လီပြည်ထောင်စုရဲ့သံတမန်များ
Vol. 12 Ch. 177
ထိုရက်များ၌ ကျိုးယန်သည် တပ်မှုးတောက်ချ င်နှင့် မြောက်ပိုင်းဒေသကို လတ်တလောအုပ်ချ ပ်ထားသည့် ကျိုးယွမ် ကျိုးစုလင်းတို့ထံမှပေးပို့ ချက်များကို လေ့လာနေခဲ့သည်။ ပုန်ကန်မှုအ ရေးအခင်းသည် သေးငယ်သည့် လှုပ်ရှားမှုလေ သာဖြစ်ပြီး ထိုအရာက အာရုံလွှဲသည့်အချက်တ ခုဖြစ်နေမည်ကို စိုးရိမ်ခဲ့သည်။
အဓိကအားဖြင့် မြောက်ပိုင်းနဲ့ထိစပ်နေသည့် လီ ပြည်ထောင်စု၏ ကျေးရွာ၃၀ နီးပါးပျက်စီးခဲ့ရ ပြီး သာမန်ပြည်သူ ၂၀၀၀ ကျော်သေဆုံးရခြင်း အတွက် လီပြည်ထောင်စုမှ ဖိအားပေးလာခြင်း မှာ လီပြည်ထောင်စု၏ ကစားကွက်တခုဖြစ်နေ မလားဟု ကျိုးယန်တွေးထင်သည်။ ဖြစ်နိုင်ချေ ကအလွန်နည်းပါသည်။ အဘယ့်ကြောင့်ဆို သော် ထိုပြည်ထောင်စုများသည် နယ်စပ်ဒေသ များကို မဆိုထားနှင့် မြို့ကြီးများရှိ ပြည်သူများ ကိုပင် ကျွန်များသဖွယ် သဘောထားလေ့ရှိပြီး ထိုသူများရဲ့ အခြေနေကိုလျစ်လျူရှုလေ့ရှိသ ည်။ မည်သူက ကိုယ့်ပြည်သူကို ခုတုံးလုပ်၍ နိုင်ငံရေး ကစားကွက်ဖော်မည်နည်း။
သို့သော် လီပြည်ထောင်စုရဲ့အမြင်၌ ကျိုးယန်ရဲ လက်နက်အပေါ် အာရုံထားမှုအပေါ်လိုက်ကာ ဖြစ်နိုင်ချေအားလုံးကို တွက်ဆထားရမည်။ တ ဖက်တွင် ကျိုးယန်သည် ဂိုဏ်းအသစ်ကိုအနည် ငယ် စိတ်ထဲထင့်နေပြန်သည်။ ထိုဂိုဏ်းအသစ် သည် မည်သည့်လမ်းကြောင်းပေါ်ကိုမှ ခြေချခြ င်းမရှိပဲ ရပ်တည်နေပြီး လှုပ်ခတ်မှုရှိနေစဥ်ပင် တည်ငြိမ်စွာပြုမူနေသည်။
ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ကျိုးယန်ရဲ့ ဧည့်ခန်းမထဲသို့ လီပြည်ထောင်စု၏သံတမန်မျာ တွေ့ဆုံရန်ဖြစ်လာသည်။ လီသံတမန်များသည် လီဧကရာဇ်၏ တောင်းဆိုချက်များကို ပြောင် ပြောင်တင်းတင်း သယ်ဆောင်လာပြီး မူလကျိုး ယန်သိထားသည့် အချက်အလက်များအတိုင်း ဆုံးရှုံးမှုများကို ပုံကြီးချဲ့ကာ လျော်ကြေးတော င်းယူရန် စကားစလာသည်။
