← Chapters

လီဧကရာဇ်ရဲ့ အကြံစည်

Vol. 12 Ch. 176

လီဧကရာဇ်ရဲ့ အကြံစည်

Vol. 12 Ch. 176

ကျိုးယန်သည် တပ်မှူးတောက်ချင်နဲ့ အဖိုးဝူ တို့ အားအထူးတပ်ဖွဲ့ဝင်များကို ဦးစီးစေကာနန်းတွ င်းတပ်ဖွဲ့အချို့နဲ့အတူ ထိစပ်ဒေသရဲ့ ပုန်ကန်မှု များကို ထိန်းချုပ်စေသည်။

“အဖိုးတို့ သတိထားရမှာက ပုန်ကန်မှုရဲ့နောက် မှာ ပိုလေးနက်တဲ့ အကြောင်းအရာရှိနိုင်လို့ စုံစ မ်းစစ်ဆေးရေးကိုလည်း အာရုံစိုက်ဖို့လိုတယ်”

“ သေချာပေါက်ပဲပေါ့ မကြာခင်မှာပဲ သူတို့ဘ က်က တောင်းဆိုမှုတွေ ပို့လာနိုင်တယ် ကျတော့် အထင် လင်းပြည်ထောင်စုထဲမှာ အခြေချနေတဲ့ စက်ရုံခွဲတွေလိုမျိုး သူတို့နဲ့အတူ လက်နက်နည်း ပညာကို လေ့လာခွင့်တောင်းတမျိုး ဖြစ်နိုင်ချေ ရှိတယ်”

ကျိုးယန်ရဲ့စကားက ရာနှုန်းပြည့်နီးပါး မှန်ကန် နေသည်။ လီဧကရာဇ်သည် နယ်စပ်ဒေသရှိ အ သေးအမွှားထိခိုက်မှုအပေါ် ပုံကြီးချဲ့ကြေငြာစေ ပြီး ထိုအရာများအတွက် ကျိုးပြည်ထောင်စုမှ တာဝန်ရှိသည်ဟု စွပ်စွဲခဲ့သည်။ ထို့ကြောင့် ကျိုး ဧကရာဇ်မှ ရွှေစသန်း ၅၀၀ နဲ့ လက်နက်နည်းပ ညာ၃မျိုး ပေးအပ်ရန် သံတမန်မှတဆင့် ပေးပို့ လာသည်။

လင်းပြည်ထောင်စုထဲရှိ ကျိုးဧကရာဇ်ရဲ့ ပြည် တွင်းစစ် မွေးမြူသည့်နည်းလမ်းကို လီဧကရာဇ် သည် ကြောက်ရွံနေခဲ့သည်။ ထိုအတွက် စက်ရုံ ခွဲများ အခြေချခွင့်မပေးပဲ နည်းပညာကိုသာတို က်ရိုက်တောင်းဆို ခြင်းဖြစ်သည်။ ထို့အပြင် တ ဖက်၌ လီရှို့ချင်နဲ့ လင်းယုယန်တို့၏ မဂ်လာသ တင်းကို ထုတ်ပြန်ကြေငြာလိုက်ကာ ထိုမဂ်လာ ပွဲ ဖြစ်မြောက်မှုက လင်းပြည်ထောင်စုအပေါ်တ င်ရှိနေသည့် ကြွေးမြီးများကို အတိုးမဲ့နှစ်၅၀ သ က်သာခွင့်နဲ့အတူ ထုတ်ပြန်ခဲ့သည်။

အလွန်ရက်စက်သည့် နှစ်ဖက်သွားဓားဖြင့်ထိုး နှက်ခြင်းဖြစ်သည်။ လင်းပြည်ထောင်စုသည် ကျိုးဧကရာဇ်ရဲ့ အကူညီဖြင့် နည်းပညာများကို ထိတွေ့နိုင်သော်လည်း နွမ်းပါးနေသည့်ပြည် ထောင်စုတခု၏ လိုအပ်ချက်က လက်နက်နည်း ပညာဟုတ်မနေပေ။ သို့သော် ကျင့်ကြံရေးလော က၏ စံနှုန်းကိုသာ ရှုမြင်တတ်သည့် လင်းဧက ရာဇ်က ခွန်အားအတွက် လက်နက်နည်းပညာကို အာရုံစိုက်ခဲ့ပြီး ကျင့်ကြံသူမဟုတ်သည့် ပြည် သူများရဲ့ ထိခိုက်မှုကို ဂရုမစိုက်ခဲ့ပေ။

