← Chapters

ပြပွဲစခြင်း

Vol. 24 Ch. 357

ပြပွဲစခြင်း

Vol. 24 Ch. 357

လင်းဖန်သည် လူငယ်လေးနှင့် သူ့အဖေကြား နားလည်မှု ကို မသိခဲ့ပေ။

လင်းဖန်သည် Ferrari 812 (ကား)တစ်စီးကို မောင်းနှင်ပြီးယန်လုံမြို့၏ လမ်းမများပေါ်တွင် မေင်းနှင်နေလေသည်။

တရုတ်နိုင်ငံတွင်ရှိပါကထိုပြိုင်ကားကြောင့်လူအများအပြားကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။

နိုင်ငံခြားမှာ ပြိုင်ကားတစ်စီးဟာ သာမာန် သယ်ယူပို့ဆောင်ရေး ယာဉ်တစ်ခုသာဖြစ်ပြီး အဲဒါကို ဘယ်သူကမှ ပြန်လှည့်မကြည့်ကြဘူးဟုလူအများကဆိုကြသည်။

တကယ်တော့?

လင်းဖန်သည် Ferrari 812(ကား)ကို မောင်းနှင်လာရာ ယန်လုံ မြို့၏ လမ်းများပေါ်တွင် ခုသွားရာ လူများစွာ၏အာရုံကိုဖမ်းစားပြီး အံ့သြသွားစေခဲ့သည်။

...

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့ရောက်သွားလေသည်။

ယနေ့တွင် ချမ်ရီရီ သည် ၎င်း၏ အပေါ်ပိုင်းတွငိရှပ်အင်္ကျီအဖြူ၊ ခန္ဓာကိုယ်အောက်ပိုင်းတွင်အနက်ရောင် ဘောင်းဘီရှည်နှင့် အနက်ရောင် ဒေါက်မြင့်ဖိနပ်တစ်စုံကို ၀တ်ဆင်ထားလေသည်။ ယခုအချိန်တွင်သူမသည်အလွန်လှပနေသည်။

အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပြပွဲစင်တာသို့ချမ်ရီရီ၊ လင်းဖန်နှင့် ဟန်စီဒီဝန်ထမ်းများသည် မကြာမီ ပြပွဲစင်တာသို့ ရောက်လာကြသည်။

ယနေ့ပြပွဲစင်တာသည် အလွန်အသက်ဝင်နေသည်။

တံခါးဝမှာကတည်းကစွဲမက်ဖွယ်ကောင်းတဲ့ သင်းပျံ့တဲ့ရနံ့ကို အလွယ်တကူ အနံ့ခံနိုင်သည်။

ပြီးတော့ဒီနေ့ပြပွဲစင်တာတွင်လူများနှင့်ပြည့်​နှက်နေသည်။

ပြခန်းများစွာရှေ့တွင် လာရောက်စုံစမ်းမေးမြန်းရန် သို့မဟုတ် ဝယ်ယူရန်အတွက်လူအများလာကြသည်။

ကောင်းကင်ကြီး မည်းမှောင်လာသည်ကို မြင်လိုက်ရသည်နှင့် အစမှအဆုံး မေးခွန်းမေးရန် ဟန်စီဒီ၏ တဲရှေ့တွင် မည်သူမျှ မရှိပေ။

ဒါကြောင့်ချမ်ရီရီ နှင့် ဝန်ထမ်းများအားလုံး သည်စိုးရိမ်တကြီးဖြင့်နေကြသည်။

ဟန်စီဒီ သည် တရုတ်နိုင်ငံတွင် အလွန်ရေပန်းစားသည်။

သို့သော် နိုင်ငံခြားတွင်​တော့ နာမည်မရှိပေ။

ထို့ကြောင့် သူတို့သည် အာရုံစူးစိုက်မှု များများစားစားကိုရရှိမည်မဟုတ်ကြောင်းကိုလည်း သိထားကြသည်။

ချမ်ရီရီ နှင့် အခြားသူများသည်စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်သည်ဟု ဆိုနိုင်ပါသည်။

