← Chapters

နတ်သူငယ်ဘုရင်နဲ့တွေ့ဆုံခြင်း

Vol. 11 Ch. 157

နတ်သူငယ်ဘုရင်နဲ့တွေ့ဆုံခြင်း

Vol. 11 Ch. 157

ကျိုးယင်ချင်းသည် ကျိုးယန်၏လက်ဖဝါးမှ အ နွေးဓာတ်ကို ခံစားနေရပြီး တဖန်သူမကိုယ်ထဲ၌ လည်း အနွေးစီးကြောင်းတခု ဖြတ်သန်းသွားသ ည်ဟု ခံစားလိုက်ရသည်။ မိနစ်အနည်းငယ်ခန့် ကြာပြီးချိန်တွင် ကျိုးယန်က လက်ကိုလွှတ်လို က်သည်။

“အစ်မတော် ဘယ်လိုခံစားရလဲ”

ကျိုးယင်ချင်းက တုန်လှုပ်နေသည့် အမူအရာ ဖြင့်ပြောလာသည်။

“ကြောက်စရာစွမ်းရည်ပဲ အစ်မတော်ရဲ့ဒဏ်ရာ အသစ်ကော အဟောင်းပါ ပျောက်လုနီးပါးဖြစ် သွားပြီ”

ကျိုးယန်ကပြုံး၍

“ဒါပထမအဆင့်ပဲ ရှိသေးတယ် အဆင့်ပိုမြင့် လေ ကုသနိုင်စွမ်းမြင့်လေပဲ အဆုံးစွန်ဆိုသေ ပြီးသားလူကိုတောင် အသက်သွင်းနိုင်မယ်လို့ ကျတော်ခံစားနေရတယ်”

ဒါကတော့ ချဲ့ကားရာ ရောက်သည်ဟုအထင်ရှိ စရာ ဖြစ်သော်လည်း ခံစားရသည်က အမှန်ပင် ဖြစ်သည်။ ကျိုးယန်သည် သူ၏ကုသနိုင်စွမ်း အရ အသွင်ပြောင်းခြင်းများကို ရင်ဆိုင်နိုင်နေ သည်။ နိယာမနှစ်ခုမှာ အချင်းချင်းမသင့်မြတ် ၍သာ ကျင့်ကြံမှု မြင့်မတက်သွားခြင်းဖြစ်သည် မဟုတ်လျင် သူသည် ပထမအသွင်ပြောင်းခြင်း အဆင့်ကို ရောက်ကာ မိုးကြိုးအပြစ်ဒဏ်ပင် ခံ ယူရနိုင်သည်။

“ဒါသေချာပေါက် အရေးကြီးတဲ့ အရာပဲ မောင် တော် ဖုံးကွယ်ထားရမယ်နော်”

“ကျတော်သိပါတယ် အစ်မတော်လည်း လျှို့ဝှ က်ထားပေးပါ”

ကျိုးယင်ချင်းက ခေါင်းညိတ်ပြလိုက်သည်။သူ တို့နှစ်ဦးသား အတန်ကြာစကားပြောဆိုပြီးနော က် ကျိုးယင်ချင်းက ထွက်ခွာသွားသည်။ နတ် သူငယ်ဘုရင်တို့အဖွဲ့ မကြာမီထပ်လာမည်ဟု သူမ တွက်ဆထားသည်။ ကျိုးယန်သည် တဲ၏ အပြင်မှ ထွက်လိုက်သည်။ ပြင်ပတွင်အလင်း ရောင်အချို့ ရှိသော်လည်း အုပ်ဆိုင်းနေသည့် သစ်ပင်များကြောင့် မှိန်ဖျော့နေသည်။

တခုထူးဆန်းသည်က ကျိုးယန်သည် သစ်ပင် များဆီမှ အလင်းဖျော့များထွက်ပေါ်၍ သူ့ဆီ တိုးဝင်နေသည်ဟု ခံစားနေရသည်။ ဒါကအစိမ် ရောင် ကလိုရိုဖီးလား။ ဟမ့် သောက်ကျိုးနည်း ငါက ဘာတွေ တွေးမိပါလိမ့်။ ကျိုးယန်သည် မ ဆီဆိုင်သည့် အတွေးများကို ဖယ်ထုတ်လိုက်သ ည်။ ကျင့်ကြံရေးလောကရှိ အရာများကိုသာမန် ကမ္ဘာမြေမှ အရာများနဲ့ နှိုင်းယှဥ်၍ မရချေ။

