← Chapters

အစီအရင်ကိုတွေ့ရှိခြင်း

Vol. 11 Ch. 163

အစီအရင်ကိုတွေ့ရှိခြင်း

Vol. 11 Ch. 163

ကျိုးယန်ရဲ့အနောက်မှ ကပ်လိုက်ရင်း ကျိုးယင် ချင်းသည် ပတ်ဝန်းကျင်ကို စူးစမ်းနေလေသည် ကျိုးယန်သည် လှေကားမှဆင်းရင်း အောက်သို့ ရောကိရှိသွားသည်။ အောက်ဆုံးတွင် ကျယ်ပြန့် သည့် နေရာတခုကို တွေ့လိုက်ရပြီး ရုပ်ပုံများက အစီအရင်ကားချပ်သဖွယ် မြေပြင်၌ ရှိနေလေ သည်။

“ဒါအစီအရင် ဖြစ်လောက်တယ်”

ကျိုးယန်က ပုံရိပ်များကို ကြည့်ရင်း အစီအရင် ၏ အဆင့်ကို လေ့လာနေသည်။ အစီအရင်သ ည် အနည်းဆုံး အဆင့်၅ ဖြစ်နိုင်ချေရှိကာ ထို ထက်လည်း ပိုမြင့်နိုင်သည်။ အဆင့်၅ ထိုအဆ င့်က လက်ရှိကျင့်ကြံရေးလောကရှိ ကျင့်ကြံသူ များ ရောက်နိုင်သည့် အဆင့်မဟုတ်ပေ။ အမြင့် ဆုံး အဆင့်၃ အဆင့်မြင့်ထိသာ ရောက်နိုင်ပြီး အဆင့်၅ ဆိုပါက အင်မော်တယ်အဆင့်ရှိသူမျာ သာ တတ်ကျွမ်းပေလိမ့်မည်။

“အကျိုးနည်းကွာ….ဒါ ကျတော်တို့အဆင့်နဲ့ဘ လိုမှ မနီးစပ်တဲ့အရာဖြစ်နေပြီ။ အစီအရင်ကို ဖြေရှင်းဖို့က ထင်သလောက် မလွယ်ဘူး မဟု တ်သေးဘူး လုံးဝကို မလွယ်တာ”

ကျိုးယန်က မျက်နှာတခုလုံးရှုံ့မဲ့နေသည်။ သူ့ အဆင့်ဖြင့် ဖြေရှင်းရန် မဖြစ်နိုင်ချေ။ ထိုအတွ က် ကြံရာမရသလို ခံစားလိုက်ရသည်။

“အစီအရင်ကို ပြန်ပြင်စရာမလိုဘူးလေ အား ဖြည့်ပေးရင်ရပြီ”

စနစ်ရဲ့ အသံထွက်ပေါ်လာသည်။ ကျိုးယန်က

“အားဖြည့်ရုံပဲလား ဒါဆို ဒီအစီအရင်က ပိတ် ဆို့ အစီအရင်တခုပေါ့”

“ဟုတ်တယ် ဒါကလမ်းကြောင်းပိတ်ဆို့တဲ့ အစီ အရင်တခုပဲ အဆင့်နိမ့်ပါတယ် အဆင့်၅ အလ ယ်အလတ်ပဲရှိတယ်”

“ချီးပဲ အဆင့်၅ ကွ ပြီးတော့ အလယ်အလတ် ဘယ်လိုတောင် ပြောထွက်တာလဲ”

ကျိုးယန်က မကျေမနပ်ဖြင့် စနစ်ကိုပြောလိုက် သည်။ သကောင့်သားအတွက် အဆင့်၅က စ ကားထဲထည့်ပြောစရာ မလိုလောက်ပေ။ သူ့အ တွက်ကမူ မတူချေ။

“ဒါဆို ဘာနဲ့အားဖြည့်ရမှာလဲ”

