သစ်ပင်မိစ္ဆာရဲ့ အားနည်းချက်
Vol. 11 Ch. 152
ကျိုးယန်၏ ဓားချက်ကို ခုခံပြီးသည်နှင့် တဖ က်တွင် မိစ္ဆာကြီးသည် လက်တံအများစာကို ရု တ်သိမ်းကာ ခုခံကာကွယ်ရန် မူလနှလုံးပုံစံကို ဝိုင်းပတ်လိုက်သည်။ ဟမ့် ဒါလှည့်ကွက်ပဲ ငါမ သိဘူးထင်နေတာလား။ ကျိုးယန်သည် သစ်ပင် မိစ္ဆာ၏ လှည့်ကွက်ကို သိထားသည်။ထိုကောင် က သူ့ကိုယ်သူ ကာကွယ်နိုင်နေပါလျက် ခုလို လုပ်ပြခြင်းက တခြားအရာကို ဖုန်းကွယ်ရန်ကြို စားနေခြင်းမှာ သိသာနေသည်။
ကျိုးယင်ချင်းသည် မလှမ်းမကမ်းမှ တိုက်ပွဲကို ကြည့်နေရင်း သက်တော်စောင့်၏ လှုပ်ရှားမှုကို သတိပြုမိသွားသည်။ ထိုသူက ကျိုးယန်ကိုမ ကူညီပဲ မည်သည့်အရာများလုပ်နေသနည်း။သူ မ၏ မောင်ငယ်လေးကကော ထိုအဖြစ်အပျက် ကိုမသိ၍ လွှတ်ထားလေသလား။ သူမသည်အ နည်းငယ် စိတ်ပူသွားကာ ကျင်းရှောင်ဘက်သို့ တင်းမာစွာ လှည့်ကြည့်လိုက်သည်။ ကျင်းရှော င်သည် သူမ၏ အကြည့်ကို သတိထားမိသည် နှင့် အလန့်တကြား တုန့်ပြန်လာသည်။
“မင်းသမီး ဒါက ကျတော်တဲ့မဆိုင်ဘူးနော် အဲ့ လိုလုပ်ဖို့ မမှာထားဘူး”
ထိုစဥ် သက်တော်စောင့်က မြေပြင်ကိုတူးဆွ၍ ပြီးဆုံးသွားသည်။ အနည်းဆုံး မီတာ ၅၀ နီးပါး တူးဆွလိုက်ရကာ အဆုံးတွင် လှိုဏ်ခေါင်းပုံစံ ဝင်ပေါက်တခုကိုတွေ့လိုက်ရသည်။ သက်တော် စောင့်သည် ချက်ချင်းပင် ကျိုးယန်ရှိရာကို လှမ် ကြည့်လိုက်သည်။ ကျိုးယန်က ထိုအကြည့်ကို သတိပြုမိသည်နှင့် ချက်ချင်းပင် ထိုနေရာဆီခု န်ကူး သွားကာ သက်တော်စောင့်နှင့်အတူ လှိုဏ် ခေါင်းဝင်ပေါက်ထဲသို့ တိုးဝင်သွားတော့သည်။
ကျိုးယန်နညးလည်ထားသည်က ဒီတိုင်းဆက် တိုက်နေသရွေ့ အနိုင်ရဖို့မရှိချေ။ သက်တော် စောင့်၏ ရှာဖွေတွေ့ရှိမှုက မိစ္ဆာ၏ အားနည်းချ က်ဖြစ်နိုင်သည်။ သစ်ပင်မိစ္ဆာသည် ကျိုးယန် တယောက် ရုတ်တရက် ရှောင်ထွက်သွားမည်ဟု မထင်ထားချေ။ ချက်ချင်းပင် ဝိုင်းပတ်ထားသ ည့် လက်တံများကို အသုံးပြုကာကျိုးယန်ကို တားဆီးရန် ကြိုးစားလာသည်။ သို့သော် အချိန် မမီတော့ချေ။
