← Chapters

အခိုးခံရခြင်း

Vol. 24 Ch. 356

အခိုးခံရခြင်း

Vol. 24 Ch. 356

အီဂယ်နစ်ရှင်နယ်?

လင်းဖန်သည် အီဂျယ်နစ်ရှင်နယ်ကုမ္ပဏီကို လုံးဝနားမလည်ကေ။

ထို့ကြောင့် သူက “ရှောင်ဘိုင်၊ အီဂယ်နစ်ရှင်နယ်ကုမ္ပဏီရဲ့ အခြေအနေကို ကူညီရှာဖွေပေးပါလား” လို့ မေးလိုက်သည်။

လင်းဖန်၏လက်ကောက်ဝတ်ရှိ စူပါစမတ်နာရီသည် အနည်းငယ်တုန်ခါသွားကာ ကြည်လင်ပြီး သာယာသောအသံဖြင့်ပြောလိုက်သည်။

အိဂယ်နစ်ရှင်နယ် သည် အီဂယ်နိုင်ငံ တွင် ထိပ်တန်းကုမ္ပဏီ 3 ခုဖြစ်ပြီးကမ္ဘာပေါ်တွင် ထိပ်တန်းကုမ္ပဏီ 100 တစ်ခုထဲမှာတစ်ခုဖြစ်သည်။ ၎င်းသည် လက်ရှိစျေးကွက်တန်ဖိုး မှာယွမ် 1,050 ဘီလီယံရှိသည်။ အကြီးဆုံးရှယ်ယာရှင် ဥက္ကဌဂျေလန်သည် ရှယ်ရာ14.1% ရှိပြီးပိုင်ရှင်သည်ရှယ်ရာ 10% ပိုင်ဆိုင်သောကြောင့်ဒုတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်ပါသည်။

လင်းဖန်သည် ထိုစကားကိုကြားသောအခါတွင် သူ့နှာခေါင်းကို ထိရုံမှမတတ်နိုင်ပေ။

လက်ရှိစျေးကွက်တန်ဖိုးမှာ 1,050 ဘီလီယံဖြစ်သည်။

ရှယ်ယာ 10% ပိုင်တယ်ဆိုလို့ရှိရင် ဘီလီယံ 100 ရတာမဟုတ်ဘူးလား။

မဆိုးပါဘူး!

ထို့နောက် လင်းဖန်သည် ကုတင်ပေါ်မှ ဖြည်းညှင်းစွာထလိုက်သည်။

အခန်း၏ဧည့်ခန်းသို့ရောက်သောအခါတွင် ကွန်ပြူတာရှေ့တွင် ကြိုးကြိုးစားစားအလုပ်လုပ်နေသော ချမ်ရီရီကိုတွေ့လိုက်ရသည်။

“ဒင်ဒေါင်!”

ထိုအချိန်တွင် အပြင်ဘက်တွင် စူးရှသော ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

ချမ်ရီရီသည် ထ၍ တံခါးဖွင့်တော့မည်ကဲ့သို့ သူမခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

လင်းဖန်က “ဝင်လာခဲ့ပါ”

စကားသံကြားပြီးနောက် တံခါးကို တိုက်ရိုက်ဖွင့်လိုက်သည်။

ဝန်ထမ်းနှစ်ယောက်က တွန်းလှည်းကိုတွန်းလာပြီးရပ်ရင်း ပြုံးကာ “ဟဲလို မစ္စတာလင်း၊ ဒါက မင်းတို့ရဲ့ မနက်စာပါ”

လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ”

ထို့နောက် အလွန်မွှေးကြိုင်သော နံနက်စာတစ်ခုကို စားပွဲပေါ်တင်လိုက်သည်။

ဝန်ထမ်းထွက်သွားပြီးနောက် ချမ်ရီရီ က “မင်းဘယ်တုန်းကထလိုက်တာလဲ။”

“ခဏပဲရှိသေးတယ်။” လင်းဖန်က “ဒီမနက်စာက တော်တော်စားကောင်းတယ်၊ လာစားကြရအောင်’’

“ကောင်းပြီ။” ချမ်ရီရီက ပြန်ပြောသည် ။

လင်းဖန်ပြောသလိုပဲ မနက်စာက တကယ်စားလို့ကောင်းလေသည်။

ဝက်ပေါင်ခြောက်၊ ပဲများ၊ အဆင့်မြင့်ပေါင်မုန့်...

