ခရီးဆက်ခြင်း
Vol. 11 Ch. 161
ကျိုးယန်တို့အဖွဲ့သည် စခန်းချအနားယူနေရာမှ စတင်၍ ခရီးထွက်ခွာသွားတော့သည်။ ကျိုးယ န်အတွက် နတ်သူငယ်မျိုးနွယ်၏ အခက်ခဲကို ခေါင်းထဲ မထည့်တော့ပေ။ ကူညီရန် မထိုက်တ န်သူကို ကူညီမည်မဟုတ်။ ကျိုးယန်အတွက် ထို အရာကို မကူညီလည်း နစ်နာစရာမရှိဘူး မဟု တ်လား။
ထိုသို့ဖြင့် ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွား သည်။ နှလုံးမဲ့သစ်တောကို ဖြတ်ကျော်ကာ အ ခြား အမည်မသိရသည့် တောအုပ်အနည်းငယ် ကိုထပ်မံကျော်လွန်ပြီးနောက် နှလုံးမဲ့ချောက်န က်နှင့် ကီလိုမီတာ တရာနီးပါးမျှသာ ဝေးကွာ တော့သည်။
ကျိုးယန်သည် ရက်အနည်းငယ် ခရီးထွက်ရ သောကြောင့် ပင်ပန်းနေပုံရသည့် အဖွဲ့သားများ ကို ကြည့်ကာ အနားယူရန်ဆုံးဖြတ်လိုက်သည်။ အထူးသဖြင့် ကျင့်ကြံမှုသိပ်မမြင့်သည့် အစီရင် ဆရာကြီးနှင့် တပည့်များအတွက်ဖြစ်သည်။ ဝူ ကျင်းသည် လမ်းတလျှောက် အစီရင်များကို တစိုက်မက်မက်လေ့လာနေခဲ့သည်။ သူမအတွ က်အစီရင် ပညာကိုလေ့လာရခြင်းမှာ သူမသ ဘောကျသည့် အရာတခုကို ကြည့်နေရသည့်နှ ယ်ဖြစ်သည်။
အစီရင်ဆရာကြီးသည် သူမကိုကြည့်၍ ကျေန ပ်စွာပြုံးနေလေသည်။ နောင်တွင် သူမသည် ဧ ကရာဇ်အားထားရသည့် ပညာရှင်တဦးဖြစ်လာ ပြီး ကျိုးပြည်ထောင်စုကို တဖက်တလမ်းမှ အ ကူညီဖြစ်စေမည် မဟုတ်လား။
အစီရင်ပညာသည် ရှုပ်ထွေးကာ နက်နဲသည့်ပ ညာရပ်တမျိုးဖြစ်သည်။ သေးငယ်သည့်ပညာ ရပ်တခုကပင် အကျိုးသက်ရောက်မှု ကြီးမား ပြီး ထိုအရာက ကမ္ဘာမြေရှိ ဆားကစ်ပြားများနဲ့ ပုံစံတူသည်ဟု ကျိုးယန်ထင်သည်။ မမြင်ရသ ည့် လမ်းကြောင်းများသာမက မျက်စိဖြင့်ကြည့် ရန်ခက်ခဲလောက်အောင်ပင် သေးငယ်သည့်စွမ်း အင်လမ်းကြောင်းများကို နားလည်ရန်ကြိုးစား ရသည်မှာ မလွယ်ကူချေ။ သို့သော် လောက၌ မ ည်သည့်ပညာရပ်က လွယ်ကူသနည်း။ လွယ်ကူ သည့်အရာဟူ၍ မရှိချေ။
