← Chapters

စနစ်မှတာဝန်ပေးလာခြင်း

Vol. 12 Ch. 178

စနစ်မှတာဝန်ပေးလာခြင်း

Vol. 12 Ch. 178

ကိုင်ရီရီသည် မြို့တော်အသစ်အပါဝင် အနော က်ပိုင်းဒေသ၌ လှုပ်ရှားနေသည့် အခြေနေများ ကို အဆက်မပြတ်စောင့်ကြည့်နေခဲ့သည်။ ထို ကိစမှာထင်သလောက် မရိုးရှန်းမှန်းသိထားသ ည့်အတွက် အလေးအနက်ထားနေရခြင်းဖြစ်သ ည်။

တဖက်တွင် လီပြည်ထောင်စုသည် ကျိုးယန်ရဲ့ တုန့်ပြန်မှုကို ပြင်းပြင်းထန်ထန် ကဲ့ရဲ့ခဲ့ကြသည် ကျိုးဧကရာဇ်သည် လီပြည်ထောင်စု၏ ဆုံးရှုံး မှုများကို လျစ်လျုရှု၍ လျော်ကြေးမပေးလိုခဲ့ ဟု ထုတပြန်ခဲ့ပြီး ၎င်းတို့၏မူလအကျင့်စရိုက် ကိုသိထားနှင့်သည့် စုန့် ဟုန် ဝူ လင်း စသည့် ပြည်ထောင်စုများသည် တိတ်တဆိတ်နှာခေါင်း ရှုံ့ကြသည်။

မည်သို့သောဟာသနည်း။ ပြဿနာရဲ့အဖြေကို ပင်ရှာဖွေခြင်းမပြုပဲ နီးစပ်ရာကိုဖိအားပေးခြင်း က ရယ်စရာမကောင်းပေဘူးလား။ ထို့အပြင် လီပြည်ထောင်စု၏ သက်မှတ်ကာလကိုလည်း ထပ်မံတိုးမြင့်လိုက်ပြီး မူလ ၅နှစ်မှ ပြည်ထောင် စုတွေ့ဆုံပွဲ အမီကြွေးမြီးရလိုကြောင်း ထိုသို့မ ဟုတ်ပါက လီရှို့ချင်နှင့် လင်းယုယန်တို့၏နှစ်ပြ ည်ထောင် မဂ်လာလမ်းဖောက်ခြင်းကို သဘော တူညီမှုပြုရန် တောင်းဆိုလိုက်သည်။

လင်းဧကရာဇ်သည် ဒေါသကြီးစွာဖြစ်ခဲ့ရပြီး လောဘကြီးကာ ယုတ်မာသည့်အကြံများအပြ ည့်ရှိနေသည့် လီဧကရာဇ်ကိုလည်း ကျိန်ဆဲနေမိ သည်။

“ကဲ အမတ်တို့ လီပြည်ထောင်စုကတော့ ကျုပ် တို့ကိုဖိအားပေးလာနေပြီ မင်းတို့မှာဘယ်လိုအ စီအမံများရှိသလဲ”

လင်းဧကရာဇ်က ပုလ္လင်ပေါ်၌ သုန်မှုန်စွာထိုင်ရင် အမတ်များ စစ်သူကြီးများနှင့် သူ့ရဲ့ သားတော် နှစ်ပါးသို့ထံ မေးခွန်းထုတ်လိုက်သည်။စီးပွား ရေးအမတ်တဦးက ရိုကျိုးစွာဖြင့်

“ကျတော်မျိုးတို့ပေးချေရမယ့် မူလကြွေးမြီးကို အတိုးအရင်ပေးချေပြီး အရင်းအတွက် တိကျ တဲ့အချိန်တခု သက်မှတ်ပေးပြီး ဖြေရှင်းသင့်ပါ တယ်”

“အဲ့ဒါက ဖြေရှင်းနည်းမဟုတ်ဘူး အမတ်ကြီး သူတို့က အတိုးယူရုံနဲ့ ကျေနပ်မယ်ထင်နေလား”

စီးပွားရေးအမတ်ရဲ့စကားကို ဥပဒေစိုးမိုးရေးအ မတ်က ကန့်ကွက်သည်။ ကြွေးမြီးကို အချိန်တို တွင်း ကာလတိုးလိုက်ပုံကိုကြည့်၍ ယခုတခေါ က်၌ အတိုးပေးချေရုံနဲ့ မရနိုင်တော့သည်မှာသိ သာနေချေပြီ မဟုတ်လား။

“ဒါဆိုနောက်တနည်းဖြစ်တဲ့ တတိယမင်းသမီးနဲ့ လီမင်းသားတို့ကို သဘောတူလိုက်ရင်ရပြီလေ ဒါဆို အတိုးပေး…”

