← Chapters

အနောက်ပိုင်းဒေသသို့ခရီးစဥ်

Vol. 12 Ch. 180

အနောက်ပိုင်းဒေသသို့ခရီးစဥ်

Vol. 12 Ch. 180

ကျိုးယန်သည် နောက်တနေ့မနက်၌ မည်သူ့ကိုမှ ခေါ်ဆောင်ခြင်းမပြုပဲ အနောက်ပိုင်းဒေသရှိ မြို့တော်အသစ်ဆီသို့ ထွက်လာခဲ့သည်။ ရက် အနည်းကြာပြီးနောက် မြို့တော်အသစ်ရှိရာသို့ ရောက်လျင် ကျိုးယန်၏ မြို့တော်ဝန်အိမ်တော် ၌ ဝူကျင်းမှာ ဆက်နေလျက်ရှိပြီး သူမနှင့်အတူ ကျောက်ဝမ်အာနဲ့ မုရုံရှီတို့လည်း ရှိနေလေသည် ကိုင်ရီရီသည် ကျိုးယန်ရောက်ရှိလာသည့် သတ င်းပို့ချက်ကိုရလျင် မြို့တော်အပြင်ဘက်သို့ အ ရေးတကြီးပုံစံဖြင့် ထွက်ကြိုလေသည်။

ပြီးနောက် အိမ်တော်သို့အလျင်အမြန်သွားကာ မြို့တော်အသစ်ရှိ ယုံကြည်ရသည့်အင်အားစု ခေါင်းဆောင်အချို့ကို ဖိတ်ခေါ်လိုက်သည်။ကျို ယန်သည် ကိုင်ရီရီ၏ အလောတကြီးပြင်ဆင်မှု များကို နားမလည်နိုင်ဖြစ်နေသော်လည်း မည် သည့်စကားမှ ပြောဆိုခြင်းမရှိပဲ ဒီအတိုင်းသာ စောင့်ကြည််နေလေသည်။

အိမ်တော်သို့ရောက်လျင် ကျိုးယန်က ကျောက် ဝမ်အာ ဝူကျင်းနဲ့ မုရုံရှီတို့ကို နှုတ်ဆက်လိုက်ပြီ စနစ်ဆီမှ ထပ်တိုးသိမြင်ထားသည့် ဆေးပညာ နဲ့အစီအရင်ပညာ အချို့တို့ကို ဝေမျှလိုက်သည် ထို့အပြင် ဓားကိုင်ရသည်ကို နှစ်သက်ပြီးတိုက် ခိုက်ရေး၌ ဝါသနာကြီးသည့် မုရုံရှီအား စနစ်ရဲ့ စတိုးမှ ဓားကျင့်စဥ်အချို့ ပေးအပ်လိုက်သည် ထိုအရာများက မျိုးစေ့များဖြစ်ပြီး နောင်တွင် သူမတို့က ကြီးမားသည့်အကူညီများကို ပြန်လ ည်ပေးအပ်မည့်သူများ ဖြစ်ကြသည်။

ကျိုးယန်တယောက် အိမ်တော်သို့ရောက်ပြီး နာရီအနည်းငယ်ကြာလျင် ကိုင်ရီရီ၏ စီမံမှုဖြင့် လွှတ်တော်အဆောက်အုံထဲ၌ စုဝေးကြရသည်။

“မင်းသမီး ဘယ်လိုဖြစ်ပြီး စိုးရိမ်တကြီးဖြစ်နေ ရတာလဲဗျ”

ကျိုးယန်သည် စားပွဲဝိုင်း၏ ထိပ်ဆုံးနေရာတွင် ထိုင်လျက် ရှိနေပြီး စိုးရိမ်သောကများနေဟန်ရှိ သည့် ကိုင်ရီရီကို ပြုံးစစဖြင့် မေးလိုက်သည်။

ကိုင်ရီရီက

“အရှင် အရှင့်ကိုမကြာသေးခင်က ပို့ရမယ့်သ တင်းအသစ်တခုရှိပါတယ် သတင်းကိုပို့မလို့ပြ င်ဆင်နေတုန်း အရှင်ရောက်လာတာပါ ဒါကြော င့် စိုးရိမ်စရာကောင်းတဲ့ သတင်းအသစ်အတွက် ခုလို စုဝေးဖို့စီစဥ်လိုက်ရတာကို ခွင့်လွှတ်ပေးပါ လို့ပြောချင်ပါတယ်”

“မဟုတ်တာပဲ ဒါကအရေးမကြီးပါဘူး ပြောပါ ဦး ဘယ်လိုသတင်းတွေကများ မင်းသမီးကိုခု လိုဖြစ်စေတာလဲ”

ကျိုးယန်ရဲ့ အမေးကိုကြားလျင် ကိုင်လီလီက ဝင်၍ ပြောလာသည်။

“လွန်ခဲ့တဲ့လအနည်းငယ်က လူစိမ်းအများအ ပြား ဒီဒေသထဲကို ဝင်ရောက်လာတဲ့အပေါ် အရှ င်သိထားပြီးဖြစ်မှာပါ အခုစိုးရိမိနေရတဲ့ကိစ္စက စုန့်ပြည်ထောင်စုနဲ့ ကျမတို့ပြည်ထောင်စုကြား က သားရဲတောင်ကြောထဲကို အဲ့ဒီလူစိမ်းတွေက တိုးဝင်သွားတယ်လို့ သတင်းရလိုက်တာပါပဲ ဒီ ကိစ္စက သာမန်လို့ထင်ရပေမယ့် ပြန်စဥ်းစားကြ ည့်ရင် ပထမအကြိမ်သားရဲလှုပ်ခတ်မှုက မြော က်ပိုင်းဒေသရဲ့ထိစပ်ကျေးရွာတွေကို ထိခိုက် စေခဲ့တော့ အခုတကြိမ်က ပိုပြီးဆိုးရွားတဲ့ထိခို က်မှုမျိုး ဖြစ်လာမှာစိုးရိမ်တာပါ”

