ဒါက ငါးရှဥ့်ကြီးတွေလား
Vol. 11 Ch. 164
အစီရင်ဆရာကြီးသည် အဆုံး၌ တပည့်မလေး ကို ကာကွယ်ရင်း သေဆုံးသွားရသည်။ ဝိဉာဥ် မျိုးနွယ်၏ အဖွဲ့များသည်လည်း အကုန်နီးပါး သေဆုံးသွားကြပြီ ဖြစ်ကာ ကျင်းရှောင်နှင့်သူ့ ရဲ့သက်တောင်စောင့်မှာလည်း သေလောက်သ ည့်ဒဏ်ရာများ အပြည့်ဖြစ်နေသည်။
“ကျုပ်တို့တော့ လမ်းဆုံးပြီ”
ကျင်းရှောင်သည် သက်ပြင်းကိုချကာ မျက်လုံး အစုံကို မှိတ်ချလိုက်သည်။ သူ့ကျင့်ကြံဆင့်ဖြင့် ရင်ဆိုင်ခြင်းက သေခြင်းတရားကို ရှာဖွေခြင်း နဲ့တူသည်။ သို့သော် ရွေးချယ်စရာ မရှိချေ။
ဝူကျင်းသည် အစီရင်ဆရာကြီး၏ အလောင်း အား ပိုက်ရင်း ငိုကြွေးနေသည်။ သူမသည်လဲ လက်ရှိအခြေအနေအား လက်ခံလိုက်ပုံရှိသည်။
ဂျွတ်…အားးးး
သတ္တဝါဆန်းနှစ်ကောင်သည် နောက်ဆုံးအဖွဲ့ဝင် ဖြစ်သည့် လူတဦးစီအား ကိုက်ဝါးပြီးနောက် သူ မတို့ရှိရာသို့ အကြည့်ရောက်လာသည်။ သတ္တဝါ ဆန်းများ၏ မျက်လုံးအစုံမှာ နီရဲနေပြီး တစုံတ ရာမှ ထိန်းချုပ်နေသကဲ့သို့ ဖြစ်သည်။
ဝေါ…ဝရော…
ကြီးမားသည့် ခန္ဓာကိုယ်ကြီးအား မြေပြင်၌ပွတ် ဆွဲကာ ရွေ့လာသည်။ ပြီးနောက် ကျင်းရှောင်တို့ ရှိရာ မီတာအနည်းငယ်အကွာသို့ ရောက်လာပြီး သက်တော်စောင့်အား ဝါးမြိုရန် ခေါင်းကိုငုံ့လို က်သည်။ ထိုစဥ်
သေစမ်း… ငါးရှဥ့်ကောင်
ကြီးမားသည့် ဓားအလင်းကြီးတခု ထွက်ပေါ် လာပြီး သတ္တဝါဆန်းရဲ့ ဦးခေါင်းအား ထိမှန်ကာ နောက်သို့ ဆုတ်သွားစေသည်။
ဂရူး…ဂရူးး.ဂရူးး
သတ္တဝါဆန်းမှာ ထူးဆန်းသည့် အသံကိုပြုလုပ် ပြီးနောက် နှစ်ကောင်စလုံး ဓားချက်စတင်ရာသို့ အမြန်သွားတော့သည်။
ချီးပဲ ဒီလောက်ကြီးတဲ့ ငရှဥ့်ကြီးတွေ ခုမှတွေ့ ဖူးတော့တယ်။
စနစ် “........”
