နတ်သူငယ်ဘုရင်ရောက်လာခြင်း
Vol. 11 Ch. 155
ကျိုးယန်တို့အဖွဲ့သည် ရက်သတ္တပတ်ကြာသည် အထိ အနားယူမည်ဟု ဆုံးဖြတ်ထားကြသည်။ အထူးသဖြင့် ကျိုးယန်သည် ကျင့်ကြံရေးလုပ် နေသည်ကို သတိပြုမိပြီးနောက် ရှေ့ဆက်မည့် ကိစ္စရပ်များကို ရပ်တန့်ထားလိုက်သည်။ ကျိုး ယန်ထက် အရေးကြီးသည့်အရာ မရှိပေ။ ကျိုး ယန်သည် ခွန်အားအကြီးဆုံးဖြစ်သောကြောင့် သူမပါပဲ ရှေ့ဆက်၍လည်း မရချေ။
နှလုံးမဲ့ချောက်နက် ကိစ္စသည် ဝိဉာဥ်မျိုးနွယ်စု အတွက်သာမက ကျိုးပြည်ထောင်စု တခုလုံး အတွက်ပါ အရေးကြီးသည်။ ထိုနေရာမှ မည်သ ည့်အရာများ ထွက်လာမည်ကို မပြောနိုင်ပေ။ သေချာသည်က ကောင်းသည့်အရာတော့မဟု တ်နိုင်ချေ။
ကျိုးယင်ချင်းသည် ကျိုးယန်၏ တဲအနား၌အ ချိန်အများစု စောင့်ကြပ်ကာ ကျိုးယန်၏တဲအ ထဲထိသို့ ဝင်မလာခဲ့ပေ။ မိဖုရားအဖြစ်လျာထာ ခံရသူဆိုသော်လည်း ယောက်ျားသားတဦးတ ည်းနေထိုင်သည့် တဲအတွင်းသို့ ဝင်ရောက်ခြင်း က ယခုအချိန်တွင် မသင့်လျော်သေးချေ။ထို့အ ပြင် သူမသည် မင်းသမီးတပါးဖြစ်သည်။
ထိုအတွက် ကျိုးယင်ချင်သည် ကျိုးယန်၏ အ ခြေနေကို သိလိုသော်လည်း စိတ်ပူပန်စွာဖြင့် ပြင်ပတွင်သာ စောင့်ဆိုင်းရန် တတ်နိုင်တော့သ ည်။ ထို့အပြင် ကျိုးယန်၏ စွမ်းရည်မျှဝေပေး မှုကြောင့် သက်တော့စောင့်မှာ ပြန်လည်သက် သာလာပြီး သူမသေဆုံးမှုအပေါ် နားမလည်နိုင် အောင်ဖြစ်နေသေးသည်။
ကျိုးယန်က ကယ်ခဲ့သည်လား။ နောက်ပြီးထူး ဆန်းသည့်အရာက မည်သည့်နေရာသို့ရောက်ရှိ သွားသနည်း။ ကျိုးယန်နှင့်ပက်သက်မည်ဟု ယူ ဆမိသော်လည်း မေးရန်မသင့်ပေ။ ကျိုးယန်သ ည် ဧကရာဇ်တပါးဖြစ်သည်။ သက်တော်စောင့် သည် ကျိုးယန်၏ အခြေနေကို သိရှိရန်တဲအနာ သို့ရောက်လာသည်။ တဲအနား၌ ဝေ့ဝဲနေသည့် ကျိုးယင်ချင်းကို တွေ့လျင် နှုတ်ဆက်လိုက်သ ည်။
“ တွေ့ရတာဝမ်းသာပါတယ် မင်းသမီးဒဏ်ရာ တွေသက်သာရဲ့လား”
သက်တော်စောင့်၏ အမေးကို ကျိုးယင်ချင်းမှ ခေါင်းညိတ်၍ ဖြေလိုက်သည်။
