သစ်သန္ဓေသားကိုလေ့လာခြင်း
Vol. 11 Ch. 154
ကျိုးယန်တို့အဖွဲ့သည် ထိုနေရာတွင်ပင် ရက်အ နည်းငယ် အနားယူရန် ဆုံးဖြတ်လိုက်ကြရသည် သက်တော်စောင့်၏ ထိခိုက်မှုကြောင့်သာမက အခြားအဖွဲ့ဝင်များ၏ ဒဏ်ရာများ သုံးပုံနှစ်ပုံ ခန့် သက်သာမှသာ ရှေ့ဆက်မည်ဖြစ်သည်။ထို့ အပြင် သစ်ပင်မိစ္ဆာမရှိတော့၍ နှလုံးမဲ့တောအု ပ်၌ ကျိုးယန်တို့ကို အန္တရာယ်ပေးနိုင်သည့် အ ရာမှာ အလွန်နည်းပါးသွားမည် ဖြစ်သည်။
ထိုအတွက် အနားယူရန်ကိစ္စမှာ ဘေးကင်းပါသ ည်။ ကျိုးယင်ချင်းသည် ကျိုးယန်အနားယူရန် အတွက် သူမကိုယ်တိုင်ပင် ရွက်ဖျင်တဲကိုကျိုး ယန်ဆီမှ တောင်းယူကာ တဲထိုးပေးပြီး လိုအပ် သည်များကို ပြင်ဆင်ပေးသည်။ ကျိုးယန်က တားမြစ်သော်လည်း လက်မခံပေ။ နောင်တွင် လည်း သူမသည် ကျိုးယန်ကို ပြုစုပေးရမည် ဖြစ်သည်။ ယခုကတည်းက အလေ့အကျင့်ဖြစ် ရန်လိုသည်။
မိဖုရားခေါင်သည် မည်သို့ပင်ဆိုစေကာမူ ဧက ရာဇ်တပါး၏ အစေခံသာဖြစ်သည်။ ကျိုးယန် နှင့်သူမကြား ခံစားချက်အရ အားနည်းသော်လဲ သွေးသားဟူသည့် အရာရှိထားပြီးဖြစ်သည့်အ ပြင် သူမသည်လည်း ကျိုးယန်အပေါ် အမြင် ကောင်းရှိထားသည်။ ကျိုးယန်ကို လက်မခံနိုင် စရာ အကြောင်းမရှိပေ။
ကျိုးယန်သည် သူမ၏ ပြင်ဆင်မှုဖြင့် အနားယူ ရန် ရွက်ဖျင်တဲသို့ ဝင်လိုက်သည်။ သူ့တွင် သစ် သန္ဓေသားကို လေ့လာရန် အချိန်အနည်းငယ် ရ ပေသည်။ ထိုအရာက သစ်သားနိယာမကို ပေး စွမ်းမည်ဖြစ်ပြီး ပြန်လည်ကုသနိုင်စွမ်းရည်သ ည် ကျင့်ကြံသူများအတွက် အလွန်အရေးပါသ ည်။ ထိုအတွက် နားလည်ရန် အချိန်ပေးရပေမ ည်။
ကြမ်းပြင်တွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး သူ့ရဲ့ ဒန်တျန်ထဲရှိ သစ်သန္ဓေသားပေါက်စလေးကို ကြည့်လိုက်သည်။ ကျိုးယန်၏ ဒန်တျန်သည် အလုံးတခုကဲ့သို့ ပုံစံဖြစ်နေပြီး အထဲတွင် မီးသ န္ဓေသားငယ်သည် အသစ်ရောက်လာသည့် သစ် သန္ဓေသားငယ်ကို စူးစိုက်၍ ကြည့်နေသည်။ ဓာတ်သဘောအရ မီးသည် သစ်သားကို အနိုင် ယူတတ်သည်။ ထိုအတွက် မီးသန္ဓေသားက တခုခု ဆိုးဆိုးရွားရွားလုပ်လိုက်မည်ကို ကျိုးယ န်စိုးရိမ်နေလေသည်။
