← Chapters

သစ်ပင်မိစ္ဆာနဲ့တိုက်ခိုက်ခြင်း

Vol. 11 Ch. 151

သစ်ပင်မိစ္ဆာနဲ့တိုက်ခိုက်ခြင်း

Vol. 11 Ch. 151

ကျိုးယန်သည် သစ်ပင်မိစ္ဆာ၏ အသွင်ပြင်ကို ပြောပြလိုက်ချိန်တွင် ကျင်းရှောင်တယောက်အ တန်ကြာ ထိတ်လန့်နေခဲ့သည်။ ထိုအရာကို သူ ကောင်းကောင်းသိထားသည် မဟုတ်လား။ နှ လုံးမဲ့သစ်တောထဲတွင် နတ်သူငယ်များ အခြေ ချထားခြင်းမှ ပျောက်ကွယ်သွားရသည့် အကြေ ာင်းရင်းမှာ ထိုအရာကြောင့် ဖြစ်နိုင်သည်ဟု ဝိဉာဥ်မျိုးနွယ်စုမှ ယူဆထားခြင်းဖြစ်သည်။ ယ ခုထိုအရာကို ရင်ဆိုင်နေရလေပြီ။

“အစ်မတော်တို့ နောက်ဆုတ်လိုက်”

ကျိုးယန်က ကျိုးယင်ချင်းတို့ကို သစ်ပင်မိစ္ဆာ ၏ လက်တံများမှ လွတ်မြောက်စေရန် အနော က်သို့ ဆုတ်ခိုင်းလိုက်သည်။ သူမတို့သည်တိုက် ပွဲတွင် အသုံးမဝင်ချေ ပကတိရှင်သန်ခြင်းအဆ င့်မြင့်မှာရှိသည့် ကျင်းရှောင်၏ သက်တော်စော င့်သာ အနည်းငယ် အသုံးဝင်မှုရှိပေသည်။

ကျိုးယင်ချင်းသည် ကျိုးယန်၏ စကားကိုကြား သည်နှင့် ဝိဉာဥ်မျိုးနွယ်မှ လူများနှင့်အတူ နွယ် လက်တံများကို ပြင်းထန်စွာခုခံရင်း အနောက် ကို တဖြေးဖြေးဆုတ်ခွာနေသည်။ သူမသည်သူ မ၏ ကျင့်ကြံမှုကို နားလည်ထားသည်။ ထိုမျှ ကျင့်ကြံမှုဖြင့် ကျိုးယန်ကို ကူညီနိုင်မည်မဟုတ် ချေ။

ကျိုးယန်သည် လက်ထဲမှဓားဖြင့် သစ်ပင်မိစ္ဆာ ၏ လက်တံများကို အဆက်မပြတ်ခုတ်ပိုင်းနေ လိုက်သည်။ လက်တံများသည် မြေကြီးထဲမှ အ ဆက်မပြတ် ထွက်ပေါ်နေပြီး အသက်ရှိနေသည့် နှယ် လှုပ်ရှားနေသည်။ သစ်ပင်မိစ္ဆာ၏ နှလုံးပုံ စံသည်လည်း လျင်မြန်စွာခုန်လှုပ်နေပြီး အချိန် တခုအကြာတွင် ပို၍ ပြင်းထန်လာကာ ပတ်ဝန်း ကျင်တခုလုံး ကျယ်လောင်သည့် နှလုံးခုန်သံ များ ထွက်ပေါ်လာသည်။ ထိုနှလုံးခုန်သံကြောင့် အဖွဲ့သားများမှာ ရီဝေသွားပြီး အသိစိတ်လွတ် သွားသကဲ့သို့ ပတ်ဝန်းကျင်ကို ဟိုဒီလျှောက်၍ အများစုမှာ နှလုံးပုံစံရှိရာသို့ တစိုက်မက်မက် သွားနေကြသည်ကို တွေ့လိုက်ရသည်။

မကောင်းတော့ဘူး!!!!

ကျိုးယန်သည် ထိုအချင်းအရာကိုမြင်လျင် သ စ်ပင်မိစ္ဆာ၏ နှလုံးပုံစံအရာကို ဓားချက်များပစ် လွှတ် တိုက်ခိုက်လိုက်သည်။ အဓိက ကျသည့် အရာကို မရှင်းနိုင်သရွေ့ သူတို့ လွတ်မြောက်မ ည်မဟုတ်ပေ။ အဖွဲ့ထဲမှ လူများ တစတစအကျ အဆုံးရှိလာပြီး အလောင်းကောင်များအသွင် ပြောင်းလဲကာ သွေးများခြောက်ခမ်းသည်အထိ ခြောက်ခြားဖွယ် ပုံစံဖြင့် သေဆုံးနေကြရသည်။

