← Chapters

ဆရာအတတ်သင် သင်တန်း

Vol. 12 Ch. 173

ဆရာအတတ်သင် သင်တန်း

Vol. 12 Ch. 173

နောက်ရက်များ၌ ကျိုးယန်ကိုယ်တိုင်ဦးစီး၍ ဆရာအတတ်သင် သင်တန်းအတွက် လူရွေးချ ယ်မှု စတင်ခဲ့သည်။ သင်တန်းကာလကို တနှစ် သက်မှတ်ပြီး သင်တန်းပြီးဆုံးသူများက အနည် ဆုံး ပညာရေးကာလ ၅နှစ်ထိ ကျိုးပြည်ထောင် စု၌ ပြန်လည်သင်ကြားပေးရမည် ဖြစ်သည်။

ထိုသင်တန်းကို ပြည်ထောင်စုရဲ့ ပြင်ပမှလူများ ပါ စိတ်ဝင်စားခဲ့ကြပြီး ပြည်ထောင်စုအသီးသီး ရဲ့ နန်းတွင်းအနွယ် ကျင့်ကြံသူမဟုတ်သည့်လူ များစွာကို စေလွှတ်ခဲ့သည်။ ထိုအထဲတွင် လင်း ယုယန်တယောက် အပါအဝင်ဖြစ်ပြီး ကျိုးယန် ရဲ့ သင်တန်းကို တက်ရောက်ရန် ရောက်ရှိလာခဲ့ သည်။

“အရှင်မင်းကြီး ချီမိသားစု ကုန်သည်အသင်းက သခင်မလေးက တွေ့ခွင့်တောင်းနေပါတယ်”

ချီမိသားစုကုန်သည် သခင်မလေးလား။ ချီရီရှင် ဖြစ်မယ်။

“ဝင်ခွင့်ပေးလိုက်ပါ”

မကြာမီတွင် နန်းတော်ရဲ့ ခန်းမထဲသို့ ချီရီရှင်းတ ယောက် ရောက်ရှိလာသည်။ သူမသည် စုန့်ပြ ည်ထောင်စုမှ ရောက်ရှိကာစ ဖြစ်သော်လည်း သင်တန်း သတင်းကြောင့် အလျင်အမြန်ပင် ကျိုးယန်ကို တွေ့ဆုံလိုနေခြင်း ဖြစ်သည်။

“ တွေ့ရတာ ဝမ်းသာပါတယ် အရှင်မင်းကြီး”

“ကောင်းပါပြီ ချီသခင်မလေးရောက်လာတာ ဘာကိစ္စများရှိလို့လဲ”

ကျိုးယန်က ဧကရာဇ်ပုလ္လင်ပေါ်မှနေ၍ မေးလို က်သည်။ ချီရီရှင်းသည် သင်တန်းသတင်းနဲ့ပ က်သက်၍ ရောက်လာရခြင်းကို သိထားသော် လည်း မသိဟန်ဆောင်၍ မေးလိုက်ခြင်းဖြစ်သ ည်။

“အရှင့်ရဲ့ ဆရာအတတ်သင် သင်တန်းက အရမ် ကို ကျော်ကြားနေပါတယ် ဒါကြောင့် ကျမက နည်းနည်း သိလိုစိတ်ဖြစ်မိလို့ လာရောက်မေး မြန်းရတာပါ”

“ဟုတ်ပါတယ် ဒါကလည်း ချီသခင်မလေးရဲ့ပ ညာရေး စီမံကိန်းအတွက် အဓိကလိုအပ်တဲ့ ဆ ရာတွေကို ကြိုတင်စီမံတဲ့သဘောပါပဲ အထူးအ ဆန်းတော့ မဟုတ်ပါဘူး”

