← Chapters

အခမဲ့ပညာရေးစနစ်ကိုမိတ်ဆက်ခြင်း

Vol. 12 Ch. 172

အခမဲ့ပညာရေးစနစ်ကိုမိတ်ဆက်ခြင်း

Vol. 12 Ch. 172

ကျိုးယန်သည် နောက်တနေ့မနက်၌ နန်းတွင်းရှိ အမတ်များ တပ်ဖွဲ့များမှ စစ်သူကြီးများအပါအ ဝင် အဖိုးဝူ ကျိုးလီ ကျိုးယွမ် ကျိုးစုလင်းစ သည့် ဒေသများကို တာဝန်ယူနေသည့် သူများ အားလုံးကို စုစည်း၍ စည်းဝေးမှုကို စတင်ခဲ့သ ည်။

ထိုစည်းဝေးပွဲ၌ သာမန်ပြည်သူများ၏ အခြေခံ လိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာအပါအ ဝင် လစဥ်ဝင်ငွေများကို တိတိပပ သက်မှတ်၍ ပြည်ထောင်စုတခုလုံးရှိ အခြေခံပျမ်းမျှလုပ်အာ ခကိုလည်း မှတ်ယူစေသည်။ ထိုအရာက အနိုင် ကျင့်ခိုင်းစေခြင်းကို ကာကွယ်ရန်ရည်ရွယ်ပြီး အနည်းဆုံး အသက်၁၅ နှစ်ပြည့်မီသူကိုသာ လု ပ်ငန်းခွင် ဝင်ရောက်ခွင့်ပြုရန် ပြောဆိုခဲ့သည်။

တဖက်တွင် အသက်၁၈ နှစ်ပြည့်ပြီး အိမ်ထောင် မရှိသူ အမျိုးသား အမျိုးသမီးများအားလုံးကို ဧကရာဇ်အမိန့်ဖြင့် တပ်ဖွဲ့ထံ ၂နှစ်ဝင်ရောက်စေ ပြီး ထိုအချိန်ကာလများကို လစာပေးစနစ်ဖြင့် ပြန်လည် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကျိုး ယန်က ရှင်းပြခဲ့သည်။ ထိုရည်ရွယ်ချက်က အ ဘယ်သို့နည်း။ ကျင့်ကြံသူများကြား သာမန် သေမျိုးပြည်သူများကို ထည့်သွင်းခြင်းက အ ဆင်ပြေပါ့မလား။

ကျိုးယန်က သူ့အစီစဥ်များကို ပြောပြခဲ့ပြီး ကျ န်လူများရဲ့ အမြင်ကိုတောင်းဆိုခဲ့သည်။ ထိုစ ည်ဝေးမှုက တနေ့တာကုန်လွန်သွားခဲ့ပြီး လက်ရှိ တပ်မှုးချင်လက်အောက်သို့ ဝင်ရောက်စေပြီး ယာယီတပ်ဖွဲ့များ ထူထောင်မည့် အစီစဥ်ကိုအ များက သဘောတူညီခဲ့ကြသည်။

ထို့အပြင် ကျိုးယန်က အခမဲ့ပညာရေးစနစ်ကို လည်း မိတ်ဆက်ပေးခဲ့သေးသည်။ အခမဲ့ပညာ ရေးစနစ်ဆိုသည်က မည်သို့နည်း။ ထိုအချင်းအ ရာနဲ့ ပက်သက်၍ အဖိုးဝူကဲ့သို့ ကျိုးယန်နဲ့နီးက ပ်သူများပင် မကြားဖူးချေ။

“ကျုပ်တို့က အခမဲ့ပညာရေးစနစ်ဆိုတဲ့နေရာမှာ ကျင့်ကြံသူ သာမန်ပြည်သူမခွဲခြားပဲ အသက်၅ နှစ်ကနေ ၁၄ နှစ်ထိ ကိုပညာသင်ကြားခွင့်ပြုမ ယ် ပညာရေးကာလအားလုံးမှာလည်း နေထိုင် စားသောက်မှုစရိတ်ကို ကျုပ်တို့ကပေးချေပြီး သက်မှတ်ပညာရေးကာလ ပြီးဆုံးရင် အစိုးရဌာ နတွေမှာ အနည်းဆုံး ၅နှစ် ဝင်ရောက်လုပ်ကိုင် ရမယ်”

“အရှင်မင်းကြီး အသက်၁၄ ပြည့်ပီးကျောင်းပြီး တဲ့သူက အရှင်မင်းကြီးရဲ့ ပညာရေးကောလိပ် ဆိုတဲ့ အရာကို ဆက်တက်ခွင့်ရှိပါသလား”

