တွေ့ဆုံခြင်း
Vol. 24 Ch. 359
နေ့လည်ခင်းတွင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပြပွဲစင်တာသည် နံနက်ခင်းကဲ့သို့ တက်ကြွနေပါသည်။
ဟန်စီဒီတဲကနက်ခင်းလိုပဲ ဘယ်သူမှ မလာကြပေ။
ချမ်ရီရီသည် ဘလူဒတ့်ကို နှစ်ကြိမ်ဆက်တိုက် ငြင်းဆိုခဲ့သည် ။
သို့သော် အားလပ်ချိန်တစ်ခုရပြီးနောက်ဘလူဒတ့်သည် ချမ်ရီရီစီသို့ လာသေးသည်။
“အလှလေးမစ္စချူး၊ မင်းရဲ့ တဲကဧည့်သည်မရသေးပုံရတယ်။ ညနေကျအတူတူသောက်ရင်းဆွေးနွေးကြမလား”
“မနေ့တုန်းကတော့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်မပြနိုင်သေးဘူး။ တကယ်တော့ ကျွန်တော် အီဂယ်နစ်ရှင်နယ် ကုမ္ပဏီကို ဝင်ပြီးတာနဲ့ စီမံခန့်ခွဲမှု ဖြစ်လာလိမ့်မယ်။ ဒါကြောင့် မင်း ငါ့ကို အပြည့်အ၀ ယုံကြည်လို့ရတယ်။”
ဒီလိုပြောတဲ့အခါ ရင်ဘတ်ကို တည့်တည့်မတ်မတ်လိုက်ပြန်သည်။
အီဂယ်နစ်ရှင်နယ် သည် အီဂယ်နိုင်ငံ တွင် လစာအကောင်းဆုံး ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်သည်။
မနေ့ က သူ့ ရဲ့ နောက်ခံ ကို ပြ ခဲ့ သည် ။
အခုလည်း သူ့ရဲ့ အနာဂတ်ကို ထပ်ပြီး ပြသသည်။
သသည် ချမ်ရီရီကိုယ်ဆွဲဆောင်နိုင်လိမ့်မည်ဟု သူယုံကြည်ခဲ့သည်။
…………
အဆက်မပြတ် နှောင့်ယှက်ခြင်းကြောင့်ချမ်ရီရီကိုလုံးဝ စက်ဆုပ်သွားစေသည်။
သူမ မျက်မှောင်ကြုတ်ပြီး စကားစလုဆဲဆဲတွင်.....
ထိုအချိန်တွင်၊ သက်ဝင်လှုပ်ရှားနေပြီဖြစ်သော ကွန်ဗင်းရှင်းပြပွဲစင်တာသည် ရုတ်တရက် အလွန်ဆူညံလာပြီး၊ အခါအားလျော်စွာ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
“ဘုရင်မ ဘုရင်မ ရီဘိုဒီမှာ!”
“ဘုရင်မကြီး ရီဘို က နိုင်ငံတကာ ရေမွှေးပြပွဲမှာ ပါဝင်ဖို့ ကွန်ဗင်းရှင်းပြပွဲစင်တာကို လာတာလား”
“အိုဘုရားရေ!”