ကျင့်ကြံရေးလမ်းကြောင်းဖြစ်စေ ဆေးပညာရ ပ်ဖြစ်စေ လက်နက်ပြုလုပ်ခြင်းဖြစ်စေ အလွန် ပင် ခက်ခဲသည့် လမ်းကြောင်းများဖြစ်ပြီး ထို အရာများ၌ ထူးချွန်သည့်လူများ ရှားပါးလှသ ည်။ ကျိုးယန်လို လူပင်စနစ်ရှိနေ၍ အဆင်ပြေ နေရခြင်းဖြစ်ပြီး စနစ်သာမရှိပါက ကျင့်ကြံရန် ပင် မလွယ်ကူနိုင်ပေ။ မူလခန္ဓာကိုယ်၏ ဖြစ်စဥ် ကိုသာ ကြည့်ပါ။ မကျင့်ကြံနိုင်သည့် အမှိုက်ဟု ကဲ့ရဲ့ခံခဲ့ရသည် မဟုတ်လား။
ထိုအမှိုက်က ကျိုးပြည်ထောင်စုကို အုပ်ချုပ်သ ည့် ဧကရာဇ်တပါး ဖြစ်လာမည်ဟု မည်သူမှထ င်ထားခဲ့မည် မဟုတ်ချေ။ ထို့ကြောင့် ကျင့်ကြံ ရေးသည် ကြိုးစားမှုအပြင် ကံလည်းလိုအပ်သ ည်ဟု ကျိုးယန် ယူဆလိုက်သည်။ ကျိုးယန်သ ည် ကမ္ဘာမြေ၌ ရှိစဥ်က တည်ဆောက်ခြင်းဆိုင် ရာ ဂိမ်းများကို နှစ်သက်ပြီး အကြိမ်များစွာ မ ဆော့ခဲ့သော်လည်း အချိန်ရရင်ရသလို ဆော့ခဲ့ သူဖြစ်သည်။
ထိုဂိမ်းများတွင် အိမ်ရာများဆောက်လုပ်ခြင်း ကျေးရွာကို စီမံခြင်း မြို့ပြထူထောင်ခြင်းစသ ည့် strategy game အမျိုးစားများကို ဆော့က စားလေ့ရှိသည်။ သူပိုင်ဆိုင်ခဲ့သည့်ဖုန်းသည် တန်ဖိုးနည်း၍ သိပ်မကောင်းချေ။ ထိုအတွက် စွမ်းဆောင်ရည် မြင့်မားသည့် ဂိမ်းများဆော့ရန် ခက်ခဲခဲ့သည် မဟုတ်လား။ ယခုစနစ်၏ အကူ ညီဖြင့် ပြည်ထောငိစုတခုကို သူ့စိတ်ကြိုက်ပုံ ဖော်နိုင်နေလေပြီ။
ထိုအရာက ဂိမ်းတခုထက်ပို၍ လေးနက်သည့် သဘောတရားများစွာပါဝင်သည်။ ဂိမ်းနဲ့မတူ ညီစွာပင် တကယ့်အသက်များစွာ ဘဝများစွာ ကိုထိန်းချုပ်ရပြီး အန္တရာယ်များ ပတ်လည်ဝိုင်း နေသည့် ရေလည်ခေါင်က ကျွနိးတခုနဲ့တူညီသ ည်။ သူ့အတွက် နောက်ပြန်ဆုတ်ရန် လမ်းမရှိ တော့ပေ။ ဧကရာဇ်တပါး ဖြစ်လာချိန်မှစကာ ထိုအကြောင်းကို ကျိုးယန်က အချိနိအတော် ကြာတွေးနေမိခဲ့သည်။
သူ့တွင် အစီစဥ်များစွာ ရှိသည်။ ဂိမ်းကဲ့သို့ ပြု လုပ်ရန် ခက်ခဲသော်လည်း စနစ်၏အကူညီဖြင့် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်သည်။ ခေတ်မီ လက်နက်များ နိုင်ငံ့ဥပဒေသများ ယဥ်ကျေးမှု ထုံးတမ်းစဥ်လာများ စသည်တို့ကို မြေလှန်ရန် လိုအပ်သည်ဟု သူထင်သည်။
