ဖွံ့ဖြိုးနေဆဲ မြို့တော်
Vol. 12 Ch. 167
ကျိုးယန်တို့အဖွဲ့ မြို့တော်အသစ်ဆီ ရောက်ရှိ သွားချိန်၌ မြို့တော်အသစ်ရဲ့ စည်ကားမှုက နန်း မြို့တော်ကြီးကိုပင် ကျော်လွန်သွားခဲ့သည်။ ကျ ယ်ပြန်သည့် လမ်းမကြီးများ ညီညာသည့် ဆိုင် ခန်းများ အဆောက်အုံများသာမက နေရာတိုင်း ၌ လုံခြုံရေးကို အထူးကြပ်မတ်ထားသည့် ဌာန ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များကို တွေ့မြင်နိုင်သည်။
ဝူကျင်းသည် မြို့တော်အသစ်၏ မြို့တံခါးဝမှစ ၍ ကျိုးယန်၏ အိမ်ကိုရောက်သည်ထိ မျက်လုံး များ ပြူးကျယ်နေခဲ့ရသည်။ မြို့တံခါးဝ၌ ထူး ဆန်းတဲ့ လက်နက်များတပ်ဆင်ထားသည့် တပ် ဖွဲ့ဝင်များကို တွေ့ခဲ့ရပြီး မြို့တော်အနှံ့များပြား သည့် လူမျိုးစုံကို တွေ့လိုက်ရသည်။ ထိုပြင်ကွ င်းပြင်ကျယ်များ၌ အဆောက်အုံအချို့ရှိနေပြီး ကလေးများ လူငယ်လူရွယ်အချို့က အားကစာ တမျိုးကို အားတက်သရော ယှဥ်ပြိုင်နေကြသ ည်ကို တွေ့လိုက်ရသေးသည်။ ထိုအရာက ကျိုး ယန်အစပြုခဲ့သည့် ကြက်တောင်အားကစားပင် ဖြစ်သည်။
ကျိုးယန်သည် ဝူကျင်းနဲ့ ကျိုးယင်ချင်းတို့အား မူလသူနေထိုင်ခဲ့သည် အိမ်တော်ရှိရာသို့ ခေါ် ဆောင်သွားခဲ့သည်။ ထိုအိမ်တော်တွင် ကျိုးယန် မနေတော့ပေမယ့် အခြားမည်သူကိုမှ နေရာချ ထားခြင်း မရှိပေ။ တားမြစ်ဧရိယာတခု အဖြစ် ထားရှိကာ နေ့စဥ် သန့်ရှင်းရေးပင် ပြုလုပ်စေသ ည်။
“မဂ်လာပါ အရှင်မင်ကြီး”
အိမ်တော်ရဲ့ အစေခံများက ကျိုးယန်ကိုတွေ့သ ည်နှင့် ပျာပျာသလဲ နှုတ်ဆက်ကြသည်။ သူတို့ က ကျိုးယန်ရဲ့ အကျင့်ကိုသိသူများဖြစ်၍ ဒူး ထောက်နှုတ်ဆက်ခြင်းတော့ မပြုကြချေ။ ကျို ယန်က ထိုအရာကို တားမြစ်ထားခြင်းဖြစ်သည်
ကျိုးယန်က အသာ ခေါင်းညိတ်ပြလိုက်ပြီး အိမ် တော်ရဲ့ ဧည့်ခန်းမဆီသွားလိုက်သည်။ ပြီးနော က် အစေခံတဦးအား မင်းသမီးကိုင်ရီရီဆီ အ ကြောင်းကြားစေသည်။ မူလက ကျိုးယန်တို့ဝင် ရောက်လာချိန်တွင် ရုပ်ဖျက်ထား၍ မြို့တံခါးမှ အစောင့်များက သာမန်လည်ပတ်သူဟု ထင်၍ ကိုင်ရီရီထံ သတင်းပို့မည်ဟု သူမထင်ချေ။ ရုပ် ဖျက်ရခြင်းကလည်း မလိုလားအပ်သည့် စုဝေး မှုများ မဖြစ်စေလို၍ ဖြစ်သည်။
တနာရီကျော်ခန့် အကြာတွင် ကိုင်ရီရီ ကိုင်လီလီ နဲ့ မုရုံရှီ တို့ ရောက်ရှိလာကြသည်။
