ဂိုဏ်းအသစ်ရဲ့လှုပ်ရှားမှုများ
Vol. 12 Ch. 174
အချိန်က နွေဦးမှ တဖန် နောက်တနှစ်သို့ကူး ပြောင်းသွားခဲ့သည်။ ကျိုးယန်သည် အထွဋ်အ ထိပ်အဆင့်၌ ရပ်တန့်နေပြီး စနစ်မှနောက်ထပ် တာဝန်အသစ်များ ထပ်မံမချပေးသည့်အပေါ် စိ တ်ခုနေခဲ့သည်။ သို့သော်လည်း စနစ်မှရရှိထား သည့် ကျင့်စဥ်များကို ဂရုတစိုက်လေ့လာနေပြီး ကျိုးယန်ရဲ့ အစီအရင်ပညာက တတိယအဆင့် ကို ရောက်ရှိနေခဲ့လေပြီ။
စီမံကိန်း၃ခုသည်လည်း ၈၀ ရာနှုန်းနီးပါးပြီး နောက်နေပြီ ဖြစ်ပြီး ဆရာအတတ်သင် သင်တ န်းမှာ အဆင်ပြေပြေလည်ပတ်နေခဲ့သည်။ ကျိုး ယန်မသိတာက ချီရီရှင်းသည် ကျိုးယန်ထံမှ ရ ရှိခဲ့သည့် နည်းပညာစာလိပ်ကို အသုံးချ၍ ချီအ မတ်ကြီးအား နန်းတွင်းအမတ်ရာထူးမှ အနားယူ ရန် ကူညီပေးနိုင်ခဲ့သည်။ ထိုအချက်သည် သေ တွင်းမှ ဆွဲထုတ်ခဲ့ခြင်းဖြစ်ပြီး ဟုန်ဝူကျင်းရဲ့သူ လျှိုမှာ သင်တန်းတက်ရောက်နေဆဲ ကာလ၌ ချီ ရီရှင်းမှ နည်းပညာတခုပေးအပ်နိုင်ခဲ့၍ စုန့်ဧက ရာဇ်ရဲ့ ချီးမြင့်မြှောက်စားမှုကို ခံခဲ့ရသည်။
အစစအရာရာက အဆင်ပြေပြေလည်ပတ်နေ သည်။ ကျိုးယန်သည် မြို့တော်အသစ်ဆီမှ မူ ကြမ်းများကို အဆက်မပြတ်စောင့်ကြည့်နေခဲ့ ပြီး တဖက်တွင်လည်း နန်းမြို့တော်သည် ပို၍ လှုပ်ရှားမှုများလာသည်။ အကြောင်းအရာမှာ ကျိုးယန်ရဲ့ နည်းပညာအသစ်ကို မြင်တွေ့ရန်ဆ န္ဒရှိနေသည့် ကုန်သည်များ ပြည်ထေင်စုများက ခြေချင်းလိမ်စွာ သွားလာနေကြသည် မဟုတ် လား။
ကျိုးယန်သည် မော်တော်ကားဟူသည့် အသုံး အနှုန်းအား လွန်ခဲ့သည့် လအနည်းငယ်ကစတ င်မိတ်ဆက်ပေးခဲ့ပြီး ကုန်သည်များအနေဖြင့် ထိုနည်းပညာကို အသုံးချ၍ စီးပွားရေးလမ်း ကြောင်းများစွာ ချဲ့ထွင်နိုင်သည်ကို သိစေခဲ့သ ည်။ တကယ်ကို ပွင့်လင်းမြင်သာသည့် ဧကရာ ဇ်တပါးပင်မဟုတ်လော။ ထိုကဲ့သို့လုပ်ရက်များ ကြောင့် နန်းတွင်း၌ ကျိုးယန်ကို ဝေဖန်သူများ လာသော်လည်း ကျိုးယန်ရဲ့ အထူးတပ်ဖွဲ့ဝင်မျာ လက်နက်ဆန်းများကြောင့် ပေါ်တင်တော့မပြော ဆိုရဲကြချေ။
အထူးတပ်ဖွဲ့ဝင်များသည် ဒေသ၄ခုလုံး၌ ဖြန့် ကျက်နေပြီး ကျိုးပြည်ထောင်စုရဲ့ အသက်သွေ ကြောပမာ စောင့်ရှောက်ပေးနေကြသည်။ မည် သူကမှ ထိုတပ်ဖွဲ့၏ ခွန်အားကို မေးခွန်းမထုတ် ရဲကြပေ။
အလယ်ပိုင်းဒေသ တမန်တော်အဖွဲ့ဌာနချုပ်….
