မျိုးနွယ်မှ ထွက်ခွာခြင်း
Vol. 11 Ch. 160
နတ်သူငယ်ဘုရင် သည် စိတ်ဓာတ်ကျခြင်း စိတ် ရှုပ်ထွေးခြင်း စိတ်ပျက်ခြင်း စသည့် စိတ်ပိုင်း ဆိုင်ရာ ခံစားချက်များစွာဖြင့် သူ၏အိမ်သို့ပြန် သွားခဲ့သည်။ သူ့တွင် မိဖုရားတပါးနှင့် သမီး တော်နှစ်ပါး ရှိကာ အစေခံအချို့ကိုပါ သူနဲ့အ တူ ခေါ်ဆောင်သွားရမည်ဟု ဆုံးဖြတ်လိုက်သ ည်။
မျိုးနွယ်စုကိစ္စများလား လျစ်လျူရှုလိုက်ချေ ပြီ။ သူသည် နတ်သူငယ်မျိုးနွယ်အတွက် ဘုရင် တပါးမဖြစ်ခင်ကပင် အထူးအားထုတ်ခဲ့ရသည် မျိုးဆက်တူများကြား ထူးချွန်လွန်းသည့်အတွ က် သူ့ရဲ့အောင်မြင်မှုများသည် တဆင့်ပြီးတဆ င့် ထိုးတက်လာခဲ့ပြီး ထိုအရာများ၏နောက်ကွ ယ်၌ မနာလိုမှုများ ရန်စစော်ကားမှုများ ချောင်း မြောင်းလုပ်ကြံမှုများစွာကိုလည်း ခါးစည်းခံရင် သွေးချောင်းစီးစေပြီးမှ ဘုရင်နေရာရလာခြင်း ဖြစ်သည်။ ထိုဘုရင်နေရာ ရသည်နှင့် မျိုးနွယ် ၏ အကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ သော်လည်း အကြီးအကဲများဟူသည် ယိုပေါက် ကို မဖြည့်တင်းနိုငိခဲ့ချေ။
ထိုသူများသည် အရင်းအမြစ်၏ ၈၀ ရာနှုန်းနီး ပါးကို သုံးစွဲနေကြပြီး ထိုပမာဏက မျိုးဆက် တဆက်ကို ကောင်းမွန်စွာ ပျိုးထောင်နိုင်သည့် အရင်းအမြစ်များ ဖြစ်သည်။ နတ်သူငယ်များ ၏ ကံသစ်ပင်ကြောင့်သာ မဟုတ်ပါက ယခုထ က်ပင် ပို၍ အခြေနေဆိုးနေပေဦးမည်။ ကံသစ် ပင်ဆိုသည်က နတ်သူငယ်တို့၏ မူလကမ္ဘာတ ည်ရှိရာ ဂြိုလ်တွင် စတင်ပေါက်ရောက်ခဲ့ပြီး အ ဆက်ဆက်သော နတ်သူငယ်မျိုးနွယ်၏ ထိပ်သီ စွမ်းအားရှင်များစွာက ထောက်ပံ့ပေးခဲ့သည့် မူ လအရင်းအမြစ်တမျိုးဖြစ်သည်။ ကံသစ်ပင်သ ည် အသက်ဓာတ်ကို ဆောင်ကြည်းပေးနိုင်ပြီး မျိုးဆက်ပြန့်ပွားရန် ခက်ခဲနေသူများကို ကူညီ နိုင်သည်ဟု ဘိုးဘေးများက ပြောကြားခဲ့ဖူးသ ည်။
ထိုအရာက ခေတ်သစ်ကမ္ဘာတွင် သားဆုသမီး ဆု တောင်းဆိုခြင်းနှင့် တူညီလောက်သည်။ ဤ ကား… .နမူနာ ရေးပြခြင်းဖြစ်ပါသည်။
