ကျင့်ကြံရေးလောကရဲ့မော်တော်ကား
Vol. 12 Ch. 170
ကျိုးယန်နဲ့ကျိုးယင်ချင်းတို့သည် စက်ရုံအကြီး အကဲရဲ့ ခေါ်ဆေင်ရာနောက်သို့ လိုက်ပါသွားခဲ့ သည်။ ကျယ်ဝန်းသည့် ဧရိယာကြီးထဲတွင် မတူ ညီသည့် စက်ရုံအများအပြား ဆောက်လုပ်ထား ပြီး ထိုဧရိယာတခုလုံးကိုလည်း အထူးတပ်ဖွဲ့ဝင် များထဲမှ အချို့တဝက်က လုံခြုံရေးစောင့်ရွက် နေကြသည်။ ထိုကြောင့် ပြင်ပမှ ခိုးဝင်ရန်မှာမ လွယ်ကူနိုင်ချေ။
အတန်ကြာ သွားပြီးနောက် ဧရိယာတခုလုံး၌ အ ကြီးဆုံးဟု ဆိုရမည့် အဆောက်အုံတခုထဲ့သို့ ဝ င်ရောက်သွားကြသည်။ ထိုအဆောက်အုံက ပ ညာရှင်များရဲ့ အဓိက စမ်းသပ်လေ့လာရာနေရာ ဖြစ်ပြီး ကျိုးယန်သည် အစီအရင်ရဲ့ အသုံးဝင်မှု အပေါ် ကျယ်ပြန့်စွာသိလာပြီးနောက် ဝူကျင်း ကိုလည်း စက်ရုံ၌ လေ့လာစေရန် စဥ်းစားမိလို က်သည်။ ထိုသို့ဆိုပါက ထိုပါရမီရှင်မလေးရဲ့ အစီအရင်ပညာသည် အင်မော်တယ်တပါးမဖြ စ်ခင်ကပင် အင်မော်တယ်အဆင့်နီးပါးရောက်ရှိ မည်မှာ မလွဲပေ။
“ဒီဘက်မှာပါ အရှင်”
အကြီးအကဲရဲ့ အသံကြောင့် အသိဝင်လာသည် ထိုချိန် စက်ရုံအတွင်းဘက်မှ ပညာရှင်အချို့ထွ က်လာကြသည်။ ထိုပညာရှင်များမှာ ကျိုးယန်ရဲ အင်အားစုအသီးသီးမှ ထိပ်သီးလက်နက်ဆရာ များဖြစ်ပြီး အစီအရင်ပညာရှင်အချို့လည်း ရှိ ထားသည်။
“အရှင်မင်းကြီးကိုယ်တိုင်ရောက်လာတာပဲ”
“မော်တော်ကားလို့ ခေါ်တဲ့ အရာကိုလာကြည့် တာနေမယ်”
ထိုအဖွဲ့၏အနောက်မှပါလာသည့် ငယ်ရွယ်သူ များက တီးတိုးပြောဆိုနေလေသည်။ ကျိုးယန် ဧကရာဇ်တပါး ဖြစ်လာပြီးချိန်မှစ၍ စက်ရုံများ ကိုမရောက်ဖြစ်သော်လည်း ကုန်ကြမ်းများကိုမူ မလစ်ဟင်းစေရန် စနစ်ရဲ့စတိုးဆီမှ ဝယ်ယူကာ ပို့ပေးလေ့ရှိသည်။ ထိုအတွက်ကြောင့်လည်း နည်းပညာများကို အရှိန်အဟုန်မပြတ် ဆက်၍ လေ့လာနိုင်သည်မဟုတ်လား။
“ အရှင်မင်းကြီးကိုယ်တိုင် ကြွရောက်လာလို့ ဝ မ်းသာဂုဏ်ယူမိပါတယ် ဒီနိမ့်ကျတဲ့အဖိုးကြီးက ပညာရှင်အဖွဲ့ခေါင်းဆောင် ထန်ပ ပါ”
ထန်ပ ဆိုသည့် လူအိုကြီးက ရိုသေစွာနှုတ်ဆ က်လာသည်။ သူ့နောက်၌ အခြားသက်တူလူအို ကြီး၃ဦးပါရှိပြီး အနောက်ဆုံးတွင် ပညာသင်တ ပည့်များ ဖြစ်ဟန်ရသည့် လူငယ်၅ဦးခန့်လည်း လိုက်ပါလာသည်။
