တမန်တော်များအဖွဲ့
Vol. 12 Ch. 168
ကျိုးယန်သည် မြို့တော်အနှံ့ လှည့်ပတ်ကြည့်ရှု နေလဲ့သည်။ မြို့တော်သည် သူရှိစဥ်ကထက်ပင် ပို၍ စည်ကားနေခဲ့ပြီး နေရာအနှံ့ ကျင့်ကြံသူအ များပြားကို တွေ့မြင်နိုင်သည်။ သူ့ရဲ့သွင်ပြင်ကို ပြောင်းလဲထား၍ ကျိုးယန်ကို သတိမထားမိကြ ပေ။
ကျိုးယန်သည် စားသောက်ခန်းမတခုထဲ၌ ထိုင် ၍ လမ်းပေါ်ရှိအသွားအလာများကို စိတ်ဝင်တ စားကြည့်နေခဲ့သည်။ ကျိုးယန်ရှိနေသည့် ဆိုင် မှာ မြို့တော်အသစ်တွင် နာမည်အကြီးဆုံးဆိုင် ဖြစ်ပြီး အရာသာမှာလည်း ထိပ်တန်းအဆင့်ဖြစ် သည်။
“ဟေ့ ဒီနှစ် မြို့တော်က ကျင်းပမယ့် ပြိုင်ပွဲအ ကြောင်း ကြားပြီးပြီလား”
“မင်းပြောတာ ကြက်တောင်ရိုက်ပြိုင်ပွဲလား န ည်းနည်းတော့ ကြားထားတာရှိတယ် မင်းဘာ ကြားထားလို့လဲ မျှဝေပါဦး”
“ဒီတခေါက်ပြိုင်ပွဲရဲ့ ဆုလာဒ်က တတိယအဆ င့် ဆေးလုံးနဲ့ အဆင့်၃ လက်နက်တွေပါမယ်လို့ ကြားတယ် နောက်ပြီး မင်းတို့သတိထားမိလား မြို့တော်အသစ်မှာ ပြင်ပက ဂိုဏ်းခွဲတခုအခြေ ချထားတယ်ကွ သူတို့ကလည်း ပြိုင်ပွဲကိုဝင်ပြို င်မယ်လို့ ထုတ်ပြန်ထားတယ်”
“အဲ့ဒါဘာထူးဆန်းလဲ ချမ်းသာတဲ့ကုန်သည်ကြီး တွေကလည်း သူတို့လူတွေကို ထောက်ပံ့ပြီးမ ကြာမီ စတင်မယ့် နှစ်စဥ်အမှတ်ပေးပြိုင်ပွဲအတွ က် ခုပြိုင်ပွဲကြီးမှာ ပါဝင်လာမှာပဲလေ ဂိုဏ်းခွဲ တခုပါဝင်တာက ထူးဆန်းလို့လား”
“ထူးဆန်းတာပေါ့ အဲ့ဒီဂိုဏ်းခွဲရဲ့အင်အားက မင် ထင်ထားတာထက် ပိုကြမ်းတယ်ကွ နောက်ခံက သေချာပေါက် မရိုးရှင်းဘူး”
ကျိုးယန်က အမှတ်မထင်နားထောင်နေရာမှ ဂို ဏ်းခွဲဟူသည့် စကားကိုကြားလျင် အလေးအန က် အာရုံစိုက်လိုက်သည်။ ထိုစကားများကိုပြော နေကြသူများက ကျိုးယန်ရဲ့ ဘေးချင်းကပ်ဝိုင်း မှ ကျင့်ကြံသူနှစ်ဦးဖြစ်ပြီး သူတို့ရဲ့ပုံစံများက လေလွင့်ကျင့်ကြံသူများ ဖြစ်ပုံရသည်။
“ဒီ နှစ်ပြိုင်ပွဲကို ရွှေမြှားကုန်သည်အသင်းက အ နိုင်ရမယ်လို့ ငါထင်နေတယ်”
