← Chapters

နတ်သူငယ်မျိုးနွယ်မှ တုန့်ပြန်မှု

Vol. 11 Ch. 158

နတ်သူငယ်မျိုးနွယ်မှ တုန့်ပြန်မှု

Vol. 11 Ch. 158

နတ်သူငယ်ဘုရင်သည် ကျိုးယန်၏စကားကို မျိုးနွယ်ရှိ အကြီးအကဲများနှင့် တိုင်ပင်ရန်ထွက် ခွာသွားခဲ့သည်။ ယင်းကိစ္စမှာ လွယ်ကူမည်မဟု တ်မှန်း သိသော်လည်း တဖက်တွင် သစ်သန္ဓေ သား၏ စွမ်းရည်မှာ အရေးကြီးသည်။ ထိုသို့ဆို လျှင် နတ်သူငယ် မျိုးနွယ်စုက ကျိုးယန်ကိုသ တ်၍ မရနိုင်ဘူးလား။ မဖြစ်နိုင်ပေ။ သန္ဓေသား မှာ သာမန်နိယာမနဲ့မတူပေ။ သန္ဓေသားမှ လိုလို လားလား ပေါင်းစည်းခြင်းကို ခံရသည့် ကျင့် ကြံသူဆိုသည်မှာ ရှားပါးသည်။

ပြီးနောက် သန္ဓေသား၏ စွမ်းရည်သည်လည်း သန္ဓေသားလက်ဝယ်ရှိသူမှသာ သုံးနိုင်မည်ဖြစ် ပြီး ထိုလူကိုသတ်လိုက်ခြင်းဖြင့် သန္ဓေသားသ ည်လည်း ပျောက်ကွယ်သွားရပေမည်။ ထိုအ တွက် ကျိုးယန်ကို သတ်ဖြတ်ခြင်းက အဖြေမ ဟုတ်တော့။ ပိုဆိုးသည်က ကျိုးယန်သည် လ က်ရှိ ကျိုးပြည်ထောင်စု၏ ဧကရာဇ်တပါးဖြစ် ပြီး အင်အားကြီးဝိဉာဥ်မျိုးနွယ်ကလည်း သူ့ဘ က်တွင်ရှိနေသေးသည်။

နတ်သူငယ်မျိုးနွယ်က ဝိဉာဥ်မျိုးနွယ်ကို ရင်ဆို င်နိုင်မယ်တဲ့လား။ မသေချာပေ။ထိုအချက်တွေ ကြောင့် ညှိနှိုင်းခြင်းသာ အဖြေဖြစ်သည်။နတ် သူငယ်များသည် မောက်မာတတ်သော်လည်း တိုက်ခိုက်ခြင်းကို မနှစ်သက်ကြချေ။ ကျိုးယန် ၏ တောင်းဆိုမှုသည် ရိုးရှင်းသည်။ သို့သော် ပိုခက်ခဲနေသည်။

ကျိုးယန်သည် နတ်သူငယ်များ၏ အကြောင်း ကိုစနစ်ဆီမှ အချိန်ယူလေ့လာနေခဲ့သည်။ ထိုအ တွက် သူ၏တောင်းဆိုမှုကို တဖက်သူများလက် ခံရန် မရှိနိုင်ဟု တွေးထင်မိသည်။

“မောင်တော် လက်ရှိမှာ နတ်သူငယ်မျိုးနွယ်က အင်အားအရမ်းနည်းနေပြီ သူတို့နဲ့ပူးပေါင်းတာ က မောင်တော့်ကို ဘာအကျိုးအမြတ်ရစေလဲ”

ကျိုးယင်ချင်းက သိလိုစွာဖြင့်မေးသည်။ သူမ သည် ကျိုးယန်၏ စိတ်ကူးကို နားမလည်ပေ။ သူမသာဆိုလျင် နတ်သူငယ်မျိုးနွယ်စု တခုလုံး အား ရှင်းပစ်မှာ သေချာသည်။ သူမ၏စကား ကိုကြားလျင် ကျိုးယန်က ပြုံး၍

“အကျိုးအမြတ်ဟုတ်လား ဘာအတွက်လဲ ဒီမ ယ် အစ်မတော် ပြည်ထောင်စုရဲ့ သဘောတရား ကို အစ်မတော်သိလား ပြည်ထောင်စုဆိုတာက မတူညီတဲ့ လူမျိုးစုတွေစုပေါင်းပြီး စည်းစည်း လုံးလုံး နေထိုင်ကြတာကို ဆိုလိုတယ် အစ်မ တော်ရဲ့ စိတ်ကူးက ပြည်ထောင်စုကို ပေါင်းစ ည်ဖို့ပါဆို အခု နတိသူငယ်မျိုးနွယ်ကို ရှင်းပစ်ဖို့ တွေးနေပြီမဟုတ်လား”