ဖျော့တော့သည့် အလင်းများသည် ချီဓာတ်တ မျိုးဖြစ်ဟန်တူသည်။ ထိုအလင်းများဝင်ရောက် လာသည့်နှင့် ကျိုးယန်နဲ့သစ်ပင်များကြားဆက် နွယ်မှုတခု ရှိသည်ဟု ခံစားလိုက်ရသည်။ကျိုး ယန်သည် ထိုအရာများအတွက် မစဥ်းစားတော့ ချေ။ တဲပတ်ဝန်းကျင်ကို ဟိုဒီလျှောက်ကာ ပတ် ကြည့်နေလိုက်သည်။

နောက်တနေ့မနက်တွင် ကျိုးယန်သည် လန်းဆ န်းစွာနိုးထလာသည်။ ခွန်အားများ ပြည့်ဝနေသ လိုခံစားနေရပြီး အဆုံးမဲ့ချီဓာတ်များ လည်ပတ် နေသည်ဟု ထင်နေမိသည်။ မကြာမီတွင် ကျိုး ယင်ချင်းတယောက် တဲအပြင်ဝသို့ ရောက်ရှိ လာခဲ့သည်။

“မောင်တော် နတ်သူငယ်ဘုရင်တို့ ရောက်လာပြီ ဧည့်သည် တွေ့ဆုံဖို့ ထွက်ခဲ့ပေးပါဦး”

သူမသည် အထဲမဝင်တော့ချေ။ မနေ့က ကျိုး ယန်၏ အခြေနေကို စိတ်ပူ၍ ဝင်ရောက်သွားမိ ခြင်းဖြစ်သည်။ ပတ်ဝန်းကျင်တွင် မျက်လုံးများ စွာရှိထား၍ ဧကရာဇ်သည် မိဖုရားလောင်းနှင့် လက်မထပ်မီကပင် အတူရှိနေသည်ဟု အထင် မှားခံရပါက ကျိုးယန်နှင့်သူမတို့၏ ဂုဏ်သိက္ခာ များ ပျက်ပြားသွားနိုင်သည်။

“ကောင်းပြီ အစ်မတော်”

အချိန်အနည်းငယ် အကြာတွင် ကျိုးယန်သည် ဧည့်တွေ့သည့် ရွက်ဖျင်တဲ ကြီးရှိရာသို့ရောက် သွားခဲ့သည်။ တဲအတွင်းသို့ ရောက်ချိန်တွင် န တ်သူငယ်ဘုရင်ဟု ထင်ရသည့် သက်လတ်ပိုင်း အရွယ် လူကြီးတဦးကို တွေ့လိုက်ရပြီး သူ့ဘေး တွင်တော့ဘသူ့ထက်နှစ်အနည်းငယ်သာ ကြီးနို င်သည့် လူငယ်၃ဦး ရှိနေသည်။

“ တွေ့ရတာဝမ်းသာပါတယ် ဧကရာဇ်”

“ကျုပ်လည်း ဝမ်းသာမိပါတယ် နတ်သူငယ်ဘု ရင်ကြီး”

အပြန်အလှန်နှုတ်ဆက်ပြီးနောက် ကျိုးယင်ချ င်းက စကားပြောဆိုရန် လက်ဖက်ရည်များငှဲ့ ပေးလေသည်။ သူမသည် မင်းသမီးဆိုသည့် ဂု ဏ်ပုဒ်ကိုပင် ဂရုမစိုက်ချေ။ သစ်သန္ဓေသားသ ည်အရေးကြီးသောကြောင့် ပြင်ပလက်အောက် ငယ်သားများကို ဧည့်မခံခိုင်းချေ။

“ဧကရာဇ်က ငယ်ရွယ်ပေမယ့် ကျင့်ကြံမှုကတ ကယ်ကို မြင့်မားတာပဲ ကျုပ်တသက်ဒီလိုပါရမီ ရှင်မျိုး အခုမှ တွေ့ဖူးတော့တယ်”

“ဟားးဟားး ချီးကျူးလွန်းနေပါပြီဗျာ နတ်သူင ယ်မျိုးနွယ်က လူငယ်တွေလည်း ထူးချွန်ပါတ ယ်”

နတ်သူငယ်ဘုရင်သည် ကျိုးယန်ကိုပထမဆုံး စကားပြောချိန်မှာပင် အမှတ်ပေးလိုက်သည်။ ဤလူငယ်သည် မောက်မာတတ်သူမဟုတ်ပဲ ဧကရာဇ်တပါး၏ ရောင်ဝါဖြင့် ဖိနှိပ်မထားချေ စကားပြောရသည်မှာ သက်တောင့်သက်သာရှိ ပေသည်။

“ဧကရာဇ် သစ်ပင်မိစ္ဆာကို ရှင်းပြီးချိန်မှာ တခုခု ထူးခြားတာများ တွေ့မိသေးလား”