“အရှင်မင်းကြီး ဘယ်တုန်းတည်းက ရောက်နေ တာပါလဲ”
ကိုင်ရီရီတို့က ဦးစွာနှုတ်ဆက်၍ မေးလာသည်။
“ခရီးတခုက အပြန်ဝင်လာတာပါ ကိစ္စလေးအ ချို့ ရှိတာလည်းပါတယ် ဒါနဲ့ မြို့တော်အကြော င်း ပြောပါဦး ဘာတွေများ ပြောင်းလဲနေလဲ”
ကျိုးယန်ရဲ့ အမေးကို ကိုင်ရီရီက
“အပြောင်းအလဲကတော့ အများအပြားမရှိပါ ဘူး အရှင့်ရဲ့ အားကစားနည်းကို ပြိုင်ပွဲကြီးအ သွင် နှစ်စဥ် အစိုးရက ဦးဆောင်ပြီး ကျင်းပဖြ စ်တာမျိုး ရှိတယ် နောက်ပြီး တပ်ဖွဲ့ဝင်တွေအ တွက် အင်အားကလည်း တဖြေးဖြေးတိုးလာ တော့ လုံခြုံရေးကို စိုးရိမ်စရာမရှိတော့ပါဘူး”
ကျိုးယန်က ကိုင်ရီရီရဲ့ စကားကို အလေးနက် ထားကာ နားထောင်နေသည်။ အားကစားပြိုင် ပွဲများ ကျင်းပလာခြင်းကို ကျိုးယန်က ဝမ်းသာ နေခဲ့သည်။ ထိုအရာက မြို့တော်အသစ်ကိုပိုမို စည်ကားလာစေပြီး တဖက်တွင် ပို၍လည်းစည် လုံး လာမည်မဟုတ်လား။
“နောက်ထပ်ကော ဘာတွေရှိသေးလဲ”
ကျိုးယန်က ထပ်မံမေးမြန်းလိုက်သည်။ အထူး သဖြင့် လက်ကနက်ပညာရှင်များဆီက သတင်း ကို သိလိုခြင်းဖြစ်သည်။ ယခင်ကဆိုလျင် ကျိုး ယင်ချင်းရှေ့၌ ဤသို့သောမေးခွန်းကို မေးမည် မဟုတ်ပေ။ ယခုက မတူတော့ချေ။ သူမကမိဖု ရားပင် ဖြစ်လာမည့်သူမဟုတ်လား။
“မြို့တော်အသစ်မှာ ဂိုဏ်းတခုပေါ်လာတယ်”
“ဂိုဏ်းတခု ဟုတ်လား”
“ဟုတ်ပါတယ် ကျမတို့က အရှင့်ရဲ့ လက်အော က်ခံဖြစ်ပြီးတည်းက အစုအဖွဲ့အားလုံးကို ဖျက် သိမ်းပြီး အင်အားစုတခုတည်း ပြောင်းလဲလိုက် တာ သိပ်မကြာသေးပါဘူး ဒါကြောင့် ဂိုဏ်းအ နေနဲ့ မြို့တော်အသစ်မှာ မရှိခဲ့ဘူးလေ အခုက ပြင်ပ ကုန်သည်တဖွဲ့စီကနေ ဆက်စပ်ပြီး မြို့ တော်အသစ်မှာ ဂိုဏ်းတခုအခြေတည်ဖို့ ကြိုး စားလာကြတာပါ”
ကျိုးယန်တယောက် အလေးအနက်ဖြစ်သွားရ သည်။ ထိုအရာက ပြည်ထောင်စုများ အနှံ့တ ည်ရှိနေတဲ့ ဂိုဏ်းအသစ်နဲ့များ တူညီနေမလား။ စဥ်းစားးရာပင်။
“သူ တို့နဲ့ပက်သက်တဲ့ အချက်အလက်တွေပြော ပြပေးပါဦး”
ကိုင်ရီရီက ကျိုးယန်ကို အလေးအနက်ရှင်းပြ လာသည်။
“လူသားကျင့်ကြံသူတွေပါပဲ တမန်တော်များအ ဖွဲ့လို့ ခေါ်တယ် သိပ်မကြာခင်က ကျမနဲ့တွေ့ဆုံ တဲ့ ဂိုဏ်းခွဲမှူးရဲ့ကျင့်ကြံဆင့်ကတင် ပကတိရှင် သန်ခြင်း အထွဋ်အထိပ်နီးပါး ရောက်နေတာကို သတိပြုမိတယ် ဒါကြောင့် သူတို့ရဲ့နောက်ခံအင် အားက မသေးငယ်လောက်ဘူး”
