန်နာ ၏ ကြီးမားသော မိသားစုစွမ်းအားကို စိတ်ကူးယဉ်နေပြီဖြစ်သည်။
တဖြည်းဖြည်းနဲ့ ဂျွန်နာကသူ့ကိုယ်သူ အရပ်ပိုရှည်လာပြီး စိတ်တွေပိုပြီးတက်ကြွလာကာ လီလီကို ကြောင်တက်တက်နဲ့ စိုက်ကြည့်လိုက်တော့လီလီရဲ မိတ်ကပ်ထူထူနဲ့ဖုံးထားတဲ့ မျက်နှာက နီရဲနေတဲ့အရိပ်အမြွက်ပြလာသည်။
ငါ... နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုနဲ့ လက်တွဲဖို့ အခွင့်ရှိကောင်းရှိမယ်။
“ဗွမ်း!”
ထိုအချိန်တွင် ခရီးသည်တင် လေယာဉ်သည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လေယာဥ်ပေါ်တွင် စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။
“ချစ်လှစွာသော ခရီးသည်များမင်္ဂလာပါ၊ ရှေ့တွင် လေစီးကြောင်းအားကောင်းနေပါသည်၊ ကျေးဇူးပြုပြီး မထိတ်လန့်ပါနဲ့၊ ထိုင်ခုံခါးပတ်ကို ပတ်ထားပေးပါ။”
ခရီးသည်တင်လေယာဉ်သည် ၅ မိနစ်ခန့် တုန်ခါသွားကာ နောက်ဆုံးတွင် ပြန်လည်ငြိမ်သက်သွားခဲ့သည်။
လေယာဉ်က ၂ နာရီကြာသွားတဲ့အခါ အသံလွှင့်ကနေအသံထပ်ထွက်လာပြန်သည်။
“လေးစားရပါသော ခရီးသည်များ မင်္ဂလာပါ လေယာဉ်သည် ယန်လုံမြို့တွင် ဆင်းသက်တော့မည် ဖြစ်ပါသည်။ မြို့တွင်း 14:10 တွင် အပူချိန် 23 ဒီဂရီ ရှိပါသည်... ကျေးဇူးပြုပြီး ထိုင်ခုံခါးပတ်ကို ပတ်ထားပေးပါ။”