← Chapters

အဆုံးသတ်တိုက်ပွဲ

Vol. 11 Ch. 165

အဆုံးသတ်တိုက်ပွဲ

Vol. 11 Ch. 165

ကျိုးယင်ချင်းတို့သည် ဝေးကွာသည့်နေရာမှနေ ၍ ကြီးမားသည့် သတ္တဝါဆန်းနဲ့ ကျိုးယန်တို့၏ တိုက်ပွဲကို စိုးရိမ်စိတ်များဖြင့် ကြည့်နေလေသ ည်။ သူမတို့ထံ၌ ကျိုးယန်ကို ကူညီရန်ခွန်အားမ ရှိချေ။ ဤခရီးစဥ်မှ အသက်မသေဆုံးပဲ ပြန် ရောက်ပါက သူမသည် ကျင့်ကြံမှုကို မြင့်တင်ရ မည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုမှသာ ယခုလိုအသက်စွန့်တိုက်ပွဲများ၌ ကျိုး ယန်ကို ကူညီနိုင်မည်ဖြစ်သည်။ တဖက်တွင် ကျင်းရှောင်နဲ့ သက်တော်စောင့်သည်လည်း ကျို ယန်ကို အထင်ကြီးလေးစားသည့် မျက်လုံးများ ဖြင့် ကြည့်နေလေသည်။ ထိုဧကရာဇ်သည် ပြ ည်ထောင်စု သမိုင်းတလျှောက် အရဲရင့်ဆုံးဧက ရာဇ်တပါးဟု ခေါ်နိုင်ပေသည်။ သူ့အနေဖြင့် ထွက်ပြေးလိုပါက လွတ်မြောက်နိုင်သော်လည်း ရင်ဆိုင်တိုက်ခိုက်ရန် စိတ်ကူးရှိနေသည်မဟုတ် လား။

တဖက်သူများ ထိုသို့တွေးနေစဥ် ဇာတ်လိုက် ကျော် ကျိုးယန်ကတော့ အသည်းအသန်ခုခံနေ ရသည်။ မြန်ဆန်လွန်းသည့် အရှိန်ကြောင့် တဖ က်သတ္တဝါဆန်း၏ တိုက်ခိုက်မှုကို တားဆီးရန် မဖြစ်နိုင်တော့ချေ။ ကြီးမားသည့် လက်အစုံက ကျိုးယန်ကို ကုတ်ဆွဲလိုက်သည်။

ဝုန်း…

အွတ်…

ပထမကုတ်ဆွဲချက်နဲ့ မတူညီစွာပင် အင်အားက နှစ်ဆဖြစ်ကာ ပို၍ ပြင်းထန်ပြီး ကျိုးယန်ကိုပင် မီတာ အတော်များများထိ လွင့်စင်သွားစေသည် ထိုကုတ်ဆွဲချက်က အမြီးဖြင့်ရိုက်ခြင်းထက် ပို ပြင်းသည်။ ထို့ကြောင့် ကျိုးယန်တယောက် နာ ကျင်စွာ လွင့်စင်သွားခြင်း ဖြစ်သည်။

ကျိုးယန်သည် နာကျင်မှုကို တောင့်ခံရင်း မတ် တ်တပ်ထရပ်လိုက်သည်။ သူ့တွင် ချီဓာတ်များ ကုန်ဆုံးလုနီးပါး ဖြစ်နေချေပြီ။ အသူရာဓားချ က်များမှာ ထိရောက်သော်လည်း နှစ်ကောင်ပူး ပေါင်းသွားချိန်၌ အကျိုးသက်ရောက်မှုမှာ နည်း ပါးသွားလေပြီ။

မဖြစ်သေးဘူး ဒီတိုင်းဆို ငါသေသွားလိမ့်မယ် ခုချိန်မှ ထွက်ပြေးလည်း မလွတ်နိုင်ဘူး ငါဘာ လုပ်ရမလဲ။

ကျိုးယန်တယောက် အလေးအနက်တွေးနေမိ သည်။ သူ့တွင် သတ္တဝါဆန်းအား တိုက်ခိုက်ရန် အခြားမည်သည့်အရာများ ရှိနေသနည်း။ ထိုစဥ် သတ္တဝါဆန်းကြီးက ပါးစပ်ကြီးကို ကျယ်လော င်စွာ ဟ၍ ကျိုးယန်ကို ကိုက်ဝါးရန် ကြိုးစား လာသည်။

