← Chapters

နှလုံးမဲ့ ချောက်နက်

Vol. 11 Ch. 162

နှလုံးမဲ့ ချောက်နက်

Vol. 11 Ch. 162

ကျိုးယန်တို့အဖွဲ့သည် နှလုံးမဲ့ချောက်နက်သို့မ ရောက်ခင် ကီလိုမီတာအနည်းငယ် အကွာ၌ရက် အနည်းငယ် ထပ်မံအနားယူခဲ့သည်။ အဓိက မှာ ဒဏ်ရာရထားသည့် သူများကိုပိုမိုသက်သာစေ ရန်အတွက် ဖြစ်ပြီး ချောက်နက်အတွင်းရှိ မမြင် နိုင်သည့် အန္တရာယ်များကိုလည်း စူးစမ်းလို၍ ဖြစ်သည်။

မြင့်မားသည့် သစ်ပင်ကြီးများ ဖုံးကွယ်ထားသ ည့်ချောက်နက်ကြီးမှာ အရှည်အားဖြင့် မိုင်ရာဂ ဏန်းမျှ ရှိနိုင်သည်။ ချောက်နက်ဟူ ဆိုသော်လဲ အမှန်တကယ် သူ့ပုံစံက မြေအောက်တွင်းတခုနဲ့ ပို၍ တူညီနေသည်။ အေးစိမ့်သည့် အငွေ့အသ က်များ ဖုံးလွှမ်းနေပြီး မြူခိုးများကလည်း မည် သည့်နေရာက ထွက်ပေါ်သည်မသိ အုပ်ဆိုင်းနေ သေးသည်။

ကျိုးယန်၏ စိတ်စွမ်းအားသည် မီတာ ၂၀ထက် ပို ဖြန့်ကျက်၍ မရတော့ချေ။ ဒါက ဘယ်လိုနေ ရာမျိုးကြီးလဲ။ သားရဲကောင်များ၏ အသံတခု တလေမှပင် မကြားရပဲ တိတ်ဆိတ်နေသည်ကို က ကြက်သီးထဖွယ်ကောင်းနေသည်။ တော်ရုံ လူဆိုရင်ဖြင့် ချောက်နက်ထဲ ဝင်ရောက်ရန်နှစ် ခါပြန် စဥ်းစားမည်ဖြစ်သည်။

ကျိုးယန်သည် ရှေ့ဆုံးမှနေပြီး ချောက်နက်ထဲ တရွေ့ရွေ့ တိုးသွားလိုက်သည်။ ကျိုးယင်ချင်း မှာ ကျင်းရှောင်နဲ့ဘေးချင်းယှဥ်လျက် ကျိုးယန် ၏ အနောက်မှ ကပ်၍ လိုက်ပါလာသည်။ သူမ တို့၏ စိတ်စွမ်းအားသည် ကျိုးယန်ထက်နိမ့်ကျ နေသောကြောင့် ပတ်ဝန်းကျင်ကို ထောက်လှမ်း ရာတွင် အသုံးမဝင်ချေ။

ထူထဲသည့် ကျောက်သားနံရံများကို ရံဖန်ရံခါ တွေ့ရတတ်ပြီး အချို့နေရာများ၌ လူလုပ်ဂူအ ချို့ တွေ့ရသည်။ ချောက်နက်၏ အစပ်မှအတွင် သို့ တနာရီနီးပါး လျှောက်သွားပြီးချိန်မှာတော့ မြင်ကွင်းက ပြောင်းသွားခဲ့သည်။

ဒါက သီးခြားနေရာလွတ်လား။ ကျိုးယင်ချင်း ၏ အံ့သြနေသည့် အသံတခုထွက်ပေါ်လာသ ည်။ မူလက ကြီးမားသည့် သစ်ပင်ကြီးများ မြူ ခိုးများ အေးစက်သည့်လေများဖုံးလွှမ်းရာမှ ယ ခုတွင် ကျယ်ပြန်သည့် မြေသားလွင်ပြင်ကျယ် ကြီးတခုကို တွေ့လိုက်ရသည်။ နေရောင်ကိုပင် မြင်နိုင်ပြီး အပူချိန်က သာမန်နေထိုင်ရာဒေသ များနဲ့ မခြားပေ။