ပထမလူက ပြောလာသည်။ ထိုလူရဲ့စကားကို ဒုတိယလူက လက်မခံလိုဟန်ဖြင့်
“မဟုတ်တာ သက်တန့်မျှော်စင် ကုန်သည်အသ င်းက ပြိုင်ပွဲဝင်ကို မင်းတွေ့ပြီးပြီလား သူက အ ရင်မြို့တော်ဝန်ဖြစ်တဲ့ ငါတို့ရဲ့ ဧကရာဇ်ကျိုးယ န် ရှိနေစဥ်တည်းက ကြက်တောင်အားကစားကို ကစားလာခဲ့တာကွ ပထမမျိုးဆက်လို့တောင် ပြောလို့ရတယ် အခု သက်တန့်မျှော်စင်က သူ့ကို ထောက်ပံ့ပေးမှာဆိုတော့ တွေးကြည့်ပေါ့”
“ဒါဆိုရင်တော့ စိတ်ဝင်စားဖို့ကောင်းနေပြီ ဝိဉာ ဥ်မျိုးနွယ်ရဲ့ ပထမမင်းသားလည်း ပါဦးမယ်ဆို ပဲ အကြိတ်အနယ်ပဲဟေ့”
“ငါတော့ ဧကရာဇ်ကြီးကို ပြိုင်ပွဲမှာ ရှိနေစေချင် တာပဲ သူက ဒီအားကစားကို မိတ်ဆက်ပေးခဲ့သူ လေ ဘာပဲပြောပြော ကျင့်ကြံသူတွေရဲ့ဘဝက ဘယ်လောက်တောင် ပျင်းစရာကောင်းလဲ မင်း သိပါတယ် အခုလို စိတ်ဝင်စားစရာကောင်းပြီး အသက်အန္တရာယ် မရှိတဲ့ ပြိုင်ပွဲတွေက အနည်း ဆုံးတော့ ပျော်ရွှင်စေတယ်”
“အဟုတ်ပဲ”
ကျိုးယန်တယောက် အလေးအနက်တွေးနေခဲ့ သည်။ ဂိုဏ်းခွဲအသစ်က ပြိုင်ပွဲကိုပင် ဝင်ရော က်ယှဥ်ပြိုင်ဦးမည်တဲ့လား။ ပြိုင်ပွဲကျင်းပရန် လအနည်းငယ် လိုနေသေးသော်လည်း ပြိုင်ပွဲ ဝင်များကမူ စတင်၍ လေ့ကျင့်နေကြပြီ ဖြစ်သ ည်။
“ပြိုင်ပွဲကာလမှာ ငါကိုယ်တိုင် ဂိုဏ်းခွဲအသစ်ကို စောင့်ကြည့်ရမယ်”
ကျိုးယန်တယောက် ဂိုဏ်းခွဲအသစ်အပေါ် အ လေးအနက်ထားရန် ဆုံးဖြတ်လိုက်သည်။ ကိုင် ရီရီ၏ ပြောကြားချက်အရ ငရဲတမန်တော်များ ၏ သွင်ပြင်လက္ခဏာ မရှိသော်လည်း ထိုဂိုဏ်း ခွဲက သံသယဝင်စရာ ကောင်းနေသည်။ ဖြစ်နိုင် ချေရှိတာက သွေးစစ်သည်တော်များလား။
အတန်ကြာ စားသောက်ပြီးနောက် ဆိုင်မှပြန်ထွ က်ခွာရန် ပြင်လိုက်စဥ် ဆိုင်ထဲသို့ တူညီဝတ်စုံ များ ဝတ်ဆင်ထားသည့် လူတစုဝင်ရောက်လာ သည်။ ထိုသူများက အစိမ်းပုပ်ရောင် ဝတ်စုံပြ ည့် ဝတ်ဆင်ထားပြီး ညာဘက်ရင်ဘက်ပေါ်တွင် တမန်တော်များ ဆိုသည့်စာတန်းပါရင်ထိုး အ သေးတခု တပ်ဆင်ထားသည်။ ရင်ထိုး၏ အ ရောင်အလိုက် ရာထူးများ ခွဲထားပုံရသည်။