ကျင်းရှောင်သည် လက်တံများကို ခုခံနေရင်း ဤခရီးစဥ်ကို လိုက်ပါမိသည့် အပေါ်နောင်တရ စပြုလာသည်။ သူက မည်သည့်အတွက် လိုက် ပါရန် ဆုံးဖြတ်ခဲ့မိသနည်း။ ကျိုးယင်ချင်းကို သူ မရနိုင်တော့သည်မှာ သေချာသည်။ ထိုသို့ ဆိုလျှင် ကျိုးယန်ကို အနီးကပ် လေ့လာရန်အ တွက်လား။ ရင်းနီးရမှုမှာ မတန်ချေ ယခုပင်အ သက်ဆုံးတော့မည် မဟုတ်လော။

ကျိုးယန်၏ ဓားချက်သည် နှလုံးပုံစံရှိသည့် အရာထံ တည့်မတ်စွာ ဝင်သွားသော်လည်း ထိ ခိုက်မှု မရှိချေ။ ဘာလဲဟ…သူကဘာနဲ့ခုခံလိုက် နိုင်တာလဲ။ ငါဘာမှ သတိမထားမိပါဘူး။ ကျိုး ယန်တယောက် မှင်သက်သွားရသည်။ သစ်ပင် မိစ္ဆာ၏ ကျင်ကြံမှုကို တွက်ဆရလျင် အဆင့်၄ အနိမ့်ဆုံးရှိနေကာ ထိုအရာ ပမထအသွင်ပြောင် ခြင်းထက်ပို အားကြီးနိုင်သည်။ သို့သော်ထိုအ ရာတခုတည်းဖြင့် ဓားချက်ကိုခုခံနိုင်ရန်မှာ မ သေချာပေ။

သက်တော်စောင့်သည် ကျိုးယန်အနားချဥ်းကပ် လာကာ သစ်ပင်မိစ္ဆာကို တိုက်ခိုက်လိုက်သည်။ သူ၏ ဓားသည် တဖက်သွားဓားကွေး ပုံစံရှိပြီး ဝိဉာဥ်မျိုးနွယ်စု၌ပင် ရှားပါးသည့် လက်နက်အ မျိုးအစားဖြစ်သည်။ ကျိုးယန်က ထိုသူကိုစူး စိုက်ကြည့်၍ ပြောလိုက်သည်။

“ဒီ သစ်ပင်မိစ္ဆာကို စွမ်းအားထောက်ပံ့နေတဲ့ အရာတခုရှိနေနိုင်တယ်”

သက်တော်စောင့်က ခေါင်းညိတ်လိုက်သည်။သူ သည်လည်း ထိုအရာကို မှန်းဆမိထားသည်။

“ဧကရာဇ် ကျတော်မျိုး အဲ့ဒီအထောက်အပံ့ကို ရှာဖွေလိုက်မယ် မိစ္ဆာကို အချိန်တခုကြာအောင် ဆွဲထားပေးနိုင်မလား”

“ကိစ္စမရှိဘူး”

ကျိုးယန်က သူ့ရဲ့ အပြင်းထန်ဆုံး အသူရာဓား ချက်များဖြင့် ခုတ်ပိုင်းလိုက်သည်။ တိုက်ပွဲသ ည် ပို၍ ပြင်းထန်လာသည်။ အဆုံး၌ ကျိုးယင် ချင်းတို့အဖွဲ့မှ တဝက်ကျော် ကျဆုံးကာ ကျန်သူ များသည်လည်း ဒဏ်ရာဗရပွဖြင့် ဆုတ်ခွာနိုင်ခဲ့ သည်။ ကျိုးယင်ချင်းသည် နှလုံးမဲ့ချောက်သို့ ဆက်သွားလိုပါက သစ်ပင်မိစ္ဆာကို ကျော်ဖြတ်ရ န်လိုအပ်မှန်း သိထားသည်။ သို့သော် နောက်ပြန် ဆုတ်၍ မရနိုင်ဘူးလား။ အင်အားထပ်မံဖြည့် တင်း၍ ပြန်လာနိုင်သည်။ ဒါပေမယ့် ကျိုးယန် ၏ တက်တက်ကြွကြွ တိုက်ခိုက်နေမှုကိုမြင် လျင် ကျိုးယန်၌ နောက်ပြန်ဆုတ်မည့် အစီစဥ် မရှိနိုင်ဟု သူမ တွက်ဆလိုက်သည်။ ထိုအရာက ဧကရာဇ်တပါး၏ မာနလား။ ပညာရှင်တဦး၏ မာနလား မသိတော့ပေ။ တဖက်တွင် ကျိုးယန် အတွက် စိတ်ပူနေမိသည်။ တချိန်တွင် သူမလ က်ထပ်ရမည့် သွေးသားမောင်ငယ်တဦးဖြစ်နေ သော်လည်း ထိုသူက ဧကရာဇ်တပါးဖြစ်ကာ ပ ညာရှင်တဦးလည်း ဖြစ်နေသေးသည်။ သူမ၏ စိုးရိမ်မှုက သင့်လျော်ပါရဲ့လား။