“ကျမ အဆင်ပြေပါတယ် ဒါနဲ့ ရှင်ကောသက် သာရဲ့လား ဒဏ်ရာပြင်းတယ်မဟုတ်လား အနာ ယူသင့်တယ်”
“အတော်လေးသက်သာသွားပါပြီး ဒါကလည်း အရှင်မင်းကြီးရဲ့ ကုသပေးမှုကြောင့်ပါ မဟုတ် ရင်တော့ လှိုဏ်ခေါင်းထဲမှာတင် ကျတော့်ဘဝ အဆုံးသတ်သွားတာ ကြာလှပါပြီ”
“အင်း.. လောဆယ်မောင်တော်က ကျင့်ကြံရေး ဝင်နေတယ် လှိုဏ်ခေါင်းထဲမှာ နားလည်မှုအချို့ ရသွားပုံရှိတယ် ပြီးတော့ သူတို့လို အထွဋ်အထိ ပ်အဆင့်တွေအတွက် နားလည်မှုက အရမ်းအ ရေးပါတယ်မဟုတ်လား”
“ကျတော်မျိုးနားလည်ပါတယ် အချိန်တခုကြာ မှ ပြန်လာခဲ့ပါ့မယ်”
သက်တော်စောင့်က ပြန်လည်ထွက်ခွာသွားသ ည်။ ထိုစဥ် ဝိဉာဥ်မျိုးနွယ်၏ တပ်သားတဦးက ကျိုးယင်ချင်းထံရောက်ရှိလာပြီး သတင်းပေးပို့ လာသည်။
“မင်းသမီး စခန်းပြင်ပမှာ ထူးဆန်းတဲ့လူတစု ရောက်လာပြီး ဧကရာဇ်နဲ့တွေ့ခွင့် တောင်းနေပါ တယ်”
ထူးဆန်းတဲ့လူတစု ဟုတ်လား။ နှလုံးမဲ့သစ် တော၌ ထူးဆန်းတဲ့အသွင်ပြင်ရှိသူမှာ နတ်သူ ငယ်များသာ ဖြစ်နိုင်သည်။ သူတိုကမည်သည့် အတွက်ကြောင့် ရောက်ရှိလာရသနည်း။ သူမ တို့ကို အန္တရာယ်ပေးချင်၍လား။ ကျိုးယင်ချင်း သည် ထိုငယ်သားကို ပြန်လည်ပြောကြားလိုက် သည်။
“ကောင်းပြီ သူတို့ကို ဧည့်ခံဖို့တဲတခုမှာထားလို က်ပါ ငါမကြာခင်လာခဲ့မယ်”
ထိုငယ်သားက ဦးညွှတ်၍ ပြန်လည်ထွက်ခွာ သွားသည်။ ကျိုးယင်ချင်းသည် ကျိုးယန်၏ တဲကို တချက်ကြည့်ကာ သက်ပြင်းချလိုက်သ ည်။ ကျိုးယန်၏ လက်ရှိအခြေနေတွင် တိုက်ပွဲ ဖြစ်ရန်မလွယ်ပေ။ သက်တော်စောင့်သည့် ဒဏ် ရာ ရထားသည်မဟုတ်လား။ ထိုအတွက်တဖက် သူများသာ အန္တရာယ်ပြုလာပါက သူမတို့အနေ ဖြင့် ရင်ဆိုင်ရန်ခက်ပေမည်။ ထို့အပြင်တဖက် အဖွဲ့၏ ရည်ရွယ်ချက်ကို မသိရသေးပေ။