“လက်ရှိမှာ ကျုပ်တို့နယ်စပ်တလျှောက် တည်ငြိ မ်မှူကို ဧကရာဇ်ကျိုးဘက်က ဆောင်ရွက်ပေး နေတယ်ဆိုပေမယ့် ဆုံးရှုံးမှုတွေကိုတော့ မမြင် ယောင်ဆောင်လို့မရပါဘူး မဟုတ်ရင် ကျုပ်တို့ ဧကရာဇ်က ပြည်သူတွေကို ဘယ်လိုမျက်နှာပြ ရမလဲ”
ပြည်သူတွေကို မျက်နှာပြဖို့လား။ ပြစရာမျက် နှာကော မင့်တို့ဧကရာဇ်တွေမှာ ရှိရဲ့လား။ဘယ် ကျင့်ကြံရေး ဧကရာဇ်တပါးက ပြည်သူတွေကို ဂရုစိုက်တယ်ဆိုတာ ရှိခဲ့လို့လဲ။ အတော်လေးဟ န်ဆောင်ကောင်းတဲ့သူတွေပဲ။
ကျိုးယန်သည် လီသံတမန်များရဲ့စကားကိုကြာ လျင် နှာခေါင်းရှုံ့လိုက်သည်။ ထိုနည်းတူစွာပင် ကျိုးယန်၏ ဘေး၌ထိုင်နေသည့် ကျိုးယင်ချင်း သည်လည်း လီပြည်ထောင်စု၏ ကစားကွက်အ ပေါ် ရယ်ချင်နေခဲ့သည်။ ကျေးရွာများကိုဖျက် စီးသည့် တရားခံက ဘယ်သူနည်း။ ကျိုးပြည် ထောင်စုမှ ဟုတ်မဟုတ်ပင် မသေချာချေ။ထိုအ ချက်ကိုမှ ကျိုးပြည်ထောင်စုဆီ ခေါင်းစဥ်တပ် ခြင်းက ကလေးဆန်ပါသည်။
“ဖြစ်သွားခဲ့တဲ့ ပြဿနာရဲ့ဇာစ်မြစ်ကို ကျုပ်တို့ ဘက်က စုံစမ်းနေပါပြီ ခဗျားတို့သိထားဖို့က ပု န်ကန်မှုတွေအားလုံး လီနယ်စပ်မှာပဲ ဖြစ်ခဲ့တာ မဟုတ်ဘူး ဆိုတဲ့အချက်ပဲ ထိစပ်ဒေသ၄ခုလုံး မှာဖြစ်ခဲ့ပြီး မထင်မှတ်ပဲ လီပြည်ထောင်စုက ကျေးရွာတွေ ဆုံးရှုံးသွားရတာကိုတော့ ကျုပ်အ နေနဲ့ စိတ်မကောင်းပါဘူး”
ကျိုးယန်က အလိုက်အထိုက်ပြန်ပြောရင်း လီ သံတမန်များရဲ့ မျက်နှာများကို အကဲခတ်နေခဲ့ သည်။ ထိုသူများသည် နှစ်ဦးတည်းလာရောက် ခဲ့ကြပြီး ကျင့်ကြံသူများဖြစ်သည့် အပြင်ပက တိရှင်သန်ခြင်း အဆင့်၆ ၇ များဖြစ်ကြ၍ အား ကောင်းသည်ဟု ယူဆနိုင်သည်။
“ဧကရာဇ်ကျိုးက သဘောပေါက်လွယ်သားပဲ ဒါဆို စကားပြောရလွယ်သွားပါပြီ ဒီမှာကျုပ်တို့ ဧကရာဇ်ရဲ့ စာလွှာပါ”