သစ်ပင်မိစ္ဆာ၏ လှုပ်ရှားမှုများက ကျိုးယန်ရှိ ရာသို့ စုပြုံလာသည်။ အဆုံး၌ ဤလူသားကို ကိုင်တွယ်ရန် လိုအပ်မည်ဟု တွေးလိုက်ပုံရပါ သည်။ တိုက်ခိုက်မှုအားလုံးကို ကျိုးယန်ကိုသာ ပုံချရန် ကြိုးစားတော့သည်။

သက်တော်စောင့်သည် တိုက်ပွဲမြေပြင်မှ ဆုတ် ခွါ၍ သစ်ပင်မိစ္ဆာ၏ နောက်ကျောဘက်ရှိနေရာ များကို စိတ်စွမ်းအင် ဖြန့်ကျက်ကာ လေ့လာနေ သည်။ မည်သည့် စွမ်းအင်က ထောက်ပံ့နေသန ည်း။ သူ့တွင် အချိန်မရှိပေ။ မဟုတ်ပါက ကျိုး ယန်သည် သစ်ပင်မိစ္ဆာ၏ လက်ထဲကျရောက် သွားပါက လူသားမျိုးနွယ်၏ ဒေါသသည် သူ တို့ထံရောက်လာနိုင်သည်။ အထူးသဖြင့် ကျိုး ယင်ချင်းဖြစ်သည်။

အတန်ကြာအောင် တိုက်ခိုက်နေသည်အထိ သ က်တော်စောင့်သည့် အထောက်အပံ့ကို မရှာနိုင် ခဲ့ချေ။ ကျိုးယန်ဘက်တွင်မူ သစ်ပင်မိစ္ဆာသည် အထိခိုက်များလာသကဲ့သို့ ကျိုးယန်လည်းအ ခြေနေမကောင်းပေ။ သွေးချင်းချင်းနီနေသည့် ကိုယ်ပေါ်တွင် နွယ်လက်တံများဖြတ်ပိုင်းထား သည့် ပြတ်ရှရာများမှာ အချိန်မီပြန်လည်ကုသ နိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။

ဟမ့် မင်းရဲ့အထောက်အပံ့က မင်းနောက်ကျော မှာထက် မင်းရဲ့အောက်မှာပဲ ဖြစ်မယ်။

ကျိုးယန်က သူ့အနေဖြင့် မြေပြင်ကိုဆက်လက် ထိုးဆွရန် လိုအပ်သည်ဟု တွေးလိုက်မိသည်နှင့် တပြိုင်နက် သက်တော်စောင့်ကို သူ့ရှိရာသို့ပြန် လည်ခေါ်ဆောင်လိုက်သည်။

“ဒီ နှလုံးပုံစံရဲ့အောက်တည့်တည့်ကို လာရှာလို က် နောက်ကျောမှာ မရှိနိုင်ဘူး”

အချိန်တော်ကြာ မရှာနိုင်၍ စိတ်ပျက်နေသည့် သက်တော်စောင့်သည် မျက်လုံးများအရောင် တောက်ပသွားကာ ကျိုးယန်ရှိရာသို့ ခုန်ဝင်လာ သည်။ ပြီးနောက် ကျိုးယန်ထံအာရုံများနေသ ည့် မိစ္ဆာ၏ သတိလက်လွတ်မှုကို အခွင့်ရေးယူ ကာ လက်တံများ၏ အောက်ဘက်ကို တူးဆွလို က်တော့သည်။

ဂါးးး

သားရဲဟိန်းသံကဲ့သို့ အသံတခုထွက်ပေါ်လာပြီး မြေပြင်မှ သွေးများ ရေပန်းကဲ့သို့ ပန်းထွက်လာ သည်။ ထိုသွေးများသည် အစိမ်းရင့်ရောင်ရှိပြီး ပုပ်အဲ့သည့် အနံ့ဆိုးထွက်ပေါ်နေသည်။ ချီးပဲ မသေခင်ကတောင် ပုပ်နေတယ်။

ကျိုးယန်သည် နှာခေါင်းကို ရှုံ့မဲ့လိုက်သည်။ ပြီ နောက် လက်ကျန်ခွန်အားများကို ထုတ်ဖော်၍ နှလုံးပုံစံရှိ အရာ၏ အလယ်တည့်တည့်သို့ ဓား ဖြင့်ထိုးသွင်းရန် ကြိုးစားလိုက်သည်။

ချွင်…

တစုံတခုက တားဆီးလိုက်သည်နှယ် ဓားကပြန် ကန်ထွက်လာသည်။ ကျိုးယန်၏ လက်တခုလုံး လည်း ထုံကျင်သွားကာ သက်တော်စောင့်မှာ တော့ မြေပြင်ကို ဆက်လက်တူးဆွနေဆဲ ဖြစ် သည်။

All Chapters