ချီရီရှင်းနဲ့နောက်တကြိမ်
Vol. 12 Ch. 171
ကျိုးယင်ချင်းသည် စက်ရုံမှပြန်လာစဥ် လမ်း တလျှောက် မော်တော်ကားအကြောင်း အဆက် မပြတ်ပြောဆိုနေပြီး အဓိကအားဖြင့် ကုန်စည် များ သယ်ယူနိုင်သည့် ပမာဏမှာ သာမန်လှည်း များထက် အားသာသည့် အချက်အပေါ် အထူး စိတ်ဝင်စားနေခြင်းဖြစ်သည်။
“မောင်တော့်ရဲ့ တင်ဒါတွေထဲက တခုဖြစ်တဲ့လ မ်းတံတား စီမံကိန်းသာပြီးရင် ဒီမော်တော်ကား လို့ခေါ်တဲ့ အရာတွေကို သုံးလို့ရပြီ ကုန်စည်နဲ့ ခရီးသည် ပို့ဆောင်ရေး ဌာနတခုဖွင့်ပြီး အကျိုး အမြတ်ရှာရမယ်”
ကျိုးယင်ချင်းက သူမရဲ့စိတ်ကူးကို အားတက် သရောပြောပြနေသည်။
“အစ်မတော် မော်တော်ကားနဲ့ပက်သက်တဲ့ လုပ် ပိုင်ခွင့်ကို နန်းတော်က မကိုင်သင့်ဘူးထင်တယ်”
“ဘာလို့လဲ ဒီလောက်အရေးကြီးတဲ့ နည်းပညာ ကို မောင်တော်က အပြင်လူပေးချင်နေသေးတာ လား”
ကျိုးယန်က ပြုံး၍
“ပြည်ထောင်စုတခုရဲ့ ဧကရာဇ်က စီးပွားရေးလု ပ်စရာမလိုဘူးလေ နောက်ပြီး ဧကရာဇ်ရဲ့အနွ ယ်အပါးတွေက နေရာတိုင်းမှာဝင်ပါနေရင် အ ခြားစီးပွားရေးကုန်သည် တွေကို ဘယ်လိုထိန်း ချုပ်ရတော့မလဲ သူတို့ကို စျေးကွက်အနည်းကျ ဥ်းတော့ ပေးဖို့လိုတယ်”
ကျိုးယင်ချင်းက သူန်မှုန်နေသည့် အသွင်ဖြင့် ကျိုးယန်ရဲ့စကားကို လက်မခံလိုပေ။ သူမအ မြင်၌ ကျိုးယန်ရဲ့နည်းပညာများသည် လွန်စွာ ထူးကဲပြီး သာမန်အရာများထက်ပိုအရေးပါနေ သည်မဟုတ်လား။
“မောင်တော်က ဘယ်ကုန်သည်တွေကို ပေးဖို့ စဥ်းစားထားလဲ”
“အခုမပြောနိုင်သေးဘူး ရက်ပိုင်းအတွင်း စီမံ ကိန်းတွေကို လိုက်ကြည့်ဦးမယ် အထူးသဖြင့် ပညာရေးစီမံကိန်းပဲ ပြည်ထောင်စုအတွက် အရ မ်းအရေးပါတယ် လစ်ဟင်းလို့မရဘူး”
ကျိုးယန်ရဲ့စိတ်ကူးကို သူမက တစတစနားလ ည်လာသည်။ ကျင့်ကြံသူများသည် သာမန်ပြည် သူများကို ဂရုမစိုက်ကြပေ။ ကျိုးပြည်ထောင်စု မင်းဆက်အဆက်ဆက်ရှိစဥ်ကပင် ကျင့်ကြံသူ များကိုသာ အရေးပေးပြီး ပိုမိုအားကောင်းတဲ့ ကျင့်ကြံရေး ပါရမီရှင်များကိုသာ ပြည်ထောင်စု ရဲ့ အရင်းအမြစ်များ ပုံအောခဲ့ကြသည်။
