← Chapters

ဘုရင်မ၏ ဆုံးဖြတ်ချက်

Vol. 24 Ch. 358

ဘုရင်မ၏ ဆုံးဖြတ်ချက်

Vol. 24 Ch. 358

လင်းဖန်သည် အလားတူ ဖုန်းခေါ်ဆိုမှုများကို အကြိမ်ပေါင်းများစွာ ဖြေကြားခဲ့ဖူးသည်။

ဒါကြောင့်ဒီတစ်ခါတော့ သူ သိပ်အံ့သြမနေဘဲ “မစ္စတာ ဂျေလန်၊ မင်္ဂလာပါ’’ လို့ တည်ငြိမ်စွာ ပြောလိုက်သည်။

နောက်တော့ ဖုန်းထဲမှာ အင်္ဂလိပ်လို သွက်သွက်လက်လက် စကားပြောသံကိုကြားလိုက်သည်။

လင်းဖန်သည် ဤအင်္ဂလိပ်စကားများကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

သို့သော် သူသည်မကြားချင်ယောင်ဆောင်လိုက်သည်။

ယခုအချိန်တွင် စကားပြန်က “မစ္စတာ ဂျေလန်က အီဂယ်နစ်ရှင်နယ်ကို ယုံကြည်တဲ့အတွက် မစ္စတာလင်းကို ကျေးဇူးတင်ပြီး ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဒုတိယအကြီးဆုံး အစုရှယ်ယာရှင် ဖြစ်လာခဲ့တဲ့အတွက်ဂုဏ်ပြုပါတယ်......”

ယေဘူယျအားဖြင့်၊ ဘာသာပြန်သူ၏ လေသံသည် အမြဲတသမတ်တည်းဖြစ်သင့်သည်။

သို့သော် ဤစာကြောင်းကို သူပြောသောအခါတွင် သိသိသာသာ ပြောင်းလဲသွားသည်။

သိရန်…အီဂယ်နစ်ရှင်နယ် သည် ယွမ်တစ်ထရီလျံကျော်စျေးကွက်တန်ဖိုးရှိသော စူပါကုမ္ပဏီတစ်ခုဖြစ်သည်။

ပြီးတော့ တစ်ဖက်ကလူက တစ်ခါတည်းနဲ့ ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်လာသည်။

ဒါက သေချာပေါက် အကြီးကြီးပဲဖြစ်သည်။

ခေတ္တနားပြီးနောက် စကားပြန်က “မစ္စတာလင်း၊ အခု ဘယ်ရောက်နေလဲ မသိဘူး၊ အချိန်ရလားမသိဘူး”

လင်းဖန်”ကျွန်တော် အခု အီဂယ်နိုင်ငံမှာ အချိန်နဲ့ပတ်သက်ပြီးတော့ ... နိုင်ငံတကာ ရေမွှေး ပြပွဲမှာ ပါဝင်ဖို့ ယန်လုံမြို့အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပြပွဲစင်တာမှာ ရောက်နေ ပါတယ်။ အချိန်အများကြီး မပေးနိုင်မှာကို ကြောက်တယ်”

ဖုန်းထဲက အသံက ပြတ်တောက်သွားသည်။

လင်းဖန်၏အဖြေသည် ဂျေလန်ကိူအလွန်အံ့အားသင့်စေခဲ့သည်။

ခဏကြာတော့ စကားပြန်က “မစ္စတာလင်းက အီဂယ်ကိုရောက်နေတာလားကောင်းတယ်၊ ခနနေလာလည်မယ်” လို့ ပြောလိုက်သည်။

လင်းဖန်က ခဏကြာ စကားပြောပြီးနောက် ဖုန်းချလိုက်သည်။

ဘာသာပြန်သူပြောသည့်အတိုင်း ဂျေလန်သည် အမှန်ပင် အလည်အပတ်လာမည်ဖြစ်သည်။

ဂျေလန်သည်သူကားပေါ်မှ ဆင်းလိုက်သည်နှင့် သူ့အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာသည်။

ဖုန်းခေါ်ဆိုမှုကို တစ်ချက်ကြည့်လိုက်ပြီးတာနဲ့သူ၏မျက်နှာသည် လေးနက်နေပုံရပြီး ဖုန်းကို အလျင်အမြန်ချိတ်ဆက်ကာ “လေးစားရပါသော ဘုရင်မ ရီဘို မင်္ဂလာပါ”

“ဘုရင်မ?”