“ကောင်းပြီ ထုံးတမ်းတွေခနထားလိုက်ပါ ကျုပ် ဒီကိုလာတာ မော်တော်ကား မူကြမ်းရဲ့အခြေအ နေကို သိချင်လို့ပဲ”
“အနောက်ကလိုက်ခဲ့ပေးပါ”
ထန်ပက ကျိုးယန်တို့ကို ကျယ်ဝန်းသည့် ခန်းမ ကျယ်ကြီးတခုဆီသို့ ခေါ်ဆောင်သွားသည်။ထို ခန်းမကျယ်သည် စက်ရုံ၏ အတွင်းဘက်အဆုံး ၌ တည်ရှိပြီး လုံခြုံရေးများ တင်းကြပ်စွာထား ရှိနေသည်။ ကျိုးယင်ချင်းသည် ခန်းမကျယ်ထဲ သို့ရောက်လျင် ခန်းမပတ်ပတ်လည်ရှိ ထူးဆန်း သည့် လေးထောင့်ပုံစံမကျတကျ သံတုံးကြီး များအား စိတ်ဝင်စားသွားလေသည်။ ထိုသံတုံး ကြီးများရဲ့အောက်၌ လှည်းဘီးကဲ့သို့ အရာမျိုး တပ်ဆင်ထားပြီး လှည်းဘီးထက်အနည်းငယ်ပို သေးငယ်သည်။
ကျိုးယန်က ထိုသံတုံးကြီးအနားကို ချဥ်းကပ် သွားသည်အား တွေ့လျင် သူမလည်းအနောက် မှ အလျင်မြန်လိုက်ပါသွားသည်။ ကျိုးယန်သ ည် မော်တော်ကားပုံစံ အကြမ်းထည်ကို ဂရုတ စိုက် ကြည့်ရှုနေခဲ့သည်။ အသွင်အပြင်မှာ အ တော်လေးအရုပ်ဆိုးနေပြီး ကားရဲ့ကိုယ်ထည် မှာလည်း ထူလွန်းနေသည်။ သို့ပေမယ့် သူပေး ထားသည့် ပုံကြမ်းများနဲ့ အတော်များများဆင် တူတဲ့ လက္ခဏာများလည်း ရှိနေသေးသည်။
ကားရဲ့အတွင်းပိုင်းတွင် လူနှစ်ဦးထိုင်ရန် ခုံနှစ် လုံးကို လှည်းယာဥ်များ၌ သုံးသည့်အရာများ တပ်ဆင်ထားပြီး အကောင်းစားပိုးချည်များနဲ့ ပြုလုပ်ထားပုံရှိ၍ ထိုင်ရသူကို သက်တောင့်သ က်သာ ရှိစေမှာသေချာသည်။ ဂီယာတံများ စ တီယာတိုင်များ ဒိုင်ခွက်များ အရာအားလုံးနီးပါ ပုံတူလုနီးနီး တည်ဆောက်ထားနိုင်ခြင်းက မဆိုး လှချေ။ အမြင်ဆိုးရွားနေသည့် အချက်တခုသာ ပြောစရာရှိသည်။
“ဒါက ရွေ့လျားနိုင်တဲ့ မော်တော်ကားလား”
“ဟုတ်တယ်”
ကျိုးယင်ချင်းရဲ့ အမေးကို ကျိုးယန်က ပေါ့ပေါ့ ပါးပါးပဲ ပြန်ဖြေလိုက်သည်။
“သူက လှည်းယာဥ်တို့ ရထားလုံးတို့ထက်မြန်နို င်လား နောက်ပြီး အသုံးဝင်မှုကကော”
အမှန်ပင် ကျိုးယင်ချင်းသည် ထိုသံတုံးကြီးမျာ အား စိတ်ဝင်စားနေပြီး အသုံးဝင်မှုကို သိရှိလို နေသည်။