သံတမန်တဦးက ကျိုးယန်ဆီ လီဧကရာဇ်မှပေး ပို့သည့်စာလွှာအား အပ်နှံသည်။ ကျိုးယန်သည် အစီအရင်သုံး၍ ချိတ်ပိတ်ထားသည့် စာလွှာကို အသာအယာပင် ဖျက်စီးလိုက်သည်။ ပြီးနောက် စာကိုဖတ်ကြည့်လိုက်သည့်အခါမှာတော့ လီဧ ကရာဇ်သည် ကျိုးပြည်ထောင်စုထံမှ လျော် ကြေးအနေဖြင့် ရွှေစသန်း၅၀၀ အပြင် လက်န က်ငယ် ပြုလုပ်တဲ့နည်းပညာ၃ခုကို မူလကြေငြ ချက်ထုတ်သည့်အတိုင်း ထပ်တူညီစွာတောင်း ဆိုထားသည်ကို တွေ့လိုက်ရသည်။
ဟမ့်… မျကိနှာပြောင်တိုက်ချက်က လွန်ရောပဲ။ နှစ်ဖက်နယ်စပ်မှာ ဖြစ်တဲ့ပြဿနာကို အတူရှင်း ဖို့မကြိုးစားပဲ ဆုံးရှုံးမှုသီးသန့်ကိုပဲ တင်ပြတော င်းဆိုနေတယ်။ ဘယ်လိုတောင်အရှက်မဲ့ရသလဲ ကျိုးယန်သည် စာလွှာအား ကျိုးယင်ချင်းထံက မ်းပေးလိုက်သည်။ ပြီးနောက်
“ကျုပ်တခုမေးပါရစေ.. နယ်စပ်ဒေသရဲ့ပုန်ကန် မှုမှာ ကျုပ်တို့ဘက်က ကျေးရွာအချို့လည်းပျ က်စီးခဲ့တယ်လို့ ကျုပ်ရဲ့စစ်သူကြီးတွေဆီက သ တင်းပို့ချက်ရထားတယ် ဒါဆို အဲ့ဒီပျက်စီးမှုအ တွက် ဘယ်သူကပေးလျော်မှာလဲ”
“ဒါက…”
သံတမန်များရဲ့မျက်နှာတွေဟာ ရှုံ့မဲ့သွားရသ ည်။ သူတို့သည်လည်း နှစ်ဖက်ကျေးရွာများပျ က်စီးရခြင်းကို ကြားသိထားပြီဖြစ်သည်။ ထို့ ကြောင့် ကျိုးဧကရာဇ်ကဲ့သို့ ပြည်သူများအပေါ် စစ်မှန်သည့် ဧကရာဇ်တပါးအနေဖြင့် ပြည်သူ ကိုခုတုံးလုပ်၍ နိုင်ငံရေးကစားကွက်များ ခင်း ကျင်းသည်က ဖြစ်တန်ပါ့မလား။ ဒါဆိုပုန်ကန်မှု က မည်သူလက်ချက်နည်း။ ပူးပေါင်းအဖြေရှာ ရန်လိုအပ်သည်။
“ကျုပ်အများကြီးမပြောတော့ဘူး ပြဿနာကို ဖြစ်စေတဲ့ ဇာစ်မြစ်ကို မသိရပဲ ကျုပ်ဆီကအခု လိုလျော်ကြေးလာတောင်းနေတာက မင့်တို့ရဲ့ ကလေးဆန်တဲ့စိတ်ကူးတွေပဲ မဖြည့်ဆီးနိုင်တာ ကို နားလည်မယ်လို့ထင်တယ် တကယ်လို့ဖြစ် စဥ်ရဲ့တရားခံကို ဖော်ထုတ်ပြီး နောက်ကွယ်က တရားခံသာ ကျိုးပြည်ထောင်စုက ပြည်သူတစ် ဦးပါဝင်နေခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကျုပ်တို့ ဘက်က အင်အားကြီးအဖွဲ့စည်း ရိုဏ်းဂဏတွေ ရဲ့ပယောဂ မကင်းဘူးဆိုရင် မင်းတို့တောင်းဆို တာကို စဥ်းစားပေးမယ် ဒါက ကျုပ်ပေးတဲ့အ ဖြေပဲ”
