နိုင်ငံခြားမှာဆိုင်းအင်ဝင်ခြင်း
Vol. 24 Ch. 355
ထုံးစံအတိုင်း လင်းဖန် နဲ့ တခြားသူတွေက လိလီနဲ့ ဂျွန်နာအကြောင်း မသိကြပေ။
ဆယ်မိနစ်ခန့်အကြာတွင် ရဟတ်ယာဉ်သည် ဖြည်းညှင်းစွာ နှေးကွေးလာသည်..။
နောက်ဆုံးတော့ မြင့်မားတဲ့ ကတ္တရာလမ်းပေါ် ရောက်သွားခဲ့တယ်... ဒါက အီကယ်ရိုင်ယာဟိုတယ်ရဲ့အမြင့်ဆုံးလဟာပြင်အထပ်ပင်ဖြစ်သည်။
လင်းဖန်၊ ချမ်ရီရီ နှင့်ဟန်စီဒီဝန်ထမ်းများ သည်ရဟတ်ယာဉ်ပေါ်မှ ဆင်းလိုက်သောအခါ နူးညံ့ပြီး ချောမောလှပသော အဖြူရောင် အလှမယ် နှစ်တန်းက “မစ္စတာလင်းကို ကြိုဆိုပါတယ်!”ဟုတစ်ပြိုင်နက်ပြောလိုက်သည်။
ဤမြင်ကွင်းသည် ချမ်ရီရီနှင့် ဟန်စီဒီဝန်ထမ်းများကို ထပ်မံအံ့သြစေခဲ့သည်။
ထို့နောက် လူတိုင်း၏ ခရီးဆောင်အိတ်ကို အဖြူရောင် အလှမယ်များက ဇိမ်ကျခံအခန်းထဲသို့ ပို့လိုက်သည် ။
ဥက္ကဋ္ဌ စမစ်ဂျက်၏ လမ်းညွှန်မှုဖြင့် လင်းဖန်၊ ချမ်ရီရီနှင့် အခြားသူများသည် VIP အခန်းသို့ ရောက်လာကြသည်။
ယခုအချိန်တွင် VIP အခန်းရှိ စားပွဲပေါ်တွင် အရည်အသွေးမြင့် ချိစ်သုပ်ခရုများ၊...အသားကင်များ၊ ...ချောကလက်ပူတင်းစသည်ဖြင့် စားပွဲပေါ်တွင် တင်ထားပြီး၊ ဟင်းအများအပြားမှာ ပုံသဏ္ဍာန်နှင့် မွှေးရနံ့ကြွယ်ဝသည်။
ဟန်စီဒီဝန်ထမ်းများသည်ဒါကိုတွေ့ပြီးနောက်ဟင်းပွဲကနေမျက်စိမခွာနိုင်ဖြစ်နေသည်။
တကယ်တော့၊ သူတို့တင်မကဘဲချမ်ရီရီ ကိုလည်း ဟင်းပွဲတွေကစွဲဆောင်ခဲ့သည်။
လင်းဖန်က “လူတိုင်း လေယာဉ်ပေါ်မှာ နေတာကြာပြီဆိုတော့ဗိုက်လဲဆာရောပေါ့။ဒါကြောင့်အလုံးစားကြရအောင်”
ယေဘူယျအားဖြင့်ပြောရလျှင် ပျံသန်းခြင်းသည် အမှန်တကယ်ပင် ဆာလောင်ပြီး ပင်ပန်းသည်။
ဒါပေမယ့် ဒီတခေါက်တော့ ဇိမ်ခံ အထူးလေယာဉ်ကို စီးခဲ့သည်။ လေယာဉ်မှာ အကောင်းဆုံး အစားအသောက်နဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေ ရှိသည်။ ငါတို့ကလိုဗိုက်ဆာမှာလဲ။
သို့သော်လည်း ဤအခိုက်အတန့်တွင် ဤလက်ရာမြောက်လှသော အစားအစာများကို မြင်သောအခါတွင် ဓားများ၊ ခက်ရင်းခွများနှင့် တူချောင်းများကို မလွှဲမရှောင်သာ ကောက်ကိုင်ကာ ဖြည်းဖြည်းချင်း စားလာကြသည်။
မကြာခင်မှာ သူတို့ရဲ့ အစာအိမ်တွေဟာ ပြည့်သ်ားတော့သည်။အရသာရှိတဲ့ အစားအစာတွေရှိတာတောင် မစားနိုင်တော့ပေ။
ချမ်ရီရီသည် သူမ၏ ပါးစပ်ထောင့်များကို လက်သုတ်ပဝါဖြင့် သုတ်လိုက်ပြီး “လင်းဖန်မင်းက ဒီဟိုတယ်ရဲ့ အဓိက ရှယ်ယာရှင်တစ်ယောက်လား” လို့ မေးလိုက်ရသည်။
ဟန်စီဒိ၏ ဝန်ထမ်းများအားလုံးသည် ၎င်းကိုကြားပြီးနောက် နားကိုစွင့်ထားလိုက်ကြသည်။