အမတ်တဦးက သိလိုစွာဖြင့် မေးလာသည်။

“ရှိပါတယ် ဒါပေမဲ့ ကျောင်းသားရဲ့ အရည်အချ င်းကို မူတည်ပြီး ကျုပ်တို့ဘက်က ထောက်ပံ့မှု ကွာဟလိမ့်မယ်”

“ကျတော်မျိုးတခုသိလိုပါတယ် မေးခွန်းမှားခဲ့ ရင် ခွင့်လွှတ်ပေးပါ ဒီပညာရေးတခုလုံးရဲ့အသုံ စရိတ်ကို မည်သူက ကျခံပေးမှာပါလဲ”

ထိုသို့မေးလိုက်သူက နန်းမြို့တော်ရှိ အဓိကမိ သားစုများထဲမှာ ကုန်းမိသားစုဖြစ်သည်။ ၎င်း တို့သည် ကျိုးချန်လက်အောက်သို့ ခိုလှုံရန်ကြိုး စားခဲ့ဖူးပြီး ကျိုးယန်ဧကရာဇ်ဖြစ်သွားချိန်မှာ တော့ အစွယ်ကျိုးနေသည့် မြွေတကောင်ကဲ့သို့ ငြိမ်ကုတ်သွားကြရသည်။

“ကုန်းအမတ်က ငွေကြေးအတွက်စိတ်ပူနေတာ များလား စိတ်ချပါ ကျုပ်ကခဗျားတို့ဆီက ကျောက်ခဲရေညစ်ရမယ့်ကိစ္စမျိုး စိတ်မဝင်စား ပါဘူး”

ကျိုးယန်က ပြုံး၍ ဆိုလိုက်သည်။ ဒီလူတွေမ ည်သည့်အရာကို တွေးမိ၍ မေးသနည်း။သူသိ ပေသည်။ မိသားစုကြီးများ ဂိုဏ်းကြီးများစွာ သည် ပြည်ထောင်စုရဲ့လိုအပ်ချက်များကို မည် သည့်အခါမှ မကြည့်ရှုခဲ့ဖူးပေ။ ကျင့်ကြံရေးအ တွက် အရင်းအမြစ်များတွင်သာ ပုံအောနေကြ ပြီး သူ့ထက်ငါ သာလွန်သည့်ခွန်အား ရရန်သာ တွေးနေခဲ့ကြသည် မဟုတ်လား။

“အရင်ဆုံး ဒီစုဝေးမှုထဲမှာ ပါဝင်တဲ့ကုန်သည် တွေက ပညာရေးအစီမံကို ထောက်ပံ့ပေးမယ် ဆိုရင် နှစ်စဥ်အခွန်ငွေကို ထက်ဝက်ထိလျှော့ ချပေးမယ်ဆိုရင်ကော အဆင်ပြေလား”

ကျိုးယန်စကားအဆုံး၌ အကုန်လုံးက စဥ်းစား သွားကြသည်။ ကျိုးယန်သည် ဒေသ၄ခုစလုံးရှိ ကုန်သည်များ ဂိုဏ်းများထံမှ နှစ်စဥ်အခွန်ငွေ ဆယ်ရာခိုင်နှုန်းကောက်ခံလေ့ရှိပြီး ထိုအထဲမှ ထက်ဝက်လျော့ကျပေးခြင်းက များစွာသက် သာစေသည်မဟုတ်လား။

“ဘယ်လို ထောက်ပံ့ရမလဲဆိုတာကို အခုတခါ တည်းပြောပြလိုက်မယ် ပထမဆုံးကျောင်းသား တွေရဲ့ တကိုယ်ရေအသုံးစရိတ်နဲ့ ဆရာများအ တွက် လစာ ပြီးတော့ မကြာခင်မှာစတင်မယ့် ဆရာအတတ်သင် သင်တန်းကာလအတွက် အ စစအရာရာထောက်ပံ့ရမယ့်အစီစဥ် ယေဘုယျ အားဖြင့် အစီစဥ်ကို လက်ရှိမှာ နှစ်ပိုင်းခွဲထားတ ယ်”