“အမတ်ကြီး ခဗျားစကားကို အခုရပ်လိုက်စမ်း ဘယ်လိုတောင် ပြောထွက်တာလဲ…”

အမတ်ကြီး၏စကားမဆုံးခင်၌ပင် ပထမမင်း သားက ကျယ်လောင်စွာအော်ငေါက်တော့သည် ၎င်းမှာ ညီမတော်ဖြစ်သည့် လင်းယုယန်ကိုအ လွန်ချစ်မြတ်နိုးသူဖြစ်ပြီး ညီမတော်မကျင့်ကြံ နိုင်သည့်အပေါ် အားမလိုအားမရဖြစ်ခဲ့သော်လဲ သူတတ်နိုင်သမျှ အရာရာလိုက်လျောပေးခဲ့သူ ဖြစ်သည်။ သူ့ညီမလေးအား လီပြည်ထောင်စု ကဲ့သို့ အယုတ်တမာအသိုင်းဝိုင်းထဲ ထိုးထည့်ရ န်မဖြစ်နိုင်ချေ။..

“ကျုပ်ညီမတော်က အသုံးချခံပစ္စည်းတခုမဟု တ်ဘူး တခြားနည်းလမ်းကို စဥ်းစားပါ..”

“ဒါဆို…ပထမမင်းသားမှာ ဒီထက်ပိုကောင်းတဲ့ အကြံဉာဏ်များရှိထားလို့လား ဟမ့်..မဟုတ်ရင် မကန့်ကွက်တာ ပိုကောင်းမယ်ထင်ပါတယ်”

အဆင့်၁ စစ်သူကြီးက ပထမမင်းသားကို ခနဲ့သ ည်။ နန်းတွင်း၌ အဖွဲ့များကွဲနေပြီး မင်းသားနှစ် ပါး၌ ပထမမင်းသားသည် နိုင်ငံရေးရာများတွင် လုပ်ဆောင်တတ်ပြီး ဒုတိယမင်းသားက စာပေ သမားတဦးဖြစ်ပြီး နိုင်ငံရေးနဲ့မရောထွေးတတ် သူဖြစ်သောကြောင့် အဖွဲ့တခုမရှိပေ။ ပထမမင် သားဘက်၌ ဥပဒေစိုးမိုးရေး နဲ့ စစ်သူကြီးအချို့ ရှိသော်လည်း အခြားဘက်၌မှု အဆင့်၁ စစ်သူ ကြီးကဲ့သို့ ထိပ်တန်းအနွယ်များ ပါဝင်ကာ လင်း ဧကရာဇ်ကို အဘက်ဘက်မှ ဖိအားပေးရန်ကြိုး စားနေသည်။

“ကိုယ်တော့်ရဲ့သမီးတော်လေးက သာမန်လူတစ် ယောက်ပါ ကျင့်ကြံနိုင်တဲ့ အရည်အချင်းတော င်မရှိရှာပါဘူး နောက်ပြီး လင်းပြည်ထောင်စုတ ခုလုံးမှာ သမီးတော်လေးထက်ပိုပြည့်စုံတဲ့ အလှ တရားပိုင်ရှင်တွေ မနည်းပါဘူး ဘာအတွက်မျာ ဒီလိုလုပ်ရတာပါလိမ့်”

လင်းဧကရာဇ်သည် လင်းယုယန်အား မပေးလို ချေ။ သိတတ်လိမ္မာသည့် သမီးအလိမ္မာလေး ကြောင့် ကျိုးပြည်ထောင်စုနဲ့ဆက်ဆံရေးနီးကပ် လာခဲ့ပြီး နည်းပညာများကို လေ့လာခွင့်ရခဲ့သ ည် မဟုတ်လား။

`ဖခမည်းတော် မကြာသေးခင်က လီပြည်ထော င်စုရဲ့ သံတမန်နဲ့ ကျိုးဧကရာဇ်တို့တွေ့ဆုံပြီး အ ဆင်မပြေဖြစ်ကြတယ်လို့ ကြားသိပါတယ်”

ပထမမင်းသားက သူ့ဆိုလိုရင်းကို လမ်းစဖွင့် ပြလိုက်သည်။ ထိုထက်တော့ပိုမပြောချေ။ ခန်း မထဲ၌ လီပြည်ထောင်စုအရိပ်အောက် ခိုလှုံနေ သည့် နန်းတွင်းအရာရှိများ ရှိနေသည်ကို လင်း ဧကရာဇ်ပင် သတိပြုမိနေသည်။

“အဲ့ကိစ္စအတွက် မင်းနဲ့ဖခမည်းတော်နောက်မှ ထပ်ဆွေးနွေးကြမယ်”