ကျိုးယန်က တင်းမာပြတ်သားစွာ ပြောလိုက်သ ည်။ ပုန်ကန်မှုအခြေနေများကို ယခုထိကိုင်တွ ယ်နေဆဲ ဖြစ်ပြီး အဖြေတခုပင် မထွက်သေးပေ ထိုအချိန်၌ နှစ်ဖက်ပူးပေါင်း၍ မဖြေရှင်းပဲ တဖ က်သတ် လျော်ကြေးတောင်းဆိုသည်ကို မည် သည့်နည်းနဲ့မှ လိုက်လျောမပေးနိုင်ပေ။
“ဧကရာဇ်ကျိုး အနေနဲ့ ကျိုးပြည်ထောင်စုရဲ့ ဂု ဏ်သိက္ခာကို ထည့်တွေးပါဦး ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာရဲ့အစက ကျိုးပြည်ထောင်စုဘက်ကစ တင်ခဲ့ပြီး ကျုပ်တို့လီပြည်ထောင်စုဘက်ကို မီး ပွှားကူးခဲ့တာပါ ဒါကိုမငြင်းပါနဲ့”
“ဟုတ်ပါတယ် ကျုပ်မငြင်းပါဘူး ဒါပေမယ့် အဲ့ အဖြစ်ပျက်က ကျုပ်တို့နဲ့မဆိုင်ဘူးဆိုတာကို မင်းတို့သိလျက်မဟုတ်လား”
လီသံတမန်များက ကျိုးယန်ကို တင်းမာစွာကြ ည့်လာကြသည်။ ဧကရာဇ်ကျိုးသည် ဆက်ဆံ ရေးပြေပြစ်သည်ဟု သတင်းထွက်ပါလျက် အ ခုအဘယ့်ကြောင့် စကားပြောခက်နေရသနည်း စဥ်းစား၍ မရတော့ချေ။ ကျိုးယင်ချင်းသည် စာလွှာအား ဖတ်ရှုပြီးဖြစ်ပြီး တောင်းဆိုချက် များကို အထပ်ထပ်အခါခါ တွေးတောနေခဲ့သ ည်။ လီပြည်ထောင်စုမှာ တဖက်၌ လင်းပြည် ထောင်စုနဲ့ ကျိုးပြည်ထောင်စုတို့၏ ပေါင်းစည် ထားမှုကို မမြင်တွေ့လိုဟန်ဖြင့် နှစ်ဖက်စလုံးကို ဖိအားတပြိုင်နက် ပေးနေခြင်းဖြစ်သည်။
“ကောင်းပြီ ရှင်တို့အခုပြန်လိုက်ပါ ပြည်ထောင် စုဆွေးနွေးပွဲမတိုင်ခင်အတွင်း လက်ရှိပြဿနာ ရဲ့ဇာစ်မြစ်ကို ရှာပြီးရင် ကျမတို့ဘက်က အမှန် တကယ် ဖြစ်စေခဲ့တာဆိုရင် တောင်းဆိုချက်အ တိုင်း လျော်ကြေးပေးမယ်”
ကျိုးယန်က တိတ်ဆိတ်စွာဖြင့် ရှိနေပြီးမည်သ ည့်မှတ်ချက်မှ ဝင်မပေးခဲ့ချေ။ လာမည့်နှစ်၌ မိ ဖုရားအရာမြောက်တော့မည့် သူမရဲ့အနေထား ကို အများရှေ့၌ မြင့်တင်ရန်လိုအပ်သည်။
“ဒါက တတိယမင်းသမီးရဲ့ သဘောထားလား ဧကရာဇ်ကျိုးရဲ့ သဘောထားလား”
