← Chapters

နှုတ်ဆက်ခြင်း ... ။

Vol. 12 Ch. 133

နှုတ်ဆက်ခြင်း ... ။

Vol. 12 Ch. 133

“ သခင်လေးစု .... ငါတို့ နှုတ်ဆက်ဖို့ ဒီကိုရောက်လာတာ ဒီနေ့ပဲ ငါပြန်တော့မယ်။ ”

စုရီကို မြင်သောအခါ ချန်ကျန့်မှ ရှေ့လှမ်းတတ်ပြီး ပြုံးလျက် နှုတ်ဆက်လိုက် လေသည်။ စုရီက ခေါင်းညိတ်ပြကာ မှော်ဓား တစ်လက်ကို ဟွမ်ချမ့်ကျွယ်ထံ ပေးအပ်လိုက်၏။

“ ငါမှာ ... မင်းကို ပေးစရာ ကောင်းကောင်းမရှိဘူး ... ဒါကြောင့် ဒီဓားကို မင်းယူသွားပါ။ ”

ဤသည်မှာ ဦးလေးရှောင်ဟူသော အနက်ဝတ် ဓားသမား လက်ကောက်ဝတ်ကို ဖြတ်ပြီး ရရှိခဲ့သောဓားဖြစ်သည်။

ခရမ်းရောင်မိုးကြိုးဓားဟု အမည်တွင်၏။ ဝိညာဉ်အဆင့် ဓားတစ်လက်ကို ရှောင်တခင် ထုတ်ပေးနေသဖြင့် ဟွမ်ချမ့်ကျွယ်မှ တုန်ယင်လာသည်။

“ အစ်ကိုစု၊ ငါ ... ။ ”

“ မင်း ... သူတော်စင်လို ပြုမူမနေနဲ့ ငါပြန်သိမ်းလိုက်ရမလား။ ”

“ ဒါဆို ငါယဉ်ကျေး မနေတော့ဘူး။ ”

“ ဟား ဟား ဟား ... ။ ”

ဟွမ်ချမ့်ကျွဘ် အမူအရာကြောင့် ကျန်းရီရန်နှင့် ချန်ကျန့်မှရယ်၏။ ထိုအချိန်တွင် ယွမ်မောင်နှမ ရောက်ရှိလာပြန်သည်။

“ ဆရာစု ... အစ်ကိုဟွမ်၊ ငါတို့ မင်းအတွက်လက်ဆောင်ပေးဖို့ ရောက်လာတာ။ ”

ရုတ်တရက် ချန်ကျန့်ထံ အကြည့် အရောက်တွင် ယွမ်လောယွီခမျာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

“ သူရဲကောင်းချန်ကို ဂျူနီယာက နှုတ်ဆက်ပါတယ်။ ”

ထိုအပြုအမူကြောင့် ချန်ကျန့်မှ ခေါင်းညိတ်လိုက်ပြီး၊

“ ငါမင်းကိုသိတယ် မင်းကယွမ်ဝူတုံရဲ့ ဒုတိယသား အနီရောင်သံချပ်ကာ တပ်ရင်းရဲ့ တပ်မှူးငယ် မဟုတ်လား ...

... မင်းကို ဘုရင်ဘွဲ့နဲ့ ထိုက်တန်တဲ့ ... ကျားနီလေးလို့ ချီးမွမ်းသံ ငါကြားခဲ့ဖူးတယ် ဒီတော့ ငါ့ရဲ့အပြာရောင်သံချပ်ကာတပ်ရင်းမှာ တာဝန်ထမ်းဆောင်ဖို့ စိတ်ဝင်စားလား။ ”

“ သူရဲကောင်းချန် ... ဒီကိစ္စကို ငါဆုံးဖြတ်လို့ မရပါဘူး ... ။ ”

“ ကောင်းပြီ ... အနာဂတ်မှာ စိတ်ဝင်စားရင် မင်းငါ့ဆီ လာနိုင်တယ်။ ”

ထို့နောက်တွင် ယွမ်လောယွီက ကျောက်စိမ်းသေတ္တာတစ်လုံး ဟွမ်ချမ့်ကျွယ်ထံ ပေးအပ်ပြီး၊

“ ဒါက အလွှာတစ်ထောင်ချပ်ဝတ်ပဲ အစ်ကိုဟွမ်၊ အဲဒါကို ငါ့ရဲ့လက်ဆောင်အဖြစ် မှတ်ယူသွားပေးပါ။ ”

-ဟု ပြောကြားလိုက်သည်။

ထိုစကားကြောင့် ချန်ကျန့်မှ အံ့အားသင့်သွားကာ၊

“ မင်းအဖေက တကယ် ပိုက်ဆံ အများကြီးသုံးစွဲဖို့ ဆန္ဒရှိတာပဲ .... ဒီချပ်ဝတ်က အထွတ်အထိပ် ချီစုစည်းခြင်း ကျွမ်းကျင်သူ လက်ကနေ ... ကာကွယ်ပေးနိုင်တယ်။ ”

