သစ်သားသန္ဓေသား၏စွမ်းအား
Vol. 11 Ch. 153
ကျိုးယန်သည် သက်တော်စောင့်၏ ရုန်းကန်မှု ကို သတိပြုမိလိုက်သည်။ ထိုအတွက်စိတ်ထဲ လေးစားသွားရသည်။ ထိုသူသာ အသက်မသေ ခဲ့ပါက ထိုက်တန်သည့် ဆုလာဘ်များပေးရမည် ဟု တွေးလိုက်သည်။
တဖက်တွင်တော့ သက်တော်စောင့်သည် သူ၏ ကံကြမ္မာကို လက်ခံလိုက်ပြီး ဖြစ်သည်။ ထိုအ တွက် စိတ်ကိုလျှော့ချကာ ငြိမ်သက်သွားသည်။ ထိုစဥ် ကြီးမားသည့် ဓားအလင်းတခုက ဖြတ် သန်းသွားကာ လက်တံများကို ပိုင်းဖြတ်သွားသ ည်။ ကလပ်ပေါ်တွင် မူလရှိနေသည့် အလင်းလုံး ကို သက်တော်စောင့် မတွေ့သော်ချေ။ သူမသိ သည်က အလင်းလုံးသည် အလင်းရောင်များအ သွင်ဖြင့် ကျိုးယန်၏ ဒန်တျန်ထဲသို့ စီးဝင်ကာ ပေါင်းစပ်သွားခြင်းဖြစ်သည်။
သစ်ပင်မိစ္ဆာသည် သူ၏စွမ်းအင်အထောက်ပံ့ ပြတ်တောက်သွားသည်ကို သတိပြုမိလိုက်သ ည်။ ထိုအတွက် ထိတ်လန့်သွားကာ ပြန်လည် ကောင်းမွန်စေသည့် သစ်သားစွမ်းအင်သာမရှိ ပါက ထိုလူသား၏ ဓားချက်များကို မည်ကဲ့သို့ ခုခံရမည်နည်း။ သေလမ်းရှာခြင်းနဲ့မကွာလှပေ။ ထို့ကြောင့် သက်တော်စောင့်ကို ရစ်ပတ်ထားခြ င်းမှ လွှတ်ချလိုက်ကာ လှိုဏ်ခေါင်းအပြင်သို့ ထွက်ခွာရန် ကြိုးစားတော့သည်။
ကျိုးယန်၏ ဓားချက်မှ ထိခိုက်မှာတွင် အသူရာ နည်းစနစ်များ ပါရှိထားပြီး အသူရာနည်းစနစ် သည် သေခြင်းစွမ်းအားကဲ့သို့ပင် ကြောက်စရာ ကောင်းသည်။ နိယာမတခုကဲ့သို့ မတည်ရှိသော် လည်း အသူရာနှင့်သက်ဆိုင်သည့် ကျင့်စဥ်များ မှာ ရှားပါးပြီး ထိုအရာကို ကျင့်ကြဲနိုင်သူမှာလဲ အရေအတွက်နည်းပါးသည် မဟုတ်လား။
ကျိုးယန်သည် သစ်ပင်မိစ္ဆာ၏ ရည်ရွယ်ချက် ကို သတိပြုမိလိုက်သည်။ အပြင်သာထွက်ခွာရ န်ခွင့်ပြု လိုက်ပါက ပြင်ပတွင်ဒဏ်ရာကုသနေ သည့် ကျိုးယင်ချင်းတို့ကို ထိခိုက်စေလိမ့်မည် ဟု သူတွေးမိသည်။ သစ်ပင်မိစ္ဆာသည် သူမတို့ ကို ရှုံးမဲ မဲသွားနိုင်သည်။ထိုအတွက် ကျိုးယန် သည် သစ်ပင်မိစ္ဆာထဲသို့ ဓားချက်များထပ်မံပစ် လွှတ်ကာ သက်တော်စောင့်၏ အနားသို့ချဥ်းက ပ်သွားပြီး ပေါင်းစည်းထားသည့် သစ်သန္ဓေသာ ၏ ပြန်လည်ကုသနိုင်စွမ်းအချို့ ထည့်သွင်းပေး လိုက်သည်။ ပြီးနောက် သစ်ပင်မိစ္ဆာကိုလည်း အလွတ်မပေးပဲ တိုက်ခိုက်တော့သည်။
လက်တံများက ပြတ်တောက်ကုန်သည်။အစိမ်း ရောင်သွေးပုပ်များ ပြန့်ကြဲသွားပြီး သစ်ပင်မိစ္ဆာ မှာအတော်ပင်အထိ နာလျက်ရှိသည်။ ဆုတ်ခွာ ရန်ကြိုးစားသော်လည်း ကျိုးယန်က လိုက်ပါ၍ အဆက်မပြတ် တိုက်ခိုက်နေသည်။
ဂရူး ဝေါ ဝရော!!!