ကျင့်ကြံရေးလောက၏ စံနှုန်းမှာ ခွန်အားဖြစ် သည်။ အရာရာကို ခွန်အားကြီးသူကသာ ဆုံး ဖြတ်သည်။ ပြည်ထောင်စု၏ အနာဂတ်ကို သူ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် ရှေ့ဆက်လိုပါ က ခွန်အားရှိရန် လိုအပ်သည်။ ထိုအချက်က ယထာဘူတ ကျကျ နားလည်ထားရမည့် အချ က်တခုဖြစ်သည်။
စနစ်သည် နောက်ပိုင်း၌ ဖုံးကွယ်တာဝန်များ မ ပေးတော့ပေ။ သို့သော် အဓိကတာဝန်များလစ် ဟင်းနေသည်ကိုလည်း ကျိုးယန်ကသဘောမ ကျ။ သူ့တွင် တတ်နိုင်တာမရှိချေ။ အချိန်တခု စောင့်ရန် လိုအပ်မည်ဟုထင်သည်။ သူတွေးဆ မှုအရ ငရဲတမန်တော်များကို ဖြေရှင်းခြင်းသည် တာဝန်တခုဖြစ်လာလိမ့်မည်။ ထိုတာဝန်ကျလာ ပါက ကျိုးယန်က အားတက်သရောလုပ်ဆောင် ရမည်ဟု တွေးထားသည်။ ဒါမှသာ ကျင့်ကြံမှု ကို အထောက်အကူပြုမည် မဟုတ်လား။
ဒင်!
စနစ်၏ တာဝန်အသစ်တခု ပေါ်လာပါပြီ
နှလုံးမဲ့ချောက်နက်မှ ဖုံးကွယ်ထားသည့် အစီအ ရင်ကို ပြန်လည်ပြုပြင်ရမည်။
ဆုလာဒ်မှာ….. တင့်ကားနည်းပညာတခုဖြစ်သ ည်။
ဟမ်….
တင့်ကားနည်းပညာ ဟုတ်လား။ မိုက်တယ်ဟ။ ကျိုးယန်၌ သံချပ်ကာ ကားများရှိသော်လည်း ထိုကားများ၏ စွမ်းအားက တင့်ကားများကို မ မီချေ။ ပြီးနောက် အရေအတွက်နည်းပါးနေပြီး ထပ်မံထုတ်လုပ်ရန် မြို့တော်အသစ်ရှိ အင်အား စုများက ယခုတိုင် နည်းလမ်းရှာဖွေနေရဆဲ ဖြ စ်သည်။ ထိုအတွက် တင့်ကားနည်းပညာမှာ နောက်တဆင့်ဖြစ်ပြီး တဖက်၌ သံချပ်ကာကား ကဲ့သို့ ကားတစီး၏ တည်ဆောက်ပုံမူကြမ်းကို ပြုလုပ်နိုင်ခဲ့ပါက တင့်ကားနည်းပညာကိုသုံး၍ တင့်ကားများထုတ်လုပ်လာနိုင်ချေ ရှိပေသည်။
ဖုံးကွယ်ထားတဲ့ အစီရင်တခု။ စနစ်ကတောင် တာဝန်အနေနဲ့ ပေးတာဆိုတော့ အန္တရာယ်ရှိလို့ များလား။ ကျိုးယန်တယောက် အတွေးနက်နေ မိသည်။ လတ်တလောတွင် ထိုအကြောင်းကို မစဥ်းစားသေးပဲ မော်တော်ကားထုတ်လုပ်ရေး အစပြုသည့် အခြေနေကို သိရန် မြို့တော်အသ စ်အား သွားရမည်ဟု တွေးလိုက်သည်။ ကားစ က်ရုံများနှင့် အခြားလက်နက်စက်ရုံများသည် လတ်တလောတွင် ဝိဉာဥ်မျိုးနွယ်နှင့် မြို့တော် အသစ်၌ သာရှိသေးသည်။ ကျိုးယန်သည် အ ရေးပါသည့် သံချပ်ကာကား၏ မော်တော်ကား နည်းပညာကို ဝိဉာဥ်မျိုးနွယ်အား မပေးခဲ့ချေ။ စိတ်ချရသည့် ကိုင်ရီရီတို့မြွေမျိုးနွယ်စုနှင့် ယ ခင်တည်းက ပူးပေါင်းခဲ့ကြသည့် အင်အားစု အနည်းငယ်ကိုသာ သိထားစေပြီး စမ်းသပ်စေ နေခြင်းဖြစ်သည်။