လီသံတမန်တဦးက မေးလာသည်။ သူတို့၏အ မြင်၌ လွယ်လင့်တကူ အဆင်ပြေမည်ဟုထင်ခဲ့ ပြီးမှ ရလာဒ်ကိုစိတ်ပျက်နေပြီး ပညာရေးစီမံချ က်၌ လက်နက်နည်းပညာ တစိတ်တပိုင်းကိုအ လွယ်တကူ ခွင့်ပြုပေးခဲ့သည့် ဧကရာဇ်ကျိုးသ ည် ယခုမှ ငြင်းပယ်နေသည်မှာ မရိုးရှင်းချေ။
“သဘောထားကတော့ အတူတူပဲ ကျုပ်ပြောသ လိုပဲ မင်းတို့ဧကရာဇ်ကို အကြောင်းပြန်လိုက် ကြပါ”
ကျိုးယန်က အဆုံးသတ်စကားကို ပြော၍ပြန် လွှတ်လိုက်သည်။ ထိုလူများရဲ့မျက်နှာကို မြင် နေရပါက ထသတ်မိလိမ့်မည်ဟု သူ့ကိုယ်သူထ င်နေသည်။
“သူ တို့က တကယ်ကြီး တောင်းဆိုနေတာပဲ ဒါ ကို လှည့်ကွက်တခုမဟုတ်ပါစေနဲ့လို့ မျှော်လင့် ပါတယ်”
ကျိုးယန်ရဲ့စကားကို ကြားလျင် ကျိုးယင်ချင်း က သိလိုဟန်ဖြင့်မေးသည်။
“လှည့်ကွက်တခု ဟုတ်လား ဘာအတွက်လဲ”
“အစ်မတော်သတိထားကြည့်ရင် မြင်မှာပါလက် ရှိမှာ လင်းပြည်ထောင်စုနဲ့ အတူလုပ်နေတဲ့နည်း ပညာအစီမံတွေကို လီပြည်ထောင်စုအပြင် စုန့် ပြည်ထောင်နဲ့ ဟုန်ပြည်ထောင်စုလို အင်အား ကြီး ပြည်ထောင်စုတွေကပါ မက်မောနေတယ် ဒါပေမယ့် သူတို့ရဲ့အကျင့်အရ ကျုပ်တို့ကိုသူ တို့ပြည်ထောင်စုထဲ ခေါ်သွင်းပြီး မျှဝေဖို့စဥ်း စားမှာမဟုတ်ဘူး ဒီတော့ လင်းပြည်ထောင်စု ကို တဖက်လှည့်နဲ့ ဖိအားပေးပြီး သိမ်းပိုက်တာ က လင်းနဲ့ကျိုး ပြည်ထောင်စုနှစ်ခုကြားက လှု ပ်ရှားမှုတွေကို ထိန်းချုပ်နိုင်လိမ့်မယ်”
“ဒါဆို လင်းပြည်ထောင်စုရဲ့အနေထားက မတ ည်ငြိမ်တော့ဘူး ပြင်းထန်တဲ့ ကျူးကျော်မှုကြီး ကို ရင်ဆိုင်ရဖို့ရှိနေတာပေါ့”
“အမှန်ပဲ ကျုပ်အထင် မကြာခင်မှာ လင်းဧက ရာဇ်ကျုပ်ဆီရောက်လာလိမ့်မယ် သေချာပေါ က် အကူညီတောင်းဖို့ဖြစ်ပြီး အဲ့ဒါက ရွှေစဖြစ် မလား လက်နက်တပ်ဆင်ထားတဲ့ အထူးတပ်ဖွဲ့ ဖြစ်မလားဆိုတာကတော့ မပြောတတ်ဘူး”
“မောင်တော်က ဘယ်လိုတွေးလဲ ကူညီမှာလား”
ကျိုးယန်က သက်ပြင်းကိုချ၍ ဖြေးညှင်းစွာပြေ လိုက်သည်။