ကံသစ်ပင်သည် သစ်သန္ဓေသားလောက် မစွမ်း သာသော်လည်း ထိရောက်သည့် ကုသမှုပေးနိုင် ကာ မျိုးဆက်များကို စောင့်ရှောက်ပေးနေသည့် အစောင့်အရှောက် နတ်သစ်ပင်တမျိုးဖြစ်သည် နတ်သူငယ်ဘုရင် သက်ပြင်းမောကို ချ၍ အိမ် ထဲ လှမ်းဝင်လိုက်သည်။ ဇနီးနဲ့ သမီးဖြစ်သူများ သည် နတ်သူငယ်ဘုရင်ကြီး သစ်တောမှ ဘေး မသီပဲ ပြန်ရောက်လာသည်ကို သိကြသည်။သို့ သော် အရေးကြီးကိစတခုအတွက် အကြီးအကဲ များကို တွေ့ဆုံနေသည်ဟု ကြားသိထားသော ကြောင့် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
“အရှင် မျက်နှာလေး မကောင်းပါလား”
နတ်သူငယ်မိဖုရားသည် သူမယောက်ကျား၏ လက်ကို အသာဆုပ်ကိုင်၍ မေးလိုက်သည်။သူ မသည် နှစ်ရာနဲ့ချီ၍ အတူရှိခဲ့သောကြောင့် တ ဖက်လင်သား၏ အပြောင်းအလဲကို ခံစားနိုင်နေ ခဲ့သည်။
“အရေးကြီးကိစ္စ ရှိတယ်ဆို ဘာများလဲ အဲ့ဒါက အဆင်မပြေဖြစ်လို့လား”
သူမဘေးတွင် ရှိနေသည့် သမီးများကလည်း ဖ ခင်ဖြစ်သူ၏ မျက်နှာပျက်ယွင်းနေသည်ကို ကြ ည့်၍ စိုးရိမ်နေကြပုံရှိသည်။ နတ်သူငယ်ဘုရင် က သက်ပြင်းကိုသာ ထပ်မံချလိုက်ပြီး…
“ရှင်မ ကျုပ်မကြာခင်က မျိုးနွယ်စုအပြောင်းအ လဲတွက် ကိစ္စတခုကြုံခဲ့ရတယ်”
“အပြောင်းအလဲအတွက် ဟုတ်လား အဖေဆို လိုတာ ဘာများလဲ”
သမီးအကြီးဖြစ်သည့် ရှန်းနင်က စိတ်ဝင်တစား မေးလာသည်။ ထိုစဥ် အငယ်ဖြစ်သည့် ရှန်းချင် ကလည်း သူမ၏ ဖခင်လက်ကို လှုပ်ကိုင်ကာ အားတက်သရော ဝင်မေးလာသည်။
“ပြောပါဦး အဖေရဲ့ ဘယ်လိုကိစ္စကြီးလဲ မျိုးနွ ယ်စုကိုတောင် ပြောင်းလဲစေနိုင်တာက အရမ်း ကြီးမားမယ့်ပုံပဲ”
နတ်သူငယ်ဘုရင်က ဇနီးနှင့်သမီးများ၏ မျက် နှာများကို ကြည့်ကာပြောလိုက်သည်။
“ကံသစ်ပင်ကို ကုသဖို့ သစ်သန္ဓေသားကို လိုက် ရှာနေခဲ့တာ သမီးတို့သိတယ်မဟုတ်လား”
သူမတို့က ခေါင်းညိတ်ပြကြသည်။
“အဲ့သစ်သန္ဓေသားကို သစ်ပင်မိစ္ဆာက ထိန်းချုပ် ပြီး စွမ်းအင်ယူနေခဲ့တာကို အဖေကသတိထားမိ ခဲ့တယ် ဒါပေမယ့် အဖေတို့အင်အားနဲ့ သစ်ပင် မိစ္ဆာကို ရင်ဆိုင်လို့မရဘူးလေ ဒါကြောင့်အဖေ တို့ စောင့်ကြည့်နေတဲ့အချိန်မှာပဲ လူသားနဲ့ဝိဉာ ဥ်မျိုးနွယ်က အဖွဲ့ချို့က သစ်ပင်မိစ္ဆာကိုသတ် ပြီး သစ်သန္ဓေသားကို ရသွားကြတယ် အဲ့ဒီအ တွက် အဖေလည်း လူသားဧကရာဇ်ဆိုတဲ့ လူင ယ်လေးနဲ့ စကားပြောပြီး အကူညီတောင်းခဲ့တာ အဆင်ပြေခဲ့ပါတယ် ဒါပေမယ့်..”