ထိုအချက်မှာလည်း မှားယွင်းသည်တော့ မဟု တ်ပေ။ ကျင့်ကြံရေးလောက ဖြစ်၍ မကျင့်ကြံ နိုင်သူတွေအတွက် နေရာမရှိသည်မှာ အမှန်ပင်။ တဖက်၌ ကျိုးယန်သည် ပြည်ထောင်စုတခုလုံး ရှိ လူအားလုံးအပေါ် တူညီစွာရှုမြင်ပြီး ခေတ်မီ ကမ္ဘာရဲ့ အချို့သော ကျင့်ကြံသူများလည်း စက် မှုနည်းပညာကို မလွန်ဆန်နိုင်ကြသူများ ဖြစ်သ ည်။ အင်မော်တယ်အဆင့်အောက် ဤကျင့်ကြံ သူများက ဘာများထူးကဲနေမည်နည်း။ ကျိုးယ န်အမြင်၌တော့ သာမန်ပြည်သူများနဲ့ မခြားနား ချေ။
ထိုရက်များ၌ ကျိုးယန်က အစီအရင်ပညာကို အာရုံစိုက်လေ့လာနေခဲ့သည်။ ရက်အနည်းငယ် အနားယူပြီးနောက် နန်းတော်ရှိရာ အလယ်ပိုင်း ဒေသသို့ ပြန်မည်ဖြစ်ပြီး အိမ်ရာစီမံကိန်းနဲ့ ပည ရေးစီမံကိန်းများကို စစ်ဆေးရပေမည်။ စီမံကိန် များ ပြီးစီးပါက ပညာရေးအတွက် တရားဝင် စတင်မည်ဖြစ်ပြီး ပြည်ထောင်စုတွေ့ဆုံပွဲမတိုင် မီ ကျိုးပြည်ထောင်ရဲ့ ဟန်ချက်ကို ထိန်းချုပ် ထားနိုင်မည်ဟု ကျိုးယန်က ယုံကြည်သည်။
သူ့အနေဖြင့် ပြင်ပသြဇာလွှမ်းမိုးလာမှုအပေါ် အလေးအနက်တော့ ရှိပါသည်။ အထူးသဖြင့် ချီရီရှင်း လီရှို့ချင် ကဲ့သို့ ပြင်ပကုန်သည်များရဲ့ ရည်ရွယ်ချက်အမှန်ကို ခန့်မှန်းနိုင်သည့် ကျိုးယ န်အတွက် အရံအစီစဥ်များ လိုအပ်နေသည်။ ထို အရာက ပြည်ထောင်စုရှိ အင်အားကြီးမိသားစု များနဲ့ ဂိုဏ်းများကို ထိန်းချုပ်ခြင်းဖြစ်သည်။ ထိုအဖွဲ့စည်းများသည် နှစ်ဖက်သွားဓားတလက် ဖြစ်ကာ ထိန်းချုပ်ရန်ခက်ခဲသည်။
ကြွယ်ဝသည့် ပြည်ထောင်စုကြီးများရဲ့ ဆွဲဆော င်မှုကို လွန်ဆန်နိုင်မည်ဟု ကျိုးယန်မမျှော်လင့် ထားပေ။ ထိုပြင်ပကုန်သည်များ၏ နယ်ပယ်ကို ထိန်းချုပ်ခြင်းထက် သူ့ရဲ့နည်းပညာများဖြင့် ထို ကုန်သည်များအပေါ် လွှမ်းမိုးခြင်းနည်းကို အသုံးပြုရမည်။ ဥပမာ ချီရီရှင်းကို ကြေငြာ စျေးကွက်အကြောင်း သင်ပြပေးသည့် ပုံစံဖြစ် သည်။
ရက်အချို့ ကြာမြင့်ပြီးနောက် ကျိုးယန်ကအလ ယ်ပိုင်းဒေသ သို့ ပြန်သွားခဲ့သည်။ ယခုအခါ၌ သူနဲ့အတူ ကျိုးယင်ချင်းသာ လိုက်ပါလာခဲ့ပြီး စီမံကိန်းများ အတူလေ့လာမည်ဖြစ်သည်။ ထိုစီ မံကိန်းများ အပြီးသတ်ပါက ကျိုးယင်ချင်းကို မိဖုရားမြှောက်မည့် နန်းတွင်းအစီစဥ်ပြုလုပ် ပေးမည်ဟု ကျိုးယန်က ကတိပေးထားလိုက်သ ည်။