ကံကောင်းသည်က သန္ဓေသားနှစ်ခုစလုံးသည် အသိဉာဏ်ရှိသော်လည်း မမြင့်မားကြသေးပေ ထိုအတွက် ကျိုးယန်အနေဖြင့် ထိန်းချုပ်ရန်လွ ယ်ကူသည်။ သူ့အနေဖြင့် မီးသန္ဓေသားကို မီးနိ ယာမအတွက် ပခမအဆင့်သာ နားလည်ခဲ့သော် လည်း ထိုအဆင့်ကပဲ ကျိုးယန်ကို အဆင့်တူ များကြားတွင် နဂါးတကောင် ဖြစ်နေစေသည်။ နောက်ထပ်အဆင့်များ ကျွမ်းကျင်သွားပါက မ ည်မျှခွန်အားကြီးလာမည်နည်း။ သစ်သားနိယာ မသည်လည်း ထိုအတူပင်။
သစ်သား၏ ပြန်လည်ကုသနိုင်စွမ်းအပြင် ဆေး ပင်များ အခြားဆေးဖက်ဝင်အရာများအပေါ် လွှမ်းမိုးနိုင်ပြီး စိုက်ရန်ခက်ခဲသည့် အရာများကို သစ်သန္ဓေသား အကူညီဖြင့် အောင်မြင်နိုင်သေး သည်။ မည်သူက ကျိုးယန်ကဲ့သို့ ပင်မသန္ဓေ သားတခုထက်ပို ရှိနိုင်မည်နည်း။ တခုရှိလျင်ပင် ကံကောင်းလွန်းနေပြီ ဖြစ်သည်မဟုတ်လား။ထို အကြောင်းအရာများကိုတော့ ကျိုးယန်မသိချေ သူနားလည်သည်က သစ်သားနိယာမကို အဆုံး စွန်ထိ ဆင်ခြင်ရန်ဖြစ်ပြီး အဆင့်တိုင်း၌ တိုး လာမည့် စွမ်းရည်ကို မျှော်လင့်နေသည်။
ကျိုးယန်က သစ်သန္ဓေသားဖြစ်သည့် အညို ရောင်အလုံးလေးကို ခေါ်ထုတ်လိုက်သည်။ ထို အရာလေးသည် ကျိုးယန်၏ မျက်နှာရှေ့တွင် ပျံဝဲနေပြီး သေချာကြည့်ပါက အလုံး၏အထဲ တွင် ကလေးငယ်လေး၏ မျက်နှာကိုတွေ့မြင် နိုင်ပါသည်။ ထိုအရာက မီးတောက်လေးကဲ့သို့ ဆင့်ကဲ ပြောင်းလဲနိုင်စွမ်းရှိပြီး မကြာမီလူသား တဦးပုံစံ ရရှိသွားနိုင်သည်။ ကျင့်ကြံရေးလော က၏ အံ့ဖွယ်များကို ကျိုးယန်လိုက်မမီတော့ ပေ။ ယခုအနေထားတွင် ကျိုးယန်၏ ခန္ဓာကိုယ် က အပူချိန်အများစုကို လက်ခံနိုင်ပြီး သစ်သ န္ဓေသား ပေါင်းစည်းမှုကြောင့် ပထမအဆင့်အစ တွင်သာရှိသော်လည်း ကုသနိုင်စွမ်းမှာ လက်ဖျ ားခါစရာပင်။
ကျိုးယန်နဲ့သစ်သန္ဓေသားတို့ ချိတ်ဆက်သွား သည်။ ပြီးနောက် သစ်သားဓာတ်၏ သဘော တရားများ စတင်ပေါ်ပေါက်လာပြီ ကျိုးယန်သ ည် မှိန်းမောသွားသကဲ့သို့ ဖြစ်သွားသည်။ ပြင်ပ အကြောင်းအရာများကို မသိတော့ချေ။
ထိုအချိန်တွင် နှလုံးမဲ့သစ်တော၏ တနေရာ၌ လူတစုရှိနေပြီး သူတို့၏ အသွင်ပြင်မှာ အနည်း ငယ်ချွန်သည့် နားရွက်များ ဖြူဖျော့သည့်အသာ အရေး ရုပ်ရည်သွင်ပြင်မှာလည်း လူသားများ ထက်ချောမော့သည့် ပုံစံရှိကြသည်။
“တိုက်ပွဲအခြေနေ ဘယ်လိုရှိလဲ”