မျက်စိတဆုံး ကွင်းပြင်ကျယ်က မည်သည့်အ ရာမှ ဖုံးကွယ်ထားခြင်းမရှိချေ။ ထိုသို့ဆိုလည်း အစီအရင်က ဖုံးကွယ်ထားလေသလား။ ကျိုး ယန်သည် ပတ်ဝန်းကျင်ကို သတိမပြတ်ကြည့် နေရာမှ အစီရင်ဆရာကြီးတို့ကို လှမ်းပြောလိုက် သည်။

“ဆရာကြီး အစီအရင်က ဖုံးကွယ်ထားနိုင်ချေရှိ တယ် ရှာဖို့အဆင်ပြေနိုင်လား”

“ကြိုးစားကြည့်ရမှာပဲ ဒီအဖိုးကြီးက အာမ မခံ နိုင်ပါဘူး”

ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ ပြီးလျင် အဖွဲ့ကို နေရာချကာ ကျိုးယင်ချင်ကိုခေါ်၍ မြေ သားကွင်းပြင်ကျယ်ကို လေ့လာတော့သည်။ ဒီ ကွင်းပြင်က ကန္တရာတခုနဲ့တူတယ် မတူတာက အပူချိန်ပဲ ဒီလောက်အကျယ်ဆို ပြည်ထောင်စု က ဒေသကြီးတခုစာလောက်များ ရှိနေမလားပဲ ကျိုးယန်သည် တကိုယ်တည်း အတွေးနက်နေ သည်။

ထိုစဥ် ကျိုးယင်ချင်းက ကျိုးယန်ကိုပြောလာ သည်။

“မောင်တော် ဟိုမှာ ဂူတလုံးရှိနေတယ် သွားကြ ည့်ကြမလား”

ငါတောက်လျှောက်ကြည့်နေတာပါ ဘာဂူမှမ တွေ့ပါဘူး။ ခုကျ သူ့အလိုလို ပေါ်လာတာလား။ ကျိုးယန်သည် စဥ်းစားရခက်ဟန်ဖြင့် ခေါင်းကု တ်ကာ ကျိုးယင်ချင်းနှင့်အတူ ဂူရှိရာသို့သွား လိုက်သည်။ ဂူရဲ့အဝက မီတာ၂၀ နီးပါးမြင့်ပြီး အထဲသို့ အတော်လေးလည်း ရှည်လျားစွာရှိနေ သည်။

“သတိထားဦး အထဲမှာ ဘာရှိမလဲမသိနိုင်ဘူး”

ကျိုးယင်ချင်းက ကျိုးယန်၏လက်မောင်းအစ ကို ဆွဲ၍ သတိပေးလိုက်သည်။ ကျိုးယန်က အ သာခေါင်းညိတ် ပြလိုက်ပြီး ဂူထဲသို့လှမ်းဝင်လို က်သည်။ အတွင်း၌ သဘာဝအလင်းရောင်ရှိနေ ပြီး လူများနေထိုင်ထားသည့် လက္ခဏာကိုတော့ မတွေ့ရပေ။ ကျိုးယန်က ဂူနံရံများကို စူးစိုက် ကြည့်လိုက်သည်။

ပုံတွေပဲ။ နံရံဆေးရေးပန်းချီလား။ မဟုတ်သေး ဘူး။ ပုံတွေက ထူးဆန်းတဲ့ ကြယ်တွေ လတွေနဲ့ အာကာသ အစီအရင်ကြီးနဲ့တူနေတယ်။ ကျိုး ယန်သည် နံရံပေယ်ရှိ ပုံများကို ပွတ်သပ်၍ ကြ ည့်နေသည်။ ပုံများမှာ ကြယ်များ လများ သား ရဲကောင်များ ထူးဆန်းတဲ့သွင်ပြင်ရှိသည့် လူ သားနဲ့ဆင်တူသည့် အကောင်ဆန်းကြီးများ ပါ ဝင်ပြီး အချို့နေရာများတွင် မျဥ်းကြောင်းကြီး များ သွယ်တန်းထားသကဲ့သို့ ရှိနေသည်။

ဂျိန်း!!!