-ဟု မှတ်ချက်ပေးလေသည်။

ဟွမ်ချမ့်ကျွယ်မှ စုရီထံ ပြန်လှည့် ကြည့်လေသည်။ ဤသည်မှာ အစ်ကိုစုထံ ပေးခြင်းမည်၏။

“ ကျေးဇူးတင်ပါတယ် အစ်ကိုယွမ် ... ။ ”

မလှမ်းမကမ်းမှ ရပ်ကြည့်နေရသော လီမိုယွင်၊ နီဟောင်၊ နန်းယင်နှင့် ကျန်သူများက ဤအရာကို မြင်သောအခါ စိတ်မသက်မသာ ဖြစ်လာတော့သည်။

အထူးသဖြင့် လီမိုယွင်ဖြစ်၏။ ထိုစဉ်က သူသည် ကွမ်လင်မြို့၏ သူရဲကောင်းငယ်ဖြစ်ပြီး ဟွမ်ချမ့်ကျွယ်သည် လူရမ်းကားဖြစ်သည်။

အချိန်တိုအတွင်းမှာပင် ထိုခေါင်းစဉ် ပြောင်းသွားပေလိမ့်မည်ဟု မမျှော်လင့်မိခဲ့ချေ။ သို့သော်တစ်ဖက်တွင် စုရီသည် သူတို့အပေါ် ရန်ငြိုးမထားဘဲ လျစ်လျူရှုထားသဖြင့် စိတ်သက်သာရာ ရစေသည်။

ထို့နောက် လူတိုင်းက နှုတ်ဆက်ကာ ထွက်ခွာသွားတော့၏။ စုရီက အခန်းထဲ ပြန်ဝင် သွားလေသည်။

ချာကျင်သည်သာ တစ်ယောက်တည်း ယောင်ပေပေ ကျန်ရစ်ခဲ့သဖြင့် တံမြက်စည်းကို ကောက်ကိုင်လိုက်မိသည်။

ထိုအချိန်တွင် ဝမ်လင်ရွယ်သည် ကျူးကုချင်းနှင့် ကောင်းကင်မူလ အကယ်ဒမီသို့ လိုက်ပါရန် ပြင်ဆင်နေ၏။

“ စီနီယာ ... ငါ့မိတ်ဆွေတစ်ယောက်ဆီ နှုတ်ဆက်ချင်ပါတယ်။ ”

“ ကောင်းပြီ ... လမ်းပြပါ ငါတို့အတူတူသွားပြီး ဒီနေ့ပဲ ကောင်းကင်မူလ အကယ်ဒမီကို ပြန်ရအောင်။ ”

လမ်းတစ်လျှောက် ဝမ်လင်ရွယ်၏ စိတ်လှုပ်ရှားနေခဲ့သော အမူအရာများကြောင့် ကျူးကုချင်းမှ မျက်မှောင်ကျုံ့မိလေသည်။

“ လင်ရွယ် ... မင်း ဘယ်သူ့ဆီသွားနေတာလဲ မင်းကောင်လေးလား။ ”

“ မဟုတ်ပါဘူး စီနီယာ ... ငါခဲအိုပါ။ ”

“ ဟမ့် ... အသုံးမကျတဲ့ ဝမ်မိသားစု သမက်လား။ ”

“ ဟုတ်ပါတယ် ... ငါ့ခဲအိုက အသုံးမကျတဲ့လူ မဟုတ်တော့ပါဘူး ငါ့အပေါ် ကောင်းကောင်း ဆက်ဆံပါတယ်။ ”

“ လင်ရွယ် ... သူက အမှိုက်ပဲ။ ”

“ မဟုတ်ဘူး ... ငါ့ခဲအိုက ကျင့်ကြံမှု ပြန်ရနေပြီ နဂါးတံခါးမှာ ပထမ ရခဲ့တယ်။ ”

“ ဟမ့် ... ကျင့်ကြံမှု ပြန်ရတော့ရော ဘာဖြစ်လဲ ... သူနဲ့ ငါတပည့်ဝမ်လင်ကျောက်ရဲ့ အိမ်ထောင်ရေးကို ဖျက်သိမ်းရမယ် သူ့လိုလူက ငါ့ဆက်ခံသူဖြစ်တဲ့ လင်ကျောက်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ”

ကျူးကုချင်းမှ ဒေါသထွက်လာကာ အနည်းငယ် လှောင်ပြောင်လိုသော လေသံဖြင့် ပြောကြားလိုက်သည်။