နတ်သူငယ်ဘုရင်နှင့် လူ၃ဦးသည့် ကြီးမားသ ည့် တဲတခုထဲတွင် စောင့်ဆိုင်းနေလေသည်။အ နှီတဲမှာ ကြီးမားပြီး ကျိုးယန်၏ ခေတ်သစ်ကမ္ဘ မှ လက်ရာဖြစ်၍ ကျင့်ကြံရေးလောကနှင့်မတူ ညီစွာ ကွဲပြားပြီး ဆန်းသစ်နေသည်။ နတ်သူင ယ်ဘုရင်သည် ထိုတဲကို ကြည့်ကာ အံ့သြမှင်သ က်နေသည်။ လူသားမျိုးနွယ်နဲ့ ဝိဉာဥ်မျိုးနွယ် ပူးပေါင်းမှုကပင် သူ့ကိုလက်ခံရန်ခက်ခဲနေစေ ပြီး ယခုအသုံးအဆောင်များက အချိန်တခုကြာ မှင်သက်ရန် လုံလောက်ပါသည်။
“လူသားဧကရာဇ်ဆိုတဲ့ လူငယ်က လက်ခံစကာ ပြောမယ်လို့ ထင်လား”
ထိုအဖွဲ့မှ လူငယ်တဦးက ကျန်းချန်ကိုမေးလာ သည်။ ကျန်းချန်က လေသံကိုတိုး၍
“ မတွေ့လို့ရမလား ဒါငါတို့နယ်မြေပဲ သူတို့မှာ ဘယ်လိုပဲ ခွန်အားရှိပစေ ငါတို့ကိုတွန်းလှန်ဖို့ ကတော့ လက်ရှိမှာခက်ခဲမှာပဲ”
ဘေးတွင်ရှိနေသည့် နတ်သူငယ်ဘုရင်က ထိုစ ကားကို ကြားလျင် ကျန်းချန်ဆိုသည့် လူငယ်ကို စူးစိုက်၍ ကြည့်လိုက်သည်။ သကောင့်သားမှာ နောက်ဆုံးချိန်ထိ နားလာ်မှုမရှိသေးချေ။ ထူးချွ န်သည့် ပါရမီသာ မရှိပါက သုံးစားရမည့်အချ က် တခုမှ မရှိပေ။ သူ၏ သမီးများ သဘောမ ကျသည်မှာ လက်မခံစရာပင်။ မဟုတ်ပါက ထို ကဲ့သို့ကောင်များအား သမက်တော်နေရပေဦး မည်။
ကျန်းချန်သည် နတ်သူငယ်ဘုရင်၏ အကြည့် ကြောင့် ငြိမ်ကုတ်သွားသည်။ ထိုစဥ် တဲအတွင်း သို့ လှပသည့် အမျိုးသမီးတဦးဝင်ရောက်လာ သည်။ သူမ၏ ဟန်ပန်မှာ လူသားကျင့်ကြံသူ တဦး၏ ဟန်ပန်ရှိပြီး အသွင်ပြင်သည်လည်း န တ်သူငယ်မလေးများကဲ့သို့ ဖြူဖျော့ဖျော့မဟု တ်ပဲ သန်မာသည့်ရောင်ဝါတချို့ ထုတ်လွှတ် ထားသည်။ သေချာသည်က သူမသည် တိုက်ပွဲ များစွာ ကြုံတွေ့ဖူးမည်မှာ သေချာသည်။
“ တွေ့ရတာဝမ်းသာပါတယ် ဒီကမိတ်ဆွေတို့ က ဘာအတွက်နဲ့ရောက်လာတာပါလဲ”
ကျိုးယင်ချင်းက ယဥ်ကျေးမှုဖြင့်စတင်မိတ် ဆက်စကားဆိုလိုက်သည်။ ကျန်းချန်သည် သူ မကဲ့သို့ သန်မာသည့်မိန်းကလေးကို တွေ့လျင် မှင်သက်နေကာ အချိန်တခုကြညသည်အထိ ငေးမောနေသည်။ ထိုအရာကိုသတိပြုမိသည့် နတ်သူငယ်ဘုရင်က ချောင်းဟန့်၍ သတိပေး လိုက်သည်။ ဆက်၍ သကောင့်သားကိုလည်း အနုတ်နုတ်စင်းပစ်ချင်စိတ်များ ပေါက်နေလေ သည်။
