← Chapters

လှုပ်ခတ်နေသည့် လီပြည်ထောင်

Vol. 12 Ch. 169

လှုပ်ခတ်နေသည့် လီပြည်ထောင်

Vol. 12 Ch. 169

ပြည်ထောင်စုများ တွေ့ဆုံပွဲက နှစ်အနည်းငယ် သာလိုအပ်တော့သည့် အချိန်တွင် အတွင်းကျိ တ် တိုက်ခိုက်သည့် စစ်အေးတိုက်ပွဲကလည်း အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ ပထမက လီရှို့ချင်ရဲ့ အစီမံများ စတင်လာခြင်းဖြစ်ပြီး ကျိုးပြည်ထောင်စုထဲရှိ လမ်းတံတားစီမံကိန်း ကိုရရှိခဲ့ပြီးနောက် ထိုစီမံကိန်းကိုအကြောင်းပြ ၍ ကျိုးပြည်ထောင်စုထဲရှိ အင်အားကြီးမိသား စုများအား စတင်စည်းရုံးလာခဲ့သည်။

ထိုအရာက ကြွယ်ဝသည့် ပြည်ထောင်စုများရဲ့ နိုင်ငံရေးပေါ်လစီ တမျိုးဖြစ်ပြီး အရေးပါသည့် ကျင့်ကြံရေးအရင်းအမြစ် မြောက်မြားစွာကမ်း လှမ်းပြီး စည်းရုံးရေးဆင်းခြင်းက ပို၍ထိရော က်နေခဲ့သည်။ လီရှို့ချင်သည် လေးဒေသထိစပ် လမ်းများကို အချိန်တိုတွင်းပြီးစီးအောင် ဆော င်ရွက်နိုင်သည့် အရည်အချင်းရှိပြီး လီပြည်နယ် ရဲ့ ဆောက်လုပ်ရေးပညာရပ်များကို လျှော့တွ က်၍ မရချေ။ သို့သော် ကျိုးယန်ရဲ့တောင်းဆိုမှု က သူတို့ထင်မှတ်ထားသည်ထက် မြင့်မားနေခဲ့ ပြီး မတူညီသည့် ဆောက်လုပ်ရေးနည်းပညာမျို ကို မသုံးစွဲပဲ သက်မှတ်ချက်ကို ပြည့်မီနိုင်မည်မ ဟုတ်ပေ။

တဖက်၌ ချီရီရှင်းသည် ပညာရေးစီမံကိန်းရဲ့အ စဖြစ်တဲ့ ကျောင်းနဲ့ကောလိပ်များ ဆောက်လုပ် ခြင်းအပေါ် အပြည့်အဝ အာရုံစိုက်ထားလေသ ည်။ သူမအနေဖြင့် ကျိုးယန်ရဲ့ မားကတ်တင်းန ည်းဗျူဟာများကို အလွန်သဘောကျနေပြီး ထို နည်းလမ်းများဖြင့် စုန့်ပြည်ထောင်စုရဲ့ ကုန်သွ ယ်ရေးလောက ကိုအချိန်တိုတွင်း အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။ နည်းဗျူဟာတခုတည်း ကြောင့်လား မဟုတ်ပါ သူမသည် အမှန်တက ယ် ထူးချွန်နေ၍လည်း ပါသည်။

“လင်းဧကရာဇ်ရဲ့ သဘောထားကို သိရပြီလား”

လီရှို့ချင်က လက်ဖက်ရည်ခွက်အား ပညာရှိအ မတ်ကို ကမ်းပေးရင်း မေးလိုက်သည်။

“ သူတို့အနေနဲ့ မင်းသားကို ငြင်းပယ်နိုင်တဲ့စွမ်း အားမျိုး မရှိပါဘူး လင်းပြည်ထောင်စုရဲ့အခြေ အနေက တဖြေးဖြေးပိုဆိုးလာနေတာ အသိသာ ကြီးပဲလေ”