ဂူအဝမှ ကျောက်သားချပ်တခု တံခါးကဲ့သို့ပိတ် ဆို့သွားသည်။ ဟမ်…. ထောင်ချောက်လား။ ကျိုးယန်သည် ထိတ်ခနဲ ဖြစ်သွားကာ ပို၍လေး နက်သွားသည်။ ထောင်ချောက်တခု ဖြစ်နိုင်ချေ များလာသည် ဟုသူထင်သည်။ ဖုံးကွယ်ထားသ ည့် ဂူများက အမွေအနှစ်တော့ ဖြစ်နိုင်ဟန်မတူ ချေ။ ထိုအရာများက နှလုံးမဲ့ ချောက်နက်ရှိအစီ အရင်ကြီးနဲ့ သက်ဆိုင်နေလောက်ပါသည်။

ယခုတွင် သူတို့နှစ်ဦးက ထွက်ခွာရန် မဖြစ်နိုင် တော့ပေ။ ထိုအတွက် အတွင်းသို့ဆက်ဝင်ကာ စူးစမ်းရတော့မည် ဖြစ်သည်။ ကျိုးယင်ချင်းသ ည် ကျိုးယန်အနားသို့ ပို၍ တိုးကပ်လာသည်။ သူမသည် လူပေါင်းများစွာ သတ်ဖူးသည့် ရဲရင့် တဲ့ မိန်းကလေးတဦးဖြစ်သော်လည်း ယခုချိန်၌ အကြောင်းမဲ့ပင် ကြောက်လန့်သလို ခံစားနေရ သည်။

“အစ်မတော် ကျတော်တို့အထဲဆက်ဝင်ကြည့်မှ ရမယ် ဂူဝက တံခါးချပ်ကို ပြန်ဖွင့်ဖို့ နည်းလမ်း တခုခု တွေ့လိုတွေ့ငြားပေါ့”

“အင်း”

ကျိုးယန်သည် နံရဲတလျှောက် ပုံများကို ဆက် စပ်ကြည့်ရင်း ဂူအတွင်းပိုင်းသို့ ဆက်၍ တိုးဝင် သွားသည်။ ပုံများက အတွင်းသို့ရောက်လေ ပို ပြီး ရှုပ်ထွေးလေ ဖြစ်ကာ အချို့နေရာများဆို လျင် ပျက်စီးနေသည်။ ထိုပုံများသာ အစီအရင် တခု၏ လမ်းစဆိုပါက ကျိုးယန်တို့အတွက် အ စီအရင်ကို ပြင်ရန် ခက်ခဲပေတော့မည်။

“ ဒီချောက်နက်ထဲမှာ အစီအရင်ကြီးတခု ရှိတ ယ် ဒါက ဒီဂူထဲက ပုံတွေနဲ့ ဆက်စပ်နေမလား”

ကျိုးယင်ချင်းက မေးလာသည်။

“ဟုတ်လောက်တယ် ကျတော်သတိထားမိရသ လောက် ဂူလမ်းကြောင်းက အခုထိမဆုံးသေး ဘူး ကျတော်စိုးရိမ်တာက ဝင်ပေါက်တခုဖြစ်နေ မှာကိုပဲ”

“ဝင်ပေါက်တခု ဟုတ်လား ဘယ်လိုမျိုးလဲ”