ရာဘာစိုက်ပျိုးရေးက ဘယ်အခြေနေရှိပြီလဲ မော်တော်ကားနဲ့ M79 AK 47 ထုတ်လုပ်ရေး တွေကကော… ကိုင်ရီရီတယောက် ငါ့ဆီမလာ တာကြာပြီ။ ကျောက်မိသားစုနဲ့ မုရုံမိသားစု နှစ် စုလည်း ငြိမ်ချက်သားကောင်းနေတယ်။
ကျိုးယန်သည် သူပေးခဲ့တဲ့နည်းပညာများကို မိသားစုနှစ်စုသာမက အခြားပူးပေါင်းအင်အား စုများပါ အသည်းအသန်လေ့လာနေရသည်ကို သတိမပြုမိပေ။ ကိုင်ရီရီတို့သည် မြို့တော်ကို ပိုမို ဖြန့်ကျက်နေပြီး ကျိုးယန်ရေးဆွဲခဲ့သည့် မူ ကြမ်းအတိုင်း ထပ်မံတိုးချဲ့နေသည်။ ထိုအရာ များကြောင့် သူမတွင် အားလပ်ချိန်မရှိပေ။
ကျိုးယန်တယောက် အတွေးများနေစဥ် ကျိုး ယင်ချင်းက ရောက်ရှိလာသည်။
“မောင်တော် နှလုံးမဲ့ချောက်နက်နဲ့ သိပ်မဝေး တော့ဘူး ဒီမှာ ရက်တချို့နားပြီးမှ ရှေ့ဆက်ကြ မလား”
“ကောင်းသားပဲ နှစ်ရက်လောက် နားလိုက်ပါ ဒီ နေရာက ကြမ်းတမ်းတယ် လုံခြုံရေးကို သတိ ထားဖို့ မမေ့နဲ့ဦး ဟူး ရက်နည်းနည်းဆိုပေမယ့် မထင်ထားရလောက်အောင် ပင်ပန်းစေတာပဲ သာမန်ကျင့်ကြံသူတွေဆို ခံနိုင်မှာမဟုတ်ဘူး”
ကျိုးယန်သည် အစီရင်ဆရာကြီးတို့အဖွဲ့နှင့် ဝိ ဉာဥ်မျိုးနွယ်မှ လိုက်ပါသူအချို့တို့အကြောင်း တွေးမိကာ ညည်းတွားလိုက်သည်။ ကမ္ဘာမြေ၌ ရှိစဥ်ကဆိုလျင် ကျိုးယန်က ခရီးသွားရခြင်းကို နှစ်သက်သည်။ ကျင့်ကြံရေးလောက ကဲ့သို့ ဧ ရိယာ ကျယ်လွန်းသည့် လောကမှာတော့ သူ မည်သည့်နေရာမှ သွားလိုခြင်းမရှိတော့ချေ။ အထူးသဖြင့် မည်သည့်လေ့လာစရာမှ မရှိသည့် တောနက်ကြီးများထဲသို့ ဖြစ်သည်။
နှလုံးမဲ့ ချောက်နက်၏ အရေးကိစ္စသည် ဝိဉာဥ် မျိုးနွယ်တင်သာမက ပြည်ထောင်စုအတွက်ပါ အရေးပါသည်။ မည်သည့်လှုပ်ရှားမှုက စိုးရိမ်စ ရာအခြေနေ ဖြစ်ပေါ်စသေနည်း။ မည်သည့်အ ရာက ဆက်စပ်နေသနည်း။ စနစ်မှ တာဝန်ပေး လာ၍ ပေါ့ပေါ့တန်တန် သဘောထား၍မရတော့ တင့်ကားနည်းပညာကိုတောင် ပေးအပ်လာ၍ အစီရင်ကို ပြုပြင်ရခြင်းမျှလောက် မရိုးရှင်းနိုင် ပေ။