လီရှို့ချင်က ခေါင်းညိတ်ရင်း ပြုံးလိုက်သည်။

“ကျုပ်တို့ ဖိအားနည်းနည်းပေးလိုက်သင့်လား”

“မလိုအပ်သေးဘူးလို့ ထင်မိတယ်မင်းသား အခု ပြည်ထောင်စု စုဝေးပွဲက နီးကပ်လာပြီ အကုန် လုံးက မင်းသားလုပ်နေတဲ့ ကျိုးပြည်ထောင်စု က လမ်းတံတားစီမံကိန်းကို စောင့်ကြည့်နေကြ တယ် ဒါက မင်းသားကို သတိပေးနေတဲ့အနေ အထားပဲ”

“ကျုပ်သိတယ် သူတို့မေ့နေတာက ကျိုးပြည် ထောင်စုရဲ့ ခွန်အားပဲ အမတ်ကြီးကြားမိလား မြို့တော်အသစ်လို့ ခေါ်တဲ့နေရာမှာ ဧကရာဇ် ကျိုးရဲ့ ထူးဆန်းလက်နက်တွေ အမြောက်အမြာ ထုတ်လုပ်နေတယ် ဆိုတာကိုလေ”

လီရှို့ချင်ရဲ့ မေးခွန်းကိုကြားလျင် အမတ်ကြီးမှ

“သတင်းတစွန်းတစ ကြားမိပါတယ် ဒါကလင်း ပြည်ထောင်စုရဲ့ တော်ဝင်မိသားစုကို ချုပ်ကိုင် တာနဲ့ ဘာများပက်သက်လို့လဲ”

“အတိအကျတော့ မပက်သက်ဘူးပေါ့ ဒါပေမဲ့ လက်ရှိ တကယ့်အပြောင်းအလဲကို ဖော်ဆောင် နေတာက စုန့်ပြည်ထောင်က ချီမိသားစုသခင်မ လေး ချီရီရှင်းပဲ တနည်းအားဖြင့် သူမက ကျိုး ပြည်ထောင်စုကို သွယ်ဝိုက်ပြီး ထောက်ပံ့နေတ ယ် ရိုးရှင်းတယ်ထင်လား”

“မင်းသားဆိုလိုတာက…”

“အဟက်…သူတို့က ကျိုးပြည်ထောငိစုရဲ့အင် အားစုထဲကို စိမ့်ဝင်ပြီး ချုပ်ကိုင်ဖို့ကြိုးစားနေ တာ သူတို့သာအောင်မြင်သွားရင် သူတို့ရဲ့နော က်ထပ်ပစ်မှတ်က ကျုပ်တို့မဖြစ်လာဘူးလို့ မ ပြောနိုင်ဘူး တကယ်ဖြစ်လာချိန် ကျုပ်တို့က လင်းပြည်ထောင်စုကို မထိန်းချုပ်ထားနိုင်ရင် စုန့်ပြည်ထောင်စုကို ရင်ဆိုင်ဖို့ခက်သွားပြီ”

လီရှို့ချင်က ဆက်၍ ပြောသည်။

“အဲ့အချက်ကို ဧကရာဇ်ကျိုးက မငိရလောက် အောင် မပိန်းပါဘူး ဒီတွက် ကျုပ်တို့လုပ်ရမှာ တခုတည်းပဲ စုန့်ပြည်ထောင်စုနည်းတူ အင်အာ စုတွေကြား စိမ့်ဝင်ထားပြီး တဖက်မှာ ကျိုးပြ ည်ထောင်စုဘက်ကို ပါသလိုလိုနဲ့ သွေးခွဲပေးရ မယ် စုန့်ပြည်ထောင်ရဲ့လုပ်ရက်တွေကို ဖော်ပြ ပြီး ကျုပ်တို့အပေါ် ကျေးဇူးကြွေးတင်နေပါစေ အဲ့လိုလုပ်ခြင်းအားဖြင့် ပြည်ထောင်စုဆွေးနွေး ပွဲအပြီးမှာ လင်းပြည်ထောင်စုအပေါ် လှုပ်ရှားမှု ပြုလာရင် ဧကရာဇ်ကျိုးက ကျုပ်တို့ဘက်မှာရှိ နေမှာ ရုနှုန်းပြည့်ပဲ အမတ်ကြီး လက်နက်ဆန်း ရဲ့ အစွမ်းကို အထင်မသေးနဲ့ ပြည်ထောင်စုလို တိုက်ပွဲကွင်းပြင်မှာ အသုံးဝင်တယ်လို့ ကျုပ်သိ ထားတယ်”