“သူ တို့က အားနည်းတယ်လေ အစ်မတော်တို့ အတွက် အကူညီမဖြစ်စေဘူး”

ကျိုးယင်ချင်က ခေါင်းမာစွာ ငြင်းပြန်သည်။

“မဟုတ်တာပဲ ပြည်ထောင်စုရဲ့ ဧကရာဇ်တပါး အနေနဲ့ ကျောသား ရင်သား ခွဲခြားလို့မရဘူးအ စ်မတော် သူတို့ကအားနည်းနေတယ်ဆိုပေမယ့် သူတို့မှာ မတူညီတဲ့ ယဥ်ကျေးမှု ထုံးတမ်းစဥ် လာနဲ့ နည်းပညာတွေ ရှိတယ် အဲ့ဒါတွေက ပြည် ထောင်စုကို တဖက်တလမ်းက အထောက်အပံ့ ဖြစ်စေနိုင်တာပဲ မဟုတ်လား”

ကျိုးယင်ချင်းမှာ တိတ်ဆိတ်သွားရသည်။ သူမ သည် အရာရာကို ခွန်အားဖြင့်စိုးမိုးရန်သာ တွေး နေခဲ့သည်။ ကျင့်ကြံရေးလောက၌ ခွန်အားက အရေးကြီးဆုံးမဟုတ်လား။ ကျိုးယန်က သူမ ကို နူးညံ့စွာကြည့်၍

“ဗိုက်ဆာနေတဲ့သူကို အစားအစာပေးရတယ် ငွေမရှိတဲ့သူကို ငွေပေးရတယ် ကျင့်ကြံဖို့ခက် ခဲနေသူကို အရင်းအမြစ်တွေ ပေးရတယ် နေရာ တိုင်း သင့်လျော်ရာကို ပေးပြီး လူတွေရဲ့စိတ်နှ လုံးကို ထိန်းချုပ်တတ်ရမယ် သတ်ဖြတ်တာက အဖြေမဟုတ်ဘူး ပြည်ထောင်စုတခုထဲမှာ နေ တဲ့လူအချင်းချင်း သတ်ဖြတ်ပြီးအုပ်စိုးဖို့ အစ်မ တကယ်ကြီး စဥ်းစားနေတာပဲ”

ကျိုးယန်၏ စကားသည် ကျင့်ကြံရေးလောက ၏ နည်းလမ်းများနှင့် သေချာပေါက် ကွဲပြားနေ သည်။ သူမသည် ကျိုးယန်၏ အစီမံများကို ကြုံဖူး၍ ထူးဆန်းသည်ကို သတိထားမိခဲ့သော် လည်း တနေ့ထက်တနေ့ အတွေးအခေါ် အယူ အဆကအစ မတူညီတာကို သတိထားမိလာရ သည်။ ကျိုးယန်သည် မည်သူနည်း။ သူမ၏ ဖအေတူ မအေကွဲ မောင်ကော ဟုတ်ပါရဲ့လား။

“အများကြီး တွေးမနေနဲ့ ကျတော့်တောင်းဆိုချ က်ကို သူတို့လိုက်လျောဖို့ မသေချာဘူး ခုသက် မှတ်ပေးထားတဲ့ ရက်အတွင်း ဒဏ်ရာရထားတဲ့ သူတွေကို ဂရုစိုက်လိုက်ပါ မူလက ကျတော်ကု ပေးချင်ပေမယ့် လူသိခံမရလို့ ကုမပေးနိုင်တော့ ဘူး”

“ရပါတယ် အစ်မတော်တို့ သေချာစီစဥ်ထားတ ယ် အဲ့အတွက် မောင်တော်စိတ်မပူပါနဲ့”

ကျိုးယင်ချင်းက ကတိပေးလိုက်သည်။ရှေ့ဆ က်ခရီးရှည်တခု ရှိနေသေး၍ လူတိုင်းသည် အ ရေးပါသည်။ တဝက်ကျော် ဆုံးရှုံးထားရာ ထပ် မံ အဆုံးရှုံးမခံနိုင်တော့ပေ။ ကျိုးယန်သည် အ စီအရင်ဆရာနဲ့ တပည့်များကို လုံခြုံစွာထားနိုင် ခဲ့ခြင်းက ကံကောင်းပါသည်။ မဟုတ်လျင် ဒီ ခရီးက အလကားဖြစ်သွားရတော့မည်။

“အစီအရင်ဆရာကြီးတို့ အဆင်ပြေရဲ့လား”

“သူ တို့က ထိခိုက်မှုမရှိကြပါဘူး အဆင်ပြေကြ တယ်”

“ကောင်းပြီ ကျတော်ကျင့်ကြံရေးလုပ်ဦးမယ် အစ်မတော် သွားနားချင်နားတော့လေ”