ရှေ့ဆုံးမှ ဝင်ရောက်လာသူက ငွေရောင်ရင်ထိုး ရှိပြီး နောက်မှသူများက သာမန်သံရင်ထိုးများ ကိုသာ တပ်ဆင်ထားသည်။ ငွေရောင်ရင်ထိုး ပိုင်ရှင်က အဖွဲ့ခေါင်းဆောင် ဖြစ်နိုင်ပြီး ကျင့် ကြံမှုက ပကတိရှင်သန်ခြင်း အလယ်အလတ်အ ဆင့်ဖြစ်နေသည်။
“ ငွေရောင်ဆိုတော့ ရွှေရောင် ဆိုပြီး နောက်ထပ် မြင့်တာတွေ ရှိနေသေးတာလား”
ကျိုးယန်မသိသည်က သံအဆင့် ကြေးအဆင့် ငွေအဆင့် ရွှေအဆင့် ပလက်တီနမ်အဆင့် နဲ့ စိန်အဆင့် ဟူ၍ အဆင့်၆ ဆင့်ခွဲခြားထားကာ ဂိုဏ်းခွဲခေါင်းဆောင်သည် ရွှေအဆင့်ရင်ထိုးကို တပ်ဆင်ထားခွင့် ရှိသည်။ ထိုသို့ဆိုလျင် ထိုအ ဆင့်ရဲ့အထက်က ကျင့်ကြံမှုကကော မည်မျှထိ ရှိနေမည်နည်း။
အသွင်ပြောင်းခြင်း အဆင့်များပင် ဖြစ်နေနိုင် သည်။ ထိုလူစုက စားပွဲတခုဆီ သွားရောက်၍ စားစရာအချို့ မှာကြားလိုက်သည်။ သူတို့ရဲ့ပုံ စံက ပတ်ဝန်းကျင်ကို အလေးအနက်ထားဟန်မ ရှိချေ။ မည်သည့်ပြဿနာမှလည်း ရှာခွင့်မရှိတဲ့ မြို့တော်ဖြစ်နေ၍ အခြားသူများကလည်း ထို သူများရဲ့ မောက်မာမှုကို ခေါင်းထဲပင်မထည့် ကြပေ။
ကျိုးယန်က စားပွဲတွင် ပြန်လည်ထိုင်ချလိုက်ပြီ ထိုအဖွဲ့ကို ဆက်လက်လေ့လာရန် ဆုံးဖြတ်လို က်သည်။ ထိုစဥ် အဖွဲ့မှ ငယ်သားတဦးရဲ့စကား ပြောသံကို ကြားလိုက်ရသည်။
“ခေါင်းဆောင်ကြီး အခုတခေါက် ပြိုင်ပွဲကိုဂိုဏ် က ဘယ်သူဝင်ပြိုင်မှာတဲ့လဲ”
ခေါင်းဆောင်ဖြစ်ဟန်ရှိသူက ထိုသူကိုတချက် ကြည့်လိုက်ပြီးနောက် ပြန်ဖြေသည်။
“မသိဘူး သခင်လေးရှ ဖြစ်ဖို့များတယ် ငါလည် အတိအကျ မပြောနိုင်ဘူး”
“သခင်လေးရှ ဆိုရင်တော့ ပြိုင်ပွဲရဲ့ပထမက ကျုပ်တို့အတွက်ပဲ သေချာနေပြီ ဟားးး”
ငယ်သားများက စိတ်ကျေနပ်စွာဖြင့် ရယ်မော လိုက်ကြသည်။ သခင်လေးရှသည် ကျင့်ကြံမှု ၌ ထူးချွန်ပြီး ကြက်တောင်အားကစားကိုလည်း ကျွမ်းကျင်သည်။ ဂိုဏ်းအတွက် အဆင့်၃ဆေး လုံးနဲ့လက်နက်များက အရေးမပါသော်လည်း ပြိုင်ပွဲရဲ့ပထမရခြင်းက အခြားအင်အားစုများ ရဲ့ အာရုံကို စွဲဆောင်နိုင်ပြီး ထိုအချက်က ဂိုဏ်း ရဲ့ မူရင်းရည်ရွယ်ချက်ကို ဆောင်ရွက်ရာ၌ အ ကူညီဖြစ်စေမည် ဖြစ်သည်။