လူစုလူဝေးတခုက တိတ်တဆိတ်စည်းဝေးနေ သည်။ အဓိကအကြောင်းအရာမှာ ကျိုးပြည် ထောင်စုအနှံ့ လှုံ့ဆော်ရန်ဖြစ်ပြီး ဧကရာဇ်ကျိုး ယန်ရဲ့ အရှိန်ကို ရပ်တန့်စေလိုခြင်းဖြစ်သည်။ ထို့အပြင် သူတို့၌ အခြားရည်ရွယ်ချက်တခုရှိ နေသေးသည်။
“အကြီးအကဲမာ အစီအရင်ကျောက်နဲ့ပက်သက် ပြီး ဘာသတင်းထူးသေးလဲ”
တမန်တော်အဖွဲ့ရဲ့ ဂိုဏ်းခွဲတာဝန်ခံက အကြီးအ ကဲမာ ဆိုသူကို မေးလိုက်သည်။
“လက်ရှိ ကျုပ်သိထားသလောက် အစီအရင် ကျောက်က ကျိုးပြည်ထောင်စုထဲမှ ရှိနေတယ် လို့ ယူဆရပါတယ် အဲ့အတွက် ဂိုဏ်းရဲ့ဌာနခွဲ အသီးသီးကို ဂရုတစိုက်ရှာဖွေဖို့ မှာကြားထားပါ တယ်”
ဂိုဏ်းခွဲတာဝန်ခံက ဦးခေါင်းကိုအသာညိတ်၍
“မြို့တော်အသစ်မှာရှိတဲ့ ရှသခင်လေးရဲ့အခြေ နေကို ပြောပြပေးပါဦး”
ထိုမေးခွန်းကိုတော့ အခြားအကြီးအကဲတဦး ဖြစ်သည့် ရှမိသားစုခေါင်းဆောင်က ဝင်ရောက် ဖြေကြားလေသည်။ (ကျိုးယန်သာ ရှမိသားစု ဝင်များ ဂိုဏ်းအသစ်နဲ့ဆက်စပ်နေသည်ကိုသိ လျင် အံ့သြသင့်မည်မှာ သေချာသည်။)
“ကျုပ်ရဲ့သားက မြို့တော်အသစ်ရဲ့ အားကစား ပြိုင်ပွဲမှာ ပထမရခဲ့ပြီး လူထုလွှမ်းမိုးမှုကို ပြည့် ပြည့်စုံစုံလုပ်နိုင်ခဲ့ပါတယ် ဒါပေမယ့် အစီအရင် ကျောက်က အနောက်ပိုင်းဒေသမှာ ရှိလိမ့်မယ် လို့တော့ ကျုပ်မထင်မိပါဘူး”
“ခဗျားရဲ့အထင်ကို ကျုပ်ဂရုမစိုက်ဘူး ကျုပ်လို ချင်တာက ခဗျားရဲ့သားအနေနဲ့ မြို့တော်အသ စ်က အင်အားစုနဲ့ ပြည်သူတွေအပေါ်ချုပ်ကိုင် ထားနိုင်ရင်ရပြီ ဒါက နောင်တချိန်မှာ ကျိုးပြည် ထောင်စုကို ကျုပ်တို့လွှမ်းမိုးရာမှာ အကူညီဖြစ် စေလိမ့်မယ်”