ဂျေလန်သည် နှစ်ကြိမ်တိုင်တိုင် ပြောသော်လည်း ဖုန်းတစ်ဖက်တွင် မည်သူမျှ ဖြေကြားခြင်းမရှိပေ။

သူသည်ဘာလုပ်ရမှန်း မသိသောအခါတွင်တော့ အသံတစ်ခုတစ်ဖက်ဖုန်းကနေထွက်လာသည်။

“ဟယ်လို”

“ကလေးဂျေ နေကောင်းလား”

ကလေးဂျေ လား?

ဂျေလန်သည် အသက် 61 နှစ်ရှိပြီဖြစ်သည်။

ထို့အပြင်... အီဂယ်နစ်ရှင်နယ် ၏ ဥက္ကဌလဲဖစ်သည်၊ ဤကမ္ဘာပေါ်တွင် လူဘယ်နှစ်ယောက်က သူ့ကို ကလးဂျေလို့ခေါ်နိုင်မှာလဲ။

ဘုရင်မ ရီဘို သည် ခေါ်လို့ရတဲ့သူထဲမှာပါဝင်လေသည်။

ဘာကြောင့်လဲဆိုတော့ သူမဟာအီဂယ်နိုင်ငံရဲ့ဘုရင်မဖြစ်ပြီး၊ သူမရဲ့အသက်က 91 နှစ်အထိရှိနေပြီဖြစ်သည်။

ဂျေလန်က “ဘုရင်မရီဘိုနေကောင်းပါရဲ့လား”

“ကောင်းပါတယ် မင်းရဲ့ ရေနံကုမ္ပဏီ... အခြေအနေ ဘယ်လိုလဲ” ဘုရင်မကြီး ရီဘို က မေးသည်။

“မကြာသေးမီက ဖွံ့ဖြိုးတိုးတက်မှု တည်ငြိမ်ခဲ့ပြီးတော့အခြေအနေ အလုံးစုံတိုးတက်လာပါတယ်။” ဂျေလန် က ပြောသည်။

ဘုရင်မကြီး ရီဘိုက ခေါင်းညိတ်ပြီး “မဆိုးပါဘူး... ဒီနေ့က အလုပ်နားတဲ့နေ့ပဲ၊ မင်း ကုမ္ပဏီမှာ အလုပ်ရှုပ်နေသေးလား”

ဂျေလန် က “ကျွန်တော် အခုကွန်ဗင်းရှင်းစင်တာကို သွားနေတာ” လို့ အမှန်အတိုင်း ပြောလိုက်သည်။

“ကွန်ဗင်းရှင်းစင်တာ?” ဘုရင်မကြီး ရီဘိုကအံ့သြသွားသည်။

“ဒီနေ့ နိုင်ငံတကာ ရေမွှေးပြပွဲတစ်ခု ရှိပုံရတယ်လေ။ပြီးတော့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဒုတိယ အစုရှယ်ယာရှင်က အဲဒီမှာ ခင်းကျင်းပြသထားတယ်။” ဂျေလန်က ပြောသည်။

“ရေမွှေး!” ဘုရင်မကြီးရီဘိုကသက်ပြင်းချလိုက်သည်။

အချိန်အတော်ကြာအောင် ဖုန်းထဲမှာ ဘာသံမှ မကြားရတော့ပေ။

ဂျေလန်သည် ဖုန်းကို တိတ်တဆိတ် ကိုင်ထားပြီးအနှောက်အယှက် မပြုဝံ့ပေ။

ထိုအချိန်တွင် ဘုရင်မကြီး ရီဘိုက “ဒါဟာ တကယ်ကို လွမ်းဆွတ်ဖွယ်နေ့တစ်နေ့ပဲ” လို့ ထပ်ပြောလိုက်သည်။