ကျိုးယင်ချင်းက ခေါင်းညိတ်ပြကာ တဲအတွင်း မှ ထွက်ခွာသွားသည်။ ကျိုးယန်သည် သစ်သာ နိယာမကို ပိုလေ့လာချင်နေကြောင်း သူမကရိပ် မိသည်။ ထိုနိယာမသည် ခရီးစဥ်အတွက် အကူ ညီဖြစ်စေသည်။ တခုရှိသည်က လူမသိအောင် မည်သို့ အသုံးချမည်နည်း။

ထိုသို့ဖြင့် အချိန်၃ ရက်ကုန်ဆုံးသွားချိန်တွင် သက်မှတ်ထညးသည့်အတိုင်း နတ်သူငယ်ဘုရ င်က ပြန်ရောက်လာသည်။ ဒီတခါ၌ လူငယ်၃ဦး မပါဝင်တော့ပဲ သူတဦးတည်းသာ ဖြစ်သည်။န တ်သူငယ်ဘုရင်၏ ပုံစံမှာ ဖျော့တော့နေပြီး ပင် ပန်းနေပုံရသည်။ သေချာသည်က ကျိုးယန်၏ တောင်းဆိုမှုအတွက် မျိုးနွယ်ထဲ၌ အတော်လေ အားစိုက်ထုတ်ခဲ့ရပုံ ပေါ်သည်။

“ တွေ့ရတာဝမ်းသာပါတယ် ဧကရာဇ်”

ကျိုးယန်က လက်ဝေ့ယမ်းပြလိုက်သည်။

“ထုံးတမ်းတွေ လုပ်မနေနဲ့တော့ သက်သက်သာ သာပြောကြရအောင်ပါ”

ခနအကြာတွင် ပထမအကြိမ်ကအတိုင်း ကျိုး ယင်ချင်းက ဧည့်ခံရန် ရောက်ရှိလာသည်။ မည် သည့် သူစိမ်းမှ တဲအတွင်း မထားချေ။ နတ်သူ ငယ်ဘုရင်သည် သက်ပြင်းမောကိုချ၍ ကျိုးယ င်ချင်းကမ်းပေးသည့် လက်ဖက်ရည်ကို မော့ချ လိုက်သည်။ပြီးနောက်

“တောင်းဆိုချက်ကို မျိုးနွယ်စုဆီ ပြောပြပြီးပါ ပြီ သူတို့က လက်ခံဖို့ခဲယဥ်းနေကြတယ် ဒါပေမဲ့ ဧကရာဇ်အနေနဲ့ လက်တလောမှာ သူတို့လက်ခံ နိုင်လောက်တဲ့ အကူညီတခု အရင်ပေးထားမယ် ဆိုရင်တော့ သူတို့လက်ခံကြမှာပါ”

နတ်သူငယ်ဘုရင်၏ စကားကိုကြားလျင် ကျိုး ယင်ချင်းက နှာခေါင်းရှုံ့၍ ပြောလာသည်။

“ဟမ့် ကျမတို့က ကူညီမယ့်သူပါ ဒါတောင်မယုံ သက်ာ ဖြစ်နေရသေးလား အမှန်ဆို ရှင်တို့မျိုးနွ ယ်တွေ ကျဆင်းလာတာက ကျမတို့နဲ့မဆိုင်ပါ ဘူး”

“ကျုပ်သိပါတယ် ဒါပေမယ့် အကြီးအကဲတွေ က ခဗျားတို့လို လူသားတွေကို မယုံကြည်နိုင် ကြဘူး သူတို့က ရှေးရိုးစွဲနေကြတုန်းပဲ”

“ကျုပ်နားလည်တယ် ကူညီမယ့်သူကို ခုလိုဆ က်ဆံတာကတော့ နည်းလမ်းမကျသေးဘူး မ ဟုတ်လား ထားပါတော့ ခဗျားတို့ယုံကြည်အော င် ကူညီရင် ကျုပ်တို့က ဘာပြန်ရမှာလဲ”

ကျိုးယန်က တဲ့တိုးပင်မေးလိုက်သည်။ သူ့တွင် နတ်သူငယ် မျိုးနွယ်စုအား မဖြစ်မနေကူညီရမဲ့ တာဝန်မရှိထားပေ။ သို့သော် တဖက်က သူ့အ ကူညီကို လိုအပ်သော်လည်း တောင်းဆိုသည့်ပုံ စံမှာ နည်းလမ်းမကျဖြစ်နေသည်။

“အဲ့ဒါဆိုရင် ကျုပ်တို့နတ်သူငယ်မျိုးနွယ်တခု လုံး လူသားမျိုးနွယ်တွေနဲ့ ပူးပေါင်းပြီးနေထိုင် ကြမှာပါ”

