← Chapters

ပထမဆုံးတာဝန်

Vol. 12 Ch. 179

ပထမဆုံးတာဝန်

Vol. 12 Ch. 179

ပထမတာဝန်ဖြစ်သည့် လင်းပြည်ထောင်စုကို ကူညီခြင်းက ကျိုးယန်အတွက် လမ်းကြောင်း အသင့်ရှိနေပြီးသား ဖြစ်သည်။ လီပြည်ထောင် စုသည် ကျိုးပြည်ထောင်စုအပေါ် နိုင်ထက်စီးန င်းပြုလုပ်၍ လျော်ကြေးတောင်းရမ်းခြင်းကစ ပြည်ထောင်စုနှစ်ခုကြား ဆက်ဆံရေးမှာအဖုအ ထစ်တခု ရှိသွားရလေပြီ။

ထိုအတွက် လက်ရှိအခက်ခဲဖြစ်နေသည့် လင်း ပြည်ထောင်စုကို ကူညီခြင်းက အကျိုးကြောင်း သင့်ပေသည်။ သို့သော် အကူညီပေးခြင်းဆိုသ ည်ကား တဖက်မှလာရောက်တောင်းယူ၍ ကူညီ ရခြင်းနှင့် မိမိသဘောဆန္ဒအရလျောက် ကူညီ ပေးခြင်းတို့က တူညီသည့် အခြေနေတော့ဟုတ် မနေပေ။ အထူးသဖြင့် ပြည်ထောင်စုကဲ့သို့အ ရေးကြီးသည့် ကိစ္စများ၌ ပို၍ သိသာပေသည်။

လင်းပြည်ထောင်စုနှင့် ကျိုးပြည်ထောင်စုကြား နည်းပညာဖလှယ်၍ လက်နက်များစပ်တူလေ့ လာထုတ်လုပ်နေသည့် အတွက် အတော်အသင့် နိုင်ငံရေးအရ ရင်းနီးသည်ဟု ဆိုနိုင်သည်။ ထို အခြေနေကြောင့် လင်းဧကရာဇ်အနေဖြင့် လီပြ ည်ထောင်စု၏ ဖိအားကို လွန်ဆန်ရန်အတွက် ကျိုးယန်ဆီ လာရောက်အကူညီတောင်းခံလိမ့် မည်ဟု သူထင်သည်။ အချိန်တခုတော့ စောင့်ရ ပေလိမ့်မည်။

ဒုတိယတာဝန်က အစီအရင်ကျောက်တဲ့လား..။

ပြီးတော့ ၆လထဲနဲ့ ရှာရမယ်ပေါ့…ငါက ဘယ် ကစ ရှာရမှန်းတောင် မသိဘူးလေ။ နောက်ပြီး ကျိုးပြည်ထောင်စုနယ်နိမ် ထဲမှာကော ရှိနေတာ သေချာရဲ့လား။

ကျိုးယန်သည် သိုင်းပညာရှင်အထွဋ်အထိပ်အ ဆင့် တပ်ဖွဲ့ဝင် တသောင်းကိုတော့ မက်မောမိ သည်။ ပထမအကြိမ်ရထားသည့် အထူးတပ်ဖွဲ့ ဝင်များမှာ တပ်မှူးလော့ရှန်းကဲ့သို့ ခေါင်းဆောင် များသာ အထွဋ်အထိပ်၌ ရှိကြပြီးကျန်တပ်ဖွဲ့ဝ င်များက စစ်သည်တော်အဆင့်များဖြစ်ကြသ ည်။