လက်တံများ ပိုမိုများပြားစွာ ထွက်ပေါ်လာသည် ထိုအရာမှ သက်တော်စောင့်၏ အဆုံးသတ်ရုန်း ကန်မှုကဲ့သို့ပင် ဖြစ်သည်။ သစ်ပင်မိစ္ဆာသည် သူ၏ စွမ်းအားအကုန်ထုတ်၍ ရင်ဆိုင်ရန်ဆုံး ဖြတ်လိုက်ပုံရသည်။ ကျိုးယန်ရှိရာသို့ လက်တံ များ တိုးဝင်လာပြီး နှလုံးပုံစံ၏ ခုန်လှုပ်မှုကမြေ ပြင်ကိုပါ တုန်ခါသွားစေသည်။
ဒုန်း ဒုန်း ဒုန်း
ဘာတွေဖြစ်နေတာလဲ။ ငလျင်လှုပ်တာလား။ မဟုတ်သေးပါဘူး။ ကြောက်ဖို့ကောင်းလိုက်တဲ့ နှလုံးခုန်သံပဲ သစ်ပင်မိစ္ဆာဆီက ဖြစ်မယ်။ ကျိုး ယင်ချင်းသည် ထိုအချင်းအရာကို သတိပြုမိသ ည်နှင့် စိတ်ဓာတ်ကျသွားရကာ ကျိုးယန်၏အ နေထားမှာ ကောင်းမွန်မည် မဟုတ်ဟုတွေးလို က်မိသည်။ လှိုဏ်ခေါင်ထဲတွင် အဆုံးသတ်နေ ပြီလား။ သူမသည် ကိုယ့်ကိုကိုယ်သာ အပြစ် တင်မိသည်။ ကျိုးယန်ကို မည်သည့်အတွက်နဲ့ နှလုံးမဲ့ ချောက်နက်အကြောင်းအား ပြောဆိုမိ ရသနည်း။
ဝုန်း…
ကြီးမားသည့် စွမ်းအင်များပေါက်ကွဲထွက်လာ ပြီး ထိုအထဲမှ လူနှစ်ဦးသည် လွင့်ပျံထွက်လာ ကာ တဦးမှာ သေလူကဲ့သို့ လဲလျောင်းနေပြီး တ ဦးမှာတော့ သွေးများနီရဲနေသည့် ဒဏ်ရာအပြ ည့်ဖြစ်သော်လည်း အသက်မသေသေးချေ။ထို အရာများနဲ့အတူ ပြတ်ထွက်သွားသည့် လက်တံ များ မီတာ ၁၀၀ အနည်းဆုံးပတ်ပတ်လည်ကို အစိတ်ပိုင်းများစွာအဖြစ် ပြန့်ကြဲသွားသည်။
အဆုံးတွင်တော့ နှလုံးခုန်သံကြီး ပျောက်ကွယ် သွားသည်။ ကျိုးယင်ချင်းသည် လွင့်ထွက်လာ သည့် လူနှစ်ဦးကို ကြည့်လိုက်ချိန်တွင် နှလုံးရ ပ်မတန့်ခံစားလိုက်ရသည်။ ထိုနှစ်ဦးမှာ ကျိုးယ န်နှင့် သက်တော်စောင့်တို့ ဖြစ်သည်။ ကျင်းရှော င်သည် သက်တော်စောင့်ကို ပြေးပွေ့လိုက်သည် ကျိုးယန်၏ သစ်သားစွမ်းရည်ကြောင့် ပြန်လ ည်ကုသရေးလုပ်ငန်းစဥ်များ အသက်ဝင်နေသ ည်မှာ မှန်သော်လည်း လုပ်ငန်းစဥ်ထဲတွင် အသ က်မရှိသကဲ့သို့ လဲလျောင်းနေရသည်။ တဖက် တွင်တော့ ကျိုးယင်ချင်းသည် ကျိုးယန်ကိုသူ မ၏ ပေါင်ပေါ်တွင် လဲလျောင်းစေသည်။ ကျိုး ယန်သည် ထိခိုက်မှု ကြောင့် သွေးချင်းချင်းရဲ နေသော်လည်း အရမ်းပြင်းထန်သည်တော့ မဟု တ်ပေ။