ကိုင်လီလီက သူမရဲ့အမြင်ကို ရှည်လျားလေးန က်စွာပြောလာသည်။ သားရဲတောင်ကြောသည် အလွန်အန္တရာယ်များသည့် နေရာဖြစ်ပြီး မည် သူကမှ ဝင်ရောက်လိုခြင်းမရှိပေ။ စုန့်ပြည် ထောင်စုမှ ချီရီရှင်းကဲ့သို့ ကုန်သည်များပင် ပို နီးစပ်သည့် သားရဲတောင်ကြောက် ဖြတ်ဝင်မ လာရဲပဲ အရှေ့ပိုင်းဒေသရှိ လင်းပြည်ထောင်စုနဲ့ ထိစပ်နယ်နိမိတ်က ဝင်ရောက်လာကြသည်မဟု တ်လား။

ထို့အပြင် များပြားသည့် လူစိမ်းများ သားရဲ တောင်ကြောဆီ ဝင်ရောက်ခြင်းက ဘာအတွက် နည်း။ အခြားသူများမသိနိုင်သော်လည်း ကျိုး ယန်ကမူ ခန့်မှန်းမိသွားလေပြီ။ အစီအရင်ကျော က် ကိစ္စမှလွဲ၍ အခြားဖြစ်နိုင်ချေမရှိတော့ပေ။ ဒါဆို အစီအရင်ကျောက်က သားရဲတောင် ကြောထဲမှာတဲ့လား..။ စနစ်ရဲ့တာဝန်က ထိပ် တန်းအဆင့် အန္တရာယ်များသည့် တာဝန်တခုဟု ပင် ဆိုနိုင်လောက်သည်။ အန္တရာယ်များသည့် သားရဲတောင်ကြောကို ဝင်ရမည်။ထို့အပြင်အစီ အရင်ကျောက်ကို ရှာဖွေနေသည့် လူများကိုလဲ ရင်ဆိုင်ရနိုင်ချေရှိသည်။

ကျိုးယန်က ကိုင်ရီရီတို့ကိုကြည့်၍

“အစ်မလီလီ ပြောတာအမှန်ပဲ လူစိမ်းတွေမှာရ ည်ရွယ်ချက်အချို့ ရှိနေတယ်လို့ ကျုပ်သိထား တာရှိပါတယ် ဒီအတွက်မစိုးရိမ်ပါနဲ့ ကျုပ်ကိုယ် တိုင် သူတို့နောက်လိုက်ပြီး သားရဲတောင်ကြော ထဲဝင်မှာပါ”

“အရှင်ကိုယ်တိုင်လား..”

“အရှင်မင်းကြီး စဥ်းစားပါဦး အန္တရာယ်များလွ န်းပါတယ်”

“ဟုတ်ပါတယ် အရှင်မင်းကြီး”

အကုန်လုံးက ကျိုးယန်ကို တားမြစ်လိုကြသည် သူတို့သည် အသက်အရွယ်အရ ကျိုးယန်ထက် ကြီးရင့်ကြပြီး သားရဲတောင်ကြော၏ ကြောက် မက်ဖွယ်ကောင်းမှုကို တီးခေါက်မိထားသူများ လည်းဖြစ်သည်။

“ကျုပ်ဆုံးဖြတ်ပြီး ဒီတခေါက်အနောက်ပိုင်း သားရဲတောင်ကြောခရီးစဥ်ကို ကျုပ်နဲ့ မင်းသမီ ကိုင်ရီရီ မုရုံရှီနဲ့ တပ်ဖွဲ့ဝင်အချို့ လိုက်ပါရလိမ့် မယ်”

ကျိုးယန်၏ စကားဆုံးလျင် ကိုင်လီလီက

“အရှင် ကျတော်မျိုးမလည်း လိုက်ပါရစေ”

“မဖြစ်ဘူး ကိုင်ရီရီမရှိရင် မြို့တော်အတွက် ခင် ဗျားကို လိုအပ်တယ် ပိုင်လီတို့က မြို့တော်ကို စောင့်ရှောက်ဖို့ ကူညီပေးပါလိမ့်မယ် ကျုပ်တို့ အတွက် စိတ်မပူပါနဲ့”

ကိုင်ရီရီကလည်း သူမ၏ အစ်မဖြစ်သူကိုနှစ် သိမ့်ပေးလိုက်ပြီး ကျိုးယန်နဲ့အတူ လိုက်ပါရန် ပြင်ဆင်တော့သည်။ လူစိမ်းများလှုပ်ရှားမှုနဲ့ပ က်သက်၍ ကျိုးယန်ထံ၌ အကြောင်းတခုခုသိ ထားတာရှိမည်ဟု သူမထင်သည်။ ထိုအတွက် လမ်းရောက်မှသာ မေးမြန်းကြည့်ရပေမည်။ မုရုံရှီကိုမူ ကျိုးယန်က ဓားကျင့်စဥ်အချို့ထပ်မံ ပေးအပ်ပြီး တိုက်ပွဲအတွေ့အကြုံ ရရှိစေရန် တမင်ခေါ်ဆောင်လိုက်ခြင်းဖြစ်သည်။

All Chapters