“အမြန်နှုန်းကတော့ သေချာပေါက် နှိုင်းယှဥ်လို့ မရတဲ့ အနေထားတခုဖြစ်ဖို့က နောက်ထပ်လေ့ လာရမှာတွေ ကျန်ပါသေးတယ် သူ့ရဲ့အသုံးဝင် မှုကိုသိချင်တာလား ဒါကတော့ အစ်မတော်က ဘယ်လိုနယ်ပယ်မှာမဆို သုံးနိုင်ပြီး အစ်မတော် ရဲ့ အမြင်ကျယ်ရင် ကျယ်သလိုအသုံးဝင်လိမ့် မယ်”
“အဲ့လောက်တောင်လား ဒီလေးလံတဲ့သံကိုယ် ထည်ကြီးတွေကလေ”
ကျိုးယင်ချင်းက အံ့သြမှင်သက်နေလေသည်။ သံကိုယ်ထည်ကြောင့် ရွေ့လျားရန် ခက်ခဲပြီးအ သုံးဝင်မှု နည်းလိမ့်မည်ဟု သူမထင်ခဲ့မိသည်။ ယခု ကျိုးယန်က သူမရဲ့စိတ်ကူးများအတိုင်း အသုံးဝင်မှုက များပြားမည်ဟု သိလိုက်ရသည်
“ဥပမါ ကုန်သည်တွေအတွက် ပစ္စည်းပို့ဆောင် ဖို့ စစ်ပွဲတွေအတွက် ရိက္ခာနဲ့လက်နက်သယ်ယူ ပို့ဆောင်တာ ပြည်သူတွေ တနေကာကတနေရာ သွားလာတာမျိုး အသုံးဝင်မှုနယ်ပယ်က အစ်မ တော်တွေးမိတာထက်ပို ကျယ်ပြန့်တယ်”
ကျိုးယန်က ကိုယ်ထည်ကို ပွတ်သပ်ကြည့်ရင်း ကားရဲ့ရှေ့ဖုံးကို ဖွင့်လိုက်သည်။ အထဲ၌ ရှုပ် ထွေးသည့် အစီအရင်တခုက အင်ဂျင်နေရာ၌ နေရာယူထားပြီး ထိုအစီအရင်ရဲ့ အသုံးဝင်မှု က မည်မျှထိရောက်မည်နည်း။
“ဒီကားရဲ့ လက်ရှိအခြေနေကို ပြောပြပါဦး”
ကျိုးယန်က ထန်ပရှိရာဘက် လှည့်၍ မေးလို က်သည်။ ထန်ပက
“လက်ရှိ ဒီယာဥ်က ပထမမျိုးဆက်ပါ သူ့ရဲ့အ မြန်နှုန်းက မြင်း၂ကောင်တပ် လှည်းယာဥ်တခု နဲ့ ယှဥ်နိုင်ပါတယ် ကိုယ်ထည်က ထူထဲတဲ့အတွ က် အလယ်အဆင့် လူသားလက်နက်ရဲ့ထိခိုက် မှုကို ကာကွယ်နိုင်တယ်”
ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ အလ ယ်အဆင့် လူသားလက်နက်ဆိုသည်ကား သိုင်း ပညာရှင်နယ်ပယ်ရဲ့ တိုက်ခိုက်မှုနဲ့ညီပြီး အစော ပိုင်းအဆင့် ကိုဆိုလိုသည်။ ကျေနပ်စရာပင်မ ဟုတ်လား။ အမြန်နှုန်းကိုတော့ ကျိုးယန်ကသ ဘောမကျသေးပေ။ နှေးလွန်းနေသေးသည်။ မြင်းလှည်းများ ရထားလုံးများထက်နှေးနေပါ က မည်သူကု မော်တော်ကားစီးတော့မည်နည်း။ တဖက်၌ မော်တော်ကားရဲ့ ပြင်ပတောင်းဆိုမှု မှာ များပြားပြီး ၎င်းကို အဆင်ပြေပြေမောင်းနှ င်ရန် လမ်းမကြီးများကလည်း လိုအပ်သေးသ ည်။