သိုင်းပညာရှင်အထွဋ်အထိပ်အဆင့် အယောက် တစ်သောင်း ဆိုသည်ကား..မည်ကဲ့သို့အစုအဖွဲ့ ဖြစ်နေမည်နည်း။ ကျိုးယန်တယောက် စိတ်လှု ပ်ရှားနေမိသော်လည်း တခဏအကြာ၌ သုန်မှုန် သွားရပြန်သည်။ ဧရိယာကျယ်ပြန့်လွန်းသည့် ကျိုးပြည်ထောင်စုအနှံကို ရှာဖွေလိုပါက ၆လနဲ့ မလုံလောက်နိုင်ချေ။ နှလုံးမဲ့ချောက်နက်ကိုဖယ် ၍ အနောက်ပိုင်းဒေသတခုထဲ၌ပင် ကျိုးယန်မ ရောက်သေးသည့် သားရဲတောင်ကြောကဲ့သို့ နေ ရာများရှိနေသေးပြီး အနောက်ပိုင်းနှင့်တောင်ပို င်းဒေသနှစ်ခုထိ ထိစပ်နေသည့် စုန့်ပြည်ထောင် စုမှလည်း ကျိုးယန်၏ လှုပ်ရှားမှုများကို သတိ ပြုမိနိုင်သည်။

တဖက်တွင် လင်းပြည်ထောင်စုသည် အရှေ့ပိုင် ဒေသကိုထိစပ်ထားပြီး စုန့်နဲ့လင်း ပြည်ထောင်စု နှစ်ခု၏ အဓိက ဝင်ပေါက်မှာ အရှေ့ပိုင်းဒေသ ဖြစ်သည်။ အကယ်၍ လင်းပြည်ထောင်စုကို စ စ်ရေးအရ အကူညီပေးပါက စုန့်ပြည်ထောင်စု ကိုတပ်လှန့်သလို ဖြစ်သွားရပေဦးမည်။

ချီးပဲ..။ တာဝန်၂ခုလုံးက နောင်မှာ ပြဿနာများ စေတဲ့ ကိစ္စတွေချည်းပဲ။ ရမယ့်ဆုလာဒ်က မငြ င်းရက်စရာ ဖြစ်နေလို့သာပါပဲ…။

ကျိုးယန်တယောက်တည်း အတွေးများနေစဥ် ခန်းမထဲ့သို့ စုယင်နဲ့ကျိုးယင်ချင်းတို့ ရောက်ရှိ လာကြသည်။ ကျိုးယင်ချင်းသည် တောင်ပိုင်း ဒေသရှိ ဝိဉာဥ်မျိုးနွယ်သို့ မပြန်တော့ပဲ ကျိုးယ န်၏ နန်းဆောင်၌ စုယင်နှင့်အတူတကွ နေထိုင် လေသည်။ သူမတို့နှစ်ဦး၏ ဆက်ဆံရေးမှာလဲ ညီအစ်မများကဲ့သို့ပင် ရင်းနှီးသည်။

“ဘာတွေများ အတွေးများနေတာလဲ အစ်ကိုကြီ စုယင်တို့ကို ပြောပြလေ”

စုယင်က ကျိုးယန်၏ စိတ်ရှုပ်ထွေးနေသည့်အ မူအရာကိုကြည့်ကာ မေးလာသည်။ ကျိုးယင်ချ င်းကလည်း စုယင်နည်းတူ သိလိုဟန်ဖြင့် စားပွဲ ၌ ဝင်ထိုင်ကာ အဖြေကိုစောင့်စားနေသည်။

“အထူးအထွေတော့မဟုတ်ပါဘူး တလောကမှ မြို့တော်အသစ်ဆီက သတင်းပို့ချက်တခုရလာ တာကို သိတယ်မဟုတ်လား”

ကျိုးယန်ရဲ့အမေးကို ကျိုးယင်ချင်းက

“သိတယ်လေ အနောက်ပိုင်းဒေသကို လူစိမ်းအ များအပြား ဝင်ရောက်လာတဲ့ကိစ္စမို့လား”

“ဟုတ်တယ်…ကျတော်တွေးနေမိတာက မြော က်ပိုင်းထိစပ်ဒေသမှာ ဖြစ်သွားတဲ့ပုန်ကန်မှုနဲ့တ ပြိုင်နက် အနောက်ပိုင်းဒေသကို ခြေရှုပ်လာနေ တာက မရိုးရှင်းဘူးလို့ ခံစားနေရတယ်”