“အရှင်ပြောတော့ အဆင်ပြေတယ်ဆို ဒါပေမဲ့က ဘာသဘောလဲ”
မိဖုရားက စိုးရိမ်တကြီးမေးလာသည်။နတ်သူင ယ်ဘုရင်က ဆက်လက်၍
“ကျုပ်က သစ်သန္ဓေသားစွမ်းရည်ကို အနည်းင ယ် ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့ပြီး ဧကရာဇ်က လည်း ကူညီဖို့သဘောတူခဲ့ပါတယ် ဒါပေမဲ့သူ က ကျုပ်တို့ကို လူသားမျိုးနွယ်နဲ့ပေါင်းစည်းစေ ချင်နေတယ် အဲ့ဒီအတွက်လည်း ဒီကျိုးပြည် ထောင်စုကြီးအတွင်း နတ်သူငယ်မျိုးနွယ်တွေ အတွက် နေရာတခု စီမံပေးဦးမှာပါ”
“ပူးပေါင်းတာဟုတ်လား ဒါကတော့နည်းနည်း ပြောရခက်တယ် ဒါပေမယ့် ကျမတို့ဒီတောအုပ် အစွန်ဖျားမှာနေတာထက်စာရင် ပြည်ထောင်စု ကြီးရဲ့ အခြားနေရာတခုခု ဒါမှမဟုတ် တိုးတ က်နေတဲ့ မြို့တော်အသစ်လိုနေရာမျိုးမှာ အခြေ ချတာက ပိုမကောင်းဘူးလား”
မိဖုရားက တွေးတွေးဆဆပြောလာသည်။သူမ သည် ပူးပေါင်းခြင်းဟူသည့် နောက်ကွယ်က အကြောင်းအရာများ၏ လေးနက်မှုကို နားလ ည်လိုက်သည်။ သို့သော်တဖက်က နတ်သူငယ် မျိုးနွယ်သည် ဧကရာဇ်၏အမိန့်ဖြင့် နေရာတခု အပိုင်စားရပါက ထိုအရာက မပြောပလောက် တော့ပေ။
“ဟုတ်တယ် ဒီအတွက် ကျုပ်ကအကြီးအကဲ တွေနဲ့ ဆွေးနွေးခဲ့တာပေါ့ သူတို့က အကူညီကို လိုချင်နေပြီး ပူးပေါင်းဖို့ကို ငြင်းဆန်ကြတယ် ဒီနေရာမှာ ရှင်မ သိထားဖို့က ကျုပ်တို့မျိုးနွယ် ရဲ့ အခြေနေမှန်ကိုပဲ ကျုပ်က တဖက်လူသားမျို နွယ်တွေဆီ အညံ့ခံခိုင်းနေတာမဟုတ်ပါဘူး အ ကူညီကို လိုချင်ရင် ရိုးသားဖို့လိုတယ်လေ ကျု ပ်တို့သာ ရိုးသားရင် ကျုပ်တို့မှာ ခွန်အားနည်း တယ်ဆိုရင်တောင် ဧကရာဇ်က လက်အောက်ခံ လို သဘောထားမှာမဟုတ်ဘူး ဒါပေမယ့် အကြီ အကဲတွေက အကူညီကို အရင်ယူပြီး မဟာမိတ် လို တန်းတူအခွင့်အလမ်း တောင်းဆိုနေတယ်”
မဟာမိတ် တန်းတူအခွင့်အရေး..။ဒါက ပြိုကျ နေသည့် မျိုးနွယ်တစုရဲ့ အသုံးမဝင်တဲ့မာနမဟု တ်လား။ တဖက်သူသည် ဘာအကျိုးအမြတ်မှ မရပဲတော့ ကူညီမည်မဟုတ်တာ သေချာသည်။
“အင်း အကြီးအကဲတွေက ရှေးရိုးစွဲတာ ကျမသ တိထားမိပါတယ် သူတို့က လက်အောက်ခံတာ လို့ပဲ တွေးနေကြမှာ တကယ်တမ်း လက်အော က်ခံရတာပါဆိုရင်တောင် လက်ရှိကျမတို့အနေ ထားအရ ရွေးချယ်စရာ ရှိမနေဘူးလေ”