ကျိုးယန်ရဲ့စကားကို သူမက ခေါင်းညိတ်ကာ နားလည်ဟန်ပြသည်။ ကျောင်းဆိုမှတော့ ဆရာ ရှိရမည် မဟုတ်လား။ အဓိက သူမသိလိုသည် က ဧကရာဇ်ကျိုးအနေဖြင့် လက်နက်နည်းပညာ အစိတ်အပိုင်းကို အမှန်တကယ် သင်ကြားပေး မည့် အပေါ် မယုံနိုင်ခြင်းဖြစ်သည်။

“စက်မှုဘာသာရပ်အတွက် အရှင့်ရဲ့နည်းပညာ အချို့ ထည့်သွင်းပေးခဲ့တယ်လို့ ကြားမိပါတယ် ဒါက နောင်မှာ အခြေခံပညာရေးကျောင်းကစ သင်ကြားပေးမှာဖြစ်လို့ အရှင့်ရဲ့ပညာရေး စာ သင်ကျောင်းတွေထဲ ပြင်ပလူများတက်ရောက်ခွ င့်ရှိပါသလား”

“အကန့်အသတ်နဲ့တော့ ခွင့်ပြုမှာပါ ဒါပေမယ့် ရွေးချယ်မှုက တင်းကျပ်ပြီး ခက်ခဲနိုင်လို့ ချီသ ခင်မလေးတို့ အဆင်ပြေမယ်မထင်ဘူး”

ကျိုးပြည်ထောင်စုရဲ့ ပြင်ပလူများကိုလက်ခံခြ င်းလား။ လတ်တလောတွင် ဆရာအနေဖြင့် လ က်ခံထားပြီ ဖြစ်၍ ထပ်မံလက်ခံရန် မတွေးမိ သော်လည်း ချီရီရှင်းကိုမူ လိုက်လျောညီထွေစွာ ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

“ဆရာအတတ်သင် သင်တန်းအတွက် ကျမအ နေနဲ့ ကူညီနိုင်တာများ ရှိမလား သိချင်မိပါတယ် အရှင်”

ချီရီရှင်းက တကယ့်ကို ပါးနပ်တာပဲ။ သူမအနေ ဖြင့် ကျင့်ကြံသူဖြစ်နေသောကြောင့် သင်တန်း၌ ပါဝင်၍ မရသော်လည်း သင်တန်းကိုထောက်ပံ့ ပေးခြင်းဖြင့် အကျိုးအမြတ်တချို့ ရရှိလာပေ တော့မည်။ ကျိုးယန်က သူမစကားကိုကြားလျ င် ရယ်၍

“ချီသခင်မလေးရဲ့ စိတ်ကူးက ကောင်းမွန်ပါပေ တယ် ဒါပေမဲ့ ချီသခင်မလေးသိထားရမှာက သ င်တန်းမှာပါတဲ့ စက်မှုဘာသာရပ်က အပြည့်အ စုံမဟုတ်ဘူးဆိုတာပဲ”

အပြည့်အစုံမဟုတ်ဘူးလား ဒါဆိုနည်းပညာက အသုံးမဝင်ဘူးပေါ့။ ချီရီရှင်းသည် ကျိုးယန်ရဲ့ စကားအပေါ် အချိန်တော်ကြာ ဆွံ့အနေခဲ့သည်။ တဖက်တွင်လည်း မည်သူက ကိုယ့်အားသာချ က်ကို အကုန်ချပြမည်နည်း။ ဒါက သဘာဝကျ စွာ ရှိနေသည်။ သူမဆိုလျင် လက်နက်နည်းပ ညာကို အသိပင်ခံမည်မဟုတ်ချေ။ ကျိုးယန်က သူမရဲ့ အမူအရာကို ကြည့်၍

“ချီသခင်မလေးက ကျုပ်ရဲ့လက်နက်နည်းပည ကိုစိတ်ဝင်စားလို့လား”

ကျိုးယန်ရဲ့ မေးခွန်းက တည့်တိုးဆန်နေသော် လည်း သူမက မငြင်းနိုင်ပေ။ အမှန်တကယ်လဲ ထိုနည်းပညာကို ရရှိရန်လိုအပ်ပြီး သူမရဲ့အဖိုး အား နန်းတွင်းအမတ်ဘဝမှ ဆွဲထုတ်ရာ၌ အသုံ ပြုမည် ဖြစ်သည်။