အလွန်ကောင်းမွန်သော ချက်ပြုတ်နည်းစနစ်များနှင့်အတူ အဆင့်မြင့်ပါဝင်ပစ္စည်းများသည် အစားအစာကို အလွန်အရသာရှိစေသည်။

လင်းဖန်နှင့် ချမ်ရီရီတို့သည် အစားအသောက်အတွက် အလွန်ကျေနပ်ကြသည်။

လင်းဖန်က လက်ဖက်ရည်ကို ကောက်ယူလိုက်ပြီး “ရီရီတစ်ဆင့်ခံ တင်သွင်းတဲ့ လက်ဖက်ရည်ကို စမ်းကြည့်ချင်လား” ဟု မေးလိုက်သည်။

ချမ်ရီရီသည်အနည်းငယ်တော့ အံ့သြသွားမိသည်။

တစ်ဆင့်ခံတင်သွင်းသော လက်ဖက်ရည်။

သို့သော်လည်း သူမက “ကောင်းပြီ” ဟု ပြန်ဖြေလိုက်သေးသည်။

ထို့ကြောင့် လင်းဖန်သည် ဦးစွာ တစ်ငုံသောက်လိုက်ပြီး ချမ်ရီရီ ဆီသို့ လျှောက်သွားလိုက်သည်။

“ဂုရု!”

…………

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်နာရီကြာသွားလေသည်။

ချမ်ရီရီသည် သူမ၏အဝတ်အစားများပြောင်းကာ ဧည့်ခန်းသို့ပြန်လာကာ အလုပ်ဆက်လက်ကြိုးစားလုပ်ခဲ့သည်။

မနက်ဖြန်မှာ နိုင်ငံတကာ ရေမွှေးပြပွဲကို ကျင်းပမည်ဖြစ်သောကြောင့်

သူမသည် အလုပ်အားလုံးကို ပြင်ဆင်ထားရမည်ဖြစ်သည်။

လင်းဖန်သည် ချမ်ရီရီအလုပ်လုပ်နေတာကိုမနှောင့်ယှက်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် ဤသည်မှာ သူပြည်ပကိုပထမဆုံးအကြိမ်ရောက်တာဖြစ်သည်။

ထို့ကြောင့် သူသည် အပြင်ထွက်၍ လမ်းလျှောက်ရန် ရွေးချယ်ခဲ့သည်။

လမ်းပေါ်ရှိ လူများ၏ အသားအရောင် အမျိုးမျိုးကြောင့် မဟုတ်ပါက လင်းဖန်သည် တရုတ်နိုင်ငံရှိ မြို့ကြီးတစ်မြို့၌ ရှိနေသည်ဟုပင် ထင်မြင်မိမည်ဖြစ်သည်။

သို့သော်အီဂယ်နိုင်ငံ နဲ့ တရုတ် က ကွဲပြားနေတုန်းပင်ဖြစ်သည်။

ဟွာရှမှလူအများစုသည်အလုပ်ကြိုးစားကြပြီးအလွန်လုံ့လဝီရိယရှိသောကြောင့်လမ်းပေါ်တွင်လမ်းလျှောက်လျှင်ပင်လျင်မြန်စွာလျှောက်ပုံရသည်။

အီဂယ်နိုင်ငံအတွက်တော့ လူတိုင်းကအေးအေးဆေးဆေးနားလမ်းလျှောက်နေသည်။

အမှောင်လမ်းကြားတွင် တစ်စုံတစ်ယောက်သည် ဝိုင်ပုလင်းဖြင့် လှုပ်ခါကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်နေသည်။

တစ်စုံတစ်ယောက်သည် တယောဖြင့် လမ်းပေါ်တွင် တီးခတ်သီဆိုခဲ့သည်။

တစ်စုံတစ်ယောက်က နေရာရှာပြီး လှဲအိပ်နေသည်....

လင်းဖန်သည် တလမ်းလုံးလျှောက်သွားကာ တလမ်းလုံး ကိုစိန်အေးလက်အေးကြည့်နေသည်။

“ဒင်!”