ကျိုးယန်နှင့် သက်တော်စောင့်သည် လှိုဏ်ခေါင် ၏ အတွင်းသို့ ရောက်ရှိသွားလေသည်။ ချက် ချင်းပင် လှိုဏ်ခေါင်း၏ အကျယ်မှာမီတာရာဂ ဏန်းမျှ ရှိနေသည်ကို သတိပြုမိလိုက်သည်။အ ထဲတွင် လူအရိုးများ ပြန့်ကျဲနေပြီး သွေးစများ မှာလည်း ခြောက်ခမ်းနေသည်။ ထို့အပြင် အချို နေရာများ၌ လက်နက်အကြွင်းအကျန်အချို့ရှိ နေသည်ကို တွေ့လိုက်ရသည်။ ထိုလက်နက်မျိုး မည်သည့် ကျင့်ကြံသူများ သုံးစွဲမည်ကိုမသိနိုင် ချေ။ နတ်သူငယ်မျိုးနွယ်လား ဝိဉာဥ်မျိုးနွယ်စု လား ဒါမှမဟုတ် လေလွင့်လူသား ကျင့်ကြံသူ တွေလား။
လက်တံများသည် ကျိုးယန်တို့အနောက်မှ ဆ က်၍ လိုက်ပါလာသည်။ အနှီလူသားများမှာ သူ့ ရဲ့ လှိုဏ်ခေါင်းကို ရှာတွေ့သွားလိမ့်မည်ဟု မ ထင်ထားချေ။ ကျိုးယန်သည် လှိုဏ်ခေါင်းထဲ သို့ စိတ်စွမ်းအင်ဖြင့် ထောက်လှမ်းနေပြီး လှိုဏ် ခေါင်း၏ အဆုံးတွင် ကလပ်တခုရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုကလပ်ပေါ်တွင် အညို ဖျော့အရောင် အလုံးတခုရှိနေပြီး ထိုအလုံးမှအ လင်းရောင်များ ထွက်ပေါ်နေကာ ထိုမှတဆင့် လက်တံများဆီ တိုးဝင်နေပြီး စွမ်းအားထောက် ပံ့နေခြင်းဖြစ်မည်။ မည်သည့်အတွက်ကြောင့် ထိုလက်သီးဆုပ်အရွယ် အလုံးက ဤကဲ့သို့လုပ် ဆောင်နိုင်နေသနည်း။
သက်တော်စောင့်သည်လည်း ထိုအရာကိုသတိ ပြုမိသွားသည်။ တဆက်တည်း အလုံး၏ပတ် လည်တွင် အတားဆီတခုရှိနေသည်ကိုပါ သတိ ပြုမိလိုက်ကာ ထိုအရာကို သူ့ခွန်အားဖြင့်ချေ ဖျက်နိုင်မည်မဟုတ်ဟု ခံစားလိုက်ရသည်။ထို့ ကြောင့် ကျိုးယန်ဘက် လှည့်၍
“မင်းကြီး ကျတော်မျိုးလက်တံတွေကို တားဆီး ထားလိုက်ပါ့မယ်”
ကျိုးယန်က သက်တော်စောင့်၏ စိတ်ကူးကို သိသည်။ သူသည်လည်း အတားအဆီးကို သ တိပြူမိထား၍ ထိုအရာကို သူ့ခွန်အားဖြင့်ကိုင် တွယ်ရန် လိုအပ်မည်ဟု တွေးထားပြီးသားဖြစ် သည်။ ထို့ကြောင့် သက်တော်စောင့်၏ စကား ကို လက်ခံလိုက်သည်။