“အမှန်တိုင်းဝန်ခံရရင် ကျမလိုအပ်ပါတယ် မရှ င်းပြနိုင်တဲ့ အခက်ခဲတခုကြောင့် အရှင့်ရဲ့နည်း ပညာအချို့ကို လိုချင်တာပါ ဒီအတွက်လည်း ဆွေးနွေးလို့ရမယ်ဆိုရင် ကျမဘက်က ဘာများ လိုက်လျောပေးရမလဲ”

“အင်း…. လိုက်လျောပေးရမယ် ဆိုတဲ့စကားက ပြင်းထန်ပါတယ် ကူညီပေးရင်ရပါပြီ”

“ကူ ညီရမယ်ဟုတ်လား”

သူမရဲ့အမေးကို ကျိုးယန်က ခေါင်းညိတ်၍

“အမှန်ပဲ ဒီလထဲမှာ စမယ့် သင်တန်းကိုချီသခင် မလေးက သင်တန်းကာလပြီးဆုံးတဲ့ထိ ထောက် ပံ့ပေးနိုင်မလား ဒါဆိုရင် ကျုပ်ဘက်က နည်းပ ညာအချို့ လက်ဆောင်ပေးနိုင်ပါတယ်”

ချီရီရှင်းရဲ့ မျက်နှာက အနည်းငယ်ရွှင်လန်းသွား ခဲ့သည်။ ထောက်ပံ့ရမည်လား သူမအတွက်အ ကုန်အကျမများပေ။ သင်တန်းကာလမှာ တနှစ် ဖြစ်ပြီး ထိုကာလတလျှောက် သူမတို့ချီကုန်သ ည်အသင်းက အကုန်အကျခံရမည်ဖြစ်သည်။

“ကျမသဘောတူပါတယ်”

“ကောင်းပြီ နောက်ပြီး လက်ရှိချီသခင်မလေး တာဝန်ယူထားတဲ့ စီမံကိန်းအကြောင်း ကျုပ်ရဲ့ အဖိုးဝူလို့ ခေါ်တဲ့ လူယုံအမတ်ကြီးဆီ အချိန်နဲ့ တပြေးညီ ပို့ပေးစေချင်တယ် ဒါဆိုကျုပ်လည်း အချိန်ကုန်ခံပြီး စစ်ဆေးစရာမလိုတော့ဘူးပေါ့”

“စိတ်ချပါ စီမံကိန်းရဲ့အချက်အလက်ကို သေ ချာပြင်ဆင်ပြီး လစဥ်မှတ်တမ်းအနေနဲ့ ပို့ပေးပါ့ မယ်”

“ကောင်းတယ် ကောင်းတယ် ဒါဆိုကျုပ်တို့ရဲ့ သဘောတူညီချက် အကျုံးဝင်ပြီနော် ဟုတ်တ ယ်မလား ချီသခင်မလေး”

ကျိုးယန်က ပြုံးစစဖြင့် ချီရီရှင်းကို မေးလာသ ည်။ ဒီဂွင်ကို ကျိုးယန်စောင့်နေခြင်းဖြစ်သည်။ နည်းပညာလိုချင်တာလား လာယူလေ။ မင်းဘာ ပြန်လုပ်ပေးမလဲ ကျေနပ်လောက်စရာဆိုရင် သူ က ပေးရန် မတွန့်တိုပေ။ အဓိကအချက်မှာ ကုန် ကြမ်းဖြစ်သည်ကို သူတို့တချိန်နားလည်သွားပြီ နောက် ကျိုးယန်ဆီကိုသာ တဖန်ပြန်လာရပေဦး မည်။

“ဟုတ်ပါတယ် ကျမ ဒီကပြန်ရင် ထောက်ပံ့ရေး ကို စတင်လိုက်ပါ့မယ်”