အဘယ့်ကြောင့် လီဧကရာဇ်က လင်းပြည်ထော င်စုအပေါ် ဖိအားတိုးလာသနည်း။ ရှင်းပါသည် ကျိုးဧကရာဇ်ရဲ့ အတွေးကိုရှုပ်ထွေးစေလိုပြီး လင်းပြည်ထောင်စုအပေါ် မကူညီနိုင်စေရန် ဖိ အားများ ပေးနေခြင်းဖြစ်သည်။ ထိုအကွက်က ရိုးစင်းကာ အမှန်တကယ်ထိရောက်သည်။

ကျိုးယန်သည် လီဧကရာဇ်ရဲ့ ထုတ်ပြန်မှုကိုသိ လျင် သိချင်း ဒေါသပေါက်ကွဲခဲ့သည်။ ဘယ်အ ချိန်တုန်းကများ ကျင့်ကြံရေးဧကရာဇ်များက သာမန်ပြည်သူများ၏ ထိခိုက်မှုကို ဂရုစိုက်တ တ်သွားသနည်း။ ပိုဆိုးသည်က လီနယ်စပ်ကို ထိခိုက်စေသည်က ကျိုးပြည်ထောင်စုမှမဟုတ် သေးပေ။ လျော်ကြေးတောင်းဆိုသည်ကပင် လွန်နေခဲ့ပြီး နည်းပညာများကို ပေါ်တင်တောင်း ဆိုသည်ကတော့ မျက်နှာပြောင်တိုက်ရာကျသ ည်။

“ဟမ့် လီပြည်ထောင်စုက အရှက်မဲ့တာပဲ အခု တပ်မှူးတောက်ချင်နဲ့ အထူးတပ်ဖွဲ့တွေကြောင့် ပုန်ကန်မှုကို ထိန်းချုပ်လိုက်နိုင်ပြီး လီနယ်စပ် ဒေသကလည်း တညငြိမ်စပြုနေပြီမဟုတ်လား”

ကျိုးယင်ချင်း၏ မကျေမနပ်ဖြစ်နေသည့် စ ကားသံက ထွက်ပေါ်လာသည်။ သူမနည်းတူ စုယင် ဟွာမုန့်ယင်ကဲ့သို့ ကျိုးယန်နဲ့နီးစပ်ပြီး အ တူတကွနေ သူများကလည်း စိတ်တိုနေခဲ့ကြပြီး ထိုပြဿနာကို ကျိုးယန်အား အမြန်ဖြေရှင်းစေ လိုနေသည်။

“စိတ်ကိုလျှော့ပါအစ်မတော် ပြဿနာတွေက မိဖုရားတင်မြှောက်မယ့် ပွဲနီးလာချိန်မှာ ထူးထူး ဆန်းဆန်း ဖြစ်ပျက်နေတယ် လီနယ်စပ်ကိစ္စက လည်း ကျုပ်တို့တာဝန်မကင်းပါဘူး ဒီအတွက် သူတို့ရဲ့တောင်းဆိုမှုကို ညှိနှိုင်းဖို့အချိန်ယူမှာပါ တကယ်စိုးရိမ်ရမှာက ပြည်ထောင်စုဆွေးနွေးပွဲ မတိုင်မီ လင်းပြည်ထောင်စုသာ အသိမ်းခံခဲ့ရရ င် အဲ့မှာအခြေကျနေတဲ့ စက်ရုံခွဲတွေရဲ့ လုံခြုံမှု ပဲ နောက်တခုက ပုန်ကန်မှုတွေကို ထိန်းချုပ်ထာ နိုင်တာက ပြဿနာကိုအပြီးမသတ်သေးဘူး”