ရှင်းပါတယ်၊ သူတို့မှာလည်း ဒီလိုသံသယရှိတယ်ဆိုတာ။
ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။
တကယ်တော့အီဂယ်ရိုင်ယာဟိုတယ် ရဲ့ ကြိုဆိုမှုက အရမ်းကြီးမားပြီး ဝန်ဆောင်မှုကိုလဲအရမ်းဂရုစိုက်လွန်းသည်။
လင်းဖန်က ခေါင်းခါပြီး “မဟုတ်ဘူး”
အားလုံးက အနည်းငယ် စိတ်သက်သာရာရသွားသည်။
ကံကောင်းထောက်မစွာဖြင့်... အီဂယ်ရိုင်ယာဟိုတယ် ၏ အဓိကရှယ်ယာရှင်မဟုတ်ပေ။
အင်တာနက်ပေါ်တွင် တိတ်တဆိတ် ရှာဖွေကြသည်။အီဂယ်နိုင်ငံရှိ အထင်ကရ အဆောက်အအုံဖြစ်သည့် အီဂယ်ရိုင်ယာဟိုတယ် သည် အိဂယ်နိုင်ငံရှိ ဇိမ်ခံဟိုတယ်များထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏ ဆောက်လုပ်ရေးကုန်ကျစရိတ်မှာ ဒေါ်လာ ဘီလီယံနှင့်ချီ၍ ရှိနေသည်။
သူတို့ရဲ့ နှလုံးသားလေးတွေက ဒါက်ုသည်းမခံနိုင်ပေ။
ယခုအချိန်တွင် လက်းဖန်က “ကျွန်တော်က ဒီဟိုတယ်ပိုင်ရှင်ပါ။”
တိတ်တိတ်!
အခန်းတစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။
ချူလီ ၊ ဟန်စီဒီဝန်ထမ်း နှင့် ချမ်ရီရီ တို့ အားလုံး အံ့အားသင့်သွားကြသည်။
အဓိကရှယ်ယာရှင်မဟုတ်ပေမယ့် ပိုင်ရှင်လား။
ဒါ
ဒါ
ဒါလူသားပဲလား။
ယခင်က ဟန်စီဒီ၏ဝန်ထမ်းအများအပြားကလင်းဖန် သည် ရေမွှေးနှင့် အလှကုန်အရည်နည်းပညာအချို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိခဲ့ရပြီး ၎င်းသည် ဟန်စီဒီ၏အကြီးဆုံးရှယ်ယာရှင်ဖြစ်လာခဲ့သည်၊ ၎င်းမှာ ကံကောင်းလွန်းလှသည်။
အခုတော့... လင်းဖန် ဟာ ဟန်စီဒီရဲ့ ရှယ်ယာတွေကို လုံးဝ ဂရုမစိုက်ဘူးလို့ ထင်ရသည်။
လင်းဖန်သည် အံ့အားသင့်နေသောလူများကို လျစ်လျူရှုကာ “ရီရီ မင်းဗိုက်ပြည့်ပြီလား။ အနားယူဖို့ အခန်းထဲသွားချင်လား”
ချမ်ရီရီ က “ဗိုက်တော့ပြည့်ပြီ။အခု အရမ်းမပင်ပန်းသေးဘူး၊ ငါတို့ဆိုင်ကိုသွားကြည့်ရအောင်”
သူမသည် အပန်းဖြေရတာကို နှစ်သက်ပြီး အလုပ်လုပ်ရတာကို မုန်းတီးသူမဟုတ်သလို သန်မာတဲ့ အမျိုးသမီးတစ်ဦးလည်းဖြစ်ပြီး အလုပ်ကို ဝါသနာပါသူလို့တောင် ပြောလို့ရသည်။
ဒီလိုမှမဟုတ်ရင် သူမဟာ သူ့မရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် တရုတ်နိုင်ငံရဲ့နာမည်ကြီး ဟန်စီဒီအမှတ်တံဆိပ်ကို တည်ဆောက်နိုင်မှာမဟုတ်ပေ။
လင်းဖန်က “ကောင်းပြီ ငါမင်းနဲ့လိုက်ခဲ့မယ်”
ထို့နောက် နှစ်ယောက်သား ဖက်ကာ အပြင်သို့ လျှောက်သွားကြသည်။
လင်းဖန်သည်အီဂယ်နိုင်ငံအနှံ့ခရီးသွားနိုင်စေရန် ဥက္ကဌ စမစ်ဂျက်မှ အထူးစီစဉ်ထားသည့် Rolls-Royce(ကား)တစ်စီးသည် တံခါးဝတွင် စောင့်နေပြီဖြစ်သည်။
