သစ်သားနိယာမ ပထမအဆင့်
Vol. 11 Ch. 156
နတ်သူငယ်ဘုရင်တို့အဖွဲ့သည် အဆုံး၌ ကျိုးယ န်ကို ရက်အနည်းငယ် စောင့်ဆိုင်းရန် ဆုံးဖြတ် လိုက်သည်။ သစ်သန္ဓေသား၏ စွမ်းရည်မှာမျိုး နွယ်စုအတွက် အလွန်အရေးပါသည် မဟုတ် လား။ ကျိုးယန်သာ အမှန်တကယ် သစ်သန္ဓေ သားကို ရရှိထားပါက တောင်းယူရန်ထက် ထို သန္ဓေသားမှ စွမ်းရည်အနည်းငယ်ကို တောင်း ယူသည်က ပို၍ လမ်းကြောင်းသင့်ပေမည်။
ထိုသို့ဖြင့် ရက်အနည်းငယ် ကြာမြင့်သွားသည်။ ကျိုးယန်သည် တဲအတွင်းငြိမ်သက်စွာ ရှိနေရာ မှ စတင်၍ လှုပ်လာသည်။ သူ့ရဲ့ခန္ဓာကိုယ်အတွ င်းမှာလည်း စိမ်းဖြာနေသည့် အလင်းများကွန် ယက်သဖွယ် ရှိနေပြီး သွေးကြောများအတိုင်း စီ ဆင်းနေသည်။ ထိုအရာက သစ်သားနိယာမ၏ ပထမအဆင့်သာ ရှိသေးသည်။
ယခုအနေထားအတိုင်းပင် အင်မော်တယ်အသွ င်ပြောင်းခြင်း တတိယအဆင့်၏ တိုက်ခိုက်ချ က်များကိုတောင် ပြန်လည်ကုသနိုင်စွမ်းရှိမည် ဖြစ်ပြီး ထိုစွမ်းရည်သည် နတ်ဘုရားအဆင့်စွမ်း ရည်၏ အလာစအလာဖြစ်သည်။ ကျိုးယန်တ ယောက် တုန်လှုပ်သွားရသည်။ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာဟောင်းများကို ဆေးကြောသန့်စင်လိုက် သကဲ့သို့ ခံစားနေရပြီး စိမ်းဖြာနေသည့်အလင်း များ ဖြတ်သန်းရာတလျှောက် နာကျင်မှုအနည်း ငယ် ဖြစ်လာသည်။ ထိုအရာက ခန္ဓာသန့်စင် ဆေး၏ လုပ်နည်းနဲ့ဆင်တူသည်။ သို့သော်သစ် သားစွမ်းရည်မှာ ထိုထက်ပိုအားကောင်းပေသ ည်။
ပြန်လည်ကုသနိုင်စွမ်းကို အထင်မသေးရဲတော့ ပေ။ ပထမအဆင့်ကို နားလည်ရန် ရက်အနည်း ငယ်ပေးလိုက်ရသော်လည်း ထိုအရာကထိုက်တ န်ပါသည်။
ဟူး..တခြားလူတွေ ဘယ်လိုအခြေနေရှိကြလဲမ သိဘူး။ ငါ့ကိုစောင့်နေရလို့ ရှေ့မဆက်နိုင်ဖြစ် နေကြတာပဲနေမယ်။
ကျိုးယန်သည် သူ၏တကိုယ်ကောင်းဆန်မှုအ တွက် စိတ်ရှုပ်ထွေးသွားရသည်။ သို့သော်သူ့အ နေဖြင့် ထိုသို့မလုပ်လည်း ဒဏ်ရာကုသရန်ရက် အနည်းငယ် စခန်းချရမည့်အရေးမှာ မရှောင်လွဲ နိုင်ပေ။ ခနအကြာတွင် ကျိုးယန်တယောက် တ င်ပျဥ်ခွေထိုင်ရာမှ ထလိုက်သည်။ သက်တောင့် သက်သာဖြစ်မှုကို ခံစားနေရပြီး မည်သည့်ဒဏ် ရာများမှ မကျန်တော့သလို သက်သာနေသည်။ ထို့အပြင် ကျိုးယန်သည် နေယက်ထပ်နိယာမ တခုကို ဆင်ခြင်နိုင်ခဲ့သည်ဖြစ်၍ ကျင့်ကြံမှုသ ည်လည်း အားကောင်းလာသည်။