ဂိုဏ်းခွဲတာဝန်ခံရဲ့စကားက မှန်ကန်ပေသည်။ နှလုံးမဒ့ ချောက်နက်မှ အစောင့်သားရဲနှစ်ကော င် သေဆုံးရမှုအပေါ် ဂိုဏ်းရဲ့ဌာနချုပ်မှာစစ် ဆေးခဲ့သော်လည်း တိကျတဲ့အဖြေတခုမရရှိခဲ့ ကြချေ။ ထိုနေရာသည် တမန်တော်များအဖွဲ့ရဲ့ အဓိက နေရာတခုဖြစ်ပြီး အစီအရင်မှတဆင့် လမ်းကြောင်းတခု ဖော်ဆောင်ကာ ထိုချောက် နက်ကို အခြားသူများမဝင်ရောက်စေရန် သားရဲ နှစ်ကောင် စောင့်ခိုင်းထားခြင်းဖြစ်သည်။
ယခုသားရဲများမရှိတော့၍ အစောင့်တာဝန်က သူတို့ထံကျရောက်လာသည်။
“တောင်ပိုင်းဒေသက ဌာနခွဲဆီသတင်းပို့လိုက် ပကတိရှင်သန်ခြင်း အထွဋ်အထိပ်အဆင့်၅ဦး နဲ့ အဲ့အဆင့်အောက် လူ၂၀ နှလုံးမဲ့ချောက်နက်ကို ပြင်ပလူမဝင်အောင် စောင့်ရှောက်ဖို့ ပြောလိုက် ကြ အဲ့တာဝန်က အရေးကြီးတယ် မပေါ့ဆနဲ့”
“ဂိုဏ်းခွဲမှူး နှလုံးမဲ့ချောက်နက်က အပြင်လူဝင် ဖို့မလွယ်ပါဘူး အထွဋ်အထိပ်အဆင့်ပညာရှင် ၅ဦးထိ သုံးတာက သင့်တော်ပါ့မလား”
ထိုသူရဲ့အမေးကိုကြားလျင် ဂိုဏ်းခွဲတာဝန်ခံက ထိုင်ခုံလက်တန်းကို ပြင်းစွာရိုက်လျက် ဒေါသ ကြိီးပြောလာသည်။
“ဒါဆို ခဗျားပြောချင်တာက အစောင့်သားရဲနှစ် ကောင်က သူ့ဘာသာသူ သေတာလား”
“အဲ့ အဲ့လိုမဟုတ်ပါဘူး”
“ဘာမှထပ်မပြောနဲ့ ကျုပ်ပြောတဲ့အတိုင်းသာ လုပ်ကြ ခဗျားတို့တာဝန်မကျေရင် အထက်က ခဗျားတို့ကို သနားမှာမဟုတ်ဘူး”
ဂိုဏ်းခွဲတာဝန်ခံရဲ့ စကားအဆုံးတွင် စုဝေးမှု၌ ရှိနေသည့် လူများအားလုံး တုန်ယင်သွားကြသ ည်။ အထက်ဆိုသည် အရာကားအဘယ်နည်း။ သူတို့ကောင်းစွာ သိထားကြသည်။
“ဒီ နှစ်ထဲ ပြည်ထောင်စုအနှံ့ ပုန်ကန်မှုအသေး စားတွေဖန်တီးပြီး ကျုပ်တို့ရဲ့ အစီအရင်ကျော က် ရှာဖွေတဲ့လုပ်ငန်းစဥ်ကို ဖုံးကွယ်ရမယ်”
“စိတ်ချပါ ဌာနခွဲအသီးသီးက လက်သပ်မွေး ထားတဲ့ လူတွေအကုန်စီစဥ်ပြီးပါပြီ သူတို့ကပုန် ကန်မှု လမ်းကြောင်းစတင်တာနဲ့ ကျုပ်တို့အကြီ အကဲတွေက အစီရင်ကျောက်ကို အရှိန်အဟုန်နဲ့ ရှာဖွေဖို့ ကြိုးစားမှာပါ”