“ငါ မင်းနဲ့ အတူရေမွှေးပြပွဲကို လိုက်ခွင့်ပြုပါ”

“ဟမ်?” ဂျေလန်သည် ခဏတာ အံ့အားသင့်သွားပြီးဘုရင်မက ဤသို့သော တောင်းဆိုမှုကို ပြုလုပ်လိမ့်မည်ဟုသူမျှော်လင့်မထားပေ။

ဘုရင်မကြီးရီဘို က သူ့ကို တုံ့ပြန်ဖို့ အချိန်သိပ်မပေးဘဲ “ဒါဆို မင်းနန်းတော်ကို အရင်လာပါ” လို့ပြောလိုက်သည်။

ဖုန်းချပြီးနောက် ဘုရင်မကြီး ရီဘို သည် နောက်ထပ် ဖုန်းခေါ်ဆိုမှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။

ထို့နောက် ချက်ခြင်းပင်ဇိမ်ခံယာဉ်တန်း၊ အစောင့်အကြပ် စသည်ဖြင့် အားလုံး လျင်မြန်စွာ နန်းတော်သို့လာကြသည်။

နန်းတော်အတွင်း လှုပ်ရှားမှုကို အသားဖြူဖျော့ဖျော့နှင့် ခန္ဓာကိုယ်ပိန်လှီသော ကလေးမလေးက လျင်မြန်စွာ သတိထားမိသည်။

ကလေးမလေးက ပင်မခန်းမကို ရောက်တဲ့အခါ ဘုရင်မကြီး ရီဘိုက “ချစ်လှစွာသော ရွှေလီ၊ မင်းဘာလို့ ဒီကိုရောက်နေတာလဲ။နေရတာရော်လိုလဲ”

ထိုကလေးမလေးအား ဘုရင်မကြီး ရီဘို၏ 15 ယောက်မြောက် မြေးတော်ရွှေလီ ဟုခေါ်သည်။

တစ်ချိန်တည်းမှာပင် သူမသည် ဘုရင်မကြီး ရီဘို၏ အချစ်ဆုံး မြေးမလေးလည်း ဖြစ်သည်။

ရွှေလီသည်မွေးဖွားပြီး သိပ်မကြာခင်မှာပဲ သူမဟာ အလွန်ထူးဆန်းတဲ့ရောဂါတစ်မျိုးကိုခံစားရလေသည်။အစာစားချင်စိတ်မရှိခြင်း မကြာခဏ အန်ခြင်း.....စသဖြင့်။

ဆရာဝန်များသည် အမျိုးမျိုးသော စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြသော်လည်း ဘာရောဂါလဲဆိုတာကို မဆုံးဖြတ်နိုင်သေးပေ

ယ

ရွှေလီ က ‘’ရွှေလီခန္ဓာကိုယ်က အရမ်းကောင်းနေပြီလို့ ခံစားရတယ်။”

“အိုကေ၊ ရွှေလီ ရဲ့ ခန္ဓာကိုယ်က နေကောင်းရင်ရပြီ။” ဘုရင်မကြီး ရီဘိုက ကြင်နာစွာ ပြုံးလိုက်သည်။

“မင်း မကြာသေးခင်ကမှ နောက်ကျမှ အိပ်ပျော်ပုံရတယ်၊ ဒါကြောင့် မင်းခန္ဓာကိုယ်ကိုလည်း ဂရုစိုက်သင့်တယ်။” ရွှေလီက ပြောသည်။

ဘုရင်မကြီး ရီဘိုက “ကောင်းပြီ၊ ငါ့ရဲ့ ရွှေလီလေး က ငါ့ကိုအရမ်းဂရုစိုက်တာပဲ!”

....