ထိုလူအုပ်ထဲမှ အသက်လတ်ပိုင်းလူတဦးက မေးလိုက်သည်။ ထိုသူမှာ တောင့်တင်းသည့်ကို ယ်ဟန်တွင်မှာမှ တည်ကြည်ခန့်ညားတဲ့မျက်နှာ ရှိကာ ပြင်းထန်သည့် အရှိန်အဝါတချို့ ထုတ်လွှ တ်နေသေးသည်။
“လူသားကျင့်ကြံသူတွေ အနိုင်ရသွားပါတယ် ဒါပေမယ့် သစ်သန္ဓေသားရဲ့ ပုံစံကိုခုထိမတွေ့ မြင်သေးပါဘူး”
လူတဦး၏ အဖြေကိုကြားလျင် သက်လတ်ပိုင်း လူက မျက်မှောက်ကြုတ်၍
“သစ်ပင်မိစ္ဆာကို သတ်ပြီးရင် အထောက်ပံ့ဖြစ် တဲ့ သစ်သန္ဓေသားကို ရမှာပဲ သေချာတာက တို က်ပွဲဆင်နွဲခဲ့တဲ့ လူသားကျင့်ကြံသူက ပေါင်းစ ည်းလိုက်တာပဲ ဖြစ်ရမယ်”
“သစ်သန္ဓေသားက ပေါင်းစည်းဖို့ခက်တယ်မဟု တ်လား အရှင်”
“ခက်တာပေါ့ ဒါကြောင့်လည်း ဘိုးဘေးတွေက သစ်သန္ဓေသားကို အသည်းအသန်လိုချင်နေခဲ့ တာ သူ့ရဲ့ ပြန်လည်ကုသနိုင်စွမ်းက ငါတို့ရဲ့နတ် သူငယ် မျိုးနွယ်တွေ မျိုးဆက်ပြန့်ပွားရေးကို ထိထိရောက်ရောက် ကူညီပေးနိုင်တယ် မင်းလဲ အသိပဲ မဟုတ်လား ငါတို့ မျိုးနွယ်ရဲ့ အရည်အ တွက်က ကျဆင်းလာပြီ ငါတို့က သစ်ပင်မိစ္ဆကို မယှဥ်နိုင်လို့ နှလုံးမဲ့သစ်တောထဲ ပုန်းခိုနေရတာ နှစ်ပေါင်းဘယ်လောက်တောင် ရှိနေပြီလဲ”
သက်လတ်ပိုင်းလူမှ စိတ်မသက်သာစွာပြောလို က်သည်။ သူသည် နတ်သူငယ်မျိုးနွယ်၏လက် ရှိ ဘုရင်ဖြစ်ပြီး သူ့တွင် သမီးတော်၂ပါး ရှိကာ သမီးတော်များသည် မျိုးဆက်ပြန့်ပွားရေးကို အသာထား မျိုးနွယ်စုမှ ရှားပါးသည့် ယောက်ျာ သားများကိုပင် သဘောမကျချေ။ ထိုအတွက် သမီးများကို ပေးစားရန် အခက်တွေ့နေခဲ့ရပြီး သူကိုယ်တိုင်ကလည်း မည်မျှပင်ကြိုးစားနေ စေကာမူ နောက်ထပ်မျိုးဆက်များ ထပ်မရနိုင် တော့ပေ။ သူ့မိဖုရားများတွင် ပြဿနာရှိနေသ ည်လား။ သေချာပေါက်မဟုတ်ပါ။ မျိုးနွယ်စု ၏ ကျိန်စာဖြစ်နေမှာကို စိုးရိမ်နေခဲ့သည်။ဘိုး ဘေးများ၏ မှတ်တမ်းအရဆိုလျှင် သစ်သန္ဓေ သားပေါ်လာချိန်၌ လောက၏ အပြောင်းအလဲ များ စတင်မည်ဟု ဆိုထားသည်။ ထိုအပြောင်း အလဲကို နတ်သူငယ်မျိုးနွယ်က လိုက်မမီပါက မျိုးနွယ်ပြတ်သုန်းမည့်အရေးကို ရင်ဆိုင်ရနိုင် သည်ဟု ဆိုထားသည်။