အကြီးအကဲမာက ပြောကြားလိုက်သည်။ အစီ အရင်ကျောက်သည် တမန်တော်များအဖွဲ့ဂိုဏ်း အတွက် အလွန်အရေးပါပြီး မည်သည့်အမှားမှ ပြုလုပ်၍ မရချေ။ အထူးသဖြင့် သူတို့ကိုစောင့် ကြည့်နေသည့် ဧကရာဇ်ကျိုးရဲ့ မျက်လုံးများ အောက်၌ ပို၍ သတိထားရန်လိုသည်။
“အစောင့်သားရဲ သေဆုံးမှုက လက်ရှိဧကရာဇ် ကျိုးယန်ရဲ့ စနက်မကင်းဘူးလို့ ယူဆတယ်”
ရှမိသားစုခေါင်းဆောင်က တွေးတွေးဆဆပြော လာသည်။ ထိုစဥ် ဂိုဏ်းခွဲတာဝန်ခံက သိလိုဟန် ဖြင့်
“ဘာအတွက် အဲ့လိုထင်ရတာလဲ”
“ဝိဉာဥ်မျိုးနွယ်ထဲမှာ ရှိတဲ့ တတိယမင်းသမီးက မကြာခင်မှာ ကျိုးဧကရာဇ်ရဲ့ မိဖုရားဖြစ်လာဖို့ ရှိတယ်လို့ ကြားတယ်နောက်ပြီး နှလုံးမဲ့ချောက် နက် လှုပ်ရှားမှုကို ပထမဆုံးသတိပြုမိတာက ဝိဉာဥ်မျိုးနွယ်မဟုတ်လား သူတို့ကတဆင့် ဧက ရာဇ်ကျိုး ဆီပေါက်ကြားသွားလို့များ ဧကရာဇ် က ဖြေရှင်းလိုက်တာလို့ ကျုပ်ထင်နေမိတယ်”
“အင်း…ဖြစ်နိုင်ချေတော့ရှိတယ် ဒါပေမယ့် ကျု ပ်တို့ရဲ့အစောင့်သားရဲနှစ်ကောင်က လူသားကျ င့်ကြံဆင့်အရဆို အနည်းဆုံးပထမအသွင်ပြော င်းခြင်းမှာ ရှိနေတယ်မဟုတ်လား လက်ရှိကျိုး ပြည်ထောင်စုမှာ အဲ့လောက်မြင့်မားတဲ့ပညာရှင် ကျုပ်သတိမထားမိဘူးနော်”
“ တာဝန်ခံက ဧကရာဇ်ကျိုးရဲ့ လက်နက်ဆန်း တွေကို မေ့နေတာများလား”
“ဒါ…..အဟုတ်ပဲ”
စုဝေးပွဲရှိလူများက လက်နက်ဆန်းဟုကြားသ ည်နှင့် လေးနက်သွားကြသည်။ မကြာသေးမီက ဆရာအတတ်သင်အတွက် ဂိုဏ်းမှ လူအချို့ စေလွှတ်ခဲ့သော်လည်း ကျင့်ကြံသူဖြစ်နေသည် ကတကြောင်း သာမန်လူများထပ်မံစေလွှတ်ခဲ့ သော်လည်း ရွေးချယ်မခံရသည့်အတွက် နည်း ပညာနဲ့ပက်သက်ပြီး သူတို့အချက်အလက်များ မရနိုင်တော့ချေ။
“ကိစ္စမရှိပါဘူး ကျုပ်တို့မလှုပ်ရှားလည်း တခြာ ပြည်ထောင်စုတွေက ကျိုးပြည်ထောင်စုရဲ့နည်း ပညာကြောင့် အချိန်ကျရင် လှုပ်ရှားကြမှာပါ လက်ရှိ လုပ်ရမှာက အစီအရင်ကျောက် ရှာဖွေ မယ့်ကိစ္စပဲ အမြန်ဆုံးစတင်လိုက်ကြတော့”