“တခြားလောက ကနေ ဝင်ထွက်လို့ရတဲ့ ဝင်ပေါ က်တခုပေါ့ ကျတော့်အထင်ကို ပြောတာပါ”

“ဒီဂူက လမ်းကြောင်းဖြစ်မယ်ဆိုရင် အစီအရင် က ဒီနံရံပေါ်က ပုံတွေပေါ့”

ကျိုးယန်က ခေါင်းညိတ်လိုက်သည်။ သူတွေးမိ သလောက် ဖြစ်နိုင်ချေမှာ ရာနှုန်းများလာသည် ပုံများက အကြောင်းမဲ့တော့ မဖြစ်တန်ချေ။ လ မ်းကြောင်းတခု သို့မဟုတ် အစီအရင်တခုကို ပြ ဆိုသည့် အရာများ ဖြစ်နေနိုင်သည်။ ကျိုးယန် သည် ရှေ့သို့ဆက်၍ တိုးဝင်နေရင်း အခန်းအချိ တွေ့လိုက်ရသည်။ အခန်းများက မကျယ်ဝန်း သော်လည်း လူနှစ်ဦး နေထိုင်ရန်တော့ လုံလော က်ပါသည်။

“ဒါလူနေအခန်းတွေပဲ ဖြစ်ရမယ် အရင်က လူ နေခဲ့ဖူးတဲ့ လက္ခဏာပဲ နီးစပ်လာပြီ”

ကျိုးယန်က အခန်းတခုထဲ ဝင်လိုက်သည်။ ထို အခန်းထဲတွင် ကျောက်သားကုတင် တလုံးရှိပြီး ကုတင်ဘေးတွင် ကျောက်စားပွဲငယ်တခုရှိနေ သည်။

“မှတ်တမ်းတခုလား”

ကျိုးယင်ချင်းက ကျောက်စားပွဲပေါ်မှ စာအုပ် ကို လှမ်းယူကာ ဖွင့်ကြည့်လိုက်သည်။ အထဲ၌ မည်သည့် စာသားများမပါရှိပဲ အလွတ်များဖြစ် နေပြီး စာအုပ်မှာလည်း ကျိုးယင်ချင်း ကိုင်လို က်သည်နှင့် တစစီကြွေကျသွားတော့သည်။

“သတိထား တွေ့ကရာကို လှမ်းမယူနဲ့”

ကျိုးယန်တယောက် မျက်မှောင်ကြုတ်ကာ အ လေးနက်တွေးရင်း ကျိုးယင်ချင်းကို သတိပေး လိုက်သည်။ စာအုပ်က ထူးဆန်းနေသည်။ သူ့ အလိုလိုပင် ရှိနေပြီး ထိကိုင်မှသာ ပျက်စီးသွား ခြင်းဖြစ်သည်။ ထိုစဥ် ကျောက်ကုတင်ကြီးက လှုပ်ခါလာပြီး ငလျင်လှုပ်သကဲ့သို့ မြေပြင်က ကြမ်းတမ်းစွာ လှုပ်ခါလာသည်။

ပြီးနောက် ကျောက်ကုတင်ကြီးမှာ ထက်ပိုင်းကွဲ ကြေသွားပြီး မြေအောက်လမ်းကြောင်းတခု ထွ က်ပေါ်လာသည်။ မြေအောက်ခန်း ထပ်ရှိနေတာ လား။ အထဲမှာ ဘာရှိနေတာလဲ။ ကျိုးယန်က ထို မြေအောက် လမ်းကြောင်း၏ အတွင်းသို့ငုံ့ ကြည့်လိုက်သည်။ အထဲသို့ ဆင်းရန် လှေကား ထစ်များ ရှိနေသည်။

“အောက်ဆင်း ကြည့်ရအောင်”

ကျိုးယန်က ထိုသို့ပြောဆိုပြီးနောက် ရှေ့မှဦး ဆောင်ကာ ဆင်းသွားတော့သည်။

All Chapters