အပြင်ဘက်တွင် ကျိုးယင်ချင်းနှင့် ကျင်းရှောင် တို့သည် မတူညီသည့်အတွေးများဖြင့် စိုးရိမ် နေကြသည်။ ကျင်းရှောင်က သူ၏သက်တော် စောင့် ဆုံးရှုံးသွားပါက သူ၏အဆင့်တန်းသ ည်မျိုးနွယ်၌ ကျဆင်းသွားကာ အထူးသဖြင့် ကျင်းတချန်၏ ဖိနှိပ်မှုကို ခံရနိင်သည်။ထိုအတွ က် စိုးကိမ်နေခြင်းဖြစ်ကာ ကျိုးယင်ချင်းက တော့ ရှင်းပါသည် သူမက သူမ၏ခင်ပွန်းလော င်းဖြစ်သည့် ကျိုးယန်ကို စိုးရိမ်နေခြင်းဖြစ်ကာ ကျိုးယန်သာ တစုံတရာဖြစ်လာပါက အများ၏ အာရုံစူးစိုက်မှုအောက်တွင် ကျိုးပြည်ထောင်စု သည် ကြေမွသွားနိုင်သည်။ အသက်တသက်နှ င့် အသက်သန်းပေါင်းများစွာ ဆက်စပ်နေသည် မဟုတ်လား။
အပြင်ဘက်ပတ်ဝန်းကျင်တွင် လက်တံများတစ တစနည်းပါးသွားပြီး ထိုအရာအားလုံးက လှိုဏ် ခေါင်းထဲသို့ ဝင်သွားကြပုံရသည်။ သို့သော်ထိ ခိုက်ဒဏ်ရာများမှ ထွက်လာသည့် သွေးများမှာ ပြန့်ကျဲနေသေးပြီး သွေးညှီနံ့များ လူသေအ လောင်းများလည်း ရှိနေလေသည်။ ထိုအရာမျာ က ကျိုးယင်ချင်းကို မထိခိုက်စေပေ။ သူမသ ည် မိန်းမသားဖြစ်သော်လည်း အသက်များစွာ သတ်ခဲ့ဖူးသည်။ ရုပ်ပျက်ဆင်းပျက် လူသေအ လောင်းများစွာ မြင်ဖူးသောကြောင့် ထိတ်လန့် မှု လုံးဝ မရှိချေ။
အဖွဲ့မှ လူများသည် ဒဏ်ရာများကို အဆက်မ ပြတ်ကုသနေပြီး လိုအပ်ပါက လှိုဏ်ခေါင်းထဲ လိုက်ပါဝင်ရောက် ကူညီရန်ဖြစ်သည်။
အထဲတွင် ကျိုးယန်က အနည်းဆုံး မိစ္ဆာ၏အဓိ က အားနည်းချက်ဖြစ်သည့် စွမ်းအင်အထောက် အပံ့ကို တွေ့မြင်လိုက်ရ၍ စိတ်သက်သာရာရ သွားသည်။ သို့သော်လည်း ထိုအရာကို ဖြေရှင်း ရန် အချိန်အများကြီးမရပေ။ သက်တော်စောင့် သည် လက်တံများကို မည်မျှကြာအောင် ခုခံ နိုင်မလဲ သူမသိ၍ ဖြစ်သည်။ ထိုအတွက် ကျိုး ယန်သည် အလုံးရှိရာ ကလပ်အနားသို့ အလျင် အမြန် ချဥ်းကပ်သွားသည်။ မမြင်ရသည့်ဖိအား တခု ထုတ်လွှတ်နေပြီး သာမန်အထွဋ်အထိပ်အ ဆင့်များဆိုလျင် ဒူးထောက်ကျသွားနိုင်စေသ ည်အထိ ပြင်းထန်ပေသည်။ သို့သော် စနစ်၏ အထောက်ပံ့ဖြင့် ကျင့်ကြံလာသည့် ကျိုးယန် အတွက်ကမူ အခက်ခဲမရှိပေ။
အနည်းငယ် စိတ်ကသိကအောက်ဖြစ်စေသာ် လည်း ချဥ်းကပ်မှုကို မထိခိုက်နိုင်ပါ။ တဖြေး ဖြေး နီးကပ်သွားပြီး မီတာ ဆယ်ဂဏန်းအကွာ ရောက်လျင် ဖိအားမှာ ပျောက်ကွယ်သွားပြီးက လပ်ပေါ်ရှိ အလင်းလုံးသည် အလင်းရောင်များ ပိုမို တောက်ပစွာထုတ်လွှတ်လာသည်။ ထူးဆန် သည်က အလင်းရောင်များသည် အသိတရားရှိ နေသည့်နှယ် ကျိုးယန်ရှိရာ တိုးဝင်လာနေခြင်း ဖြစ်သည်။ သောက်ကျိုးနည်း ဒါက ဘာအထာ လဲဟ။ ကျိုးယန်တယောက် မှင်သက်သွားရသ ည်။ ထိုအလင်းရောင်များမှ အန္တရာယ်တစုံတရ ကိုမခံစားမိသော်လည်း စိုးရိမ်နေမိသေးသည်။