ကျိုးယန်ရဲ့စကားကို ရှုပ်ထွေးနေကြပုံရှိသည်။ အများစုမှာ ဆရာအတတ်သင်ဟူသည့် ဝေါဟာ ရကို နားလည်မှု မရှိကြပေ။ မည်သည့် ပညာရ ပ်မျိုး ကိုသင်ကြားပေးတဲ့သင်တန်းနည်း။အကု န်လုံးက စိတ်ရှုပ်ထွေးနေသော်လည်း ကျိုးယန် ကိုပြန်လည် မေးခွန်းထုတ်ရန် မဝံ့ရဲပေ။ထိုအ တွက် ကျိုးယန်ပေးဝေသည့် ကုန်ကျစရိတ်မူ ကြမ်းများကိုသာ လက်ခံပြီး ပြန်သွားကြရသ ည်။

“အဖိုးဝူ ဆရာအတတ်သင်အတွက် လူ၅၀၀၀ ခေါ်ယူချင်တယ် အသက်၂၀ ကနေ ၅၀ အတွင်း ရှိရမယ် အကျင့်စာရိတ္တကောင်းမွန်ပြီး ကျင့်ကြံ သူမဖြစ်ရဘူး ရော့ ဒါက သူတို့ကိုလေ့လာစေမ ယ့် ဘာသာရပ်မူကြမ်းတွေပဲ အဖိုးဝူ အစ်ကို တော်အစ်မတော်နဲ့ လေ့လာပြီး သင်တန်းကိုစီမံ လိုက်ပါ”

ကျိုးယန်က ဆရာများကိုသင်ကြားရန်အတွက် သချ်ာ ဘာသာစကား စက်မှုနည်းပညာများကို အတန်းအလိုက် ခွဲခြမ်းပြီး ဆရာများသင်ယူရန် ဟူသည့် ခေါင်းစဥ်အောက် ထည့်သွင်းစေသည်

“ညီတော် ဒီအရာတွေက ထူးဆန်တယ်နော် အစ် ကိုတော်တို့ တခါမှ မမြင်ဖူးဘူး အသုံးကောဝင် ရဲ့လား”

ကျိုးလီက သချ်ာစာအုပ်ကို ကြည့်၍မေးလာသ ည်။ သူ့အမြင်တွင် နံပါတ်များ ရှုပ်ထွေးစွာရှိနေ ပြီး ထိုအရာများရဲ့ အသုံးဝင်မှုကို စဥ်းစားမရခဲ့ ပေ။

“အသုံးဝင်တာပေါ့ ဒါက နေ့စဥ်လူမှုဘဝအတွ က် အရေးပါဆုံးအခြေခံပညာရပ်တခုပဲ စီးပွား ရေး နယ်ပယ်ဖြစ်ဖြစ် စစ်ရေးနယ်ပယ်မှာဖြစ်ဖြ စ် နယ်ပယ်အသီးသီးမှာ အမှန်တကယ်လိုအပ် တယ်”

ကျိုးယန်ရဲ့စကားကို ကြားလျင် ကျိုးစုလင်းတ ယောက် ထိုပညာရပ်ကိုစိတ်ဝင်စားသွားလေသ ည်။ မူလက ကျိုးယန်ရဲ့လက်နက်နည်းပညာအ ချို့ ထည့်သွင်းသင်ကြားပေးမည့်အပေါ် အဖိုးဝူ နဲ့ ကျိုးယင်ချင်းတို့က ခါးခါးသီးသီး ဖြစ်ခဲ့ကြပီ ကျိုးယန်အနေဖြင့် ပြည်ထောင်စုရဲ့အားသာချ က်များကို လွယ်လင့်တကူ ထုတ်မပြသင့်ဟု ဝေ ဖန်ကြသည်။ ထိုအရာက ကျိုးယန်ပူပန်ရမည့် အရာလား။ မဟုတ်ပေ။ နည်းပညာကိုသိခဲ့ရင် တောင် ထိုနည်းပညာအတွက် ကုန်ကြမ်းက ကျို ယန်ဆီမှာသာ ရှိပေမည်။

ထိုအတွက် မည်သည့်ပြည်ထောင်စုမဆို နည်းပ ညာကို ထုတ်လုပ်လိုပါက ကျိုးယန်နဲ့ကင်းကွာ ၍ မရတော့ပေ။ ထိုအရာက နည်းပညာနဲ့လွှမ်း မိုးခြင်း ဟု ကျိုးယန်ယူဆသည်။

“ထားပါတော့ မောင်တော့်နည်းပညာအတွက်သူ တို့က ကုန်ကြမ်းလိုချင်ပါတယ်ဆိုရင်ကော ရော င်းပေးဦးမှာလား”

ကျိုးယင်ချင်းက သိလိုစွာနဲ့မေးလာသည်။

“မရောင်းဘူးပေါ့ သူတို့ထုပ်လုပ်ချင်ရင် ကျိုး ပြည်ထောင်စုက ပညာရှင်နဲ့ပေါင်းစည်းရလိမ့် မယ်”