“ဒါပဲလား”

ကျိုးယန်က မဲ့ရွဲ့ကာ မေးလိုက်သည်။ ပူးပေါင်း ခြင်းက နောက်ကွယ်၌ အကြောင်းအရာများစွာ ရှိသည်။ ဘယ်လိုပုံစံနဲ့ ပူးပေါင်းမှာလဲ မဟာမိ တ်လား လက်အောက်ခံလား ကွဲပြားဖို့လိုသည်။ ကျိုးယန်၏ အမေးကို နတ်သူငယ်ဘုရင်က

“မဟာမိတ်အနေနဲ့ပါ ကျုပ်တို့တွေ အပြန်အလှန် ကုန်သွယ်တာ နည်းပညာဖလှယ်တာ စတဲ့အရာ တွေ အားလုံး လုပ်ဆောင်ကြပြီး ဧကရာဇ်ရဲ့ စ ကားအတိုင်း နတ်သူငယ်မျိုးနွယ်တွေကို ပြည် ထောင်စုမှာ နေရာတခုသက်မှတ်ပေးရုံပါပဲ”

“မဟာမိတ် ခဗျားတို့မှာ ကျုပ်နဲ့မဟာမိတ်လုပ်ဖို့ တကယ်ကြီး အင်အားရှိနေတယ်လို့ ထင်နေ သေးတယ်ပေါ့”

ကျိုးယန်၏ စကားက နတ်သူငယ်ဘုရင်၏ ရင် ဘတ်ကို ဓားဖြင့်မွှေလိုက်သလိုပင်။ မျိုးနွယ်၏ ကျဆင်းမှုအပေါ် သူအသိဆုံးဖြစ်သည်။ အင် အားကြီးလာသည့် ဝိဉာဥ်မျိုးနွယ်ကိုတောင် ရင် ဆိုင်ရန် အခြေနေမရှိတော့ပေ။ ထိုမျိုးနွယ်စုက ပူးပေါင်းထားသည့် လူသားဧကရာဇ်တပါး၌ သာမန်ညောင်ည ခွန်အားမျိုးပဲ ရှိမတဲ့လား။အ နည်းဆုံး နတ်သူငယ်မျိုးနွယ်အား မျိုးဖြုတ်ရန် လုံလောက်သည်။ ထိုအတွက် မဟာမိတ်ဟူသ ည့် စကားကို သုံးစွဲရန် နတ်သူငယ်များ၌ အဆင့် တန်းမမီပေ။

“အင်း…ဆွေးနွေးမှုက မထိရောက်ဖူးပဲ ကျုပ် တို့ ခရီးဆက်ထွက်တော့မယ် ဘုရင်ကြီး တွေ့ ဆုံခဲ့ရတာကို ဝမ်းသာမိပါတယ်”

ကျိုးယန်က ခပ်ပြတ်ပြတ်ပင် ဆိုလိုက်သည်။ သူက နတ်သူငယ်မျိုးနွယ်နဲ့ ပူးပေါင်းချင်သော် လည်း လူသားမျိုးနွယ်စုအပေါ် မောက်မာတာ မျိုးတော့ လက်သင့်မခံချေ။ အကူညီလည်းရ ချင်သေးသည် အကူညီတွက်လည်း အထက်စီး ဆန်နေကြသည်။ ရယ်စရာပင်။ သူလိုချင်သည့် နတ်သူငယ်များ၏ ယဥ်ကျေးမှု ထုံးတမ်းများ နည်းပညာကိုတော့ တချိန်မဟုတ် တချိန်ရနိုင် ပြီး ထိုအရာများက မရှိမဖြစ်လိုအပ်နေတာလဲ မဟုတ်ပြန်ချေ။ ထို့ကြောင့် အကူညီအတွက် သူ က အောက်ကျခံ၍ မကူညီနိုင်တော့။ ကူညီရန် လိုလားသည်လား လေသံနဲ့အချိုးကို ပြောင်း၍ ဆက်သွယ်ရန် လိုမည်။

“ကောင်းပါပြီ အဆင်မပြေခဲ့လို့ စိတ်မကောင်း ဖြစ်ရပါတယ် ကျုပ်ပြန်ပြီး စကားပြောလိုက်ပါ ဦးမယ်”

“ကောင်းပါပြီ”

နတ်သူငယ်ဘုရင်က ညှိုးငယ်စွာဖြင့် ပြန်လည် ထွက်ခွာသွားသည်။ အကြီးအကဲများ၏ မော က်မာမှုကို နားမလည်နိုင်တော့ချေ။ ထိုအရာက မျိုးနွယ်စုကို အမှန်ပင်ပျက်သုန်းနိုင်ပေသည်။

All Chapters