ကျိုးယန်၏ အမေးကိုစနစ်က

“အဆင့်မြင့် အင်မော်တယ် ကျောက်တွေလိုတ ယ်”

“အဆင့်မြင့်အင်မော်တယ်ကျောက် ဟုတ်လား”

ကျိုးယင်ချင်း၏ မျက်နှာအပြောင်းအလဲကို တိ တ်တဆိတ် ကြည့်နေလေသည်။

“မောင်တော် တခုခုဖြစ်လို့လား”

ကျိုးယန်က ချက်ချင်းသတိဝင်ကာ ခေါင်းယမ်း ပြရင်း

“ဒါက အဆင့်၅ အစီအရင်တခုပဲ အင်မော်တယ် အဆင့် ရှိသူတွေပဲ ဖြေရှင်းနိုင်မှာ နောက်ပြီးသူ့ ကို မပြင်ရင်တောင် အားဖြည့်ဖို့က အင်မော်တ ယ်ကျောက်တွေလိုတယ်”

ကျိုးယင်ချင်းသည် ကျိုးယန်စကြားတုန်းကလို ပင် မှင်သက်နေလေသည်။ အင်မော်တယ်ကျော က်ဆိုတာကို သူမမသိချေ။ မှတ်တမ်းအချို့၌ အင်မော်တယ်လောက တခုရှိသည်ဟု ဆိုထား သော်လည်း ထိုအထဲတွင် အင်မော်တယ်ကျော က်မပါပေ။ ဆိုရလျင် အင်မော်တယ်ကျောက် က အင်မော်တယ်လောကတွင်သာ ရှိနေမည်မ ဟုတ်လား။

“ဒါဆို အခုဘာလုပ်ကြမလဲ ဒီအစီရင်ကတဖက် ကဝင်လာမယ့်သူတွေကို ပိတ်ဆို့ပေးထားတာမ ဟုတ်လား”

“ဟုတ်တယ် အခုအစီအရင်က အားနည်းနေပြီ သိပ်မကြာခင် အစီအရင်တခုလုံးပျက်စီးသွား တဲ့အချိန် တဖက်က ဘယ်လိုအရာတွေဝင်လာ မလဲဆိုတာ မခန့်မှန်းနိုင်ဘူး”

ကျိုးယင်ချင်းသည် ထိတ်လန့်ကာစိုးရိမ်နေသ ည်။ အင်မော်တယ်ကျောက်ကိုပင် သုံးရသည့် အဆင့်၅ အစီအရင်ဆိုကတည်းက တဖက်မှဝ င်လာမဲ့သူများမှာ ပေါ့သေးသေးတော့ မဟုတ် နိုင်တော့ပေ။ အင်မော်တယ်အဆင့်များ ဖြစ်နေ မလား။ အင်မော်တယ်တပါးသာ ဝင်ရောက်လာ ပါက ကျိုးပြည်ထောင်စုသာမက အခြားပြည် ထောင်စုများသည်လည်း ပျက်စီးကိန်းဆိုက်ရ မည်ဖြစ်သည်။

“နောက်တနည်းရှိသေးတယ် နည်းနည်းတော့ခ က်မယ်”

စနစ်ရဲ့အသံက ထွက်ပေါ်လာပြန်သည်။ ကျိုး ယန်က ချက်ချင်းပင် မေးတော့သည်။

“နောက်တနည်းကဘာလဲ ဘယ်လောက်ခက်လဲ”

“အစီအရင်နှလုံးသား လို့ခေါ်တဲ့ ကျောက်တုံးတ မျိုးရှိတယ် အဲ့အရာက အစီရင်ကို ပြန်တည် ဆောက်တာ ဖြစ်ဖြစ် ဖျက်စီးတာပဲ ဖြစ်ဖြစ် သူ ရှိရင် စွမ်းဆောင်လို့ရတယ် အခုအစီရင်ကြီးကို ကြည့်ရသလောက် တဖက်ပိတ်အစီရင်ပဲ လမ်း ကြောင်းကနေ အပြင်လူဝင်လာဖို့ဆို အစီရင်ကို အတွင်းကနေ ဖျက်စီးဖို့လိုတယ်”