သို့သော်လည်း လက်ရှိအခြေအနေသည် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုထက် ကျော်လွန်နေသည်။

ထိုအချိန်တွင် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ဝတ်ထားသော အဖြူရောင် အမျိုးသားတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လာပြီး ချမ်ရီရီအား ပြုံးပြလိုက်ပြီး “အလှလေး၊ မင်္ဂလာပါ ငါရဲ့ နာမည်က ဘလူဒတ့် ဖြစ်ပါသည်၊ အလလှလေးမင်းကိုငါဘယ်လိုခေါ်ရမလဲ’’

ချမ်ရီရီက “ငါ့နာမည် ချမ်ရီရီပါ”

ဘလူဒတ့်က ဒါကိုကြားတဲ့အခါ သူ့မျက်လုံးတွေက အနည်းငယ်တောက်ပလာပြီး သဘောကျသွားသည်။ဘာလို့ဆိုချမ်ရီရီရဲ့အသံက အရမ်းကောင်းလို့ပင်ဖြစ်သည်။

ထို့အပြင် ဤအမည်ပေးနည်းအရ သူမသည် တရုတ်လူမျိုးဖြစ်သင့်သည်။

ဘလူဒတ့်သည် သူ့စိတ်ထဲတွင် ဂရုတစိုက်ရှိသော်လည်း သူ့မျက်နှာမှာ ဘာမှမပြောင်းလဲဘဲ “မင်းရဲ့တဲကို ဘယ်သူမှအလာတာကို ငါမြင်နေရတယ်” ဟု ဆက်ပြောသည်။

“ဒါဆိုဘယ်လိုလဲ၊ ညဘက် နှစ်ခွက်လောက်ငါနဲ့အတူသောက်ချင်တယ်၊ နည်းလမ်းလေးတွေ ပြောပြပေးမယ်”

ဤ ဘလူဒတ့်သည် GR ရေမွှေးဆိုင်၏ ဝန်ထမ်းဖြစ်သည်။

ချမ်ရီရီ တဲကိုရောက်လာပြီးကတည်းက ဘလူဒတ့် ကိုချက်ချင်းဆွဲဆောင်ခဲ့သည်။

ချမ်ရီရီသည် အီဂယ်နိုင်ငံ၏ ထိပ်တန်းအလှမယ်များနှင့် အတူတူပင်ဖြစ်ပြီး တစ်ချိန်တည်းတွင် သူမသည် အီဂယ်နိုင်ငံ ၏ ထိပ်တန်းအလှများထက် သိမ်မွေ့သော မျက်နှာအသွင်အပြင်ကိုလည်း ပိုင်ဆိုင်ထားသည်။

ဘလူဒတ့် ၏အမြင်တွင် ချမ်ရီရီ သည် ကမ္ဘာပေါ်တွင် အပြည့်စုံဆုံးအမျိုးသမီးဖြစ်သည်။

ထို့ကြောင့် သူသည်အားနေသရွေ့ ချမ်ရီရီ ကို ချောင်းကြည့်နေခဲ့သည်။

ဒီနေ့ ပြပွဲကြီး ပြီးခါနီးဖြစ်သောကြောင့်လာဖို့ မစောင့်နိုင်တော့ပေ။

အထူးသဖြင့် တရုတ်လူမျိုးများသည် နိုင်ငံခြားသားများကို အလွန်ချစ်ကြသည်ကို ဘလူဒတ့်သိသည်။

အခု သူသည်တဲမှာဧည့်သည် တိုးလာဖို့ နည်းလမ်းတစ်ခု အဆိုပြုထားသည်။

ချမ်ရီရီသည်သေချာပေါက်သဘောတူမည်ဟု သူယုံကြည်သည်။

ငါတို့အတူတူသောက်နေသမျှ ငါအခွင့်အရေးရှိတယ်!