ကျိုးယန်က သူ့ရဲ့သိုလှောင်လက်စွပ်ထဲမှ AK47 ပထမမျိုးဆက် နည်းပညာပါဝင်သည့် စာလိပ် အား ချီရီရှင်းထံ ကမ်းပေးလိုက်သည်။

“ဒီထဲမှာ ကျုပ်ရဲ့လက်နက်နည်းပညာတခုပါဝင် တယ် ချီသခင်မလေးတို့ အရင်လေ့လာဖို့တော့ လိုလိမ့်မယ်ထင်တယ် လက်နကိရဲ့အသုံးဝင်မှု ကိုတော့ ကျုပ်မရှင်းပြတော့ဘူး”

ချီရီရှင်းက တရိုတသေဖြင့် နည်းပညာစာလိပ် ကိုလှမ်းယူကာ သိမ်းလိုက်သည်။ ဒီတခေါက် တွေ့ဆုံမှုက သူမအတွက် အတော်ပင် အကျိုးရှိ သည်ဟု ဆိုနိုင်သည်။ ကြွယ်ဝသည့် ချီမိသားစု ကုန်သည်အနေဖြင့် သင်တန်းကာလတနှစ်ကို ထောက်ပံ့ပေးရခြင်းက မပြောပလောက်ပေ။

စကားအနည်းငယ်ပြောဆိုပြီးနောက် သူမကပြန် လည်ထွက်ခွာသွားခဲ့သည်။ မကြာမိ

ခန်းမထဲသို့ ကျိုးယင်ချင်းတယောက် လျှောက် ဝင်လာပြီး သူမက တမနက်လုံးအချိန်ယူကာ သင်တန်းအ တွက် လာရောက် လျှောက်ထား သူများကို အဖိုး ဝူနဲ့အတူ စစ်ဆေးလ က်ခံနေ ခြင်း ဖြစ်သည်။

“ဘယ်လိုလဲအစ်မတော် သင်တန်းအတွက်လူ ရွေးချယ်မှုက အဆင်ပြေရဲ့လား”

ကျိုးယင်ချင်းက ကျိုးယန်ရဲ့အမေးကို မဖြေခ င် ပင်ပန်းနေသည့်ဟန်ဖြင့် ထိုင်ခုံတခု၌ အရင် ဝင်ထိုင်လိုက်သည်။ပြီးနောက် လက်ဖက်ရည် တခွက် ငှဲ့ပေးရန် အစေခံအား ခိုင်းစေလိုက်သ ည်။

“ပထမအဆင့်ကတော့ ပြီးသွားပါပြီ စိုးရိမ်ရမှာ က ကျိုးပြည်ထောင်စုရဲ့ ပြင်ပကလူတွေများလွ န်းနေတာပဲ သူတို့က စည်းမျဥ်းသက်မှတ်ချက်နဲ့ ကိုက်ညီနေပြန်တော့ ဖယ်ထုတ်လို့မရပြန်ဘူး”

“ကိစ္စမရှိပါဘူး အစ်မတော်ရဲ့ သူတို့မှာအရည်အ ချင်းရှိရင် ဝင်ကြပါစေ နောင်တချိန်မှာ ကျိုးပြ ည်ထောင်စုအတွက် လုပ်သားတွေလို့ သဘော ထားလိုက်ပေါ့ ဒါနဲ့ အဲ့လူတွေထဲမှာ လင်းနဲ့လီ ပြည်ထောင်စုက လူတွေကိုကော သတိထားမိခဲ့ လား”

ကျိုးယန်ရဲ့အမေးကို ကြားလျင် ကျိုးယင်ချင်း က အတန်ငယ် တွေးနေလိုက်သည်။ ပြီးမှ

“လင်းပြည်ထောင်စုက တတိယသမီးတော်လေး ကိုတော့ တွေ့လိုက်မိတယ် သူမက ကျင့်ကြံသူ မဟုတ်တော့ ပါဝင်လို့ရပြီး အသက်ကလည်း မောင်တော့်သက်မှတ်ချက်ကို ပြည့်မီနေတယ် ဒါပေမယ့် လီပြည်ထောင်စုက လူကိုတော့အစ်မ တော် သတိမထားမိဘူး”