“ဒါဆို လက်ရှိအစီရင်အားနည်းနေတာက အချိ န်ရသေးတယ်လို့ ဆိုလိုတာပေါ့”

“အမှန်ပဲ ဒါပေမယ့် အချိန်အများကြီးရတယ်လို့ တော့ မဆိုလိုဘူး ဆယ်နှစ်ကနေ အနှစ်နှစ်ဆယ် အဲ့အချိန်ကာလအတွင်း အစီရင်က လုံးဝပျက်စီ သွားတာ ဒါမှမဟုတ် အတွင်းကနေ အစီရင်ကို ကူပြီးတစုံတရာက ဖျက်စီးလိုက်တာမျိုးဆို လ မ်းကြောင်းက ပွင့်သွားလိမ့်မယ်”

စနစ်က ကျိုးယန်ကို အလေးအနက်ရှင်းပြသည် အစီရင်မှာ လက်တလောတွင် ပြုပြင်ရန်ဖြစ်ဖြစ် အားဖြည့်ရန်ဖြစ်ဖြစ် ကျိုးယန်တို့တတ်နိုင်သည့် အရာမရှိချေ။ စနစ်၏ အကြံပေးချက်အရ အစီ ရင်နှလုံးသားဟု ခေါ်သည့် ကျောက်တုံးကိုသာ ရှာရတော့မည်။

“အစီအရင်နှလုံးသား ကျောက်တုံးကို ဘယ်မှာ ရှာလို့ ရမလဲ”

“မသိဘူး”

ကျိုးယန်၏ အမေးကို စနစ်မှ ခပ်ပြတ်ပြတ်သာ ပြန်ဖြေသည်။

“ကောင်းကွာ..လမ်းးပျောက်ပြီ”

ကျိုးယန်သည် စိတ်ပျက်စွာဖြင့် ငုတ်တုတ်ထိုင် ချလိုက်သည်။ လမ်းကြောင်းမှဝင်လာမည့် အ ရာများကို တားဆီးရန် သူ့တွင်နည်းလမ်းမရှိနိုင် တော့ပေ။

“စိတ်ဓာတ်မကျပါနဲ့ အစီရင်ကျောက်တုံးက ဒီ လောကထဲမှာ ရှိနိုင်ပါတယ်”

စနစ်မှ ကျိုးယန်ကို နှစ်သိမ့်သည်။

“ဘယ်နားလဲ မင်းသိလား”

“မသိဘူး”

“..........”

ကျိုးယင်ချင်းသည် ပုံရိပ်များကို မှတ်တမ်းတင် ကျောက်တုံးဖြင့် စိတ်ရှည်လက်ရှည် ကူးယူနေ သည်။ နောင်တွင် အစီရင်ပညာရှင်များ လေ့ လာနိုင်ရန် ဖြစ်သည်။ အချိန်က နာရီအနည်းင ယ် ကုန်သွားခဲ့သည်။

“ပြန်ထွက်ကြမယ် အစ်မတော်”

“အင်း”

မကြာမီ နှစ်ဦးသား လာရာလမ်းအတိုင်း ပြန် ထွက်လာကြသည်။ မူလက ပိတ်ဆို့ထားသည့် တံခါးချပ်မှ မရှိတော့ပေ။ ထူးဆန်းတယ် စာ အုပ်ပျက်စီးသွားတာက သော့ချက်များဖြစ်နေ တာလား။ ကျိုးယန်သည် ဂူအပြင်သို့ လှမ်းထွ က်လိုက်ပြီး အဖြစ်အပျက်များကို တွေးတောနေ စဥ် ကျိုးယင်ချင်းသည် မျက်နှာ အမူအရာပျက် ယွင်းနေသည်။