ဘလူဒတ့်၏နှလုံးသားသည် ရွှင်မြူးသောကြောင့် ခုန်ပေါက်လာသည်။

သို့သော်…

ချမ်ရီရီ က “မလိုပါဘူး”

ထုံးစံအတိုင်း ချမ်ရီရီ သည် ဧရာမ ဟန်စီဒီကုမ္ပဏီကို တည်ထောင်ခဲ့​သူဖြစ်သောကြောင့်

တစ်ချက်ကြည့်လိုက်တာနဲ့ဘလူဒတ့် ရဲ့နှလုံးသားထဲမှာ သေးငယ်တဲ့အရာတချို့ကို သူမမြင်လိုက်ရသည်။

ထို့နောက် ချမ်ရီရီသည် ဘလူဒတ့်ကိုလျစ်လျူရှုပြီး “ဒီနေ့ ပြပွဲက ပြီးတော့မယ်။ ကျေးဇူးပြုပြီး မင်းတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး အနားယူဖို့ ပြင်ဆင်ပါ” လို့ပြောလိုက်သည်။

စကားပြောပြီးနောက် သူမသည် လင်းဖန်၏လက်ကိုဆွဲကာ အပြင်သို့ထွက်ခဲ့သည်။

ဒါကိုကြည့်ရင်း

ဘလူဒတ့် ၏ ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းသွားပြီး သူ့မျက်နှာတစ်ခုလုံး အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။

...

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့မနက်ကိုရောက်သွားလေသည်။

မနေ့တွင်ဟန်စီဒီရှိဝန်ထမ်းများသည် စိတ်ပျက်လက်ပျက်ဖြစ်နေသည်။

သို့သော် ယနေ့တွင် ချမ်ရီရီ နှင့် ဟန်စီဒီ ဝန်ထမ်းများ၏ စိတ်အခြေအနေသည် အလွန်ပင် ကောင်းလို့နေသည်။

ဒီနေ့ မတူတော့ဘူးလို့ သူတို့ မျှော်လင့်ထားကြသည်။

သို့သော်... တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်၏ဆန္ဒသည်​အမြဲတန်းဆန့်ကျင်ဘက်ဖြစ်တတ်သည်။

တစ်မနက်လုံး ကုန်ဆုံးသွားခဲ့ပြီးနောက်ဟန်စီဒီ တဲကို လာမေးတဲ့သူမရှိဖြစ်နေတုန်းပင်ဖြစ်သည်။

နေ့လယ်စာစားချိန်အတွင်ဘလူဒတ့်သည် ချမ်ရီရီသို့တစ်ဖန်ရောက်ရှိလာပြီး “အလှလေးမစ္စ ချမ်၊ တဲမှာ ဧည့်သည်များ အမှန်တကယ်ရှိလိုပါသလား” ဟုပြောလိုက်သည်။

“စကားမစပ်၊ ငါ့ဦးလေးဟာ အီဂယ်နစ်ရှင်နယ် ရဲ့ ဒါရိုက်တာ အလန်ပီတာလို့ ပြောဖို့ မေ့သွားခဲ့တယ် ထင်တယ်... မင်းနားလည်သင့်တယ်... မင်းရဲ့ တဲကို ဧည့်သည်တွေ ပိုများလာအောင် ငါလုပ်ပေးနိုင်တယ်”

“ဒါဆိုနေ့လည်ထမင်းအတူတူစားပြီး သေသေချာချာ ဆွေးနွေးမှာလား။”

မနေ့က ဘလူဒတ့်က ချမ်ရီရီ မှာ ရည်းစားရှိပုံရတယ်လို့ မြင်လိုက်သည်။

သို့သော် ဤအရာကိုသူ့လုံးဝဂရုမစိုက်ပေ။

အိမ်ထောင်ကျရင်တောင် ပြဿနာမရှိပေ။

ဘလူဒတ့်က စကားပြောပြီးသွားတဲ့အခါ သူက ရင်ဘတ်ကို တည့်မတ်ပြီး ချောမောတယ်လို့ ထင်တဲ့ အမူအရာတစ်ခု လုပ်လိုက်သည်။