မိဖုရားက ပြဿနာကို သိလိုက်ရပြီ။ မျိုးနွယ်စု မတိုးတက်ရသည့် အရင်းအမြစ်ပြဿနာကို သူ မလည်း သိထားပြီ ဖြစ်ကာ မျိုးနွယ်စုသာ ပြင် ပ လူ့အဖွဲ့စည်းနဲ့ချိတ်ဆက်မိပါက တိုးတက်လာ သည့် အသိအမြင်များကြောင့် မျိုးနွယ်စုရှိ လူ များ ပိုမိုတိုးတက်လာနိုင်ပြီး လက်ရှိအရင်းအမြ စ်ပြဿနာအပေါ် ရှုမြင်မှုကလည်း ပြောင်းလဲ သွားမှာ သေချာသည်။ ထိုအရာကို အကြီးအကဲ များ ထိတ်လန့်နေခြင်း ဖြစ်သည်။
“ထားလိုက်ပါတော့ ဒီလူအိုကြီးတွေဆီက ကျုပ် ထွက်လာခဲ့ပြီ ခုကစ ဘုရင်မဟုတ်တော့ဘူး ကျုပ်တို့မူလက ရည်ရွယ်ထားတဲ့ မြို့တော်အ သစ်ဆီ ပြောင်းကြရအောင် ရှင်မ ချက်ချင်းစီစ ဥ်လိုက်ပါ မကြာစေနဲ့”
ရှန်နင် နဲ့ ရှန်ချင် သည် သူမတို့ဖခင်၏ ဆုံးဖြတ် ချက်ကို ကြားလျင် မှင်သက်သွားကြရသည်။ သူမတို့မှာ ပြင်ပလူသားများထံ သွားရောက်ချင် နေသည်မှာ တပိုင်းသေလုနီးပါးဖြစ်သည်။ယခု သူမတို့၏ ဖခင်က ဘုရင်အဆင့်တန်းကိုပင် စွန့် ခွာ၍ ထွက်သွားရန် ပြောလာသည်။ အကြီးအ ကဲများနှင့် ဖခင်တို့ကြား ပြဿနာမသေးငယ် လောက်ဟု တွက်ဆမိလိုက်သည်။
“အဖေ တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား”
ရှန်နင်က မေးလာသည်။ သူမသည် အကြီးမ ဖြစ်ပြီး လေးနက်သည့် ဟန်ပန်ရှိကာ အထူးသ ဖြင့် အတွေးခေါ်များသည် သူမဖခင်ကဲ့သို့ပင် စေ့စပ်သေချာသည်။
“ဟုတ်တယ် ဘာလဲ သမီးတို့က မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကို မက်နေကြတာလား”
“မဟုတ်တာပဲ ဒီဂုဏ်ပုဒ်က ရွံနွံထဲက ကျောက်ခဲ သာသာပါ အဖေရယ် ဘာမှမဟုတ်ပါဘူး”
“သမီးတို့ သဘောပေါက်ထားတာ ကောင်းတယ် အခုပြင်ဆင်လိုက်ကြတော့ အတတ်နိုင်ဆုံးစီစဥ် ပြီး ထွက်ခွာကြမယ် လမ်းမှာ အချိန်တချို့ကြာ နိုင်ပေမယ့် လက်ရှိလူသားဧကရာဇ်က လမ်းပန် ဆက်သွယ်ရေးကို အတော်လေးအဆင်ပြေစေ ဖို့ ကြိုးစားနေတယ်လို့ ကြာတယ် ချောချောမွေ့ မွေ့ ရှိမှာပါ သွားကြ လိုအပ်တာ ထုပ်ပိုးကြတော့ မနှောင့်နေးကြနဲ့”
နတ်သူငယ်ဘုရင်က သမီးများကို စီစဥ်ခိုင်းလို က်သည်။ မိဖုရားသည် အစောတည်းကပင် ထွ က်ခွာသွားပြီး အစေခံများကို မှာကြားကာ စီစဥ် နှင့်လေပြီ။ မည်သူကို ခေါ်သွားမည် မည်သူကို ချန်ရစ်မည်ကအစ သူမကိုယ်တိုင် ဆုံးဖြတ်မည် ဖြစ်သည်။