လက်တံများသည် လှိုဏ်ခေါင်းထဲ အတင်းတိုး ဝင်နေပုံရှိကာ သက်တော်စောင့်မှာတော့ ထိုလ က်တံများကို အသည်းအသန်ခုခံနေရသည်။မ ကြာမီတွင် သူ၏ ချီစွမ်းအားများကုန်ခမ်းသွား ရတော့မည်ကို သတိပြုမိလိုက်ပြီး ကျိုးယန်ကို လှည့်ကြည့်လိုက်ချိန်တွင် အလင်းလုံးရှိသည့်က လပ်အနားရောက်နေသည်ကို တွေ့မှ စိတ်သက် သာရာ ရသွားကာ လက်တံများကို ဒဏ်ရာအရ ခံ၍ ခုခံတော့သည်။ မည်သည့်အတွက်ကြောင့် မှန်း မသိပေမယ့် ကျိုးယန်သည် အလင်းလုံး၏ ပြဿနာကို ဖြေရှင်းနိုင် လိမ့်မည်ဟု ယုံကြည် နေသည်။
ကျိုးယန်သည် အလင်းရောင်များတိုးဝင်လာ သည်ကို အကူညီမဲ့စွာ လက်ခံလိုက်ရသည်။ ထို အလင်းရောင်များ တိုးဝင်လာခြင်းကို တားဆီး ရန် သူ့တွင်နည်းလမ်းမရှိပေ။
ဒင်!
သဘာဝသစ်သားသန္ဓေသားကို ရှာဖွေတွေ့ရှိသ ည့်အတွက် ဂုဏ်ယူပါသည်။ သန္ဓေသားမှ စနစ် ရှင်ကို ဆက်သွယ်နေခြင်းဖြစ်ပြီး သူနှင့်ပေါင်း စည်းလိုပါသလား။
မထင်မှတ်ထားစွာဖြင့် သစ်ပင်မိစ္ဆာ၏အားနည်း ချက်ဖြစ်သည့် စွမ်းအင်အထောက်ပံ့က သစ်သ န္ဓေသား ဖြစ်နေလေသည်။ ကျိုးယန်တယောက် စနစ်၏ ပြောကြားချက်ကို ကြားလျင် အချိန်တ ခုကြာ မှင်သက်ဆွံ့အနေသည်။ ဒါက ဘယ်လို ကံတရားလဲ မီးသန္ဓေသားရှိထားသည့် သူက နောက်ထပ် ဓာတ်ဒြပ်စင်တခုရဲ့ သန္ဓေသားကို ရနိုင်မည်လား။ ထိုသန္ဓေသားက မည်သည့်အ ရာတွက် ပေါင်းစည်းလိုနေသနည်း။
အလင်းရောင်များကို အဆုံးစွန်ထိ လက်ခံလိုက် သည်။ ထိုစဥ် သေးငယ်စူးရှသည့် အသံလေးတ ခု ထွက်ပေါ်လာပြီး အသံက ၇ နှစ် ၈ နှစ်အရွယ် ကလေးမလေး၏ အသံဖြစ်သည်။ သူမ၏စ ကားသံကို ကျိုးယန်နားမလည်ပေ။ သို့သော် အသံထဲတွင် အသနားခံသည့် အရိပ်ယောင်ကို ခံစားမိ၍ အန္တရာယ်မရှိနိုင်ဟု တွက်ဆလိုက်ကာ ကျိုးယန်က စနစ်ကို ပြောလိုက်သည်။