ကျိုးယန်သည် အမြန်ပြေးလာသော်လည်း သူ ရောက်ချိန်တွင် ကျင်းရှောင် သက်တော်စောင့်နဲ့ ဝူကျင်းတို့သာ ကျန်တော့သည်။ အခြားသူများ မှာ သတ္တဝါဆန်းကြီးများ၏ အစာ ဖြစ်သွားလေ ပြီ။
“အစ်မတော် ဝူကျင်းတို့ကို ဆွဲခေါ်ပြီးပြေးတော့ ဘာသံကြားကြား ပြန်လှည့်မလာနဲ့”
ကျိုးယန်သည် ကျိုးယင်ချင်းကို မှာကြားလိုက် သည်။ လက်ရှိအဖွဲ့တွင် အဆင့်၄ သတ္တဝါဆန်း များကို ကိုင်တွယ်နိုင်သည့် သူမှာ ကျိုးယန်တဦ တည်းသာ ရှိသည်။ ထိုအတွက် ကျိုးယန်က တို က်ခိုက်ရင်း အခြားသူများ ထွက်ပြေးရန် အချိန် ဆွဲလိုခဲ့သည်။
“ဒါ ဒါ အရမ်းအန္တရာယ်များတယ်”
ကျိုးယင်ချင်းက ကျိုးယန်ကို ချန်မထားလို၍ တုန့်ဆိုင်းစွာ ပြောသည်။
“စကားမများနဲ့ လာနေပြီ သွားတော့”
ကျိုးယန်က သူမကို ချီစွမ်းအင်ဖြင့် ဝူကျင်းတို့ ရှိရာ တွန်းထုတ်လိုက်သည်။ ထိုချိန်တွင် သတ္တ ဝါဆန်းကြီးမှာ ကျိုးယန်ရဲ့အနားသို့ ရောက်လာ ပြီး ကြီးမားသည့် ပါးစပ်ကြီးကို ငုံ့ကိုင်းကာ ကို က်ဝါးရန်ကြိုးစားတော့သည်။
ဒီသောက်ငါးရှဥ့်က ငါ့ကိုစားချင်တာလား ငါက ပဲ ငါးရှဥ့်ကို စားခဲ့တာကွ…။ ကျိုးယန်သည် ဓာ ချက်တချက် ထုတ်ဖော်ကာ ပိုင်းလိုက်သည်။ ဓားအလင်းမှာ ငုံ့ကိုင်းလာသည့် ပါးစပ်ကြီးကို ထိမှန်သွားသော်လည်း အရှိန်အနည်းငယ် တွန့် ဆုတ်သွားရုံကလွဲပြီး ထိခိုက်မှု မရှိပေ။
မာလိုက်တဲ့ အရေပြား ငါ့ဓားချက်တောင်မတိုး ဘူး။ ကျိုးယန်သည် ပါးစပ်ကြီး၏ ကိုက်ခဲမှု အား ရှောင်တိမ်းလိုက်စဥ် အခြားတဖက်မှကြီး မားသည့် အရိပ်ကြီးတခု တိုးဝင်လာပြန်သည်။
ဝုန်း….
ထိုအရာမှ နောက်တကောင်မှ အမြီးဖြင့် ရိုက်ချ လိုက်ခြင်း ဖြစ်ပြီး ထိုရိုက်ချက်ကို ကျိုးယန်တ ယောက် မရှောင်လိုက်နိုင်ပေ။ ကြည့်ရသည်မှာ ထိုသတ္တဝါ ဆန်းကြီးများမှာ အသိဉာဏ်မြင့်ပုံရ သည်။
ကျိုးယန်သည် မြေပြင်ပေါ်တွင် တရွတ်တိုက်ဆွဲ ကာ ပေရာဂဏန်းခန့် လွင့်စင်သွားပြီး လမ်းတ လျောက် စွမ်ကြောင်းကြီးပင် ဖြစ်သွားစေသည် သာမန်သူဆိုလျှင် ထိုရိုက်ချက်က သေစေရန် လုံလောက်ပါသည်။ ကျိုးယန်က ဗာဂျာရာကျင့် စဥ် တတိယအဆင့်သို့ရောက်နေ၍ ထိုရိုက်ချက် ကို ခံနိုင်နေခြင်းဖြစ်သည်။ သို့သော်လည်း သ က်သာသည်တော့ မဟုတ်ပေ။
တကိုယ်လုံး ကိုင်ရိုက်ခံရသည့်နှယ် ခံစားလိုက် ရပြီး အရိုးများ အက်ကွဲသွားသည်နဲ့တူသည်။ စွပ်ကြောင်း တလျှောက်သွေးများ ပြန့်ကျဲနေသ ည်။ ပထမက ပါးစပ်ဖြင့်ကိုက်ဝါးရန် ကြိုးစား သည့် အကောင်မှာ ကျိုးယန်ရှောင်တိမ်းလိုက် သည်ကို မြင်လျင် ဒေါသထွက်သွားကာ တရှုး ရှုး မြည်သံထွက်လျက် အမြန်ပြေးဝင်လာပြန် သည်။