“ကျုပ်က တိုက်ပွဲတွေကို မုန်းတာအစ်မတော်သိ ပါတယ် ဒါကြောင့်လည်း ကျိုးပြည်ထောင်စုကို အခြားဒေသတွေထိ လွှမ်းမိုးတဲ့လုပ်ငန်းစဥ်မှာ နည်းပညာတွေကို အသုံးချပြီး ပြုလုပ်နေခဲ့တာ ပေါ့ ဒါပေမယ့် အခုလင်းမင်းသမီးလေး ဆရာ တယော်ကအနေနဲ့ ကျိုးပြည်ထောင်စုရဲ့ပညာ ရေးစနစ်မှာပါဝင်နေတယ် ခက်ခဲတဲ့ ဆုံးဖြတ်ချ က်တခုဖြစ်လာမှာစိုးရတယ်”
ကျိုးယင်ချင်းက အသာခေါင်းညိတ်၍
“အစ်မတော်သဘောပေါက်ပြီ သူတို့ကိုနည်းပ ညာတွေအလွယ်တကူ ပေးလိုက်တာ တန်ဖိုးကျ စေတယ် လင်းပြည်ထောင်စုကို ဖြေရှင်းပေးဖို့ နည်းပညာကို အသုံးချသင့်တယ်”
ကျိုးယန်က ပြုံး၍
“ဒါပဲပေါ့ ကျုပ်စိတ်ကူးနေတာ အဲ့တိုင်းပဲ လီဧ ကရာဇ်လိုချင်နေတဲ့ နည်းပညာကိုပေးမယ် ဒါ ပေမယ့် လင်းပြည်ထောင်စုအပေါ်သူတို့ တင်နေ တဲ့ ဖိအားကို ဖယ်ထုတ်ဖို့ အသုံးပြုရမယ် ဒါက ကျိုးပြည်ထောင်စုအနေနဲ့ ကြီးမားတဲ့ကျေးဇူး ကြွေးတခု လင်းပြည်ထောင်စုအပေါ် ပစ်တင် လိုက်တာပဲ ဟားးး”
ကျိုးယန်ရဲ့ စိတ်ကူးက အကောင်ထည်ဖော်ရန် နီးကပ်လာပြီဖြစ်သည်။ ကျိုးယန်သာ လင်းပြ ည်ထောင်စုကို ကူညီရန် နည်းပညာများကိုသာ အသုံးပြုပါက လင်းဧကရာဇ်အနေဖြင့် ထိုအပြု အမူအတွက် သေချာပေါက် ကျိုးယန်အပေါ်အ ကြွေးတခု တင်ရှိပေတော့မည်။ ထိုအရာက ခေတ်သစ်ကမ္ဘာ၌ တရုတ်တို့၏ နိုင်ငံရေးနည်း ဗျူဟာ တခုဖြစ်ပြီး ထိရောက်မှုလည်း ရှိခဲ့သ ည်။
မင်းတို့ဘာလိုအပ်နေလဲ ငါဘာကူညီပေးရမလဲ။ ငွေကြေးလား လက်နက်လား ခွန်အားလား။ ထို အရာများအတွက် မည်သည့်အဖိုးအခမှ ပေး ချေရန်မလိုအပ်ပဲ ကူညီမည်ဖြစ်ပြီး ထိုကျေးဇူး တရားက ငွေကြေးနဲ့အခြားအရာများ ပြန်လည် ပေးဆပ်ခြင်းဖြင့် လောက်ငှမှု မရှိနိုင်ပေ။
ခေတ်သစ် ကမ္ဘာသည် စစ်အေးတိုက်ပွဲတခု ဖြစ် သည်။ ကျင့်ကြံရေးလောကတွင်မူ ခွန်အားကြီး သူက ဥပဒေဖြစ်ပြီး ခွန်အားကြီးသူများကို ဉာ ဏ်ကောင်းသူများက ထိန်းချုပ်နိုင်သည့်အချက် အား ပြသရမည်။ ခွန်အားလား ဦးနှောက်မရှိရင် အလကားမဟုတ်လော။