…………
အားလုံးပြောကြသလိုပဲ ဘုရင်မ ရီဘိာ က တကယ်ပဲ ဒီမှာရှိသည်။
ထိုအချိန်တွင် ဘုရင်မကြီး ရီဘို၊ ဂျေလန်၊ မြေးဖြစ်သူရွှေလီ နှင့် မှူးမတ်တစ်စုတို့သည် ပြပွဲစင်တာတွင် ဖြည်းဖြည်းချင်း ရှေ့သို့လျှောက်လာကြသည်။
ဘုရင်မရီဘို၏မျက်နှာသညိ များစွာမပြောင်းလဲကေမဲ့သူမ၏နှလုံးသားထဲတွင် လွမ်းဆွတ်မှုအပြည့်ရှိသည်။
ရွှေလီသည် ရုပ်ပိုင်းဆိုင်ရာ အကြောင်းပြချက်များကြောင့် နန်းတော်မှ ထွက်ခွာခဲပြီး ရေမွှေးပြပွဲတွင် တစ်ခါမျှ မပါဝင်ခဲ့ဖူးပေ။
ဒါကြောင့်ယခုအချိန်တွင် သူမသည် ပုံစံအမျိုးမျိုးရှိပြခန်းများကို ကြည့်လိုက်ပြီးလေထဲတွင် မွှေးပျံ့သောရနံ့ရှူကာသူမမျက်နှာတစ်ပြင်တစ်ခုလုံးကစိတ်လှုပ်ရှားမှုများနှင့်ပြည့်နှက်နေသည်။
ထိုအချိန်တွင် ဘုရင်မကြီး ရီဘိူ သည် တစ်ခုခုကို တွေးနေပုံရပြီး “ဂျေလန်၊ မင်းရဲ့ကုမ္ပဏီရဲ့ ဒုတိယရှယ်ယာရှင်ကိုတွေ့ပြီလား”
“သူ့နာမည်က လင်းဖန်ပါ။ဒါပေမယ့် ငါမတွေ့သေးဘူး။ ဘုရင်မကြီးက သူ့ကိုတွေ့ချင်ရင် ငါလာခိုင်းလိုက်ပါ့မယ်” ဂျေလန် က အမှန်အတိုင်းပြောလိုက်သည်။
“ကောင်းပြီ။” ဘုရင်မကြီး ရီဘိုခေါင်းညိတ်လိုက်သည်။
ဘုရင်မရီဘိုတောင်မှ အီဂယ်နစ်ရှင်နယ် ကုမ္ပဏီကို တိုက်ရိုက် လျစ်လျူရှုလို့ မရပေ။
ဂျေလန်သည် လင်းဖန်ခေါ်ဆိုလိုက်သော်လည်း ကံမကောင်းစွာဖြင့် မည်သူမှဖြေကြားခြင်းမရှိခဲ့ပေ။
ဒုတိယအစုရှယ်ယာရှင်ကို လာခိုင်းဖို့ ဘုရင်မကို ပြောခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူကိုဖုန်းဆင်လို့မရဘူးလို့ပြောရမှာလား။
ဘုရင်မက သူ့ကိုယ် ဘယ်လိုထင်မလဲ။
ဂျေလန်သည် ကူကယ်ရာမဲ့ဖြစ်ပြီး အမြန်ထွက်ခွာခဲ့ရသည်။
ထို့နောက် လင်းဖန်ကို သူကိုယ်တိုင်ရှာဖွေတော့သည်။
ဂျေလန် သည် လျင်မြန်စွာ ရှေ့သို့ လျှောက်သွားပြီး လူစည်ကားသော လူအုပ်ထဲတွင် လင်းဖန်ကို ဆက်လက် ရှာဖွေခဲ့သည်။
ကံကောင်းထောက်မစွာ၊ ဂျေလန်ကလင်းဖန်သည်တရုတ်လူမျိုးဖြစ်ကြောင်း သိထားပြီး အီဂယ်နိုင်ငံရှိလူများတွင် ထင်ရှားသူအဖြစ် သတ်မှတ်ခံရနိုင်သည်။
ဒါကြောင့်ဂျေလန် ဟာ ဟန်စီဒီရဲ့ တဲကို တွေ့ပြီး အရပ်မြင့်ပြီး ချောမောတဲ့ အမျိုးသားကို စိုက်ကြည့်ဖို့ နာရီဝက်နီးပါးကြာအောင် ရှာဖွေခဲ့ရသည်။
“မစ္စတာလင်း!” ဂျေလန် က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အော်ဟစ်ပြီးနောက် သူသည် ဟန်စီဒီတဲသို့ အမြန်သွားခဲ့သည်။