“မင်းသမီးက သူတို့ရဲ့ဂိုဏ်းခွဲတည်ဆောက်မှုကို ဘယ်လိုသဘောရလဲ”
“ကျမတို့မှာ တားစရာအကြောင်းမရှိဘူးလေ သူ တို့က မြို့တော်ရဲ့စည်းကမ်းတွေကို လိုက်နာတ ယ်ဆို ရပ်တည်ခွင့်ပြုရမှာပဲ မဟုတ်လား ဒါနဲ့သူ တို့နဲ့ပက်သက်ပြီး အရှင့်မှာ စိုးရိမ်နေတာများ ရှိ ထားလား”
ကိုင်ရီရီ၏ မေးခွန်းကို ကျိုးယန်က ခေါင်းခါ၍
“မရှိဘူး အတိကျဆို မရှိသေးဘူးလို့ ပြောရင်ပို မှန်မယ် တမန်တော်များအဖွဲ့ ဆိုတဲ့ဂိုဏ်းက လ က်ရှိမှာ အလယ်ပိုင်းဒေသမှာလည်း ရှိနေပြီး အ ခြားပြည်ထောင်စုအားလုံးမှာ တပြိုင်နက်ပေါ် လာတာ ထူးဆန်းနေတယ် ဘာပဲ ဖြစ်ဖြစ်စည်း မျဥ်းနဲ့ ညီလို့ဆိုပြီး လွှတ်ထားလို့တော့မဖြစ်ဘူး မင်းသမီး အထူးသတိထားရလိမ့်မယ်”
“စိတ်ချပါ သူတို့ရဲ့ အသွားအလာနဲ့ လုပ်ဆောင် မှုတွေကို သေချာလေး စောင့်ကြည့်ထားပါတ ယ်”
“ကောင်းပြီ လက်နက်ထုတ်လုပ်တဲ့ ဘက်ကသ တင်းထူး ရှိလား ကျုပ်အဲ့ဒါကို အဓိကသိချင်နေ တာ”
ကျိုးယန်ရဲ့ အမေးကို ကိုင်လီလီကဝင်၍ပြော လာသည်။
“ရှိပါတယ် မကြာသေးခင်က အရှင့်ရဲ့ ရွေ့လျား စေတဲ့ အရာကို လေ့လာတာ အောင်မြင်မှုအချို့ ရှိတယ်လို့ ကျမတို့ဆီ သတင်းပို့ထားတယ် ဒါနဲ့ ကျမတို့လည်း သတင်းပေးပို့ချက်ကို အရှင်ရှိတဲ့ နန်းတော်ထိ ပို့ရင်ကောင်းမလား တိုင်ပင်နေကြ တုန်း အရှင်ရောက်လာခဲ့တာပါ”
ကျိုးယန်တယောက် စိတ်ကျေနပ်သွားရသည်။ နှစ်အနည်းငယ် ကြာမြင့်ပြီးနောက် မော်တော် ကားမူကြမ်းကို အနည်းငယ် အောင်မြင်လာသ ည်က စက်မှုခေတ်ကို ခြေတလှမ်းဝင်ရောက်သ ည်ဟု အကြမ်းဖျဥ်း မှတ်ယူနိုင်သည်။
“သတင်းကောင်းနဲ့ တိုက်ဆိုင်သွားတာပေါ့ မန က်ဖန်ကျ ကျုပ်သွားကြည့်လိုက်မယ် ဒါနဲ့ကျုပ် ရောက်နေတဲ့ သတင်းကို ခဗျားတို့ကလွဲပြီး အ ခြားသူမသိစေနဲ့ လက်နက်စက်ရုံဘက်ကိုတော့ သတင်းပို့ထားလိုက်ပါ”
“နားလည်ပါပြီ”
ကိုင်ရီရီတို့နှင့် အချိန်အနည်းငယ် ပြောဆိုပြီး နောက် ပြန်လွှတ်လိုက်သည်။ ပြီနောက် ကျိုးယ င်ချင်း ဝူကျင်းတို့အတွက် အခန်းစီစဥ်ပေးပြီး သူကိုယ်တိုင်လည်း မြို့တော်အသစ်အား လှည့် ပတ်ကြည့်ရှုရန် ထွက်လာခဲ့သည်။ မြို့တော်အ သစ်က မည်မျှ ပြောင်းလဲသွားသနည်း။