ချမ်ရီရီ သည် သူမည်မျှချောမောသည်ကိုမြင်ပြီးနောက်အီဂယ်နစ်ရှင်နယ်၏ဒါရိုက်တာဖြစ်သော ဦးလေးတစ်ယောက်ရှိနေကြောင်းကြားသိရပြီး သူမသည်သူ့ကိုချက်ချင်းသဘောကျသွားသည်မှာသေချာသည်။

သို့သော်…

ရလဒ်ကတော့ သူထင်ထားတာနဲ့ မထပ်တည်းမကျပေ။

ချမ်ရီရီ က “ငါ့ရည်းစားနဲ့ ငါ နေ့လည်စာသွားစားမလို့လမ်းဖယ်ပေးလို့ရမလား!”

သူမသည် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူမသည် စီးပွားရေးသမားတစ်ဦးဟုလည်း ဆိုနိုင်ပါသည်။

ချမ်ရီရီသည်နောက်ခံကြီးကြီးမားမားရှိသည်ဟု သံသယဖြစ်ခံရသော ဘလူဒတ့်ကိုလုံးဝမငဲ့ပဲပြောချင်တာကိုပြောလိုက်သည်။

စကားပြောပြီးနောက် ချမ်ရီရီသည် လင်းဖန်၏လက်မောင်းကို ကိုင်ကာ အပြင်သို့ ထွက်သွားပြန်သည်။

ဒါကိုမြင်တော့ ဘလူဒတ့်ရဲ့ ပါးစပ်ဟာ အနည်းငယ်လှုပ်သွားပြီး သူ့မျက်နှာက အနည်းငယ် ရုပ်ဆိုးသွားလေသည်။

လင်းဖန်သည် အနည်းငယ်ထူးဆန်းသောအမူအရာဖြင့် ဘလူဒတ့်ကိုကြည့်သည်။ အစ်ဂယ်နစ်ရှင်နယ်ဒါရိုက်တာ ဦးလေးတစ်ယောက်ရှိလား။

စိတ်ဝင်စားစရာပဲ။

လင်းဖန် နှင့်ချမ်ရီရီ တို့သည် နေ့လည်စာစားပြီးပြီးချင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပြပွဲစင်တာသို့ ပြန်သွားသောအခါတွင် လင်းဖန်၏ အိတ်ကပ်အတွင်းမှ လက်ကိုင်ဖုန်းများ တဆတ်ဆတ် မြည်လာသည်။

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သည်၊ ၎င်းမှာ မရင်းနှီးသောနံပါတ်တစ်ခုဖြစ်သည်။

လင်းဖန်သည် အလွန်တုံ့ဆိုင်းမနေဘဲ အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။

ခဏကြာတော့ ဖုန်းထဲမှာ အနည်းငယ် မပီသသောတရုတ်ဘာသာစကား အသံထွက်လာသည်။

“မစ္စတာလင်း မင်္ဂလာပါ။”

လင်းဖန်က “ဟဲလို၊ မင်းဘယ်သူလဲ”

ထို့နောက် ဖုန်းတွင်... အလွန်ရှင်းလင်းချိုသာသော အသံဖြင့် အစားထိုးလာသည်။

“မင်္ဂလာပါ မစ္စတာလင်း၊ ကျွန်ုပ်သည် အီဂယ်နစ်ရှင်နယ် ဥက္ကဌ ဂျေလန် ၏ စကားပြန်ဖြစ်ပါသည်။ ခုနကပြောဆိုခဲ့သော ပုဂ္ဂိုလ်မှာ ဥက္ကဌ ဂျေလန် ဖြစ်ပါသည်။ သူသည် ကျွန်ုပ်အား နှုတ်ခွန်းဆက်စကား ပြောကြားရန် ထပ်မံတောင်းဆိုခဲ့သည်။”

စွာသော ဘုရင်မ မစ္စတာ ဂျေလန်ရောက်ပါပြီ”

All Chapters