ကျိုးယန်သည် ယခုတခါတွင်တော့ သူအနားယူ မည့် ရွက်ဖျင်တဲကို သူကိုယ်တိုင်စီစဥ်သည်။သူ့ ရဲ့သင်ပြမှုကြောင့် အများစုမှာ ရွက်ဖျင်တဲအသုံ ပြုနည်းအား သိရှိနေကြပြီး သယ်ဆောင်ရလွယ် ကူကာ အကျိုးသက်ရောက်မှု များသည့် ရွက် ဖျင်တဲအား နှစ်သက်နေကြသည်။ ကျင်းရှောင် လိုလူပင် ရွက်ဖျင်တဲအား လေ့လာနေပြီး မျိုး နွယ်ထံ ပြန်ရောက်ပါက ထုတ်လုပ်နိုင်ရန်ကြိုး စားမည်ဟု တွေးနေခဲ့သည်။
ကျိုးယန်က ထိုအရာကို သတိထားမိလျင် ပြုံး နေခဲ့သည်။ ကမ္ဘာမြေရှိ ပစ္စည်းများအားလုံး သူ ထုတ်ပြနိုင်သည်။ သို့သော် ထိုနည်းပညာများ ကို ထူးချွန်သည်ဟု သက်မှတ်ထားသည့် ကျင့် ကြံရေးလောကမှ ပညာရှင်များ တုပရန်ခက်ခဲ နိုင်သည်။ M79 AK 47 ပြီးနေက် ပေါက်ကွဲစေ သည့် ဗုံးများ စသည်တို့ကို ထုတ်လုပ်ရန်ပင် အ ချိန်နှစ်နဲ့ချီအောင် လေ့လာခဲ့ရသည် မဟုတ် လား။ မော်တော်ကား နည်းပညာဆိုလျင်တော့..
အင်း…ပြိုင်ကားတဝီဝီနဲ့ လမ်းမတွေပေါ်ကြမ်း ရမ်းနေတဲ့ မိသားစုသခင်လေးတွေကို မြင်ရဖို့ အချိန်ကြာဦးမှာပဲ…။ ကျိုးယန်က ထိုသို့တွေး မိသည်နှင့် ရယ်ချင်သွားသည်။ ကျင့်ကြံရေး လောကတွင် မြင့်မားသည့် စွမ်းရည်ရှိပါက သာ မန်ပြေးလွှားခြင်းကပင် ကားတစီးထက်မြန်နိုင် သည်။ သို့သော် မော်တော်ကားတစီး၏ အသုံး ဝင်မှုက ထိုအရာထက်ပိုပါသည်။
ဟမ့် sport type ပြိုင်ကားလှလှလေးတွေကို ဘယ်လိုကျင့်ကြံသူက ငြင်းပယ်နိုင်မှာလဲ ငါ ကြည့်ရသေးတာပေါ့။
“စနစ်ရှင် မော်တော်ကားမူကြမ်းတောင် မလုပ် နိုင်သေးဘူး တနာရီကီလိုမီတာ များစွာမြန်တဲ့ ပြိုင်ကားကို စဥ်းစားနေပြီလား”
စနစ်၏ အသံ ထွက်ပေါ်လာသည်။ စနစ်မှာ ကျို ယန်ကို စကားမပြောသည်မှာ ကြာချေပြီ။ထို့ ကြောင့် တခါတရံဆို စနစ်ကိုပင် မေ့နေတတ် သည်။ တာဝန်အသစ်တခု ပေးလာ၍သာ ရှိနေ သေးကြောင်း သတိရလိုက်ခြင်းဖြစ်သည်။ အ များအားဖြင့် စနစ်၏စတိုးကို အကြိမ်များစွာ ဝင်ရောက်သော်လည်း စနစ်နဲ့ စကားပြောဆို ခြင်းကတော့ မတူညီချေ။