စုန့်ပြည်ထောင်စု မြို့တော်..။
ချီရီရှင်းသည် ချီမိသားစု အိမ်တော်သို့ပြန်လည် ရောက်ရှိနေသည်။ သူမက အလည်အပတ်ခန တဖြုတ်ပြန်လာခြင်းဖြစ်ပြီး ကျိုးယန်ထံမှ သိ မြင်ထညးသည့် အရာများကို စတင်အကောင် ထည်ဖော်ထားသည့် အခြေနေများအား ပြန်လ ည် စစ်ဆေးလိုခြင်းဖြစ်သည်။
“သမီးရဲ့ စီမံကိန်းက ဘယ်လောက်လိုသေးလဲ”
ချီရီရှင်းရဲ့ ဖခင်က မေးလာသည်။
“နောက်တနှစ်ခွဲလောက်ဆို အပြီးသတ်နိုင်ပါပြီ ဧကရာဇ်ကျိုးရဲ့ စိတ်ကူးတွေက သမီးသိမြင် ထားတာတွေထက်ကို အများကြီးကျော်လွန်နေ တယ်”
ချီရီရှင်းရဲ့ ဖခင်နဲ့အဖိုးဖြစ်သူတို့မှာ ခေါင်းတဆ က်ဆက်ညိတ်၍ သူမရဲ့စကားများကို သဘော တူလေသည်။ သူတို့သည်လည်း ကျိုးယန်ရဲ့တ င်ဒါများအကြောင်း ကြားခဲ့ပြီး ထိုကဲ့သို့ရဲတင်း သည့်စိတ်ကူးကို ဧကရာဇ်ကျိုးသာ လုပ်ရဲပေမ ည်။
“ဧကရာဇ်ကျိုးက ငယ်ရွယ်ပေမယ့် တကယ်ကို တော်ပါပေတယ် သူက သာမန်ပြည်သူတွေအ ပေါ် အလေးထားတဲ့ ပထမဆုံးကျင့်ကြံသူဧက ရာဇ်တပါးပဲ အဖိုးတို့ ပြည်ထောင်စုတွေမှာ အဲ့ ဒါမျိုး ဧကရာဇ်တခါမှ မပေါ်ထွန်းခဲ့ဖူးဘူး”
အမတ်ချီက တလေးတစား ချီးကျူးလာသည်။ ပြည်ထောင်စုအသီးသီးရဲ့ ဧကရာဇ်များသည် ပြည်ထောင်စုရဲ့ ခွန်အားအတွက် ကျင့်ကြံသူ များကိုသာ အလေးအနက်ထားသည်။ ထိုမှလဲ အခြားပြည်ထောင်စုများရဲ့ ကျူးကျော်မှုကို တားဆီးနိုင်မည် မဟုတ်လား။
“သမီးတို့ ပြည်ထောင်စုမှာလည်း သူရဲ့အခမဲ့ ပညာသင်ကြားရေးစနစ်ကို အတုယူသင့်တယ် ပြီးတော့ အဆင့်မြင့်ကောလိပ်တွေမှာ ကျင့်ကြံ သူတွေကို သင်ကြားပေးတာမျိုး ထည့်သွင်းလို က်ရင် အဲ့ဒီလူတွေက တော်ဝင်မိသားစုကို သေ ချာပေါက် သစ္စာခံမယ့် အင်အားတခုဖြစ်လာမှာ ပဲ ဒါက ညင်သာတဲ့ ထိန်းချုပ်နည်းမဟုတ်လား”
“သမီးလိုပဲ အဖေတို့လည်း တွေးမိပါတယ် ဒါ ပေမဲ့ ဖြစ်နိုင်ချေနည်းတယ် ဟုတ်ပြီ ဘယ်သူက ကုန်ကျစရိတ်ကို ထုတ်မှာလဲ ရေတိုတောင်မဟု တ်ဘူးနော် ပညာရေးစနစ်လည်ပတ်တဲ့ ကာလ ကြီးတခုလုံး တော်ဝင်မိသားစုက ထောက်ပံ့နေ ရမှာ လွယ်မယ်ထင်လား”