လင်းဖန်သည် သူ့ကိုယ်ခေါ်သံကြားသောအခါ ဖြည်းညှင်းစွာ လှည့်မကြည့်ဘဲမနေနိုင်ပေ။
သူကိုခေါ်တဲ့သူကမုတ်ဆိတ်မွေးနဲ့ ထူးဆန်းတဲ့ နိုင်ငံခြားသားတစ်ယောက်ဖြစ်သည်။
သို့သော်လည်း လင်းဖန်သည် သူ၏ အသံနှင့် လက္ခဏာကို အလွယ်တကူ ခွဲခြားသိနိုင်ရန် သူ၏ အထူးမှတ်ဉာဏ်ကို အားကိုးခဲ့သည်။
ဂျေလန်သည် သူဆက်၍မပြောနိုင်မီတွင်၊ သူ့ဘေးတွင်ရပ်နေသော ဘလူဒတ့်သည် အလွန်လေးစားဖွယ်ကောင်းသော လေသံဖြင့် “မင်္ဂလာပါမစ္စတာဂျေလန်” ဟုပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဘလူဒတ့် ၏ဦးလေးသည် အီဂယ်နစ်ရှင်နယ် ၏ဒါရိုက်တာဖြစ်ပြီး သူသည်လဲအီဂယ်နစ်ရှင်နယ်သို့အမြဲတမ်းဝင်ချင်နေခဲ့သည်။
ထို့ကြောင့်၊ သူသည် သာမန်လူများထက် အီဂယ်နစ်ရှင်နယ် ၏ အကြီးတန်းအမှုဆောင်အရာရှိများဖးသတင်းများကို ပို၍အာရုံစိုက်သည်။
ဘလူဒတ့်သည် ယနေ့ကျင်းပသည့် ရေမွှေးပြပွဲတွင် အီဂယ်နစ်ရှင်နယ် ကုမ္ပဏီ ဥက္ကဋ္ဌနှင့် တွေ့ဆုံရန် မမျှော်လင့်ထားပေ။
သူ့အမြင်အရတော့ ဒါဟာ တစ်သက်တာမှာတစ်ခါပဲရတဲ့ အခွင့်ကောင်းတစ်ခုပင်ဖြစ်သည်။
အကယ်လို့ ဥက္ကဌ ရှေ့မှာ အထင်အမြင်ကောင်းသေးသေးလေး ထားခဲ့နိုင်လို့ရှိရင်
သူဟာအီဂယ်နစ်ရှင်နယ် ကို အောင်မြင်စွာ ဝင်ရောက်ခဲ့ပြီး၊ ရာထူးတိုးကာကြွယ်ဝမှုတစ်ခုကို ချက်ချင်းရရှိဖို့ မဖြစ်နိုင်ဘူးလား။
ဒါကိုတွေးပြီး ဘလူဒတ့် က ပီတိဖြစ်သွားသည်။
ဂျေလန် ကို နေ့တိုင်း လူဘယ်နှစ်ယောက် နှုတ်ဆက်မလဲ မသိပေ။
ယေဘုယျအားဖြင့်ဂျေလန် က ခေါင်းညိတ်ပြီး တုံ့ပြန်သည်။
ဒါမှမဟုတ် မကြားချင်ယောင်ဆောင်တာဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ အားလုံးကို တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်ရင် အရမ်းပင်ပန်းမည်ဖြစ်သောကြောင့်ဖြစ်သည်။
သို့သော်လည်း ဂျေလန်သည် ဘလူဒတ့်က လင်းဖန်နှင့် အတူရပ်နေသည်ကိုတွေ့ပြီးနောက် သူသည် ဘလူဒတ့်ကလင်းဖန်နဲ့ သူငယ်ချင်းဖြစ်သည်ဟုထင်ခဲ့သည်။
ထို့ကြောင့် သူက ခေါင်းညိတ်ပြီး “ဟဲလို၊ ဟဲလို” ဟုပြောသည်။
နှုတ်ဆက်တယ်။
အီဂယ်နစ်ရှင်နယ်ကုမ္ပဏီ ဥက္ကဋ္ဌက သူ့ကိုယ်နှုတ်ဆက်သည်။
ရိုးရှင်းတဲ့ တုံ့ပြန်မှုတစ်ခုသာဆိုပေမဲ့ဘလူဒတ့်အတွက်တော့ကောင်းကင်ရဲ့အသံနှင့်တူပြီး သူ့တစ်ကိုယ်လုံးအဆုံးမဲ့ပျော်ရွှင်မှုနှင့်အတူ ပြည့်လျှံနေသည်။
ဂျေလန်သည် ဘလူဒတ့် ကိုလျစ်လျူရှုလိုက်သည်။