သူ၏ ဒန်တျန်ထဲရှိ သစ်သန္ဓေသားက ကျိုးယန် ကိုစွမ်းရည်အပြည့်ဖြင့် ကုသပေးနေသည်။ထို အတွက် ကျိုးယန်ပြန်လည်သက်သာဖို့က နာရီ အနည်းငယ် အနားယူရန်သာလိုသည်။
“သက်တော်စောင့် အဆင်ပြေရဲ့လားအစ်မ”
ကျိုးယန်က ဖျော့တော့စွာဖြင့် သက်တော်စောင့် ၏ အခြေနေကို မေးလိုက်သည်။ ကျိုးယင်ချင်း သည် ဦးခေါင်းကို ညိတ်လျက်..
“မလှုပ်ရှားနိုင်သေးဘူးဆိုပေမယ့် ထူးဆန်းတဲ့ စွမ်းအားတခုက သူ့ကို ကုသနေပုံရတယ် သူအ ဆင်ပြေသွားမှာပါ မောင်တော်ကော အဆင်ပြေ ရဲ့လား”
ကျိုးယန်က ကျိုးယင်ချင်း၏ စိတ်ပူပန်မှာကို ခံစားမိသည်။ ထို့အပြင် တဖြေးဖြေးတည်ငြိမ် လာသည့် ဒဏ်ရာများကို သတိပြာမိသည့်အခါ တွင်လည်း သစ်သန္ဓေသား၏ စွမ်းအားကိုမှင် သက်မိနေရသေးသည်။ ထိုစွမ်းအားကြောင့်ပင် သစ်ပင်မိစ္ဆာက မြေပြင်ပေါ်၌ ရှိတုန်းက ကျိုး ယန်ကို ခုခံနိုင်နေခြင်းဖြစ်သည်။
နာရီအနည်းငယ် ကြာသည်အထိ ကျိုးယင်ချင်း ၏ ပေါင်ပေါ်တွင် အနားယူနေသည်။ ထိုအပြု အမူသည် ကျင့်ကြံရေးလောက ကဲ့သို့ ရှေးရိုးစွဲ သူများအတွက် ချစ်သူလင်မယားများသာ ပြု လုပ်ရန်သင့်လျော်ပြီး ကျိုးယန်အတွက်ကမူ သူ ငယ်ချင်းမိတ်ဆွေများကြားလည်း ပြုမူတတ်သ ည်ဟု ယူဆကာ အလေးအနက်မထားပေ။
ကျိုးယန်သည် သူမ၏ပေါင်ပေါ်တွင် ငြိမ်သက် စွာ လဲလျောင်းနေသည်ကို ကြည့်ရင်း ကျိုးယင် ချင်းက ကျိုးယန်တယောက် သူမကို အမှန်တ ကယ် လက်ခံထားပုံရှိသည်ဟု တွေးလိုက်မိသ ည်။ မူလက သွေးသားနီးစပ်၍ လက်ထပ်ရန် မ သင့်လျော်ဟု ခံစားခဲ့ရသော်လည်း ကျိုးယန်ကဲ့ သို့ လူမျိုးကို မည်သည့်မိန်းမမျိုးက ငြင်းဆန် နိုင်မည်နည်း။ သူမလည်း အပါအဝင်ဖြစ်သည်။