“စနစ် သူဘာပြောလဲငါနားမလည်ဘူး ဒါပေမဲ့ ငါ့အတွက် အန္တရာယ်မရှိဘူးဆိုရင် ပေါင်းစည်း တာကို လက်ခံမယ် မြန်မြန်တော့လုပ်ပါသက် တော်စောင့်က တောင့်မခံနိုငိတော့ဘူး”
စနစ်မှ
“မစိုးရိမ်ပါနဲ့ သူက ပြင်ပကိုထွက်ချင်နေတာဖြ စ်ပြီး သစ်ပင်မိစ္ဆာက သူမကို ဖိနှိပ်ထားတယ် လို့ ပြောနေတာပါ အခုပဲ ပေါင်းစည်းပေးလိုက် ပါ့မယ်”
ကျိုးယန်သည် ချက်ချင်းပင် တင်ပျဥ်ခွေထိုင် လျလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေသည့် အလင်းရောင်များကို စုစည်းလိုက်သည်။ စနစ် မှ ကူညီမည်ဖြစ်၍ အခြားလုပ်စရာမရှိချေ။သ က်တော်စောင့်သာ တောင့်ခံနိုင်ရန်လိုသည်။ထို စဥ်
အားးး သက်တော်စောင့်သည့် နွယ်လက်တံများ ၏ရစ်ပတ်မှုကို ခံလိုက်ရသည်။ ပြီးနောက် သူ ၏ ခန္ဓာကိုယ်မှာ တစတစအားနည်းလာသလိုဖြ စ်ပြီး ကျိုးယန်သည် ထိုအရာအတွက် သူလည်း ကူညီရန်မဖြစ်နိုင်ဟု တွေးမိ၍ စိတိထိခိုက်သွား ရသည်။ ပေါင်းစည်းနေချိန်တွင် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
“စနစ် မြန်မြန်လုပ်ပါ”
ကျိုးယန်က စနစ်ကို ဖိအားပေးလိုက်သည်။မ ဟုတ်လျင် သက်တော်စောင့်သေဆုံးသွားရမည် ဖြစ်ကာ သူ့အပြစ်မကင်းနိုင်ချေ။
“၅မိနစ်လောက်စောင့်ပါ”
စနစ်၏ အသံကို ကြားလျင် ကျိုးယန်သည် စိ တ်လှုပ်ရှားစွာဖြင့် ရှိနေပြီး တိုးဝင်နေသည့်အ လင်းရောင်များပင် လှုပ်ခါသွားရသည်။
“စနစ်ရှင် စိတ်အေးအေးထား ပြီးတော့မယ်”
စနစ်မှ ကျိုးယန်ကို သတိပေးလာသည်။ကျိုး ယန်သာ ပေါင်းစည်းမှု ကျဆုံးပါက သေခြင်းတ ရားကို နစ်ဦးစလုံး ကြုံရတော့မည်ဖြစ်သည်။ ထို စဥ် သက်တော်စောင့်ကတော့ သေလုနီးပါး ဖြစ်နေပြီး အဆုံးတွင် သူသည် ကျိုးယန်တ ယောက် အလင်းလုံးနှင့် အပြီးထိပေါင်းစည်းနိုင် ရန်ကိုသာ အာရုံထားလိုက်တော့သည်။ သူက သေလူဖြစ်သွားလေပြီ။ ထို့ကြောင့် လက်ရှိခုခံ မှုများကို ထုတ်လွှတ်လိုက်သည်။ ဖြူဖျော့နေသ ည့် ခန္ဓာကိုယ်က သွေးရောင်ပြန်လွှမ်းလာသည် ထိုအရာသည် ကျင့်ကြံသူ၏ အဆီနှစ်လောင် ကျွမ်းခံလိုက်ခြင်းနှင့် တူညီသည်။ နောင်တွင် သက်တော်စောင့်သည် အင်မော်တယ်အဆင့်သို့ တက်လှမ်းရန် မဖြစ်နိုင်တော့ပေ။