ကျိုးယင်ချင်းတယောက် တဲအတွင်းမှ လှုပ်ရှား မှုများကို အာရုံခံမိလျင် ဝမ်းသာသွားရသည်။ အဆုံး၌ ကျိုးယန်တယောက် ကျင့်ကြံရာမှထွ က်လာပြီမဟုတ်လား။ ချက်ချင်းပင် အပြင်မှ အသံပြုလိုက်သည်။
“မောင်တော် ဝင်ခဲ့လို့ရမလား”
“ဝင်ခဲ့လေ အစ်မတော်”
ကျိုးယန်၏ ခွင့်ပြုမှုကို ကြားလျင် တဲထဲသို့ အ မြန်ဝင်ရောက်သွားသည်။ သူမသည် ကျိုးယန် ကိုစိတ်ပူနေသည် မဟုတ်လား။ တဲအတွင်းသို့ ရောက်လျင် ကျိုးယန်သည် ခုံတခုပေါ်၌ ထိုင် နေသည်ကို တွေ့လိုက်ရပြီး ကျိုးယန်၏အရှိန်အ ဝါသည် ပြောင်းလဲနေသည်။ ကျိုးယင်ချင်းသ ည် ကျိုးယန်၏ မျက်နှာကို ကြည့်လိုက်ပြီးငေး မောနေသည်။
သူမ၏အကြည့်ကို သတိထားမိသည့် ကျိုးယန် က မျက်မှောင်ကြုတ်၍
“အစ်မတော် မမြင်ဖူးတဲ့လူတွေလည်းမဟုတ်ပဲ ဘာလို့အဲလောက်အထူးအဆန်း ဖြစ်နေတာလဲ”
ကျိုးယန်၏စကားကို ကြားမှ ကျိုးယင်ချင်းသ ည် သူမ၏ ငေးမောမှုကို သတိဝင်သွားကာ အ နည်းငယ် ရှက်သွားမိသည်။ ကျိုးယန်၏ရောင် ဝါထဲတွင် အမည်မသိဆွဲဆောင်နိုင်မှု တခုရော ထွေးနေပြီး ထိုအရာကို နားလည်နိုင်စွမ်းမရှိပေ သို့သော် ယခင်ကထက် ပိုကြည့်ကောင်းသည် မှာတော့ အမှန်ပင်ဖြစ်သည်။
“မဟု မဟုတ်ပါဘူး ဒီတိုင်းကြည့်မိတာပါ”
ကျိုးယန်က လက်ကိုဝေ့ယမ်း၍ ပြောလိုက်သ ည်။
“ထားတော့ ဒီရက်ထဲ တခုခုထူးခြားတာထပ်ဖြစ် သေးလား နောက်ပြီး ဒဏ်ရာရသူတွေကကော ဘယ်လိုအခြေနေရှိလဲ”
ကျိုးယန်သည် တရစပ်မေးလိုက်သည်။ သူစိတ် အပူဆုံးမှာ သက်တော်စောင့်ဖြစ်ပြီး စွမ်းရည်အ နည်းငယ်ပေးလိုက်သော်လည်း ထိုအရာကထိ ရောက်မှု ရှိမရှိသူမသိပေ။
“အကုန်လုံး အဆင်ပြေပါတယ် သက်တော်စော င့်ကလည်း မောင်တော့အကူညီကြောင့် သက် သာလာပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းက လာရောက် ပြောကြားသွားသေးတယ် မောင်တော်ကောအခု နေရတာ အဆင်ပြေရဲ့လား”
“ပြေပါတယ် အစ်မတော် ဒဏ်ရာအကုန်သက် သာသွားပါပြီ မနက်ဖန်လောက်ဆို ခရီးဆက် ထွက်ကြတာပေါ့ ရက်သိပ်ကြာနေရင် တခုခုမ ကောင်းတာဖြစ်မှာစိုးရတယ်”
ကျိုးယန်၏ စကားကို သူမက ခေါင်းညိတ်၍ လက်ခံလိုက်သည်။
“ကောင်းပြီ အစ်မတော်အားလုံးကို အသင့်ဖြစ် အောင် စီစဥ်ထားခိုင်းလိုက်မယ် ဒါနဲ့ တခြားကိ စတခု ရှိသေးတယ်”
“တခြားကိစ ဟုတ်လား ဘာများလဲ”
ကျိုးယန်၏အမေးကိုကြားလျင် ကျိုးယင်ချင်း က လေသံလေးနက်လိုက်ပြီး
“ပြီးခဲ့ရက်အနည်းငယ်က နှလုံးမဲ့သစ်တောထဲ မှာရှိတဲ့ နတ်သူငယ်ဘုရင်တပါး ရောက်လာပြီး မောင်တော်နဲ့ စကားပြောချင်တယ်လို့ ပြောလာ တယ်”