“ကောင်းပါပြီ”
ထိုအချိန်တွင် ကျိုးယန်တယောက် ခန်းမထဲ၌ ရှိ နေပြီး အဖိုးဝူ တပ်မှုးတောက်ချင်တို့နဲ့စကား ပြောဆိုနေလေသည်။
“အဖိုးဝူ ဂိုဏ်းအသစ်ရဲ့လှုပ်ရှားမှုတွေကို ဒေသ အသီးသီးက အစီရင်ခံတယ်မဟုတ်လား ဘာထူ ခြားတာရှိလဲ”
ကျိုးယန်ရဲ့အမေးကို အဖိုးဝူက လေးလေးနက်န က်ဖြင့် ပြန်ဖြေသည်။
“ကျိုးပြည်ထောင်စုထဲမှာတော့ သူတို့လှုပ်ရှားမှု တွေ ငြိမ်သက်နေတယ် ဒါပေမဲ့ အခြားပြည် ထောင်စုတွေမှာ ဌာနခွဲအသစ်တွေ ထပ်မံဖွင့်လှ စ်နေတယ်လို့ ကြားမိတယ်”
“ငြိမ်သက်နေတယ် ဟုတ်လား သူတို့က အခွန် ဆောင်နေရုံနဲ့ ဘယ်ကဝင်ငွေလမ်းကြောင်းတွေ ဖန်တီးပြီး တည်ရှိနေတာလဲ စိတ်ဝင်စားစရာပဲ”
တပ်မှူးတောက်ချင်က ဝင်ရောက်ပြောကြားလာ သည်။
“သူ တို့မှာ စီးပွားရေးလမ်းကြောင်းမရှိပါဘူး ဒါ ပေမယ့် ကျင့်ကြံရေးအရင်းအမြစ်တွေက တက ယ်ကို ပေါများလွန်းတယ် ဌာနခွဲအသီးသီးမှာရှိ တဲ့ ကျုပ်တို့လူတွေရဲ့ သတင်းပေးချက်အရ အ နိမ့်ဆုံးဂိုဏ်းသားတောင် သိုင်းပညာရှင်အဆင့် မှာရှိနေပြီး သူတို့ရတဲ့ အရင်းအမြစ်တွေက ဒီ လောကရဲ့ အရင်းအမြစ်တွေနဲ့ ကွဲပြားနေတယ် လို့ ပေးပို့ထားကြတယ်”
ကျိုးယန်လည်း အနည်းငယ်လေးနက်သွားရသ ည်။ မသိစိတ်၌ ငရဲတမန်တော်များဖြစ်နေမည် လားဟု အကြိမ်ကြိမ်တွေးနေမိသော်လည်း ထို ဂိုဏ်းမှ ကျင့်ကြံသူများမှာ ငရဲတမန်တော်များရဲ အသွင်အပြင် လုံးဝမရှိပေ။ ထိုအချက်က စဥ်း စားစရာ ဖြစ်နေပြန်သည်။ မည်သို့ပင်ဆိုစေကာ မူ စီမံကိန်း၃ခုက လအနည်းငယ်အတွင်းပြီး မြောက်မည်ဖြစ်ပြီး ကျိုးပြည်ထောင်စုရဲ့တက ယ့်အလှည့်အပြောင်းကာလ၌ မည်သည့်အန္တရာ ယ်မှ မဖြစ်စေလိုပေ။ အဓိကအားဖြင့် တည်ငြိမ် စပြုနေသည့် ပြည်သူများအပေါ်၌ ဖြစ်သည်။