လင်းဧကရာဇ်ရဲ့ မျက်လုံးများ အရောင်တောက် သွားခဲ့သည်။ ဟုတ်ပေသားပဲ။ ကျိုးဧကရာဇ်နဲ့ တွေ့ဆုံပြီး စကားအနည်းငယ် ပြော၍ ရနိုင်သ ည်မဟုတ်လား။ အဆင့်၁ စစ်သူကြီးနှင့် စီးပွား ရေးအမတ်တို့သည် အခြေနေကိုရိပ်စားမိသွားခဲ့ ပြီး ယခုစုဝေးမှုက အဖြေတခုရနိုင်မည်မရှိ လောက်ဟု ယူဆလိုက်ကြပြီး မျက်နှာများ သုန် မှုန်သွားကြသည်။

ဟမ့်… နောက်မှထွန်းပေါက်လာတဲ့ ပြည်ထောင် စုလေးက ကူညီပေးမယ်တဲ့လား။ ရွှေစဘီလျံ ၁၂၀၀ ဆိုတာ ပမာဏနည်းနည်းလေးမှ မဟုတ် ပဲ။ ကျိုးဧကရာဇ် ဘယ်လိုမောင်းထုတ်မလဲကျု ပ်တို့ စောင့်ကြည့်ရသေးတာပေါ့။ ထိုအဖွဲ့ရှိသူ များသည် စိတ်ထဲ၌ ရှုံ့ချနေပြီး ကျိုးဧကရာဇ်မှ လင်းဧကရာဇ်ကို မကူညီနိုင်လောက်ဟု တွက် ဆလိုက်ကြသည်။ မည်သူက ဓားခုတ်ရာ လက် ဝင်လျှိုချင်မည်နည်း။ အထူးသဖြင့် အင်အား ကြီး လီပြည်ထောင်စုအရေး၌ ဖြစ်သည်။ စုန့်နဲ့ ဝူပြည်ထောင်စုများပင် နှစ်ခါပြန်စဥ်းစားကြမ ည်ဖြစ်သည်။

“မောင်မင်းတို့ အကြံပေးစရာရှိသေးလား မရှိ တော့ရင် နောက်တကြိမ်စုဝေးမှုကို လာမယ့်လ အကုန်ရက်သက်မှတ်လိုက်မယ် ဒီကြားထဲမှာ အစီစဥ်အချို့ တွေးဆထားကြပေါ့”

“နားလည်ပါပြီ အရှင်မင်းကြီး”

စုဝေးမှုက ထိုကဲ့သို့ပင် ရေရေ ရာရာမရှိပဲပြီးဆုံ သွားခဲ့သည်။ သို့သော် အချိန်ကသိပ်မကျန်နေ ပေ။ ပြည်ထောင်စုတွေ့ဆုံပွဲက ၃နှစ်ကျော်ခန့် သာလိုတော့ပြီး ဒီကြားကာလ၌ လီပြည်ထောင် စုသည် ထပ်တိုးဖိအားများပေးလာနိုင်သေးသ ည်။ ထို့ကြောင့် လင်းပြည်ထောင်စုအတွက် နေ့ ရက်တိုင်းက အရေးပါသည်။

ဒင်!.....

တာဝန်၂ခု ရှိလာပါပြီ..

ပထမတာဝန်က လင်းပြည်ထောင်စုကိုကူညီပါ

သက်မှတ်အချိန်…၂နှစ်

တာဝန်ကျဆုံးပါက စနစ်ကိုဖျက်သိမ်းမည်။

ဆုလာဒ်မှာ…ပထမအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံမှု

ဒုတိယတာဝန်က အစီအရင်ကျောက်ကိုရှာဖွေ ပါ..သက်မှတ်အချိန်….၆လ

တာဝန်ကျဆုံးပါက ပြည်ထောင်စုများဘေးအန္တ ရာယ်ကြုံတွေ့ပြီး ပျက်စီးကိန်းကြုံမည်

ဆုလာဒ်မှာ….နောက်ထပ်သိုင်းပညာရှင်အထွဋ် အထိပ်အဆင့် အထူးတပ်ဖွဲ့ဝင် တစ်သောင်း..

ကျိုးယန်သည် အစီရင်များကို လေ့လာနေချိန် ၌ စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည် ဟမ်… တာဝန်ပေးလာတယ်လား ပြီးတော့ဘယ် လိုဖြစ်ပြီး ၂ခုတောင်လဲ…။

ကျိုးယန်တယောက် မှင်သက်နေခဲ့သည်။စနစ် သည်ဖုံးကွယ် တာဝန်များရုတ်သိမ်းပြီးနောက် တာဝန်အသစ်များ ချမပေးသည်မှာ ကြာမြင့်နေ လေပြီ မဟုတ်လား။

All Chapters