လီရှို့ချင်က စုန့်ပြည်ထောင်စုကို ကန့်လန်တိုက် ပြီး ကျိုးပြည်ထောင်စုနဲ့ နီးကပ်သည့်အခွင့်အ ရေးကို ယူမည်။ ပြီးနောက် သူစိတ်ဝင်စားနေသ ည့် လက်နက်ဆန်းနည်းပညာကို ရနိုင်အောင် ကျေးဇူးကြွေးနဲ့ ဖိနှိပ်ထားနိုင်မည်ဟု ယုံကြည် နေသည်။ လင်းပြည်ထောင်စုရဲ့ အရင်းအမြစ် များကလား….. ကျိုးယန်ရဲ့လက်နက်ဆန်းထ က်ပို အားမကောင်းနိုင်ပေ။ သူရထားသည့် သ တင်းများအရ လမ်းတံတားစီမံကိန်းကို ကျိုးယ န်အလေးထားနေခြင်းက မရိုးရှင်းနိုင်ပေ။ မည် သည့် ထူးဆန်းတဲ့အရာများ ထွက်ပေါ်လာမည်န ည်း။ လီရှို့ချင်က ထိုအရာကို စိတ်ဝင်စားနေသ ည်။

မြို့တော်အသစ်အိမ်တော်မှာတော့ ကျိုးယန်က စက်ရုံများဘက်သွားကြည့်ရန် ပြင်ဆင်နေပြီး ကျိုးယင်ချင်းက သူနဲ့အတူလိုက်ပါမည်ဖြစ်သ ည်။ ယခင်အခြေနေဆိုလျှင် သူမကိုခေါ်ဆောင် မည်မဟုတ်သော်လည်း ယခုကတော့မတူညီပေ သူမက မိဖုရားလောင်း ဖြစ်နေပေပြီ။ ကျိုးယန် အတွက် ထိုနည်းပညာများကို သူမအားသိစေခဲ့ လျင်လည်း ပေါက်ကြားမည်ကို မစိုးရိမ်ပေ။

“လက်နက်စက်ရုံဘက်လား မောင်တော်ကဘလို နည်းပညာအသစ်တွေ ထပ်လုပ်ဖို့တွေးထားလို့ လဲ”

ကျိုးယင်ချင်းရဲ့ အမေးကို ကျိုးယန်က

“အရမ်းထူးဆန်းတဲ့ နည်းပညာတမျိုးပေါ့ အစ် မတော်ရောက်ရင် သိရမှာပါ”

“ကောင်းပြီ မောင်တော်နဲ့အတူ လိုက်ခဲ့မယ်”

မနက်စာ စားသောက်ပြီးနောက် ကျိုးယင်ချင်း နဲ့အတူ မြို့တော်ရဲ့စက်ရုံများဆီ သွားကြသည်။ ကိုင်ရီရီရဲ့ သတင်းပေးပို့ထားမှူကြောင့် စက်ရုံမှ အကြီးအကဲများက အသင့်စောင့်ကြိုနေပြီး ကျိုးယန်ကို တွေ့သည်နှင့် ဦးညွှတ်၍ အရိုအ သေပြုကြသည်။ ကျိုးယန်က ခေါင်းအသာညိ တ်ပြကာ ထိုအကြီးအကဲများ၏ ခေါ်ဆောင်ရာ နောက်သို့ လိုက်ပါသွားသည်။

“M79 လက်ကနက်ထုတ်လုပ်မှုက ဘယ်လိုရှိလဲ အဆင်ပြေရဲ့လား”

