← Chapters

ပေါက်ကွဲနေသည့်ဘုရင်ကြီး

Vol. 11 Ch. 159

ပေါက်ကွဲနေသည့်ဘုရင်ကြီး

Vol. 11 Ch. 159

“ဘာပြောတယ် မကူညီနိုင်ဘူးဟုတ်လား ငါထင် သားပဲ လူသားတွေက အကျင့်ကိုမကောင်းကြ ဘူး ငါမပြောခဲ့ဘူးလား သူတို့မှာ မကောင်းတဲ့ရ ည်ရွယ်ချက်တွေ ရှိနေတယ်”

ပထမအကြီးအကဲ မဲ့ရွဲ့၍ ပြောလာသည်။ ထိုအ ကြီးအကဲမှာ နတ်သူငယ်မျိုးနွယ်၏ အကြီးအ ကဲ ၄ဦး၌ ပထမအသွင်ပြောင်းခြင်း အဆင့်ရှိ သည့် အကြီးအကဲတဦးဖြစ်ပြီး သြဇာအရှိဆုံး ဖြစ်သည်။

“အဲ့လိုလည်း မဟုတ်သေးဘူးလေ သူတို့ရဲ့အကူ ညီအတွက် ကျုပ်တို့က ဘာမှပြန်မပေးနိုင်တာ ကို ဘယ်သူက ကူညီချင်မှာလဲ”

နတ်သူငယ်ဘုရင်က ထောက်ပြ ပြောဆိုသည်။

“ဟ မင်းပြောထားသလိုပဲ သူ့ရဲ့တောင်းဆိုချက် အတိုင်း ပူးပေါင်းမယ်လို့ ပြောခဲ့ပြီးပြီလေ ဒီထ က်ပိုပြီး ဘာလိုချင်နေတာလဲ”

ဒုတိယအကြီးအကဲက မကျေမနပ်ပြောလာသ ည်။ ပူးပေါင်းရန် တောင်းဆိုချက်ကို သဘောတူ ပေးခဲ့ပြီ မဟုတ်လား။ ဘာထပ်လိုချင်နေသေး တာလဲ။

“ပူးပေါင်းတာဟုတ်လား သူ့အနေထားနဲ့ ကျုပ် တို့ပူးပေါင်းဖို့ တောင်းဆိုတာရဲ့ သဘောအမှန် ကို အကြီးအကဲတို့ မသိဘူးလား”

“သိတာပေါ့ သိလို့လည်း မဟာမိတ်ဆိုတဲ့စကား ကို ငါအလေးအနက်ထည့်ပြောခဲ့တာပေါ့ ငါတို့ က ခွန်အားအရကော ဉာဏ်ပညာအရကြီးမား တဲ့ မျိုးနွယ်စုကြီးပါ ဘာမဟုတ်တဲ့လူသားတွေ လက်အောက် မခိုလှုံနိုင်ဘူး”

“ဟုတ်တယ်ဘာကြောင့် လက်အောက်ခံရမှာလဲ”

“အစ်ကိုကြီး ပြောတာအမှန်ပဲ”

ပထမအကြီးအကဲ၏ စကားကို အခြားအကြီး အကဲများကလည်းထောက်ခံ ပြောဆိုကြသည်။

“အတိတ်မှာ ရွှေထီးဆောင်းတာကို ခုထိရွှေထီး ဆောင်းနေတယ်လို့ ထင်နေကြသေးတာလား ခဗျားတို့ အမှန်တရားကို လက်မခံနိုင်ကြသေး ဘူးလား ဘယ်အချိန်ထိ ခေါင်းမာနေကြမှာလဲ”

နတ်သူငယ်ဘုရင် ဒေါသတကြီး အော်ဟစ်ပြော ဆိုတော့သည်။ သူသည် ဘုရင်သက်တမ်းတ လျှောက် ထိုကဲ့သို့ တခါမှ မပြောဆိုခဲ့ဖူးချေ။ အကြီးအကဲများကို လွန်စွာ လေးစားသူဖြစ်ကာ အကြီးအကဲများ၏ စကားများကို လိုက်နာခဲ့သူ ဖြစ်သည်။