ကျိုးယန်ရဲ့ ဆိုလိုရင်းက ရှင်းပါသည်။ ပုန်ကန် မှုကို လအနည်းငယ်အတွင်း ထိန်းချုပ်နိုင်ခဲ့ရင် တောင် ပျောက်ကွယ်သွားမည် မဟုတ်ချေ။အ ဘယ်ကြောင့်ဆိုသော် ထိုအဖြစ်အပျက်များကို ဖန်တီးနေသည့် နောက်ကွယ်မှ အင်အားစုကြော င့်ဖြစ်သည်။ မည်သည့်အင်အားစုက ထိန်းချုပ် နေသနည်း။ လီပြည်ထောင်စုလား သို့မဟုတ် စုန့်ပြည်ထောင်စုလား။ အလေးအနက်ထားရန် လိုအပ်သည်။

တောက်ချင်၏ ပေးပို့ချက်အရ ပြည်ထောင်စု တခုလုံး၌ လှုပ်ရှားမှုများမှာ မသက်ာစရာဖြစ် နေပြီး အထူးသဖြင့် အန္တရာယ်များပြီး လူသူ ရှင်းတဲ့ ဒေသများကို လူအဝင်အထွက်များလာ ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ကျင့်ကြံရေး လောက၌ ထိုကဲ့သို့ ရှေးဟောင်းနေရာများကိုဝင် ရောက်၍ ရတနာရှာဖွေသည့် အဖြစ်ပျက်များ စွာရှိခဲ့သည်။ သို့သော် ယခုအချိန်၌ ပြည်ထောင် စုတခုလုံး လှုပ်ရှားသက်ဝင်နေခြင်းက စိုးရိမ်စ ရာမဟုတ်လော။

ဘာတွေဖြစ်နေတာလဲ။ ဘယ်အဖွဲ့စည်းက လှုပ် ရှားနေတာလဲ။ ကျိုးယန်သည် အတွေးများနေစ ဥ် မြို့တော်အသစ်ဆီမှ သတင်းပေးပို့ချက်တခု ရရှိလာသည်။ ထိုပေးပို့ချက်ကို ကိုင်ရီရီမှပေးပို့ လာခြင်းဖြစ်ပြီး မြို့တော်အသစ်ထဲ၌ အင်အား စုများ ပိုမိုဝင်ရောက်လာပြီး အနောက်ပိုင်းဒေသ အတွင်း စူးစမ်းသူများ ရှုပ်ထွေးလာသည့်အ ပေါ်မည်ကဲ့သို့ ကိုင်တွယ်ရမည်အား အကြံတော င်းခံခြင်းဖြစ်သည်။

ဟူးး…။ငါအပြင်ထွက်မှ ရတော့မယ်။ မကြာခင် မှာ လီပြည်ထောင်စုဘက်က သံတမန်တွေနဲ့ဆုံ ပြီးရင် ကျိုးပြည်ထောင်စုရဲ့ အခြေနေကိုသိရဖို့ နေရာအနှံ့ ထွက်ရတော့မယ်တူပါရဲ့။ ကျိုးယန် သည် လီဧကရာဇ်ရဲ့တောင်းဆိုမှုကို သဘောတူ မည့်အကြောင်း လုံးဝမတွေးထားပေ။ သူ့အနေ ဖြင့် စေ့စပ်ညှိနှိုင်းရေးကို လက်ခံနိုင်သည့်အ တိုင်းတာထိ လျှော့ချရန်သာ ကြိုးစားမည်ဖြစ် ပြီး လက်ရှိသူသွားလိုနေသည်က မြို့တော်အသ စ်နားရှိ အနောက်ပိုင်းတောတွင်းထဲသို့ဖြစ်သည် မည်သည့်ရတနာများပေါ်ထွက်လာ၍ လှုပ်ရှားမှု များ ဖြစ်ပေါ်နေသနည်း သူသိလိုသည်။

All Chapters