“အရှင့်ရဲ့ မျှော်မှန်းမှုကို ၆၀ ရာနှုန်းကျော်ပြည့် မီနေပါပြီ လက်နက်အမြောက်အမြားထုတ်လုပ် နိုင်နေပြီ ဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး အရည်အ သွေးပိုင်းကို မြင့်တင်ဖို့လည်း ကြိုးစားနေပါတ ယ်”

စက်ရုံအကြီးအကဲက တရိုတသေ တင်ပြလာ သည်။ စက်ရုံအကြီးအကဲသည် နည်းပညာများ ထုတ်လုပ်ရေးနဲ့ မသက်ဆိုင်ပဲ အလုပ်သမားမျာ ကို ကြီးကြပ်ရန်သာ တာဝန်ရှိသည်။ ထိုအတွက် ပညာရှင်များရဲ့ ပေးပို့ထားသည့် အချက်အလ က်များအတိုင်းသာ ကျိုးယန်ကို ပြောကြားနိုင် လေသည်။

“ကျုပ်အခုလာတာ လွန်ခဲ့တဲ့နှစ်က ပေးခဲ့တဲ့ မော်တော်ကား မူကြမ်းကိစ္စကို အဓိကသိချင်လို့ ပဲ”

စက်ရုံအကြီးအကဲက ကျိုးယန်ရဲ့ဆိုလိုရင်းကို နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။ ပြီးလျင်

“အရှင်လေပလာဖို့ အသင့်ပြင်ထားတယ်လို့ သ တင်းပို့ထားပါတယ် အနောက်က လိုက်ခဲ့ပေးပါ”

ကျိုးယင်ချင်းသည် မော်တော်ကားဟူသည့် အ သုံးအနှုန်းကို ထူးဆန်းနေသည်။ ထိုအရာက သူမရဲ့ မောင်တော်တွင်ရှိထားသည့် သံချပ်ကာ ကားများနဲ့ ဆင်တူလေသလား။ ထိုအရာကမည် ကဲ့သို့ စွမ်းဆောင်နိုင်သနည်း။ ကျိုးယန်ကကော မည်သည့်အတွက်ရည်စူး၍ အလေးအနက်ထား နေရသနည်း။

မေးခွန်းပေါင်းများစွာဖြင့် ကျိုးယင်ချင်းတစ် ယောက်ရှုပ်ထွေးနေသော်လည်း တခုမှဝင်မမေး ခဲ့ချေ။ တိတ်တဆိတ်သာ ကျိုးယန်ရဲ့ဘေးမှ လို က်ပါလာခဲ့သည်။ ကျိုးယန်သည် သူမရဲ့သိလို စိတ်ကို သတိပြုမိသည်။ သူသည်လည်း မော် တော်ကားမူကြမ်းရဲ့ အလားအလာကို အလွန် မျှော်လင့်ထားမိ၍ ပညာရှင်များရဲ့ တိုးတက်မှု ကို သိလိုနေသည်။ အနည်းဆုံး ရွေ့လျားနိုင်သ ည့် အစီအရင်ပါ ယာဥ်တမျိုးတော့ တီထွင်နိုင် ကောင်းပါရဲ့ မဟုတ်လား။

စနစ်သည် မော်တော်ကားမူကြမ်းကို ပေးရာ၌ အစီအရင်ကို အသုံးပြု၍ ထိန်းချုပ်မောင်းနှင် ခြင်းကို ပြောင်းလဲပေးခဲ့သည်။ ထိုအရာက ဆီ ကားမှ ဓာတ်ငွေ့ကားသို့ ပြောင်းလဲခြင်းထက်ပို ရှုပ်ထွေးပါသည်။ အင်ဂျင်အစား အဆင့်မြင့် သည့် အစီအရင်ကိုအစားထိုးရခြင်းမှာ အင်ဂျင် တခုထုပ်ရသည်ထက် ပိုခက်ခဲသည်။ ထိုအစီအ ရင်ရဲ့ စွမ်းဆောင်မှုက အင်ဂျင်တလုံးလိုထိရော က်မည်လား။ မသေချာပါ။ အစီအရင်ရဲ့ အသုံး ဝင်မှုသည် ပို၍ အသေးစိတ်သည်။

