အပြန်ခရီး
Vol. 12 Ch. 166
၃ရက်ခန့်ကြာမြင့်ပြီး ချိန်မှာတော့ ကျိုးယန်တ ယောက် အနည်းငယ် လှုပ်ရှားနိုင်လာသည်။တ ဖက်တွင် သစ်သန္ဓေသား၏ ပြန်လည်ကုသနိုင် စွမ်းက ကျိုးယန်၏ ခန္ဓာကိုာ်ကို အဆက်မပြတ် ကုသပေးနေခဲ့ပြီး ဗာဂျာရာကျင့်စဥ်ရဲ့ တတိယ အဆင့် အဆင့်မြင့်ထိ ရောက်ရှိသွားစေခဲ့သည်။
ထိုအဆင့်က ခန္ဓာကိုယ်ခွန်အား မာကြောမှုတခု တည်းကပင် ဒုတိယအသွင်ပြောင်းခြင်း သာမန် ကျင့်ကြံသူများရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ပြီး အ စွမ်းထက်သည့် ပထမအသွင်ပြောင်းခြင်း ကျင့် ကြံသူ တဦးရဲ့ အစွမ်းကုန်တိုက်ချက်ကို အသာ အယာ ခုခံနိုင်သည်ထိ မာကြောပါသည်။ ထိုအ ဆင့်ရဲ့ အနောက်တွင်တော့ ကျိုးယန်အနေဖြင့် အနိမ့်ဆုံး ပထမအသွင်ပြောင်းခြင်း အဆင့်ထိ ရောက်ရှိနေရန် လိုအပ်နေသည့် အတွက် စနစ်မှ ရထားသည့် ဒုတိယတွဲကို လေ့ကျင့်ရန်အဆင်မ ပြေနိုင်တော့ပေ။
ကျိုးယန်ထက် အရက်သက်သာလာသည့် သက် တော်စောင့်သည် တိုက်ပွဲနေရာကို ပြန်သွားကာ ကြီးမားသည့် သတ္တဝါဆန်းများ၏ အလောင်း ကို သိမ်းယူထားခဲ့သည်။ ထိုအကောင်များမှာ မြွေတစ်ကောင်ကဲ့သို့ ကိုယ်ထည်တွင် မာကြော သည့် ခြေလက်များရှိနေပြီး နှစ်ကောင်ပေါင်းလို က်သောကြောင့် တကောင်၏ ခန္ဓာကိုယ်သာရရှိ ခဲ့ခြင်း ဖြစ်သည်။
ကျိုးယန်ကတော့ ထိုအရာကို သိမ်းယူရန် သတိ ရမိသေးသော်လည်း ဒဏ်ရာကုသရန်အတွက် သာအာရုံများနေ၍ မမှတ်မိတော့ပေ။ ထိုရက် များတွင် ကျိုးယင်ချင်းက အနီးကပ်ပြုစုပေး နေခဲ့သည်။ မယုံနိုင်စရာ ကောင်းသည့်ကုသမှု သာမရှိပါက ကျိုးယန်အနေဖြင့် အနည်းဆုံးနှစ် အနည်းငယ် အိပ်ရာထဲလဲနေမည်မှာ သေချာသ လောက်ရှိသည်။
ထိုသို့ဖြင့် ရက်သတ္တပတ် ကုန်သွားချိန်မှာတော့ လမ်းလျှောက်ခြင်း ကဲ့သို့ လှုပ်ရှားမှုများ စတင် ပြုလုပ်လာနိုင်ပြီး ထိုချိန်တွင်တော့ သက်တော် စောင့်က သတ္တဝါဆန်းရဲ့ အသားများကိုယူထား ခဲ့သည့် အကြောင်းပြောလာခဲ့သည်။
“ငါးရှဥ့်ရဲ့အလောင်းကို သိမ်းထားတာလား”
“ငါးရှဥ့်က ဘာလဲ”
ကျိုးယန်၏ စကားကြောင့် သက်တော်စောင့်က နားမလည်ဟန်ဖြင့် ပြန်မေးသည်။ ငါးရှဥ့်ကိုသူ မသိပေ။ ကျိုးယန်က လက်ဝေ့ယမ်းလိုက်ပြီး
“ထားတော့ သိုလှောင်လက်စွပ်ရဲ့ အထဲမှာထား ရင် ပုပ်သိုးသွားမှာမဟုတ်ဘူး ကျုပ်တို့အသား ဟင်းအတွက် လိုသလောက် ယူပြီး ဆက်သိမ်း ထားလိုက်ပါ သူ့အသားက အရသာရှိမှာသေချာ တယ်”
ကျိုးယန်တယောက် ကမ္ဘာမြေမှ ငါးရှဥ့်နဲ့ပက် သက်သည့် ဟင်းလျာများကို တွေးမိကာ သရေ ယိုနေခဲ့သည်။
သတ္တဝါဆန်း…
“ငါက ငါးရှဥ့်မဟုတ်ဘူး ငါးရှဥ့်မဟုတ်ဘူးလို့”
ထိုနေ့ညတွင် ကျိုးယန်၏ အစီမံဖြင့် သတ္တဝါဆ န်းရဲ့ အသားကို စွပ်ပြုတ်များ အသားကင်များ စသည့် စဥ်းစား၍ရမျှ နည်းလမ်းအကုန်ဖြင့်စား သောက်လိုက်ကြသည်။ အရေပြားမှာ မာကြော သော်လည်း အတွင်းသား၏ နူးညံ့မှုက တသက် မမေ့နိုင်စရာ ကောင်းနေသည်။ ကျိုးယန်သည် သတ္တဝါဆန်းရဲ့ အသားဖြင့် စိတ်ကြိုက်စားသုံး ပြီးနောက် ဒဏ်ရာကုသရန် ရွက်ဖျင်တဲ့သို့ပြန်ဝ င်သွားခဲ့သည်။