ကျိုးယန်သည် စနစ်၏စတိုးမှ အလိုရှိရာကို အင်အားစုရမှတ်များသုံး၍ ဝယ်ယူနိုင်သည်။ ထိုအရာက စျေးဝယ်လျှော့ပင်ထွက်ခြင်းနဲ့ တူ ညီသည်။
“စနစ် ငါ့မှာ အင်အားစုရမှတ်ဘယ်လောက်ရှိ သေးလဲ”
ကျိုးယန်၏ အမေးကိုစနစ်က
“1250000 ကျန်သေးတယ် ခုနက ရွက်ဖျင်တဲ အချို့ထပ်ယူတာကို မနှုတ်ထားဘူး အများ အားဖြင့် အင်အားစုရမှတ်တွေကို မနှုတ်ထား လို့စနစ်ရှင်က ဒီလောက်ကျန်နေတာပါ”
ကျိုးယန်က မဲ့ရွဲ့၍
“ ကျေးဇူးပဲ ဒါနဲ့ ငါက ဧကရာဇ်ဖြစ်နေပြီလေ အင်အားစုရမှတ်က တသန်းကျော်ပဲလား”
“စနစ်ရှင် အရမ်းတွေးနေပြီပဲ လိုလိုလားလား ပေါင်းစည်းထားတဲ့ အင်အားစုအရေတွက်ကိုပဲ ထည့်သွင်းထားတယ်လေ မမှတ်မိဘူးလား”
“ထားပါတော့ကွာ ရမှတ်တွေလည်း စိတ်မဝင် စားတော့ပါဘူး အခု ငါလိုတာကို ဝယ်ရင် နော က်လည်း အမှတ်မနှုတ်နဲ့ပေါ့ ဒါဆိုမင်းလည်း တွက်ရ သက်သာလိမ့်မယ်”
ကျိုးယန်က စနစ်ကို လှောင်ပြောင်ကာပြောဆို လိုက်သည်။ စနစ်၏ အကူညီကို အသိမှတ်ပြု ခြင်းက တဖက်ဖြစ်သည်။ ထိုကောင်သည် အ နီးကပ် လှောင်ပြောင်တတ်သူဖြစ်၍ အလှည့် ကြုံတုန်း ရန်စခြင်းသာဖြစ်သည်။
“တာဝန်တွေကိုသာ အာရုံစိုက်ထားပါ စနစ်ရှင် သိထားဖို့က စနစ်ရဲ့ အသုံးဝင်မှုက ဒီလောကမှာ ပဲ ရှိလိမ့်မယ် ဆိုတာ မမေ့နေနဲ့ တာဝန်တခုစီ တိုင်းက ဒီလောကမှာ စနစ်ရှင်ရပ်တည်နိုင် အောင် သေချာပေါက် ထောက်ပံ့ပေးမှာပါ”
စနစ်က ရှည်လျားစွာ ပြောလာသည်။ စနစ်မှ ဆိုသည့် ဒီလောက ကိုကျိုးယန်က နားလည် ထားသည်။ နောင်တွင် သူက အင်မော်တယ် လောကသို့ တက်ရောက်မည် ဖြစ်သည်။ အင် မော်တယ်များကို သေနတ်များ ဗုံးများဖြင့် ခြိမ်း ခြောက်ရမည်လား ရယ်စရာဖြစ်နေလိမ့်မည်။ ထိုလောကသို့ ရောက်လျင်စနစ်၏ ဗားရှင်းမှာ မည်သို့ ဖြစ်သွားမည်နည်း ကျိုးယန်မျှော်လင့် နေသည်။ ယခုချိန်တွင်တော့ သာမန်ခေတ်မီလ က်နက်များကို အားကိုး၍ ရပ်တည်ရပေဦးမည် မဟုတ်လား။