ကားမောင်းသူသည် တရုတ်နှင့် အင်္ဂလိပ်စကား ကျွမ်းကျင်ပြီး သွက်လက်စွာ ပြောဆိုဆက်ဆံတတ်သူ လူဖြူတစ်ဦးဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် အလွန်ကောင်းမွန်သော ကားမောင်းစွမ်းရည်ရှိသည်။
လင်းဖန် က ဒါကို ကျေနပ်အားရကြောင်း ပြောလိုက်သည်။
သိပ်မကြာခင်မှာပဲ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပြပွဲစင်တာကို ရောက်သွားလေသည်။
တံခါးရှေ့တွင် ကြီးမားသော LED ဖန်သားပြင်တစ်ခုရှိပြီး ရေမွှေးတံဆိပ်အမျိုးမျိုးကို ပရိုမိုးရှင်းဗီဒီယိုများဖြင့် တစ်လှည့်စီပြနေသည်။
ထင်ရှားသည်မှာ ဤနေရာသည် လာမည့် နိုင်ငံတကာ ရေမွှေးပြပွဲကျင်းပရာနေရာဖြစ်သည်။
တရားဝင် ပြပွဲကျင်းပရန် အချိန်မရောက်သေးသောကြောင့် အဆင်သင့်မဖြစ်သေးသော အချို့သော အရာများ ရှိနေသေးသည်။
လူအများစုသည် ရှောင်တခင်ဝင်ရောက် ခွင့်မရှိပေ။
သို့သော်လည်း ပါဝင်သည့်ကုမ္ပဏီများထဲမှတစ်ခုအနေဖြင့် ဟန်စီဒီ ၏ဥက္ကဌအဖြစ် ချမ်ရိရီသည် ‘သာမန်လူများ’ တွင်သာရှိသောစည်းကိုသဘာဝအတိုင်းကျော်လို့ရသည်။
လင်းဖန် နှင့် ချမ်ရီရီတို့သည် ကွန်ဗင်းရှင်းပြပွဲစင်တာသို့ လျှောက်သွားသောအခါ ပြင်းထန်သော မွှေးရနံ့များ ထွက်ပေါ်လာသည်။
ထင်ရှားသည်မှာ ကုမ္ပဏီများစွာသည် ၎င်းတို့၏ကိုယ်ပိုင်ရေမွှေးများကို ယူဆောင်လာကြသည်ဆနုတာပင်ဖြစ်သည်။
သူတို့နှစ်ယောက် အဝေးကို ကြည့်လိုက်တော့ ပုံစံအမျိုးမျိုးနဲ့ ပြခန်းတွေ ရှိလေသည်။
ခဏအကြာတွင် ၎င်းတို့သည် ဟန်စီဒီတဲ(နေရာ)ကို နောက်ဆုံးတွင် တွေ့လိုက်ကြသည်။
ကျန်ပေ့ရှိ ယခင်တဲများနှင့် မတူဘဲ ယခုအကြိမ် ဟန်စီဒီ တဲသည် ပိုမိုနုပျိုပြီး တက်ကြွပြီး ခေတ်မီသည်။
ဟန်စီဒီအင်္ကျီဝတ်ထားသည့် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးသည် တဲ၏ အစိတ်အပိုင်းငယ်အချို့ကို လေးလေးနက်နက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေကြသည်။
ထို့ကြောင့် သူတို့သည် ချမ်ရီရီ နှင့် လင်းဖန်တို့ရောက်ရှိလာသည်ကို လုံးဝမတွေ့ခဲ့ရပေ။
တဲ၏အခြားနေရာများကို ချိန်ညှိရန် လူတစ်ယောက် လှည့်ကြည့်လိုက်သောအခါ အံ့အားသင့်စွာဖြင့် “သူဌေး, မစ္စတာလင်း”ဟုနှုတ်ဆက်လိုက်သည်။
ကျန်သုံးယောက်စလုံး အလုပ်မလုပ်တော့ဘဲ လှည့်ကြည့်ကာ “သူဌေး၊မစ္စတာလင်း”လို့နှုတ်ဆက်လိုက်သည်။
ချမ်ရီရီ က ခေါင်းညိတ်ပြီး “မင်းတို့အလုပ်ကြိုးစားထားတယ်၊ တဲက အရမ်းကောင်းတယ်!”