နတ်သူငယ်ဘုရင်ကမေးလိုက်သည်။ ကျိုးယန် သည် ပြုံး၍

“သစ်သန္ဓေသားကို ပြောတာလား နတ်သူငယ် ဘုရင်ကြီး ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်”

ကျိုးယန်၏စကားကိုကြားလျင် နတ်သူငယ်ဘု ရင်က သက်ပြင်းချ၍

“ဒါဆို တဲ့တို့ပဲ ပြောတော့မယ် သစ်သန္ဓေသား က ကျုပ်တို့မျိုးနွယ်အတွက် အရမ်းအရေးပါ တဲ့အရာပါ အခုသိလိုတာက ဧကရာဇ်ကများ သန္ဓေသားနဲ့ ပေါင်းစည်းပြီးသွားပြီလား”

ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ နတ်သူ ငယ်ဘုရင်သည် တွက်ဆထားသော်လည်း အန ည်းငယ်စိတ်ပျက်သလို ခံစားလိုက်ရသည်။ထို အတွက် မည်သူ့ကိုမှ အပြစ်တင်၍ မရပေ။ကျိုး ယန်ဆီမှ သစ်သန္ဓေသားစွမ်းရည် အနည်းငယ် ကို တောင်းခံရန်သာ တတ်နိုင်တော့သည်။

“ကောင်းပါပြီ ကျုပ်တို့ကလိုအပ်ပေမယ့် ဧက ရာဇ်က ပေါင်းစည်းပြီးမှတော့ တတ်နိုင်တာမရှိ တော့ပါဘူး”

“မဟုတ်တာပဲ ကျုပ်မှာ ခဗျားတို့ကို ကူညီနိုင်မဲ့ နည်းလမ်းများ ရှိထားလား သင့်လျော်မယ်ဆို ကျုပ်က ငြင်းပယ်မှာ မဟုတ်ပါဘူး”

နတ်သူငယ်ဘုရင်၏ မျက်လုံးများ အရောင် တောက်သွားပြန်သည်။ ကျိုးယန်က ဤသို့စ တင်ကမ်းလှမ်းလာမည်ဟု မမျှော်လင့်ထားပေ။ ကျိုးယင်ချင်းသည်လည်း ထို့အတူပင်သူမ၏ မောင်တော်ဧကရာဇ်မှာ မည်သည့်အကြံများရှိ နေသနည်း။ သစ်သန္ဓေသား စွမ်းရည်သည် အ ရေးကြီးသည် မဟုတ်လား။

“ကျုပ်တို့ရဲ့ မျိုးနွယ်က မျိုးဆက်ပြန့်ပွားရေး အခက်ခဲအချို့ ကြုံနေရပါတယ် ဒါကြောင့်လဲ မျိုးဆက်အသစ်တွေမွေးထုတ်ဖို့ ခက်ခဲနေပြီး ပို ဆိုးတာက မျိုးနွယ်ကို ထောက်ပံ့ပေးနေတဲ့ နတ် သူငယ်တို့ရဲ့ ပင်မသစ်ပင်ကြီးကလည်း စွမ်းရ ည်ကုန်ခမ်းသွားတာပါ အရင်တုန်းက မျိုးဆက် ပြန့်ပွားရေးကိစ္စကို သစ်ပင်ကြီးက တာဝန်ယူ ပေးခဲ့ပေမယ့် အခုသူလည်း မတတ်နိုင်တော့ပါ ဘူး ဒီအတွက် ဧကရာဇ်က သစ်ပင်ကြီးဆီကို စွမ်းရည်အချို့ မျှဝေပေးဖို့ ကူညီစေချင်ပါတ ယ်”

နတ်သူငယ်ဘုရင်က သူတို့၏ အခက်ခဲကိုရှည် လျားစွာ ရှင်းပြလာသည်။ သူ့ပုံစံသည် ကူကယ် ရာမဲ့နေဟန်ရှိပြီး စကားအသွားအလာအရ နတ် သူငယ်မျိုးနွယ်၏ အနာဂတ်ကိုပင်ထိခတ်နေသ ည်မဟုတ်လား။

“အင်း…အခက်ခဲကတော့ အရေးကြီးအခက်ခဲ ဖြစ်နေတာပဲ ဒါပေမယ့် ကျုပ်ကူညီနိုင်ကောင်း ပါတယ်”

“ ကျေးဇူးကြီးမားပါတယ် လူသားဧကရာဇ် ခဗျားသာ ကူညီမယ်ဆို အဆင်ပြေသွားမှာပါ”