ဟုတ်ပြီ… ဗုံးးတွေ ရှိတယ်..။ ကျိုးယန်က ထို ကိုက်ဝါးချက်ကို ရှောင်လိုက်ရင်း စနစ်၏စတိုး မှ ပေါက်ကွဲအား ပြင်းသည့် ဗုံးများဝယ်ယူလိုက် သည်။ တဖက်တွင် ကိုက်ဝါးမှုကို ရှောင်တိမ်းလို က်နိုင်သော်လည်း စနစ်ရဲ့စတိုးကို အာရုံတချက် ရောက်သွားခြင်းက ကျိုးယန်ကို နောက်ဆက် တွဲ တိုက်ခိုက်မှုက ထိခိုက်သွားတော့သည်။

အုန်း…

သတ္တဝါဆန်းကြီးက ကျိုးယန်ကို အပေါ်စီးမှနေ ၍ အမြီးဖြင့် ရိုက်ချလိုက်သည်။ ထိုရိုက်ချက် မှာ အလွန်ပင် ပြင်းထန်သောကြောင့် ကြီးမားသ ည့် တွင်းကြီးပင် ဖြစ်သွားစေပြီး ကျိုးယန်၏နံ ရိုးအများပြား ကျိုးကြေသွားတော့သည်။ ထိုပြ င် ပါးစပ်ထဲမှ သွေးများ အဆက်မပြတ်အန်ထု တ်လိုက်ရပြီး နောက်ထပ်ရိုက်ချက်များကို ရှော င်တိမ်းရန် ခွန်အား မရှိတော့ချေ။

ပြီးသွားပြီ။ မောင်တော်တော့ တကယ်သေဆုံး သွားရပြီ တူပါရဲ့။ ကျိုးယင်ချင်းမှာ ထိုမြင်ကွင် ကိုကြည့်ရင်း မျက်ရည်များစီးကျလာသည်။ သက်တော်စောင့်သည် နာကျင်မှုကို အံကြိတ်ခံ ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား လေသည်။ သူသာ ဒဏ်ရာမရထားပါက ကျိုး ယန်ကို ကူညီနိုင်မည် ဖြစ်သည်။ ယခုတွင်တော့

သတ္တဝါဆန်းကြီးသည် တွင်းထဲ၌ မလှုပ်မယှက် ဖြစ်နေသည့် ကျိုးယန်ကို တချက်ကြည့်လိုက် သည်။ ပြီးနောက် ပျော်ရွှင်စွာဖြင့် အသံတခုပြု လိုက်လေသည်။

ဂရူးးးးး

ကျိုးယန်ကမူ တွင်းထဲ၌ လဲလျောင်းနေရင်း ဗုံး များကို မည်ကဲ့သို့ ပစ်သွင်းရမည်အား စဥ်းစား နေလေသည်။ သေချာပေါက် သတ္တဝါဆန်း၏ ပါးစပ်ထဲ ပစ်ထည့်နိုင်မှသာ ထိရောက်မည်ဖြစ် သည်။ မဟုတ်ပါက ပေါက်ကွဲမှုက သတ္တဝါဆန် ၏ ထူထဲမာကြောသည့် အရေပြားကြောင့် ထိ ရောက်မှု ရှိမည် မဟုတ်ပေ။

ဂရူးးးးဂရူးးး

နောက်ထပ်အသံအနည်းငယ် ပြုလုပ်ပြီးနောက် သတ္တဝါဆန်းသည် ကျိုးယန်ကို ကိုက်ဝါးရန် ငုံ့ လာသည်။ ကြီးမားသည့် တွင်းကြီးသည့် သတ္တ ဝါဆန်း၏ ပါးစပ်ထက်အနည်းငယ် သေးငယ် နေသည်။ ထိုကြောင့် တွင်း၏ အနက်ဆုံး၌ရှိ နေသည့် ကျိုးယန်ဆီ တိုက်ရိုက်ရောက်မသွားခဲ့ ပေ။ ထိုအရာက အခွင့်ရေးကောင်းပင်။

ဟုတ်ပြီ။ အခွင့်အရေးပဲ…လာခဲ့စမ်း။

ကျိုးယန်သည် နောက်တကြိမ် သတ္တဝါဆန်း၏ ကြီးမားသည့် ပါးစပ်ကြီး ငုံ့ကိုင်းလာချိန်၌ ပေါ က်ကွဲစေသည့် ဗုံးအများအပြားအား လျင်မြန် စွာ ပစ်သွင်းလိုက်တော့သည်။

ဂရူးး.