ကျိုးယန်ရဲ့စကားက အမှန်ပင်တွေးထင်စရာ ဖြစ်နေသည်။ အဖြစ်အပျက်နှစ်ခုက တပြိုင်န က်ဖြစ်ပွားပြီး တဖက်ကိုအာရုံစိုက်ချိန်၌ တဖက် တွင် လှုပ်ရှားမှုများလာခြင်း ဖြစ်သည်။

“ဖြစ်နိုင်တယ် အစ်မတော်အမြင်ပြောရရင် အဖွဲ့ စည်းတခုခုက သူတို့ရဲ့လှုပ်ရှားမှုကို ဖုံးကွယ်ချ င်လို့ မြောက်ပိုင်းဒေသက ကိစ္စတွေကို စီမံလိုက် တာဖြစ်ရမယ်”

“ဖုံးကွယ်တာ….ဟုတ်လား ဘာအတွက်လဲ”

ကျိုးယန်ရဲ့ အတွေးများက အစီအရင်နဲ့ပက်သ က်သည့် အကြောင်းအရာများကို ဆက်စပ်မိ သွားခဲ့သည်။ နှလုံးမဲ့ချောက်နက်ရှိ အစီရင်ကို ကျိုးယန်၏ လက်ရှိအဆင့်ဖြင့် ပြုပြင်၍မရချေ သို့သော် ပြန်လည်အားဖြည့်လိုပါက အစီအရင် နှလုံးသားဟု ခေါ်သည့် အစီအရင်ကျောက်ကို လိုအပ်သည်။ တဖက်တွင် ထိုအစီအရင်ကိုဖျက် စီး၍ ဒီဘက်လောကသို့ ဝင်လိုသူများရှိနေပြီး ထိုသူများကလည်း အစီရင်ကြောင့် အပြင်ဘက် မှထိုးဖောက်ရာ၌ အချိန်အတော်ကြာနေခဲ့ပြီး အ စီအရင်ကျောက်ကို သုံး၍ ပိတ်ဆို့ထားသည့်အ စီအရင်ကြီးအား ဖယ်ရှာနိုင်သည်မဟုတ်လော။

ထိုသို့ဆိုလျှင် လက်ရှိအနောက်ပိုင်းဒေသရှိ လှုပ် ရှားမှုများက မရိုးစင်းတော့ချေ။ ထိုလူများကို ဖမ်းဆီးနိုင်ပါက အစီအရင်ကျောက်နဲ့ပက်သက် ၍ သတင်းအချို့ရနိုင်ပြီး မြောက်ပိုင်းဒေသ၌ ဖြစ်ပွားခဲ့သည့် ပုန်ကန်မှုနောက်ကွယ်က ထိန်း ချုပ်စေခိုင်းသူကိုပါ ဆက်စပ်၍ သိလာနိုင်ချေ ရှိသည်။

ဟုတ်တယ်….စနစ်က တိုက်တိုက်ဆိုင်ဆိုင်ပဲ အစီအရင်ကျောက်တာဝန်ချပေးတာဆိုတော့ အစီအရင်ကျောက်က အနောက်ပိုင်းဒေသထဲ မှာရှိဖို့များတယ်။ ငါအနောက်ပိုင်းကိုအရင် သွာ ပြီးမှ ကျန်တဲ့တာဝန်ကို ဆက်လုပ်တာပေါ့။

ကျိုးယင်ချင်းနှင့် စုယန်တို့သည် ကျိုးယန်တစ် ယောက် စိတ်ဆုံးဖြတ်ထားသည့် ဟန်ပန်များ ထွက်ပေါ်လာသည်ကို မြင်လျင် မည်သည့်စ ကားမှ ထပ်မပြောကြတော့ချေ။ ကျိုးယန်သည် အရည်အချင်းရှိသူဖြစ်ပြီး လက်ရှိပြဿနာများ ကို ဖြေရှင်းနိုင်လိမ့်မည်ဟု သူမတို့ယုံကြည်ထားလေသည်။

All Chapters