လူလေးယောက်သည် ထိုစကားကိုကြားလိုက်သဖြင့် အားလုံးက ဝမ်းသာပီတိဖြစ်ကြရသည်။
“ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် သူဌေး”
“ဒါက ငါတို့လုပ်ရမှာပါ။”
…………
ထို့နောက် ချမ်ရီရီသည် ပြပွဲအတွင်း ဂရုပြုရမည့်နေရာများနှင့် အချို့သောကိစ္စရပ်များအတွက် အသေးစိတ်ဖလှယ်မှုများနှင့် သတိပေးချက်များကို ပြုလုပ်ခဲ့သည်။
လင်းဖန် နှင့်ချမ်ရီရီသည် ပြပွဲစင်တာမှ ထွက်ခွာသွားသောအခါ နှစ်နာရီကြာနေပြီဖြစ်သည်။
ဒီအချိန်မှာ ကောင်းကင်ကြီးက မှောင်နေပြီဖြစ်သည်။
တစ်ရက် လေယာဉ်စီးပြီးနောက် ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာကို မရပ်မနားသွားကာအခြေအနေကို စစ်ဆေးကြည့်ရာ... အားလုံးကချမ်ရီရီကို အလွန်ပင်ပန်းစေသည်။
သို့သော် ချမ်ရီရီသည် အလုပ်ကိစ္စနှင့် ခရီးထွက်နေသမျှ ကာလပတ်လုံး ပင်ပန်းနေသော်လည်း အိပ်မပျော်နိုင်ပေ။
ယေဘူယျအားဖြင့်ပြောရရင်နေရာသစ်ကိုမရင်းနှီးသောသူများသည်အိပ်တဲ့အခါပတ်ဝန်းကျင်ကို အလိုလိုသတိရှိကြသည်။
သို့သော် ယနေ့တွင် ချမ်ရီရီ လျင်မြန်စွာ အိပ်ပျော်သွားသည်။
ဘာလို့လဲဆိုတော့ ဒီနေ့... သူ့မဘေးမှာလင်းဖန်ရှိလို့ပင်ဖြစ်သည်။
…………
နောက်နေ့ကျတော့ နေသည်ကောင်းကင်ထက်ဝယ်တောက်ပနေပြီဖြစ်သည်။
လင်းဖန်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ရာ သူ့ဘေးမှာ ဘယ်သူမှမရှိတော့ပေ။
ဖုန်းကို ကောက်ကိုင်သည်။
ဖန်သားပြင်ပေါ်တွင် ပုံမှန်အတိုင်း စာသားမက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
“၀:၀၀ နာရီ၊ တရုတ်ဘဏ်မှ ယွမ် ၇,၈၉၁,၀၃၀ ရရှိသည်။”
မနေ့က လမ်းလျှောက်တာများတဲ့အတွက် ရန်ပုံငွေက ပုံမှန်ထက် ပိုများလေသည့။
ဟုတ်ပါတယ်၊ လင်းဖန်က ဒီပိုက်ဆံလေးကို လုံးဝဂရုမစိုက်ပေ။
ထို့နောက် သူသည်ဆိုင်းအင်ထိုးဝင်သည့်စနစ်ကို အာရုံစိုက်လာသည်။
စိတ်ထဲမှာ ညည်းတွားမိတယ်- နိုင်ငံခြားမှာ ဆိုင်းအင်ဝင်တာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး မင်းဘာတွေရနိုင်လဲဆိုတာ ကြည့်ရအောင်။
“ဆိုင်းအင်လုပ်မယ်!”
【ဒင်း! အီဂယ်နစ်ရှင်နယ်၏ 10% ရှယ်ယာများကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ 】