“စကားပြောချင်တယ် နတ်သူငယ်ဘုရင်”
ကျိုးယန်သည် အံ့သြနေသည်။ နတ်သူငယ်များ မရှိနိုင်တော့ဟု ကျင်းတလျန် ပြောလိုက်သည်မ ဟုတ်လား။ ဒါဆို ဒီနတ်သူငယ်ဘုရင်က မည်သ ည့်နေရာမှ ထွက်လာသနည်း။ ထို့အပြင်သူ၏ ရည်ရွယ်ချက်ကကော ဘာလဲ။
“သူ့ရဲ့စကားအသွားအလာအရ တခုခုအန္တရာယ် ပေးချင်တာထက် မောင်တော့်ဆီက အကူညီ တောင်းချင်ပုံရတယ် စကားပြောကြည့်ဖို့စိတ် ကူးရှိလား ရက်အနည်းငယ်ကြာရင် သူတို့ပြန် လာကြလိမ့်မယ်”
ကျိုးယန်က ထိုကိစကိုအလေးအနက်တွေးရ တော့သည်။ ရက်အနည်းငယ်ထပ်စောင့်၍ စ ကားပြောကြည့်ရမည်လား။ နတ်သူငယ်ဘုရင် က သူ့ထံ မည်သည့်ကိစကို အကူညီတောင်းနိုင် မည်နည်း။ တဆက်တည်းတွင် နတ်သူငယ်အဖွဲ့ သည် သူတို့၏ တိုက်ပွဲကိုစောင့်ကြည့်နေနိုင်ပြီး သစ်သန္ဓေသားကို သတိပြုမိသွားနိုင်သည်။ဟု တ်ပြီး သစ်သန္ဓေသားကိစ္စဖြစ်ရမယ် ဒါပေမယ့် ငါနဲ့ပေါင်းစည်းထားပြီလေ သူတို့ဘယ်လိုယူမှာ လဲ။ ဒါက နောက်ဆက်တွဲအကူညီတောင်းဆို တာမျိုး ဖြစ်နိုင်လား။
ကျိုးယင်ချင်းသည် ကျိုးယန်တယောက်အချိန် တခုကြာသည် အထိအကြောင်းမပြန်လျင် နတ် သူငယ်ဘုရင်ကို မတွေ့ဆုံလိုဟု ထင်မှတ်သွား သည်။
“မောင်တော်အဆင်မပြေရင် ငြင်းလိုက်မယ်”
“မဟုတ်ဘူး အစ်မတော် အဆင်ပြေတယ် သူ တို့ဘာအတွက်လာလဲ နည်းနည်းရိပ်မိပြီ”
ကျိုးယင်ချင်းတယောက် အံ့သြသွားသည်။ ကျိုးယန်က နတ်သူငယ်ဘုရင်ကို တွေ့ဆုံဖူးရန် ပင်အသာထား ရှိမှန်းပင် မသိခဲ့ချေ။ သို့သော် သူမဆီမှ စကားအနည်းငယ် ကြားရုံဖြင့် ရည်ရွ ယ်ချက်ကို ခန့်မှန်းနိုင်ခဲ့သည်။ သူမ၏ မောင် တော်သည် တကယ်ကို အရည်ချင်းရှိပါသည်။
“သူ တို့မှာ ဘာရည်ရွယ်ချက်တွေရှိလဲ”
ကျိုးယန်က ကျိုးယင်ချင်းကို ပြုံးပြ၍
“ဒါက အစ်မတော်ကို ပြလို့ရပါတယ် ဒါပေမဲ့ အစ်မတော် လျှို့ဝှက်ထားပေးရမယ်”
“စိတ်ချပါ အစ်မတော်က နောင်တချိန်မောင် တော့်ရဲ့ အမျိုးသမီးဖြစ်လာမှာလေ ကိုယ့်အ မျိုးသားရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းရမယ့် တာဝန်ရှိပါတယ်”
ထိုစကားကို ပြောနေချိန်သူမ မျက်နှာလေးမှာ အနည်းငယ် နီရဲနေသော်လည်း သူမသည် တခြားမိန်းကလေးများနဲ့ မတူညီစွာ ပြောရဲဆိုရဲ ပါသည်။ ကျိုးယန်က သူမစကားကို ခေါင်းညိ တ်ပြလိုက်ပြီး သူ့ရဲ့ညာဘက်လက်ဖဝါးကို ဖြန့် ပြလိုက်သည်။ လက်ဖဝါးပေါ်တွင် အလင်းလုံး တလုံးပေါ်လာပြီး မူလကအညိုဖျော့ရောင်ရှိ သည့် အလင်းလုံးမှာ ကျိုးယန်နှင့်ပေါင်းစည်း ပြီးနောက် သစ်သားဓာတ်ဖြစ်သည့် အစိမ်းဖျော့ အရောင်သို့ ပြောင်းစပြုနေလေပြီ။