“မင်း..မင်း ငါတို့ကို ဘယ်လိုလေသံနဲ့ ပြောလိုက် တာလဲ”

တတိယအကြီးအကဲက လက်ညှိုးထိုး၍ မယုံ နိုင်ဟန်ဖြင့် နတ်သူငယ်ဘုရင်ကို ကြည့်နေလေ သည်။ ထိုကောင်က သူတို့ကိုပါ တုန့်ပြန်ရန် ကြိုးစားနေသည်လား။

“မင်းက မျိုးနွယ်ကို သစ္စာဖောက်ချင်နေတာ လား”

“တော်ကြတော့ ခဗျားတို့ရဲ့ အတ္တတွေကို ခုထိ မစွန့်ခွာနိုင်သေးဘူးဆိုတာ ကျုပ်သိလိုက်ပြီး အခု မျိုးနွယ်ကို ကြည့်လိုက် အဘက်ဘက်က ယိုစိမ့်ပြီး အက်ကွဲနေပြီ ခဗျားတို့က မျိုးနွယ်ရဲ့ အရင်းအမြစ်ကို ထိုင်သုံးပြီးသက်တမ်းကို ဆွဲ ဆန့်နေကြတယ် မျိုးနွယ်ရဲ့ ပါရမီရှင်တွေကျ ခ ဗျားတို့ရဲ့ အကြွင်းအကျန်နဲ့ လေ့ကျင့်နေခဲ့ကြ တာ ဘယ်မှာများတိုးတက်ခဲ့လဲ ကျုပ်ပြောပြမ ယ် ခုလူသားဧကရာဇ်က နှစ်ဆယ်ကျော်ပဲရှိ သေးတယ် ကျုပ်ထက်ပိုအားကောင်းနေပြီး ခ ဗျားပြောကြည့်လိုက် ကျုပ်တို့မျိုးနွယ်မှာ သူ့ကို ယှဥ်နိုင်တဲ့ လူငယ်မပြောနဲ့ ကျုပ်လိုဘုရင်တော င်သူ့ထက်နိမ့်တယ် အဲ့ဒါကို စဥ်းစားမိလား သူ သာ ဆန္ဒရှိရင် ကျုပ်တို့မျိုးနွယ်က ပျောက်ကွ ယ်သွားရမှာ”

နတ်သူငယ်ဘုရင်သည် ဒေါသတကြီးဖြင့် သူ့ရဲ့ ခံစားချက်များကို ဖွင့်ထုတ်နေခဲ့လေသည်။ သူ့ စကားများကို အကြီးအကဲများ မငြင်းနိုင်ချေ။ နတ်ရေစင်များကို နှစ်စဥ်သုံးစွဲ၍ အသက်ဆက် နေခဲ့ရပြီး သူတို့ရဲ့ ပါရမီအရ နောက်ထပ်အသွ င်ပြောင်းမှုကို ကြုံရန်မရှိတော့ချေ။ တဖက်တွင် မျိုးနွယ်၏ အဓိက အရင်းအမြစ်များကို သူတို့ သုံးစွဲမှုက ပါရမီရှင်များကို သက်ရောက်နေခဲ့ရ သည်။ ထို့ကြောင့်လည်း မျိုးဆက်တိုင်း အားန ည်းခဲ့ရပြီး အင်အားနည်းပါးသွားရခြင်းဖြစ်သ ည်။

“ဘာပဲပြောပြော လက်အောက်ခံပူးပေါင်းဖို့ စိတ်မဝင်စားဘူး”

“ငါတို့နတ်သူငယ်က ဘယ်တော့မှ အညံ့မခံဘူး”