အမတ်ချီက ထောက်ပြလာသည်။ အမှန်ပင်ကု န်ကျစရိတ်က မသေးချေ။ ထိုအရာများအတွ က် ကျိုးဧကရာဇ်က အကုန်ကျခံနိုင်သည်ထား မည်မျှကြာအောင် ပြုလုပ်နိုင်မည်နည်း။
“အဖိုးက ဧကရာဇ်ကျိုးရဲ့ တင်ဒါနည်းစနစ်ကို မေ့နေတာပဲ သမီးအထင် လမ်းတံတညးနဲ့အိမ် ရာစီမံကိန်းကို သူကအလကားချပေးလိုက်တာ မဟုတ်ဘူး သမီးတို့ရဲ့သတင်းပေးတွေပြောပြ ချက်အရ သူမှာ ရွေ့လျားနိုင်တဲ့ ယာဥ်တမျိုး ထုတ်လုပ်နေတယ်လို့ ကြားတယ် အဲ့ယာဥ်တွေ ကိုအသုံးပြုဖို့က ကျယ်ဝန်းပြီး ပြန့်ပြူးတဲ့လမ်း မကြီးတွေလိုတယ် တဲ့”
“ ရွေ့လျားနိုင်တဲ့ယာဥ်ဟုတ်လား ရထားလုံးလို လား”
“အဲ့ထက်ပိုအဆင့်မြင့်တယ်”
ခန်းမထဲရှိ ချီမိသားစုဝင်များ သက်ပြင်းချလို က်ကြသည်။ မည်သည့်ယာဥ်အမျိုးအစားဖြစ် ၍ လမ်းတံတားစီမံကိန်းကိုပင် ပြုလုပ်ရသနည် ထိုအရာက မည်မျှ အကျိုးပြုနိုင်မည်နည်း။
“သူ့ရဲ့လက်နက်ဆန်း နည်းပညာကော သမီးရ ထားပြီလား”
အမတ်ချီရဲ့ စကားကိုကြားလျင် သူမက မှင်သ က်သွားသည်။
“သမီးရဲ့တာဝန်ထဲမှာ အဲ့ဒါပါလို့လား”
“မပါ ပါဘူး အဲ့ဒါက ဟုမ်ဝူကျင်းလုပ်ရမယ့်အ ပိုင်းပါ ဒါပေမဲ့ ငါ့မြေးသာ ရရင်တော့အကောင်း ဆုံးပေါ့ ဘာလို့ဆို နန်းတွင်းအရေးကိစ္စက ပိုပြီး ရှုပ်ထွေးလာပြီ အပြိုင်အဆိုင်တွေများလာတော့ အဖိုးရဲ့ အနေထားက မတည်ငြိမ်တော့ဘူး”
အမတ်ချီရဲ့ ဆိုလိုရင်းကို သူမက အနည်းငယ် နားလည်သည်။ ဟုန်စစ်သူကြီးသည် သူမအဖိုး အပါအဝင် အမတ်များကို အမြဲပစ်မှတ်ထားနေ ပြီး သူ့ရဲ့မြေးဖြစ်သည့် ဟုန်ဝူကျင်းသာ ကျိုးဧ ကရာဇ်ရဲ့ လက်နက်နည်းပညာတခုရရှိသွားမည် ဆိုလျင် ချိန်ခွင်လျှာသည် တဖက်ယိမ်းသွားနိုင် သည်။
“နားလည်ပါပြီ ဒါပေမယ့် ဧကရာဇ်ကျိုးဆီက လက်နက်နည်းပညာရဖို့က အဖိုးတို့ထင်သလို လွယ်မနေပါဘူး သူက စကားပြောကောင်းပြီး ရည်မွန်ပေမယ့် တုံးအနေတာမှ မဟုတ်ပဲ သမီး သူနဲ့ နောက်တကြိမ်တွေ့ပြီး ကြိုးစားကြည့်လို က်ပါမယ်”
အမတ်ချီက သူ့မြေးမလေးကို ကျေးဇူးတင်စွာ ကြည့်လာသည်။ မြေးမလေးသာ စွမ်းဆောင်နို င်ပါက သူ့အနေဖြင့် နန်းတွင်းအမတ်ရာထူးမှ နုတ်ထွက်ကာ ရှုပ်ထွေးပြီး ရက်စက်သည့် ပြိုင် ဆိုင်မှုများကို ရှောင်လွဲနိုင်မည်ဖြစ်သည်။