ကမ္ဘာမြေမှ သုံးစွဲသည့် အရာတိုင်းကို အစီအရင် နဲ့ ပုံဖော်နိုင်စွမ်းရှိလောက်သည်ဟု ကျိုးယန်က တွက်ဆထားသည်။ မော်တော်ကားများ ပျံသန်း နိုင်သည့် ယာဥ်များ ရုပ်မြင်သံကြားလိုအရာမျာ လျှပ်စစ်မီးများ ပြီးနောက်ထိုအရာနဲ့ဆက်စပ်သ ည့် လျှပ်စစ်ပစ္စည်းများ…စသည်ဖြင့် အရာအာ လုံးကိုသာ အစီရင်အစားထိုး ဖော်ဆောင်နိုင်ခဲ့ လျှင် ကျင့်ကြံရေးလောကရဲ့ လူနေမှုအဆင့်အ တန်းက ကျိုးယန်မတွေးနိုင်တော့ပေ။

ကျင့်ကြံရေးသာ အရေးပါသည့် လောက၌ ဇိမ် ခံပစ္စည်းများ တီထွင်ခြင်းက မည်ကဲ့သို့စိတ်ကူး မျိုးဖြစ်နေသနည်း။ ရယ်စရာကောင်းသည်ဟု တခါတရံ ခံစားမိပြီး တခါတရံတွင်တော့ ခွန် အားသည် အရာရာဟု သက်မှတ်သည့် လောက တခုလုံးကို အမှန်တကယ်ပြောင်းလဲပစ်ချင်သ ည့် ဆန္ဒမျိုး ပေါ်လာချိန်၌ ထိုစိတ်ကူးများကို ရယ်စရာတခုဟူ၍ ကျိုးယန်မတွေးတော့ပေ။

ကမ္ဘာမြေရဲ့လက်ရှိကာလက စစ်အေးကာလဖြ စ်သည်။ ငွေကြေးနဲ့လွှမ်းမိုးရန် ခြေလှမ်းစနေ ကြပြီး လက်နက်နည်းပညာများ တီထွင်နေကြ သော်လည်း အမှန်တကယ်အသုံးပြုခြင်းထက် အင်အားပြနေကြသည်က ပိုများသည်။ တက ယ်ချကြလျင်လား ကမ္ဘာကြီးသည် မိနစ်ပိုင်းအ တွင်း အစနပင် ရှာမရနိုင်အောင် ပြီးဆုံးသွားပေ မည်။ ပြင်းထန်သည့် အက်တမ်ဗုံးများ ဟိုက်ဒရို ဂျင်ဗုံးသီးများ နူထိပ်ဖူးတပ် တာဝေးပစ်ဒုံးများ အသံထက် အဆများစွာမြန်သည့် တိုက်ခိုက်ရေ ယာဥ်ပျံများ… သိပ္ပံနည်းပညာနောက်ဆက်တွဲ ဖြစ်သည့် AI ကဲ့သို့ ဉာဏ်ရည်တု နည်းပညာနဲ့ လူသားစက်ရုပ်များ…

များပြားသည့်နည်းလမ်းများစွာက ကမ္ဘာကြီးကို အချိန်မရွေးဖျက်စီးနိုင်ပါသည်။ နောင်နှစ်တရာ ခန့်တွင် လူသားနဲ့စက်ရုပ်စစ်ပွဲတွေတောင်ဖြစ် လာနိုင်သည်ဟု ကျိုးယန်ထင်ခဲ့ဖူးသည်။ ဒါက ရုပ်ရှင်ဆန်မနေဘူးလား။ သေချာတာပေါ့ ဘဝ က ပို၍ ပြဇာတ်ဆန်လာပြီး လူတိုင်းကစူပါစွမ်း အားမျိုး အချိန်မရွေး ရနိုင်သေးသည်။

All Chapters