“အဲ့ဒါဘာလဲ မောင်တော်”
ကျိုးယင်ချင်းက မျက်ခုံးများကို တွန့်ကုတ်လျ က် မေးသည်။ သူမက ထိုအရာကို မည်သည့်အ ရာမှန်း မသိသေးချေ။
“ဒါကို သစ်သန္ဓေသားလို့ ခေါ်တယ်”
“ဘုရားရေ…သစ်သန္ဓေသားဟုတ်လား”
ကျိုးယင်ချင်းသည် သစ်သန္ဓေသားကိုမမြင်ဖူး သော်လည်း သစ်သန္ဓေသားအကြောင်း မသိ တာတော့မဟုတ်ပေ။ သစ်သန္ဓေသား၏ အသုံး ဝင်မှုကို မှတ်တမ်းများ၌ ဖတ်ဖူးသည်။ သူမသိ ရသလောက် သစ်သန္ဓေသားကဲ့သို့ သဘာဝသ န္ဓေသားများကို ပိုင်ဆိုင်ရန်မှာ မလွယ်ကူပေ။ သူမ၏ မောင်တော်သည် ကောင်းကင်၏သား တော်တပါးများ ဖြစ်နေလေလား။
“သူ့ရဲ့အစွမ်းက ပြန်လည်ကုသနိုင်စွမ်းပဲ အရမ်း အရေးပါတဲ့ စွမ်းရည်ပေါ့ နတ်သူငယ်ဘုရင်တို့ အဖွဲ့က သစ်ပင်မိစ္ဆာနဲ့တိုက်ခိုက်တုန်းက သူတို့ အနီးနားမှာ ရှိနေပါလိမ့်မယ် သူတိူ့ရဲ့ ပုန်းခိုတဲ့ စွမ်းရည်ကို ကျတော်တောင် သတိမထားမိခဲ့ဘူး အခု အစ်မတော်ပြောစကားအရဆို သူတို့လို အပ်တာ သစ်သန္ဓေသား ဖြစ်ဖို့များတယ်”
“သူ တို့က သန္ဓေသားအတွက်နဲ့ တိုက်ခိုက်လာ နိုင်လား”
“မဖြစ်နိုင်ဘူး သန္ဓေသားက ကျတော်နဲ့ပေါင်းစ ည်းထားလိုက်ပြီ သူတို့ကျတော့်ကိုသတ်ပြီးယူ ရင်တောင် မရတော့ဘူး နောက်ပြီး လက်ရှိစွမ်း ကည်ကြောင့် ကျတော်က အလွယ်တကူသေဖို့ မရှိတော့ဘူး ခေါင်းပြတ်ရင်တောင် အသက်ရှင် နေနိုင်တယ် ဒါကြောင့် သူတို့က သစ်သန္ဓေသား နဲ့ပက်သက်ပြီး အကူညီတောင်းလိုတာပဲ ဖြစ်ရ မယ်”
ကျိုးယန်၏ တွက်ဆမှုကို ကြားလျင် ကျိုးယင် ချင်းသည် အတန်ငယ်ငြိမ်သက်သွားသည်။ ရိုး စင်းသည့် အကူညီတောင်းခြင်းက ကိစ္စမရှိပေ။ တိုက်ခိုက်ရမည်ဆိုပါက အနည်းငယ်အခက်ခဲ တွေ့နိုင်သည်။ သူမတို့က ဒဏ်ရာမှသက်သာခါ စ ဖြစ်သည်။ ကျိုးယန်သည် သူမ၏လက်ကိုအ သာဆွဲယူလိုက်သည်။ ပြီးနောက် သစ်သားစွမ်း ရည်များကို ဖြည်းညှင်းစွာ ပို့လွှတ်လိုက်သည်။
ဒါ….။ ကျိုးယင်ချင်းသည် လက်ကို ဆွဲကိုင်ခံရ ကာစ တုန်လှုပ်သွားသော်လည်း သူမကိုယ်ထဲ သို့စွမ်းရည်များ ဝင်ရောက်လာသည့် အခါတွင် သူမ၏ တကိုယ်လုံးရှိ ဒဏ်ရာများ တစစသက် သာသွားသည်ဟု ခံစားလိုက်ရသည်။ ဒီအစွမ်း က နတ်ဘုရားအဆင့်ပဲ။