သခင်လေးရှ ဟုတ်လား ။ ဒီနာမည်ကို ငါရင်းနီး နေသလိုပဲ ရှမိသားစုရဲ့ သခင်လေး ရှပင်တော့ မဖြစ်နိုင်ဘူးမဟုတ်လား။ ရှမိသားစုတိုမှ အဲ့ဒီ မိသားစုရဲ့ သတင်းတွေတောင် ပျောက်ကွယ်နေ တာပဲ ပြန်ရောက်ရင် မင်းသမီးကို စုံစမ်းဖို့မှာလို က်ရမယ်။ ကျိုးယန်က တမန်တော်များအဖွဲ့ရဲ့ သခင်လေးရှ ဆိုသူနှင့် ရှပင်ကို ဆက်စပ်၍မရ သေးပေ။ ဖြစ်နိုင်ချေမှာ အလွန်နည်းနေသည်မ ဟုတ်လား။ ထိုကဲ့သို့ အင်အားကြီးသည့် အဖွဲ့က ရှပင်လို သာမန်ပါရမီရှင်တယောက်အား မြေ တောင်မြှောက်ပေးရန် မဖြစ်နိုင်ချေ။
မကြာမီပင် ထိုအဖွဲ့က စားသောက်ပြီးနောက် ပြ န်လည် ထွက်ခွာသွားသည်။ ထိုအဖွဲ့ ထွက်ခွာ သွားပြီးချိန်၌ စားသောက်ဆိုင်က ပြန်လည်ဆူ ညံလာသည်။
“မင်းတွေ့လိုက်လား သူတို့က တမန်တော်များ ဂိုဏ်းခွဲက လူတွေပဲ ခေါင်းဆောင်က ငွေအဆင့် ရှိပြီး ကျင့်ကြံဆင့်က ပကတိရှင်သန်ခြင်း အလ ယ်အလတ်မှာရှိနေတယ် အဲ့ဒါက လက်ရှိမြို့ တော်ဝန် မင်းသမီးနဲ့ဆို အဆင့်တူပဲလေ ဘယ် လောက်ကြောက်ဖို့ကောင်းလဲ”
“ဟုတ်တယ် သူတို့မှာသာ မကောင်းတဲ့ရည်ရွယ် ချက်ရှိနေရင် မြို့တော်က မဖိနှိပ်နိုင်မှာတောင် စိုးရိမ်ရတယ်”
“မေ့ထားလိုက် ငါ့ကောင် နန်းတော်ထဲက ဧကရာ ဇ်ကို ဘယ်နားသွားထားလဲ သူ့အသက်နဲ့အခုဆို အထွဋ်အထိပ်မှာ ရောက်နေပြီလို့ သတင်းတွေ မကြားမိဘူးလား နောက်ပြီး သူ့ရဲ့လက်နက်ဆန် တွေကောပဲ”
“အဲ့ဒါတော့ ဟုတ်ပါတယ် ဒါပေမဲ့ငါကတော့ ဂို ဏ်းခွဲဆိုတဲ့ ကောင်တွေကို စိတ်ထဲစိုးရိမ်နေတုန် ပဲ”
“ဒါ ငါတို့ကိစ္စမဟုတ်ဘူး မြို့တော်ရဲ့အုပ်ချုပ် ရေးက စိုးရိမ်ရမယ့် ကိစ္စ”
ကျိုးယန်တယောက် ဆိုင်အတွင်းမှ ပြန်ထွက် လာခဲ့သည်။ အသစ်ပေါ်လာသည့် ဂိုဏ်းရဲ့ခြေ လှမ်းမှာ မထင်မှတ်ထားစွာပင် မြို့တော်အသစ် ထိရောက်လာချေပြီ။ ပေါ့ပေါ့တန်တန် သဘော ထား၍ မရတော့ပေ။