ဒီအချိန်မှာ သူ့အိတ်ကပ်ထဲက ဖုန်းသည် အနည်းငယ်လှုပ်ယမ်းသွားသည် ။

12:00!

အနီရောင်စာအိတ်တွေ ပေါ်လာသည်။

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရခဲ့သည်။”

…………

“ဒင်၊ ဂုဏ်ယူပါတယ် မင်းမှာ 188 ယွမ်ရရှိသည်။’’

“ဒင်း ဂုဏ်ယူပါတယ် Ferrari 812(ကား)တစ်စီးရရှိသည်။”

…………

လင်းဖန်သည် စာအိတ်အနီများဖွင်ရာတွင်စုစုပေါင်း 45,211 ယွမ်နှင့် Ferrari 812(ကား)တစ်စီးကို ရရှိခဲ့သည်။

လင်းဖန်သည် ဤကားနှင့်လည်း ရင်းနှီးသည်။ဘာလို့လဲဆိုဒီကားသည် ပန်းလုံဗီလာတွင် ရျိလို့ပင်ဖြစ်သည်။

အခု အီဂယ်နိုင်ငံကိုရောက်ပြီဆိုပေမဲ့သူ့မှာ ကားမရှိပေ။အခုဒီFerrari 812(ကား)ရတော့အဆေင်ပြေသွားလေသည်။

…………

မနီးမဝေးတွင် အသားဖြူသော သက်လတ်ပိုင်းအမျိုးသမီးက တိုးတိုးလေးပြောလိုက်သည် “ငါ့သားက ပြိုင်ကားတစ်စီးလိုချင်တယ်လို့ မကြာခဏပြောတယ်၊ ငါတို့ ဘာလုပ်သင့်လဲ။”

“ကျွန်မတို့မိသားစုရဲ့ အခြေအနေအရ ပြိုင်ကားတစ်စီး လုံးဝ မတတ်နိုင်ဘူး”

ဖြူဖြူဖွေးဖွေး လူလတ်ပိုင်းအရွယ် အမျိုးသားက “စိတ်မပူပါနဲ့၊ ငါ အဆင်သင့်ဖြစ်နေပြီ၊ ဒီနေ့ ငါ့သားရဲ့ မွေးနေ့မဟုတ်လား? သူ့ကို စိတ်အေးအေးထားနိုင်ဖို့ ရေခဲသေတ္တာ ဝယ်ခဲ့တယ်!”

ထိုအချိန်တွင် အဝေးမှ ဖြတ်သွားသော ကုန်တင်ကားတစ်စီးသည် ၎င်းတို့ရှေ့တွင် ရပ်တန့်နေခဲ့သည်။

ကယ်ရီယာ(ပစ္စည်းပို့သမား)က “ဒါ မစ္စတာလော်ရန်လား?”

လူလတ်ပိုင်းအရွယ်က “ဒါ ငါပဲ” ဟုဆိုသည်။

“မင်းအမြန်ရောက်ပြီ” ဆက်သားက ပြောသည်။

စကားပြောနေစဉ်တွင် လူတစ်ဝက်ခန့်မြင့်သော သေတ္တာတစ်လုံးကိုကားပေါ်မှ ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး “ဒါကို မြင်လား? ဒီမှာ ရောက်နေပြီ” လို့ ပြောပါတယ်။

ကားထွက်ပြီးတာနဲ့ ရွှေရောင်ဆံပင်နဲ့ လူငယ်တစ်ယောက် ဖြတ်ကျော်သွားသည်။

နောက်အခိုက်အတန့်မှာ သူ့မျက်လုံးတွေမလှုပ်နိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် သူနှစ်သက်သော စူပါကား Ferrari 812သည် လမ်းဘေးတွင် ရပ်ထားတာကိုတွေ့ရှိသောကြောင့်ဖြစ်သည်။

လူလတ်ပိုင်းအရွယ်က ပြုံးပြီး “သား၊ မင်းအတွက် မွေးနေ့လက်ဆောင် ပြင်ထားတယ်၊ဒါကို သဘောကျလား”

မွေးနေ့လက်ဆောင်? !

ဒါ Ferrari 812 လား။

မှန်တယ်!