“ဟုတ်ပါပြီ ဒါပေမယ့် အလကားတော့ဘယ်ဟု တ်ပါ့မလဲ သစ်ပင်မိစ္ဆာနဲ့တိုက်တုန်းက ကျုပ်တို့ ဆုံးရှုံးမှု တကယ်ကြီးပါတယ်”

“အရင်းအမြစ်လား ကျုပ်တတ်နိုင်သမျှပေးမှာ ပါ”

နတ်သူကယ်ဘုရင်က အားတက်သရောပြော လာပြန်သည်။ သူ့တွင် နတ်သူငယ်မျိုးနွယ်၏ အရင်းအမြစ်အချို့ရှိကာ မျိုးနွယ်၏ အနာဂတ် အတွက် ရင်းနိုင်ပါသည်။

“အရင်းအမြစ်မလိုပါဘူး လက်ရှိခဗျားတို့နတ် သူငယ်တွေရဲ့ အခြေနေကို အသိဆုံးနေမှာပါ ကျုပ်က ကျိုးပြည်ထောင်စုရဲ့ ဧကရာဇ်ပါ ခဗျားတို့သာ ကျုပ်တို့နဲ့ပူးပေါင်းမယ်ဆိုရင် အ ကူညီတွက် နှစ်ခါပြန်စဥ်းစားစရာတောင် မလို တော့ဘူး”

ပူးပေါင်းရမည်လား။ နတ်သူငယ်များသည် လူ သားများနှင့် ပူးပေါင်းခြင်းမရှိခဲ့ချေ။ ပထမအ ချက်မှာ လူသားများသည် လောဘကြီးပြီး မယုံ ကြည်ရချေ။ ဒုတိယအချက်မှာ နတ်သူငယ်မျိုး နွယ်သည် အသွေးအသားထဲကိုက မောက်မာတ တ်သည့် မျိုးနွယ်ဖြစ်သည် သူတိူ့မနှစ်သက်တဲ့ လူသားမျိုးနွယ်နှင့် ပေါင်းစည်းရန်မှာ ထင်သ ည်ထက် ပိုခက်သည်။

“တချို့အရာတွေကို ကျုပ်သိထားတယ် ဒီအတွ က် ခဗျားကိုယ်ခဗျား ဖိအားပေးစရာမလိုပါဘူး နောက်ပြီး ကျုပ်ကိုယုံပါလို့လည်း မပြောဘူး သေချာတာက ကျုပ်က ကျုပ်ရဲ့မိတ်ဆွေတွေ ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာပဲ”

နတ်သူငယ်ဘုရင်နှင့် အဖွဲ့က အတန်ကြာတိတ် ဆိတ်နေသည်။ သူတို့သည် အကူညီအတွက်ပူး ပေါင်းရမည်လား။ နတ်သူငယ်ဘုရင်သည် ထို အရာတွက် မျိုးနွယ်၏ အကြီးအကဲများဖြင့် စကားပြောဆိုရန် လိုမည်ဟု တွေးလိုက်သည်။ မျိုးနွယ်၏ အရေးပေါ်ခြေနေဆိုပေမဲ့ အားနည်း သည်ဟု မပြသလိုပေ။

“ သေချာစဥ်းစားပါ ခဗျားလက်ခံရင် ခဗျားက ကျုပ်ရဲ့မိတ်ဆွေပဲ ခဗျားလိုအပ်တာကို ကျုပ် ကူညီရမှာပေါ့ နောက်ပြီး ခဗျားတို့ ဒီတောအုပ် ငယ်ထဲ ပုန်းနေစရာမလိုတော့ ကျုပ်တို့ကျိုး ပြည်ထေင်စုထဲ ခဗျားတို့ကြိုက်ရာ နေရာတခု ရွေးချယ်နိုင်တယ် ကျုပ်ရဲ့အထောက်အပံ့ကိုလဲ ရဦးမယ်”

ကျိုးယန်က ဆက်၍

“ကျုပ်က ခရီးတခုဆက်ထွက်စရာရှိလို့ အချိန် တခုကြာအောင် မစောင့်တော့ဘူး ၃ရက်အချိန် ပေးမယ် ၃ရက်ပြည့်ရင် ကျုပ်ကိုအကြောင်းပြ န်ပေးပါ ဘုရင်ကြီး”

ကျိုးယန်၏စကားကို ကြားလျင် နတ်သူငယ်ဘု ရင်က အလေးအနက်ဦးညွှတ်နှုတ်ဆက်ကာထွ က်ခွာသွားသည်။ မည်သည့်အပိုစကားမှ မပြော သွားချေ။ ကြည့်ရသည်မှာ ထိုပူးပေါင်းခြင်းက သူတို့အတွက် အရေးကြီးပုံရသည်။

All Chapters