ထူးဆန်းစွာဖြင့် သတ္တဝါဆန်းသည် ထိုအရာမျာ အား အစာတခုဟု ထင်မှတ်နေငလားမသိချေ။ အသာအယာပင် မြိုချရန်ကြိုးစားလိုက်သည်။

အုန်းးးးး

ကျယ်လောင်သည့် ပေါက်ကွဲသံကြီးပေါ်လာပြီး နောက် တွင်းထဲသို့ တိုးဝင်ရန်ကြိုးစားနေသည့် ဦးခေါင်းကြီးမှာ အပိုင်းအစများအဖြစ် ပြောင်း လဲသွားတော့သည်။ သွေးများမှာလည်း မြေပေါ် ပြန့်ကျဲသွားပြီး သေးငယ်သည့် ရေအိုင်လေးတ ခုပင် ဖြစ်နေစေသည်။ တွင်းထဲရှိ ကျိုးယန်ကမူ ကျာ်လောင်သည့် ပေါက်ကွဲသံကြောင့် နားများ အူထွက်သွားပြီး ပေါက်ကွဲမှု၏ အစွန်းထွက်ရို က်ခတ်မှုကြောင့် ခန္ဓာကိုယ်ရှိ အရေပြားများစု တ်ပြတ် သွားကာ သွေးချင်းချင်းနီသွားစေပြီး သူကတော့ ထိုနေရာ၌ ပင်သတိလစ်သွားရ တော့သည်။

ဒင်!

တာဝန်ပြီးဆုံးသည့်အတွက် ဂုဏ်ယူပါသည်။ အစီအရင်ကို မပြုပြင်နိုင်ခဲ့သော်လည်း ဘေး အန္တရာယ်ကို ရှင်းလင်းခြင်းကြောင့် တာဝန်ပြီး မြောက်သည်ဟု မှတ်ယူကာ ဆုလာဒ်များပေး အပ်ရန် ဆုံးဖြတ်လိုက်သည်။

သေချာသည်က စနစ်၏ အသံကို ကျိုးယန်မ ကြားနိုင်တော့ပေ။ ကျိုးယင်ချင်တို့သည် ကျယ် လောင်သည့် ပေါက်ကွဲသံပြီးနောက် တွင်းကြီးရှိ ရာသို့ ရောက်လာကြသည်။ ပတ်ဝန်းကျင်တခု လုံး သတ္တဝါဆန်း၏ ဦးခေါင်းအသားစများ ပြန့် ကြဲနေပြီး ခန္ဓာကိုယ်အောက်ပိုင်းကတော့ ဆန့် တငင်ငင် အကြောဆွဲနေကာ အချိန်တော်ကြာမှ ရပ်တန့်သွားသည်။

“မောင်တော် မောင်တော်”

ကျိုးယင်ချင်းသည် ဒဏ်ရာမရထားသည့် တဦး တည်းသော သူဖြစ်၍ တွင်းနက်ထဲ အမြန်ခုန် ဆင်းကာ ကျိုးယန်၏ အခြေနေကို ကြည့်တော့ သည်။ တကိုယ်လုံးစုတ်ပြဲနေသည့် ကျိုးယန်ကို တွေ့လိုက်ရချိန်၌ မျက်ရည်များစီးကျလာတော့ သည်။ ကျိုးယန်ရဲ့ အခြေနေက သေသလားရှင် သလားပင် မသိနိုင်တော့ချေ။

သူမသည် ကျိုးယန်၏ ခန္ဓာကိုယ်ကြီးကို ပွေ့မ ကာ တွင်းနက်ထဲမှ ထွက်လာခဲ့သည်။ ခနအကြ တွင် ဘေးကင်းလောက်မည့် နေရာတခုရှာကာ အနားယူရန် ပြင်ဆင်တော့သည်။ ကျင်းရှောင် သည် ပါလာသည့် ဆေးဝါးများသုံး၍ ဒဏ်ရာ ကို ကုသနေပြီး ကျိုးယင်ချင်းကမူ ကျိုးယန်အ တွက် သူမဆီ၌ ရှိသည့် အရာအားလုံးပုံချကာ သင့်တော်သည့် ဆေးဝါးတခုတွေ့တိုင်း တိုက် ကျွေးနေလေသည်။

ဝူကျင်းမှာမူ သူမ၏ ဒဏ်ရာကို အလေးအနက် မထားတော်ပဲ ကျိုးယန်ကို ပြုစုရန် ကျိုးယင် ချင်းနားတွင် တချိန်လုံး ရှိနေခဲ့သည်။