အကြီးအကဲများက ရှက်ရွံနေကြသော်လည်း ငြင်းပယ်နေကြတုန်းပင်။

“ကောင်းတယ် ကောင်းတယ် သိပ်ကိုကောင်းတ ယ် တကယ့်မြေခွေးအိုကြီးတွေ ဟမ့် ခဗျားတို့ ဟောဒီ့စုတ်ပျက်သပ်နေတဲ့ မျိုးနွယ်စုကို ကိုယ့် ဘာသာ ဆက်ပြီး စောင့်ရှောက်လိုက်ကြတော့ ကျုပ်ကတော့ ထွက်သွားတော့မယ်”

“မင်း မင်းက မျိုးနွယ်ဘုရင်ပဲ ဒီလိုလုပ်လို့မရ ဘူးလေ”

ပထမအကြီးအကဲက တုန်လှုပ်စွာဖြင့်တားလာ သည်။ သူတို့သည် ကျင့်ကြံရေးဖြင့်မအားလပ် နိုင်ပေ။ နတ်သူငယ်ဘုရင်သာ မရှိပါက မျိုးနွယ် ၏ ကိစ္စအဝဝကို မည်သူက ကိုင်တွယ်မည်နည်း သူတို့တွင် ကိုင်တွယ်ရန် နည်းလမ်းမရှိပေ။

“ကျုပ်က အခုကစ မျိုးနွယ်ရဲ့ဘုရင်မဟုတ် တော့ဘူး ကျုပ်သမီးတွေခေါ်ပြီး အနောက်ပိုင်း ဒေသက မြို့တော်အသစ်မှာ အခြေချတော့မယ် ခဗျားတို့ရဲ့ ခေါင်းမာမှုနဲ့ မျိုးနွယ်ကို ဆက်ပြီး အုပ်ချုပ်နိုင်ကြပါစေ”

နတ်သူငယ်ဘုရင်သည် မျိုးနွယ်စုအမှတ်သားပါ ကျောက်စိမ်းပြားအား အကြီးအကဲများထံပစ် ပေးလိုက်သည်။ သူ့တွင် မျိုးနွယ်စုအပေါ်သံ ယောဇဥ်ရှိသော်လည်း လက်ရှိအကြီးအကဲများ ၏စိတ်ကို မပြောင်းလဲနိုင်ပါက မျိုးနွယ်သည် ဆက်၍ သာကျဆင်းတော့မည် ဖြစ်သည်။ထို အတွက် ကျဆင်းမှုကို မြင်တွေ့လိုခြင်းမရှိသည့် နတ်သူငယ်ဘုရင်က သူ့မိသားစုကို ခေါ်ထုတ် ၍ လူသားများကြား မြုပ်နှံနေထိုင်ရန်သာ ဆုံးဖြတ် လိုက်သည်။ ယခုအခါတွင် မြို့တော်အသစ်သ ည် လူသား နဲ့အခြားမျိုးနွယ်များ ခွဲခြားခြင်းမရှိ လက်ခံထားသည်ဟု သူကြားသိထားသည်။ ထို နေရာမှ တဖန် နတ်သူငယ်မျိုးနွယ်ကို ပြန်လည် စတင်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

အကြီးအကဲများသည် ထွက်ခွာသွားသည့် နတ် သူငယ်ဘုရင်ကို ကြည့်၍ ဒေါသထွက်နေခဲ့သ ည်။ ထိုကောင်က မျိုးနွယ်ကို ပုန်ကန်သွားခဲ့ပြီ ထောက်ပံ့ပေးခဲ့သည့် မျက်နှာကိုမှ မထောက်ခဲ့ ချေ။ သို့သော် သူတို့တွင် တတ်နိုင်သည့်အရာမ ရှိချေ။ မျိုးနွယ်မှ သင့်တော်ရာကိုရွေး၍ ခန့်အပ် ပြီး သူတို့၏ ကျင့်ကြံရေးကို နှောင့်နှေးမခံနိုင် ပေ။

All Chapters