“မကောင်းတော့ဘူး လွန်ခဲ့တဲ့တနာရီလောက်က ကျင်းရှောင်က သတင်းပို့ထားတယ် ထူးဆန်း တဲ့ သားရဲလိုကောင်တွေ တိုက်ခိုက်နေတယ်တဲ့ အခြေနေမကောင်းလောက်ဘူး”

ကျိုးယင်ချင်းသည် လက်ထဲမှ အသံပို့ကျောက် စိမ်းပြားကို ကျိုးယန်အား ပေးလိုက်သည်။ မူ လက ဂူအတွင်း၌ ရှိနေ၍ သတင်းပို့ချက်များ မ ရခဲ့ခြင်းဖြစ်မည်။ ကျိုးယန်က သတင်းပို့ချက် များကို နားထောင်လိုက်သည်။ အတန်ကြာလျင် မျက်စိမျက်နှာ ပျက်သွားတော့သည်။

“အမြန်သွားကြမယ်”

ချက်ချင်းပင် ကျိုးယင်ချင်း၏လက်ကို ဆွဲကာ ပြေးထွက်သွားတော့သည်။

ကွင်းပြင်ကျယ်အစပ်တနေရာတွင်….

“ဒုတိယသခင်လေးကို ကာကွယ်ကြ”

သက်တော်စောင့်သည် ဒဏ်ရာများသက်သာ နေပြီ ဖြစ်သော်လည်း လုံးဝ ပျောက်ကင်းနေသ ည်တော့မဟုတ်ပေ။ သို့ပေမယ့် တာဝန်အရ သူ့ တွင် ကျင်းရှောင်ကို ကာကွယ်ရန်လိုအပ်သည်။ တဖက်တွင် ဝူကျင်းသည် ကြီးမားသည့် မြွေလို လို နဂါးလိုလို သတ္တဝါအား ထိတ်လန့်စွာဖြင့် ကြည့်နေလေသည်။ ထိုသတ္တဝါသည် မီတာ၅၀ နီးပါး ရှည်လျားကာ နှုတ်သီးကဲ့သို့ အသားပိုက ပါးစပ်တွင် ရှိနေပြီး ခန္ဓာကိုယ်သည် မြွေတစ် ကောင်နဲ့ တူညီပေသည်။ သို့သော် ခြေလက်အ စုံပါရှိနေသောကြောင့် မြွေထက် နဂါးနဲ့ပိုဆင်သ ည်ဟု မှတ်ယူနိုင်သည်။

အား… ကယ်ကြပါဦး

အစီအရင်ဆရာကြီး၏ တပည့်မှာ ထိုသတ္တဝါရဲ့ ပါးစပ်ထဲသို့ ပါသွားတော့သည်။ သတ္တဝါများမှာ စုစုပေါင်း ၂ ကောင်သာ ရှိသော်လည်း အဆင့်၄ သတ္တဝါများဖြစ်နိုင်သည်။ သူမတို့ ဖြေရှင်းနိုင် သည့် အတိုင်းအတာကို ကျော်လွန်နေသည်။

“ဝူ ကျင်း ပြေးတော့ ဆရာ့ကို မငဲ့နဲ့”

အစီရင်ဆရာကြီးသည် တပည့်မလေးကို အမြန် ပြေးရန် တိုက်တွန်းနေသည်။ အဖွဲ့မှလူများ တစ တစ နည်းပါးလာပြီး သတ္တဝါဆန်းကြီးများမှာ တော့ ထိခိုက်ဒဏ်ရာပင် မရသေးချေ။ ထို့ ကြောင့် သူတို့တွင် လွတ်မြောက်ရန်လမ်းစ မမြ င်တော့ပေ။ သို့သော် သတ္တဝါကြီးများအာရုံ များနေစဥ်၌ ထွက်ပြေးရင်တော့ လွတ်နိုင်ချေရှိ သည်။

All Chapters