ဟူးး…အဆုံးသတ်သွားခဲ့ပြီ။

သက်တော်စောင့်မှာ ရှည်လျားသည့် သက်ပြင်း ကို ချလိုက်ပြီးနောက် ကျိုးယန်ရှိရာ ရွက်ဖျင်တဲ ဘက်သို့ ကြည့်လိုက်သည်။ သူတို့၏ အသက် များက ကျိုးယန်ပေးထားခြင်းဖြစ်သည်။ ဤခ ရီးစဥ်ကို ကျိုးယန်စာ မလိုက်ပါလာပါက သေ ဆုံးရန် ရာနှုန်းပြည့် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမှု အသေအရှင်တိုက်ပွဲ များသည် အကျိုးရှိစေသည်။ ထိုတိုက်ပွဲမှ သ က်တော်စောင့်သည် ခွန်အားများတိုးလာသလို ခံစားလိုက်ရပြီး နိယာမတခုခုသာ ထပ်မံလေ့ လာနိုင်ပါက အထွဋ်အထိပ်သို့ ခုန်တက်သွားပေ တော့မည်။ တဖက်တွင် ကျင်းရှောင်သည် ပက တိရှင်သန်ခြင်း ပထမအဆင့်မှ တတိယအဆင့် ထိ ခုန်ပျံကျော်လွှားသွားသည်။ ထိုအရာက အ သေအရှင် တိုက်ပွဲ၏ ဆုလာဒ်ပင် ဖြစ်သည်။

ထိုတိုက်ပွဲကြောင့် ကျင်းရှောင်၏ အတွေးအ ခေါ်များ ပြောင်းလဲသွားရပြီး ခွန်အား၏အရေး ပါမှုအပေါ် ပေါ့ပေါ့တန်တန် သဘောမထားရဲ တော့ပေ။ အမှန်တကာ်ပင် ကျိုးယန်သာ မရှိပါ က အကြိမ်ပေါင်းများစွာ သေရန် လုံလောက်ပါ သည်။ မျိုးနွယ်သို့ ပြန်ရောက်လျင် ကျင့်ကြံ ရေးတည်ငြိမ်ရန် အချိန်ယူပြီး အထွဋ်အထိပ်အ ဆင့်တွက် နိယာမများအား အချိန်ပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။

နောက်တနေ့ မနက်၌ ကျိုးယန်က သတိပြန်ဝင် လာသည်။ သစ်သန္ဓေသား၏ ကုသနိုင်စွမ်းက ကြောက်ခမန်းလိလိ ဖြစ်သည်။ သတိပြန်ဝင် လာသော်လည်း လှုပ်ရှားနိုင်သည်တော့ မဟုတ် သေးပေ။ ထိုအရာကပင် ကောင်းကင်ဘုံအား အန်တုနေခြင်း ဖြစ်သည်။

“အင်း..”

“မောင်တော် သတိရလာပြီလား”

ကျိုးယန်တယောက် သတိရလာသည်နှင့် သူ့ ဘေး၌ တချိန်လုံးရှိနေသည့် ကျိုးယင်ချင်းက သတိထားမိသွားကာ အလျင်အမြန်မေးလာသ ည်။ ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက်

“ဟိုအကောင်ကြီး သေသွားပြီလား”

ကျိုးယန်၏ အမေးကို ကျိုးယင်ချင်းက ခေါင်း ညိတ်ပြလိုက်သည်။ ထိုအချင်းအရာကို မြင်မှ ကျိုးယန်တယောက် သက်ပြင်းချနိုင်တော့သည် ဟူးးး တော်ပါသေးရဲ့…။

“မောင်တော် ရက်နည်းနည်းထပ်နားပါဦး ပြန်ဖို့ အလျင်လိုစရာမလိုပါဘူး”

ကျိုးယန်က နောက်တကြိမ်ခေါင်းညိတ်ပြလိုက် သည်။ ပြီးနောက် ကျိုးယင်ချင်း၏အနောက်၌ တိတ်ဆိတ်စွာ ရှိနေသည့် ဝူကျင်းကိုတချက်ကြ ည့်လိုက်သည်။ အခြေနေကို ကျိုးယန်တယော က် တွက်ဆနိုင်ပါသည်။ တဖွဲ့လုံး၌ အသက်ရှင် ကျန်ရစ်သူမှာ ၅ဦးသာ ရှိတော့သည်။ အရင်းအ နီးမှာ ကြီးလွန်းပြီး လာရင်းရည်ရွယ်ချက်လည်း မအောင်မြင်တော့ပေ။

All Chapters