“ကိုယ်ထည်က ထူလွန်းတယ် ဒါကတိုက်ပွဲမှာ သုံးဖို့ဆိုရင် မသိသာပေမယ့် ကျုပ်က ဒီယာဥ် တွေကို သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍတွေ မှာလည်း သုံးဖို့စိတ်ကူးရှိပြီး နောင်မှာဇိမ်ခံနိုင် တဲ့ အဆင့်မြင့်အမြန်နှုန်းရှိတဲ့ ယာဥ်တွေထိ စိ တ်ကူးထားတယ်”
ကျိုးယန်က ကားတံခါးကို ဖွင့်၍ ဝင်ထိုင်လိုက် သည်။ သက်တောင့်သက်သာ ခံစားမှုမျိုးရလို က်ပြီး အတွင်းပိုင်းက အနည်းငယ်တော့ ကျဥ်း မြောင်းနေသည်။
“ဒီယာဥ်က သာမန်အိမ်စီးဖို့ ပဲအဆင်ပြေမယ် ကျုပ်တို့က ဘယ်လိုနယ်ပယ်မှာ သုံးမယ်ဆိုတဲ့ အချက်အပေါ်မူတည်ပြီး ယာဥ်တွေကိုထုတ်လု ပ်ဖို့လိုတယ် မတူညီတဲ့နယ်ပယ်တွေကြောင့် ထု တ်လုပ်မှုကလည်း အမျိုးမျိုးကွဲပြားသွားမှာပဲ”
ကျိုးယန်ရဲ့ စကားကို စက်ရုံအကြီးအကဲများ ထန်ပတို့အဖွဲ့ကလည်း ခေါင်းညိတ်ကာ လက်ခံ လိုက်ကြသည်။ ဧကရာဇ်သည် ယခုကဲ့သို့ထူး ဆန်းသည့် အရာများ တိထွင်ရန် စိတ်ကူးများရှိ နေပြီး အမှန်တကယ်အသုံးဝင်မည်ဟုလည်း သူ တို့က ယုံကြည်ထားသည်။
“ကျုပ်စမ်းမောင်းကြည့်လို့ရမလား”
“အနောက်ဘက်မှာ စမ်းသပ်ထားတဲ့ ယာဥ်အချို ရှိပါတယ် လိုက်ခဲ့ပေးပါ”
ကျိုးယန်က ခေါင်းညိတ်ပြလိုက်ပြီး ကျိုးယင် ချင်းအား ခေါ်ဆောင်ကာ လိုက်ပါသွားသည်။ ကွင်းပြင်သို့ရောက်လျင် စီတန်းကာရပ်ထားသ ည့် မော်တော်ကားအကြမ်းထည်များစွာကို တွေ့ လိုက်ရသည်။ ကျိုးယန်တယောက် အံ့သြသွား ရသည်။ မူကြမ်းပေးအပ်ထားသည်မှာ အချိန် သိပ်မကြာသေးပေ။ ဤမျှထိလုပ်ဆောင်နိုင်သ ည့် အရည်အချင်းကို အသိအမှတ်ပြုရမည်။
“အစ်မတော်ကော စမ်းသပ်ကြည့်ချင်လား”
ကျိုးယန်က ကျိုးယင်ချင်းကို မေးလိုက်သည်။ သူမသည် အတန်ကြာစဥ်းစားနေပြီး ခနကြာမှ ခေါင်းညိတ်ပြလာသည်။
“ကျတော်နဲ့ တစီးထဲစီးရင်း လေ့လာပေါ့”
ထန်ပရဲ့ စီစဥ်မှုဖြင့် ကားတစီးထဲဝင်ရောက်သွာ လိုက်သည်။ အထဲသို့ရောက်လျင် ထန်ပက အစီ အရင်ကိုအသက်သွင်းမည့် သလင်းကျောက်အ ချို့ ထည့်သွင်းပေးလိုက်ပြီး နောက်ဆက်တွဲအ ရာများကိုတော့ ကျိုးယန်က ကျွမ်းကျင်စွာလုပ် ဆောင်သွားခဲ့လေသည်။