“ကျုပ်က နတ်သူငယ်မျိုးနွယ်ရဲ့ဘုရင်ပါ ဟော ဒီလူငယ်တွေကတော့ ကျုပ်တို့မျိုးနွယ်ရဲ့ ပါရမီ ရှင်တွေဖြစ်ပါတယ် ပထမဆုံးအနေနဲ့ ကျုပ်တို့ ရဲ့ အဓိရန်သူဖြစ်တဲ့ သစ်ပင်မိစ္ဆာကို ဖြေရှင်း ပေးလို့ ကျေးဇူးတင်စကားပြောလိုပါတယ်”
“ဒီအတွက်တော့ မလိုအပ်ပါဘူး ဧကရာဇ်ကလဲ သူ့လုပ်ရိုးလုပ်စဥ်အတိုင်း လုပ်လိုက်တာပါ ဒါနဲ့ ရှင်တို့ လာရင်းရည်ရွယ်ချက်က ကျေးဇူးတင် တာထက်တော့ ပိုမယ်မဟုတ်လား တခြားကော ဘာအကြောင်းများ ရှိသေးလဲ”
ကျိုးယင်ချင်းက လက်ဖက်ရည်ကို တငုံသော က်၍ အသာအယာမေးလိုက်သည်။ နတ်သူင ယ်ဘုရင်သည် သူမ၏ အကဲခတ်ကျွမ်းကျင်မှု ကို ချီးကျူးလိုက်သည်။ စောင့်ကြည့်သူများ၏ ပေးပို့ချက်အရ သူမသည် မင်းသမီးတပါးဖြစ် သည်ကို သိထားလေသည်။ ထို့အပြင် အရည် အချင်းမှာလည်း သူ၏ သမီးတော်များထက်ပင် သာလွန်နေသေးသည်။
“ဟုတ်ပါတယ် ကျုပ်တို့မှာ ဧကရာဇ်နဲ့ ဆွေးနွေး ချင်တဲ့ ကိစ္စလေးရှိပါတယ် အဲ့ဒါကလည်း ဧက ရာဇ်နဲ့ကိုယ်တိုင်ပြောမှ ဖြစ်မှာမို့ နားလည်ပေး စေချင်ပါတယ်”
“အိုး ကျမသိပြီ ဒီတော့ ရှင်တို့က ကျမရဲ့မောင် တော်နဲ့ တွေ့ချင်တာကိုး အရေးမကြီးပါဘူး တွေ့ လို့ရပါတယ် ဒါပေမယ့် သူကအခုကျင့်ကြံရေး ထဲဝင်ရောက်နေတယ် ဘာသဘောလဲဆိုတာ ရှင်သိမှာပါ”
နတ်သူငယ်ဘုရင်က ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ်နားလည်ပြီ ဒီတော့ ကျုပ်တို့ရက်အနည်း ငယ်ကြာရင် တခေါက်ပြန်လာခဲ့ပါ့မယ်”
“ရပါတယ်ရှင် ကျမတို့က ဒီနေရာကနေထွက် ခွာဖို့ အလျင်မလိုပါဘူး ရှင်တို့နောက်တကြိမ် လာပြီးမှ ခရီးဆက်ထွက်ဖို့ မောင်တော့်ကိုပြော ပြထားလိုက်ပါမယ်”
“ ကျေးဇူးတင်ပါတယ် မင်းသမီး”
နတ်သူငယ်ဘုရင်နဲ့ လူငယ်၃ဦးက သူမကိုဦး ညွတ်၍ နှုတ်ဆက်လိုက်သည်။ ဆက်နေရန်မ သင့်လျော်တော့ပေ။ အချိန်တခုသာစောင့်ရမ ည်ဖြစ်၍ စောင့်နိုင်ပါသည်။ နှစ်ပေါင်းများစွာ ပင် စောင့်ခဲ့သည် မဟုတ်လား။