ကျိုးယန်ရဲ့အစီမံများကို အဖိုးဝူတယောက်နား လည်လိုက်သည်။ ကျိုးယန်သည် တိုက်ခိုက်ခြ င်းဖြင့် သိမ်းယူမည့်သူမဟုတ်သည်မှာ သေချာ လေပြီ။

နောက်ရက်များ၌ ကျိုးယန်ရဲ့ဆရာအတတ်သင် သင်တန်းသတင်းက ပွက်လောရိုက်သွားခဲ့သည် အထူးသဖြင့် ဆရာများအနေဖြင့် ကျိုးယန်ရဲ့ လက်နက်ဆန်း နည်းပညာအချို့သင်ကြားခွင့်ရ မည့်ဆိုသည့်အချက်က အခြားပြည်ထောင်စု များရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားနိုင်ခဲ့သ ည်။

“သမီးတော် ကျိုးပြည်ထောင်စုက သတင်းကို ကြားမိတယ်မဟုတ်လား အဲ့ဒါနဲ့ပက်သက်ပြီး သမီးတော်ရဲ့အမြင်ကို ပြောပေးပါဦး”

ဧကရာဇ်လင်းက သူ့ရဲ့တတိယသမီးတော်ဖြစ် သည့် မင်းသမီးလင်းယုယန်ကို မေးလိုက်သည် လင်းပြည်ထောင်စုသည် လီပြည်ထောင်စုရဲ့ဖိ အားအောက် ရောက်ရှိနေပြီး ကြွယ်ဝမှုသာမက ခွန်အားအရာပါ နိမ့်ကျနေသည့် အခြေနေဖြစ် သည်။ ထိုအတွက် ပြည်ထောင်စုများအကြား သတင်းကြီးနေသည့် ဧကရာဇ်ကျိုးရဲ့ လက်န က်ဆန်းများကိုသာ ထုတ်လုပ်နိုင်ပါက လင်းပြ ည်ထောင်စုရဲ့ ခွန်အားကို အထိုက်အလျောက် မြင့်တင်နိုင်လိမ့်မည်ဟု သူကထင်သည်။

“သမီးတော်ကြားမိပါတယ် ဒါကလက်နက်နည်း ပညာကို လူသိထင်ရှား ချပြလိုက်တဲ့သဘောပဲ သမီးတော်တို့ ဒီအခွင့်အရေးကို အရယူဖို့လိုပါ တယ်”

“ သေချာတာပေါ့ ဒါနဲ့သမီးတော်မှာဘာအစီစဥ် များရှိလဲကွယ့်”

“သမီးတော်ရဲ့အစီစဥ်ကတော့ ဆရာအတတ် သင် သင်တန်းကို သွားချင်တယ် ဒါကပဲဧကရာ ဖ်ကျိုးရဲ့ နည်းပညာကို လက်တွေ့ထိတွေ့နိုင်မဲ့ တခုတည်းသော နည်းလမ်းပဲလေ”

လင်းယုယန်ရဲ့စကားကို လင်းဧကရာဇ်က အန ည်းငယ် စဥ်းစားဟန်ပြု၍

“သမီးတော်က တကယ်ပဲ အဲ့သင်တန်းကိုတတ် လိုတာလား လွယ်မယ်တော့မထင်ဘူး အခုဆို တခြားပြည်ထောင်စုက လူတွေလည်းစိတ်ဝင် စားနေလောက်ပြီ နောက်ပြီး လူဦးရေက သက် မှတ်ချက် ၅၀၀၀ ဆိုတော့ သမီးတော်အလွယ် တကူတော့ ဝင်ရောက်ခွင့်ရမယ်လို့ မထင်ဘူး”

“စိတ်ချပါ သူတို့ရဲ့လိုအပ်ချက်နဲ့ သမီးတော်က ကိုက်ညီပါတယ် ကျင့်ကြံသူမဖြစ်တာ ဒီတခါ ကံကောင်းတာပါပဲ”

ထိုအခြေနေမျိုးကဲ့သို့ အခြားပြည်ထောင်စုများ တွင်လည်း ဖြစ်ပေါ်နေပြီး ဆရာအတတ်သင်အ တွက် ကျင့်ကြံသူမဟုတ်သည့် နန်းတွင်းအနွယ် များကို ရွေးချယ်စေလွှတ်ရန် စီစဥ်ကြတော့သ ည်။

All Chapters