ထိုအချိန်တွင် ရွှေလွက နောက်ဆုံးတွင် “ ပြပွဲစင်တာကို သွားဖိူ့လုပ်နေပုံရတယ်... ရေမွှေးပြပွဲမှာ ပါဝင်ဖို့ မင်းငါ့ကို ခေါ်သွားလို့ရမလား”

ရွှေလီက ဒီလိုပြောတဲ့အခါ သူမမျက်လုံးကြီးတွေ မှိတ်တုတ်မှိတ်တုတ်လုပ်နေသည်။

သေချာသည်မှာ သူမသည် ၎င်းကို အလွန်မျှော်လင့်နေတယ်ဆိုတာပင်ဖြစ်သည်။

ဘုရင်မကြီး ရီဘိုက ပါးစပ်ကို ဖွင့်ထားပေမယ့် ပထမတော့ သဘောမတူပေ။

ရွှေလီ ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက တကယ်ကို ဆိုးရွားနေတယ်ဆိုတာ ကိုသူမသိတာကြောင့်ပင်ဖြစ်သည်။

အချို့သော ဆရာဝန်များပင်လျှင် မတော်တဆမှုများသည် အချိန်မရွေး ဖြစ်ပွားနိုင်သည်ဟု ဆိုကြသည်။

ဒီလို ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ရေမွှေးပြပွဲကို သွားတာက.....

ဥာဏ်ပညာအရ ဘုရင်မကြီး ရီဘိုသည် ၎င်း၏မြေးတော်အား ရေမွှေးပြပွဲဆိုက်သို့ မသွားစေလိုပေ။

သို့သော် သူမသည် ရွှေလီ ၏မျှော်လင့်ချက်မျက်လုံးများကိုကြည့်ကာ သူမ၏နှလုံးသားသည် ပျော့ပျောင်းလာသည်။

ရွှေလီသည် ထူးဆန်းပြီး ပြင်းထန်သောရောဂါရှိကြောင်းသိလိုက်ကတည်းက သူမသည် လှောင်အိမ်ထဲတွင်နေရကဲ့သို့ နေ့တိုင်းလိုလို နန်းတော်၌နေသည်မှာအလွန်သနားစရာကောင်းသည်။

အမွှေးနံ့သာများသည် ပန်းများကဲ့သို့ ဆွဲဆောင်မှုရှိသည်။

ပန်းတစ်ရာကဲ့သို့ ရေမွှေးပြပွဲသည် အမျိုးသမီးများအားလုံးကို ဆွဲဆောင်သည်။

ဒီနေ့တော့ ရေမွှေးပြပွဲတစ်ခုနဲ့ တွေ့လိုက်ရသည်..။

ရွှေလီသာလွတ်သွားခဲ့ရင် နောက်တစ်ကြိမ် ထပ်ရဦးမလား။

ဒါကိုစဉ်းစားရင်း ဘုရင်မကြီးရွှေလီ က နောက်ဆုံးမှာ “ကောင်းပြီ၊ ဒါဆို ရွှေလီကို ရေမွှေးပြပွဲကို ခေါ်သွားပေးမယ်။”

“တကယ်လား?” ရွှေလီက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

ဘုရင်မကြီး ရီဘိုက သူမကို အရမ်းပျော်နေတာတွေ့တော့ သူမက ပြုံးပြပြီး “ဟုတ်ပါတယ် ဒါအမှန်ပဲ” လို့ပြောလိုက်သည်။

“ကောင်းလိုက်တာ!” ရွှေလီ သည် ဘုရင်မကြီး ရီဘို၏လက်မောင်းကို ဖက်ထားလိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်တွင် ခပ်သွက်သွက် ခြေသံ ထွက်ပေါ်လာသည်။

များမကြာမီပင် မှူးမတ်ကြီးတစ်ဦး၏ အဝတ်အစားများ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။

သူက အနည်းငယ် ခေါင်းငုံ့ပြီး အလွန်ရိုသေသော လေသံဖြင့် “ချစ်လှ

All Chapters