ယင်းအစား၊ သူက ပိုရိုသေသောလေသံဖြင့် လင်းဖန်အား အင်္ဂလိပ်လို “မစ္စတာလင်း၊ မင်းလား” ဟုပြောသည်။
သူ့ဘေးက ဘာသာပြန်သူက စကားလုံးတွေကို တိုက်ရိုက် ဘာသာပြန်ပေးလိုက်သည်။
လင်းဖန်က “ဟုတ်ပါတယ် ကျွန်တော်ပါ။ကျွန်တော်က ဟန်စီဒီ ရဲ့ ရှယ်ယာရှင်လဲဟုတ်ပါတယ်”
ဂျေလန်က ရုတ်တရက်ပြောလိုက်သည်။” ဒါနဲ့၊ ငါတို့ဘုရင်မ ရီဘိုက မင်းကိုတွေ့ချင်နေတယ်”
“ဘုရင်မကြီး ရီဘိုငါ့ကိုဘာလို့တွေ့ချင်တာလဲ” လင်းဖန် အံ့သြသွားသည် တကယ်တော့ လင်းဖန်သာ မကဘဲ ချမ်ရီရီနှင့် သူ့ဘေးနား အခြားသူများလည်း အံ့သြသွားကြသည်။
သို့သော် ဂျေလန်မဖြေမီ၊ အဝေးတွင် နောက်ထပ် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။
“ဘုရင်မရီဘိုကအတော်နုပျိုတာပဲ!”
.....
အသံကြားရာကို လူတိုင်းကြည့်လိုက်ကြသည်။
သူတို့သည်ဇိမ်ကျကျ ၀တ်စားထားသော ယောက်ျား မိန်းမ အုပ်စုကြီးသည် ဤဘက်သို့ လျှောက်လာနေသည်ကိုမြင်လိုက်ရသည်။
ရှေ့ဆုံးမှာ လျှောက်လှမ်းနေသူကတော့ တီဗီနဲ့ သတင်းတွေမှာ မကြာခဏ မြင်တွေ့ရတဲ့ ဘုရင်မ ရီဘိုဖြစ်သည်။
ဘုရင်မရီဘိုသည် သူ့ပတ်ဝန်းကျင်မှလူများ၏ နှုတ်ဆက်သံကို တုံ့ပြန်သည့်အနေဖြင့် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
သူမခေါင်းကို လှည့်ကြည့်လိုက်တော့ ဂျေလန်ဟာ ဟန်စီဒီတဲရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရပြီး ရှေ့ဘက်ကို ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
“ကလေးဂျန် မင်းဒီမှာပဲ” ဘုရင်မဂျေလန်က ပြောလိုက်သည်။
“ဟုတ်ကဲ့...” ဂျေလန် က “ဒါက မစ္စတာလင်းပါ။”
ဘုရင်မကြီး ရီဘိုသည် ထိုစကားကိုကြားသောအခါ လင်းဖန်အား မမျှော်လင့်ဘဲ ကြင်နာသောမျက်နှာဖြင့် လင်းဖန်အား ငုံ့ကြည့်ကာ မနေနိုင်ပေ။
ဂျေလန် သည် လင်းဖန်၏အမည်ကိုမိတ်ဆက်ပေးသောအခါတွင် အခြားပါတီသည် တရုတ်လူမျိုးဖြစ်ကြောင်း သူမခန့်မှန်းထားပြီးဖြစ်သည်။
သို့သော် လင်းဖန်သည် ဤမျှ ငယ်လိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။
ခဏအကြာတွင် ဘုရင်မကြီး ရီဘိုက “မစ္စတာလင်း၊ မင်္ဂလာပါ” ဟုပြောလိုက်သည်။
လင်းဖန် က “ ဘုရင်မရီဘို၊ မင်္ဂလာပါ “ လို့ တုံ့ပြန်လိုက်သည်။
ဒီလိုပြောတဲ့အခါ ဘုရင်မကြီး ရီဘို အနားမှာ အမှတ်မထင်ရပ်နေတဲ့ ရွှေလီကို စိုက်ကြည့်ရင်းသူ့မှောက်အနည်းငယ် ကြုတ်လိုက်သည်။