ကျိုးယန်၏ စိတ်ထားနှင့် ခွန်အားတို့သည် ဧက ရာဇ်ရာထူးမပါရင်တောင် မိန်းမများကိုဆွဲဆော င်ရန် လိုအပ်သည်ထက် ပိုပါသည်။ သူမ၏ မ ငြင်းပယ်နိုင်ခြင်းက ရှက်စရာမဟုတ်ပေ။ ကျိုး ယင်ချင်းက သူမ၏ လက်ဖြင့် ကျိုးယန်၏ပါး ကိုပွတ်သပ် လိုက်သည်။ ဖြူဖျောနေသည့် မျ က်နှာသည် သွေးကောင်လွှမ်းစပြုနေပြီး ပြန်လ ည်သက်သာနေပြီ ဖြစ်သည်။
“အစ်မတော် ဒဏ်ရာသက်သာရဲ့လား”
ကျိုးယန်က မေးလိုက်သည်။ သူ၏ ဒဏ်ရာထ က်သူကို ပိုစိုးရိမ်နေသည်ကို တွေ့လျင် ကျိုးယ င်ချင်းက ပြုံး၍
“အတော်လေးသက်သာနေပါပြီ မောင်တော်အ နားယူပါ အားလုံးသက်သာမှ ရှေ့ဆက်ဖို့စဥ်းစာ ကြတာပေါ့”
ကျိုးယန်က သက်ပြင်းချလိုက်သည်။ပြီးနောက်
“နှလုံးမဲ့ ချောက်နက်ကိစ္စပြီးရင် မဂ်လာပွဲကိစ္စ စီစဥ်ရအောင် အစ်မတော်ဘယ်လိုသဘောရလဲ အစ်မတော်ဆန္ဒရှိတာ ပြောပါ”
ကျိုးယင်ချင်း၏ မျက်နှာလေး ရဲသွားသည်။ဒီ အချိန်ကြီးမှာမှ မဂ်လာကိစ္စပြောရသလား။ သူ မသည် တုန်ယင်စွာဖြင့်
“မောင်တော်ပဲ သင့်လျော်ရာစီစဥ်လိုက်ပါ”
ထိုသို့ဖြင့် နာရီများစွာ ကုန်ဆုံးသွားခဲ့သည်။ ကျင်းရှောင်သည် ကျိုးယင်ချင်းတို့ နှစ်ဦးသား ကြည်နူးနေသည်ကို ကြည့်ရင်း မနာလိုသလိုခံ စားရသော်လည်း သူသည် ကျိုးယန်ကိုအဘက် ဘက်မှ မယှဥ်နိုင်ပေ။ ထိုအတွက် လက်ခံရန် သာတတ်နိုင်သည်။ ကျိုးယင်ချင်းအတွက် မိဖု ရားခေါင်သည် မူလစိတ်ကူးကိုမမီသော်လည်း မကွာခြားလှပါ။ သတင်းများအရ ကျိုးယန်သ ည် ဧကရာဇ်တပါး၏ နေထိုင်မှုကို ဆွဲကိုင်ထား သူမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်ပြီး နန်းတွင်းအာဏာသည် ကျိုးယင်ချင်းလက်တွင် သာရှိမည် ဖြစ်သည်။ ထိုအတွက် နောက်ခံဖြစ် သည့် ဝိဉာဥ်မျိုးနွယ်လည်း မြင့်တက်လာရပေ မည်။