နောက်ထပ်ရက်အချို့ ထပ်မံကုန်ဆုံးပြီးချိန်မှာ တော့ ချီစွမ်းအင် သုံးစွဲသည်မှလွဲ၍ အတော်ပင် သက်သာလာသည်ဟု ယူဆနိုင်သောကြောင့် ထို နေရာမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြသည် ယခု ခရီးစဥ်သည် ထင်ထားသည်ထက် ပို၌ကြာ မြင့်သွားခဲ့ရသည်။
“မောင်တော်က နန်းတော်ကို တိုက်ရိုက်ပြန်မှာ လား”
“မဟုတ်ဘူး မြို့တော်အသစ်ကို သွားမယ် အဲ့ဒီ မှာ အရေးကြီး လုပ်စရာလေးအချို့ ပေါ်လာလို့”
ကျိုးယင်ချင်းက ခေါင်းညိတ်ပြလိုက်သည်။ သူ မသည် ကျိုးယန်၏ ဒဏ်ရာကို စိုးရိမ်နေသေး သောကြောင့် ကျိုးယန်တယောက် နန်းတော်ကို ပြန်ရောက်သည်အထိ လိုက်ပါမည်ဟု ဆုံးဖြတ် ထားသည်။
“အစ်မတော်က တောင်ပိုင်းကို ပြန်ချင်ပြန်လေ”
“ဟင့်အင်း ရပါတယ် ကျင်းရှောင်ပြန်ရောက်ရင် သူက အစီရင်ခံပြီး လုပ်စရာရှိတာတွေကို စီစဥ် လိုက်မယ်လို့ ပြောတယ်”
ကျိုးယန်က သူမရဲ့အတွေးကို ခန့်မှန်းမိသည်။ ထိုအတွက် သူ့တွင် တားမြစ်စရာ အကြောင်းမ ရှိပေ။ သူမက မကြာမီ၌ သူ့ရဲ့မိဖုရားတပါးဖြစ် လာမည် မဟုတ်လား။ တောင်ပိုင်းရဲ့အတွင်းမှာ ရှိတဲ့ နှလုံးမဲ့ချောက်နက်မှ အနောက်ဘက်မြို့ တော်အသစ်ထိ အပြန်ခရီးက ဆယ်ရက်ကျော် ထပ်မံ ကြာမြင့်သွားခဲ့သည်။
လမ်းတွင် ကျိုးယန်သည် ဝူကျင်းရဲ့ ဆုံးရှုံးမှုကို နှစ်သိမ့်ပေးခဲ့ပြီး စနစ်စတိုးဆီမှ ဒုတိယအဆင့် အစီရင်ပညာရပ်နဲ့ သက်ဆိုင်သည်များကို ဝယ် ယူပေးခဲ့သည်။ ဝူကျင်းသည် သူမရဲ့ဆရာမရှိ တော့သည် အတွက် မူလအစီရင်ဂိုဏ်းကို ပြန်ရ န် စိတ်ကူးမရှိတော့ပေ။ ထို့ကြောင့် ကျိုးယန်က မြို့တော်အသစ်ရှိ ကိုင်ရီရီကို အပ်နှံရန်သာတွေး လိုက်မိပြီး သူမရဲ့ပါရမီအရ နောင်တွင်အသုံးဝ င်လာမည်မှာ သေချာသည်။
ဧကရာဇ်အနေဖြင့် ထူးချွန်သူကို ချီးမြင့်သည် က ပုံမှန်ပင် မဟုတ်လား။ ကျိုးယန်သည် ပြည် ထောင်စုအပေါ် မတူညီတဲ့ နည်းလမ်းများစွဖြင့် ထိန်းချုပ်နေပြီး စနစ်မှရထားသည့် အထူးတပ် ဖွဲ့ဝင်များကိုလည်း တပ်မှူးလော့ရဲ့ ဦးဆောင်မှု ဖြင့် ပြည်ထောင်စုအနှံကို ဖြန့်ကျက်ထားစေခဲ့ သည်။ ထိုအရာက သေးငယ်သည့် ပုန်ကန်မှု များကို ချုပ်ကိုင်လိုက်နိုင်ပြီး တဖက်တွင် ပြည် ထောင်စုအတွင်း အင်အားစုများရဲ့ လှုပ်ရှားမှု များကိုလည်း စောင့်ကြည့်ရာ ရောက်သည်။
“မြို့တော်အသစ်က ဘာတွေများ ပြောင်းလဲနေ ပြီလဲ”
ကျိုးယန်က မြို့တော်အသစ်ရှိရာ ဘက်သို့လှမ်း ကြည့်၍ တွေးနေသည်။ သူကိုယ်တိုင် စတင်ခဲ့ သည့် မြို့တော်အသစ်သည် ကိုင်ရီရီလက်ထပ် ၌ ပျက်စီးသွားမည်တော့ မဟုတ်တန်ချေ။ မြို့ တော်အသစ်တွင် တည်ငြိမ်သည့် လက္ခဏာရပ် များ ရှိနေသည်ကို နှလုံးမဲ့ချောက်နက်သို့ ခရီးစ ဥ်မတိုင်မီက နောက်ဆုံး သတိပြုမိခဲ့၍ အထူး တလည် စိတ်မပူမိတော့ပေ။