“ထားလိုက်ပါ သူတို့တင်မကပဲ စုန့် ဟုန် ဝူ နဲ့ တခြားပြည်ထောင်စုက နန်းတွင်းအနွယ်တွေပါ ဝင်မှာက ရာနှုန်းပြည့်ပဲ”

ကျိုးယင်ချင်းမှာ နည်းပညာနဲ့ပက်သက်၍ ယခု ထိလက်မခံလိုဟန် ရှိနေသေးသည်။ ပြင်ပပြ ည်ထောင်စုများကို မျှဝေခြင်းက လက်သင့်မခံ နိုင်စရာ အမှန်ဖြစ်သော်လည်း ကျိုးယန်ရဲ့အ တွေးက ထူးဆန်းနေသည်။

“မောင်တော် သူတို့က နည်းပညာကို ပြန်လည် အသုံးချနိုင်ရင်ကော ဒါက ကျိုးပြည်ထောင်စု ကိုတချိန်မှာ ပြန်ချိမ်းခြောက်လာမယ့်အရာတွေ မဟုတ်လား”

ကျိုးယန်က သက်ပြင်းချ၍

“အစ်မတော်အရမ်းတွေးနေပြီ သူတို့ကနည်းပ ညာအတိုင်း ထုတ်လုပ်နိုင်တယ်ထားဦး ဘာဖြစ် လဲ သူတို့ထက်ပိုမြင့်တဲ့နည်းပညာတွေကို ထုတ် လုပ်လို့ရသေးတယ်လေ နောက်ပြီး ပြည်ထောင် စုတွေကြားထဲ ကျိုးပြည်ထောင်စုတခုတည်း အ င်အားကြီးနေတာက ကောင်းတဲ့လက္ခဏာလို့ အ စ်မတော် ထင်လား တချိန်မှာ နည်းပညာအတွ က် ကျိုးပြည်ထောင်စုကို သေချာပေါက်ကျူး ကျော်လာလိမ့်မယ် အခုပဲကြည့် တင်ဒါစီမံကိန်း ကို သူတို့ရအောင်ဆွဲပြီး ကျိုးပြည်ထောင်စုထဲ စိမ့်ဝင်နေကြတယ် ဒါက သူတို့ရဲ့ပထမခြေလှမ် တခုပဲ”

ကျိုးယန်က နည်းပညာအပေါ် အခြားပြည်ထော င်စုများ သေချာပေါက် သတင်းကြားသိလိမ့်မ ည်ကို မျှော်မှန်းထားပြီးသား ဖြစ်သည်။ အထူး သဖြင့် ရိုင်းစိုင်းကြမ်းတမ်းသည့် အနောက်ပိုင်း ဒေသတခုလုံးအား အချိန်တိုအတွင်း သိမ်းသွင်း နိုင်ခဲ့ခြင်းကို မည်သူက ယုံကြည်မည်နည်း။ထို ကဲ့သို့ပြုလုပ်ရန် ကျိုးယန်တွင် ထိုအချိန်က လူ အင်အားမရှိခဲ့ပေ။ ခေတ်မီလက်နက်အားကိုး၍ ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ နောက်ပြီး ကျိုးချန် တို့ကို နှိမ်နင်းရာ၌ သံချပ်ကာကားများဝင်ရော က်တိုက်ခိုက်ခြင်း ဖြစ်စဥ်ကိုလည်း သိထားကြ ပေဦးမည်။ ထိုသတင်းများက ဖုံးလေပေါ်လေ ဖြစ်နေမည့်အစား အနည်းငယ်ချပြလိုက်ရ၍ အကျိုးမယုတ်နိုင်ချေ။

All Chapters