ချီးပဲ….။ ကျိုးယန်က ချက်ချင်းပင် အသူရာ ဓားချက်များ ဆက်တိုက်ခုတ်ပိုင်းလိုက်သည်။ ထိုဓားချက်များမှာ ပြင်းထန်ပြီး စိတ်စွမ်းအင်နဲ့ ချီဓာတ်ကိုလည်း ကုန်ဆုံးစေသည်။ အထူးသ ဖြင့် ချီဓာတ်ကုန်ဆုံးခြင်းက ပိုများသည်။
ဝရူးးးးး
ဓားချက်များက ပြေးဝင်လာသည့် သတ္တဝါဆ န်းကြီးကို ထိမှန်ပြီးနောက် ထိုအကောင်မှာ ကျ ယ်လောင်စွာ အော်ဟစ်လိုက်ရသည်။ ကြည့်ရ သည်က ဓားချက်မှာ ထိရောက်ပုံရှိသည်။
ဟမ့်…လာခဲ့စမ်း…ငါးရှဥ်လိုကောင်တွေ။
ကျိုးယန်က ပြေးဝင်တိုက်ခိုက်တော့သည်။ သတ္တဝါ ဆန်းကြီးနှစ်ကောင်မှာ လွန်စွာကြီးမား သည့် ကိုယ်ထည်များရှိပြီး ထိုနှစ်ကောင်ကြား၌ ကျိုးယန်၏ ပုံရိပ်မှာ သေးငယ်စွာရှိနေသည်။ ဓားအလင်းများ ဆက်တိုက်ဖြာထွက်နေပြီး ထိ မှန်သည့် နေရာတိုင်း၌ သတ္တဝါဆန်းကြီးများ၏ သွေးများမှာ ပြန့်ကျဲနေသည်။
တဖက်တွင် သတ္တဝါဆန်းကြီးများမှာလည်း သူ တို့၏ ခြေလက်များကိုပင် အသုံးပြုကာ တိုက် ခိုက်လာသည်။ ထိုအတွက် ကျိုးယန်မှာတိုက်ခို က်မှုကို ရှောင်တိမ်းရန် မလွယ်ကူတော့ချေ။
ဝုန်း…
ပထမတကောင်ရဲ့ လက်ဖြင့်ကုတ်ဆွဲချက်ကို ကာကွယ်လိုက်သည်။ ထိုကုတ်ဆွဲချက်က အမြီ ရိုက်ချက်လောက် မပြင်းထန်သော်လည်း ကျိုး ယန်ကမူ အတော်ပင် ခုခံလိုက်ရသည်။ ပထမ ကဲ့သို့ လွင့်စင်မသွားသော်လည်း လက်များမှာ ထုံကျင်သွားရသေးသည်။
ရွှီး…….
မြွေတွန်သံကဲ့သို့ အသံတခုပေါ်လာသည်။ ကြီး မားသည့် ဦးခေါင်းကြီးနှစ်ခုက ဆက်သွားပြီး ခန္ဓာကိုယ်များကလည်း ပူးကပ်သွားသည်။ ပြီး နောက် မိနစ်ပိုင်းနဲ့ပင် တကောင်တည်းပုံစံဖြစ် သွားတော့သည်။
မိတ်လိုက်တာလား ခုချိန်ကြီးလေ။
စနစ်
“ဒီကောင့်အတွေးက ထူးဆန်းတာထက်ပိုနေပြီ”
သတ္တဝါဆန်းနှစ်ကောင်၏ အပြုအမူကို ကျိုး ယန်တယောက် နားမလည်တော့ချေ။ နှစ်ကော င်ဆိုပါက တိုက်ခိုက်ရန် ခက်ခဲသော်လည်း တစ် ကောင်တည်း ဖြစ်သွားခြင်းက သူ့အတွက်ပို ကောင်းနေသည် မဟုတ်လား။ ဒီကောင်တွေတ ကယ်ကော အသိဉာဏ်မြင့်ရဲ့လားဟ။
ထိုအချိန် နှစ်ကောင်ပေါင်းသွားသည့် သတ္တဝါ ဆန်းက ကျိုးယန်ရှိရာသို့ မယုံနိုင်ဖွယ်အမြန်နှု န်းဖြင့် ပြေးဝင်လာသည်။ သောက်ကျိုးနည်း လောက်အောင်ကို မြန်တယ်။ ကြီးမားသည့် ခန္ဓ ကိုယ်နဲ့မလိုက်အောင်ပင် မြန်ဆန်ပြီး အရှိန်အဝါ မှာလည်း ပိုပြင်းထန်လာသည်။