ထိုအတွက် သစ်သန္ဓေသား၏ အရေးပါမှုသည် မျိုးနွယ်စု တခုလုံးနဲ့ သက်ဆိုင်ပါသည်။ ထို့ ကြောင့်လည်း နတ်သူငယ်ဘုရင်သည် သစ်ပင် မိစ္ဆာကို ချေမှုန်းရန် အင်အားစုဆောင်းနေခဲ့ကာ အမှန်တကယ် ရင်ဆိုင်မည့် အချိန်၌ လူသားကျ င့်ကြံသူနှင့် ဝိဉာဥ်မျိုးနွယ်စုမှ တိုက်ခိုက်နေသ ည်ကို တွေ့လိုက်ရ၍ စောင့်ကြည့်နေခဲ့ခြင်းဖြစ် သည်။
“ကျတော်တို့ သူတို့ဆီက ပြန်လုကြမလား”
“မင်းဘယ်လိုတောင်အတွေးလွဲနေလဲ ကျန်းချန် အဲ့ဒီလူငယ်သာ သစ်သန္ဓေသားကို ပေါင်းစည်း ပြီးသွားရင် ငါတို့လုလည်း အလကားပဲ နောက် ပြီးမင်းက သူတို့အစုအဖွဲ့ကို ယှဥ်နိုင်မယ်လို့ယုံ ကြည်ချက်ရှိလား ငါလို့အထွဋ်အထိပ်တောင် လူငယ်ကို တယောက်ချင်းနိုင်မယ်လို့ မမျှော်လ င့်ရဲဘူး”
နတ်သူငယ်ဘုရင်က ကျန်းချန်ဆိုသည့် လူငယ် ကို ကြိမ်းမောင်းလိုက်သည်။ ထိုလူငယ်မှာ နတ် သူငယ်မျိုးနွယ်ထဲတွင် အထူးချွန်ဆုံးဖြစ်ကာ ကျင့်ကြံမှုသည်လည်း ပကတိရှင်သန်ခြင်းနယ် ပယ်ကို ခြေချနေပြီ ဖြစ်သည်။ သို့သော်ထိုအရာ တခုတည်းဖြင့် လူသားကျင့်ကြံသူ၏ အထွဋ်အ ထိပ်ဆင့်ကို နိုင်မည်တဲ့လား။
“လက်ရှိမှာ သူတို့ဒဏ်ရာကို ကုစားနေကြမှာပါ ဒါက အခွင့်အရေးကောင်းပဲမဟုတ်လား”
နတ်သူငယ်ဘုရင်က ချက်ချင်းငြင်းဆိုလိုက်သ ည်။
“မဟုတ်ဘူး ငါ့မသိစိတ်က အဲ့လူငယ်ကိုမတိုက် ဖို့ တားနေတယ် ပြီးတော့ ငါ့စိတ်လည်းထင့်နေ တော့ အကြောင်းမဲ့ မစွန့်စားချင်ဘူး ငါတို့လုပ် နိုင်တာက စကားပြောကြည့်ပြီး သစ်သန္ဓေသား ရဲ့စွမ်းရည် အချို့ မျှဝေပေးဖို့ အဆင်ပြေမပြေ မေးတာပဲ”
အကုန်လုံးက နတ်သူငယ်ဘုရင်၏ စကားကို လက်ခံကြသည်။ လက်ရှိလူသားကျင့်ကြံသူမျာ ကို ထိခိုက်လိုက်ပါက နောက်ဆက်တွဲအင်အား များသည် နှလုံးမဲ့သစ်တောကို မြေလှန်ပြီးနတ် သူငယ်မျိုးနွယ်ကို ရှင်းထုတ်ကြပေလိမ့်မည်။ ထိုအဖြစ်ကို ရင်ဆိုင်ရန် နတ်သူငယ်မျိုးနွယ်၌ အင်အားမရှိချေ။ အထူးသဖြင့် လူသားဧကရာ ဇ်တဦးပါဝင်နေပြီး ထိုဧကရာဇ်၏ အနေထားကို သတိပြုရန်လိုပေသည်။
“ထားတော့ မနက်ဖန် သူတို့စခန်းချတဲ့နေရာကို ငါကိုယ်တိုင်သွားပြီး စကားပြောမယ်”
နတ်သူငယ်ဘုရင်က စုဝေးမှုကို ရုတ်သိမ်းလိုက် ပြီး လူစုခွဲလိုက်သည်။ နတ်သူငယ်မျိုးနွယ်၏ ရှေ့ရေးအတွက် လူသားဧကရာဇ်နဲ့ စကားပြော ရတော့မည် ဖြစ်သည်။