ဝူးး…ဝူးရ်
လုံးဝ ကားတစီးလိုပဲ အသံကအစ အထဲမှာနေရ တဲ့ ခံစားမှုအားလုံး ထပ်တူနီးပါးကိုတူနေတာ။ အင်ဂျင်နဲ့ အစီအရင် ဒါလေးပဲ ကွားခြားတာရှိမ ယ်။ ကျိုးယန်က စနစ်ရဲ့ နည်းပညာပြောင်းလဲမှု ကို မလေးစားပဲ မနေနိုင်တော့ပေ။ သူသာဆိုလျှ င် ထိုသို့လုပ်နိုင်မည်လား ဝေးစွ။
ကျိုးယင်ချင်းမှာမူ ကျိုးယန်ရဲ့လုပ်ဆောင်မှုတို င်းကို အသေးစိတ်ကြည့်ရှုနေခဲ့သည်။ သူမရဲ့ စိတ်ဝင်စားမှုက မြင့်တက်လာပြီး ဒီယာဥ်များ သာ အရေအတွက်အမြောက်မြားထုပ်လုပ်ပြီး ပါက လမ်းတံတားစီမံကိန်းလည်း ပြီးစီးလော က်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျိုးပြည် ထောင်စုတခုလုံး တွင်ကျယ်စွာအသုံးချလာနိုင် ပြီး မော်တော်ကားထုတ်လုပ်ရေး စျေးကွက်ကို သူမက နန်းတော်ရဲ့ဧကရာဇ် ခေါင်းစဥ်အောက် မှ ချုပ်ကိုင်ထားရမည်ဟု တွေးလိုက်သည်။
အချိန်အနည်းငယ် မောင်းနှင်ကြည့်ပြီးနောက် ကျိုးယန်က မော်တော်ကားနဲ့ပက်သက်ပြီးထပ် မဲ ဖြည့်စွက်ရမည့် လိုအပ်ချက်များ ပြင်ဆင်ရ မည့်အပိုင်းများအား ထန်ပတို့အဖွဲ့ကိုသေချာ ရှ င်းပြသည်။ လမ်းတံတားစီမံကိန်းသည် မကြာမီ အပြီးသတ်နိုင်မည်ဖြစ်ပြီး ထိုအရာပြီးစီးချိန်၌ အနည်းဆုံးအနေဖြင့် ခရီးသည်ယာဥ်ပုံစံများ ထုတ်လုပ်ထားပြီးပါက ကျိုးပြည်ထောင်စုမှ ပြည်သူများ ဒေသတခုမှတခုသို့ သွားလာရာ၌ အဆင်ပြေချောမွေ့လာပြီး ကုန်စည်စီးဆင်းမှု များလည်း ပို၍ကောင်းမွန်လာပေတော့မည်။
ထိုအချက်က စက်မှုနည်းပညာရဲ့ အားသာချက် ပင်ဖြစ်သည်။ ကျိုးယန်သည် လယ်ယာစိုက်ပျို ရေးထက် စက်မှုနည်းပညာကို ပိုအလေးထားသူ ဖြစ်ပြီး စက်မှုအရည်အသွေးမြင့်မားခြင်းကသာ ပြည်ထောင်စုရဲ့ အစစ်အမှန်တိုးတက်မှုဟု သူ ထင်သည်။ ကျင့်ကြံနိုင်သူများအတွက် စဥ်းစား စရာမလိုပေ။ သိထားရမည်မှာ ကျင့်ကြံရေး လောကရှိ လူတိုင်းကျင့်ကြံသူမဟုတ်ပေ။ သာမ န်လူများလည်း ရှိနေပြီး ကျင့်ကြံရေးလမ်းကြေ င်းကို လျှောက်လမ်းရန်မှာ လူတသောင်းတွင်တ ဦးသာ အရည်အချင်းမီနိုင်သည်။