ဒီလိုဖြစ်ရမယ်။

လူငယ်က စိတ်လှုပ်ရှားစွာနဲ့ “ကြိုက်တယ်၊ အရမ်းကြိုက်တယ်။ ဖေဖေ၊ မင်းက ငါ့ကို ချစ်တယ်ဆိုတာ ငါသိတယ်!”

ထို့နောက် သက်လတ်ပိုင်းအမျိုးသားက ပြန်ပြောတာကိုမစောင့်တော့ဘဲ Ferrari 812(ကား)သို့သွားပြီးကား၏ဖက်ရှင်လိုင်း၏ ကိုယ်ထည်ကိုယ်ထည်ကို ညင်သာစွာ ပွတ်သပ်နေသည်...’’ဒီအချိန်တွင်သူ့ မျက်နှာသည် ပျော်ရွှင်မှုအပြည့်ရှိသည်။

ထိုအချိန်တွင် အရပ်မြင့်မြင့် အမျိုးသမီးငယ်တစ်ဦး ရောက်ရှိလာပြီး “ဒါ မင်းရဲ့ကားလား” လို့ အံ့အားသင့်စွာ ပြောလိုက်သည်။

“ဟုတ်တယ်! ​မွေး​နေ့လက်​​ဆောင်​​အဖြစ်ငါ့ဖေ​ဖေ ငါ့အတွက်​ပြင်​ဆင်​​ပေးထားတာ” လူငယ်က ပြောလိုက်သည်။

“ကောင်းပြီ၊ မင်းငါ့ကို မင်းရည်းစားမဖြစ်စေချင်ဘူးလား ၊ရည်စားဖြစ်ချင်ရင်ငါသဘောတူတယ်!” အမျိုးသမီးငယ်က ပြောသည်။

“ကောင်းပြီ ဟားဟား!” လူငယ်က ဝမ်းသာအားရ အော်ပြီး ကောင်မလေးကို သူ့ရင်ခွင်ထဲ ပွေ့ဖက်လိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်လိုက်တဲ့အခါမှာတော့ တရုတ်အမျိုးသားတစ်ယောက် Ferrari 812(ကား)ဆီကို ရောက်လာပြီး ကားတံခါးကို ဖြည်းညှင်းစွာဖွင့်ပြီး တိုက်ရိုက်ထိုင်နေတာကို သတိမထားမိကြပေ။

ဒီလူက တော့လင်းဖန်ပင်ဖြစ်သည်။

“ဗွမ်း!”

လင်းဖန်သည် လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နေသည်ကိုလျစ်လျူရှုကာ အရှိန်မြှင့်ကာ မောင်းသွားလေသည်။

လူငယ်သည် ဆူညံသံကိုကြားလိုက်တော့မှ အမျိုးသမီးငယ်၏ လက်ကို အမြန်လွှတ်လိုက်ပြီး မျက်လုံးပြူးကာ “ဟေး၊ ငါ့ကား၊ ငါ့ကား!’’

လိုက်ရင်းနဲ့ အော်ပြောလေသည်။

ဒါပေမယ့်၊ ခြေထောက်နှစ်ချောင်းက စူပါကားကို ဘယ်လိုမီနိုင်မှာလား။

လူငယ်က ပြန်လာဖို့ကလွဲလို့ ရွေးစရာမရှိတော့ပေ။- “အဖေ၊ ရဲကိုခေါ်လိုက်ပါ။ မင်းပေးခဲ့တဲ့ Ferrari 812(ကား) က အခိုးခံလိုက်ရတယ်!”

လူလတ်ပိုင်းအရွယ် အမျိုးသားက ပါးစပ်ကိုဖွင့်ပြီး “အဲဒါ...မင်းအတွက် မွေးနေ့လက်ဆောင်မဟုတ်ဘူး၊ တကယ့်မွေးနေ့လက်ဆောင်က ဒီရေခဲသေတ္တာပါ”

“ဘာ” လူငယ်က ဆွံအသွားသည်။

သူ့ဘေးနားက အမျိုးသမီးငယ်က “ဒါဆို မင်းမှာ ပြိုင်ကားတစ်စီး မရှိဘူးပေါ့၊ ဒါဆို ငါကနင့်ရဲ့ရည်းစားမဟုတ်တော့ဘူး”

All Chapters