ဝမ်လင်ရွယ်မှ ဆက်လက် ငြင်းခုန်ခြင်း မပြုတော့ဘဲ တိတ်ဆိတ်စွာ လျှောက်လှမ်းသွား တော့၏။ ဤသို့ နာခံမှုမရှိသော အသွင်ကြောင့် ကျူးကုချင်းမှ သက်ပြင်းချလိုက်သည်။

သို့သော် လမ်းတစ်လျှောက် ရင်းနှီးနေပုံရသော မြင်ကွင်းများကြောင့် မျက်ခုံးပင့်လိုက်မိ၏။

“ မင်းခဲအိုက ဘယ်မှာ နေတာလဲ။ ”

“ ဘူးသီးခြောက်လမ်းကြား ... ။ ”

“ ဟမ့် ... ။ ”

ကျူးကုချင်းခမျာ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ဝင်ရောက်လာ တော့သည်။

“ လင်ရွယ် ... မင်းခဲအို ဘယ်လိုပုံစံရှိလဲ ပြောပြနိုင်မလား ... သူက မိန်းမတစ်ယောက်လို အရမ်းချောလား။ ”

“ ရောက်ရင် သိလိမ့်မယ် ... ။ ”

အစောပိုင်း ဝေဖန်မှုနှင့် ပတ်သတ်ပြီး ဝမ်လင်ရွယ်မှ ကျေနပ်ခြင်း မရှိသောကြောင့် ကောင်းကောင်း ပြန်မဖြေတော့ချေ။

“ ဒေါက် ဒေါက် ဒေါက် ... ။ ”

များမကြာခင် ခြံဝင်းတစ်ခုရှေ့ရပ်ကာ ဝမ်လင်ရွယ်မှ တံခါးခေါက်လိုက်တော့သည်။ ခြံတံခါးနဖူးစည်းပေါ်ရှိ စံအိမ်အမည်ကို မော့ကြည့်လျက် ကျူးကုချင်းတစ်ယောက် လှည့်ပြေးချင်စိတ်ပေါ်သွား၏။

“ ကျွီ ... ။ ”

“ ဘယ်သူကိုရှာနေတာလဲ ကောင်မလေး။ ”

ချာကျင်မှ ပြုံးပြီးမေးသည်။

“ ငါ့ခဲအို ... ။ ”

ဝမ်လင်ရွယ်က အလိုမကျသံ မပျောက်သေးဘဲ ပြန်ဖြေကာ ခြံဝင်းအတွင်းသို့ လှမ်းကြည့် လိုက်လေသည်။ ထုံးစံအတိုင်း စုရီကိုလည်း မတွေ့ချေ။

“ မင်းခဲအိုက ဘယ်သူလဲ။ ”

ချာကျင်မှု ခေါင်းရှုပ်သွားသည်။

“ ငါ ... ။ ”

ရုတ်တရက် ချာကျင်မေးခွန်းကို လှမ်းထွက်လာသော စုရီက ပြန်ဖြေပေးသည်။ တဆက်တည်းမှာပင် မျက်နှာလွှဲထားသော ကျူးကုချင်းကို မြင်ပြီး၊

“ မင်းက ဒီကို ဘာလာလုပ်တာလဲ။ ”

-ဟု မေးမြန်းလိုက်တော့၏။

စုရီ၏ အနည်းငယ် အံ့အားသင့်ပြီး အေးစက်နေသော လေသံကြောင့် ကျူးကုချင်းမှ ဒေါသထွက်သွားသည်။

“ ဟမ့် ... နင့်ကို ဝမ်မိသားစုရဲ့ ... အသုံးမကျတဲ့သားမက် ဖြစ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ”

“ ဒါဆို ... ငါက ဝမ်မိသားစုသမက် ဖြစ်နေရင်ဘာဖြစ်လဲ မင်းက ဝမ်လင်ကျောက်ရဲ့ ဆရာသခင်မို့လို့ ကြောက်လိမ့်မယ် ... မထင်နဲ့ မယုံရင်ထပ်ပြီး စမ်းကြည့်နိုင်တယ်။ ”

“ အစ်ကိုစု ... နင်က စီနီယာနဲ့ သိနေတာလား။ ”

ဝမ်လင်ရွယ်မှ အံ့ဩတကြီး မေးမြန်းလာလေသည်။

“ လင်ရွယ် ... ဒါက သူနဲ့ ငါ့ကြားက ပုဂ္ဂိုလ်ရေးအရ အငြင်းပွားမှုတစ်ခုပဲ ... အဲဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး မသိချင်နဲ့။ ”

ကျူးကုချင်းမှ အကြောက်အကန် ပြောကြားလိုက်၏။ သူမ အသွင်အပြင်ကြောင့် ဝမ်လင်ရွယ်မှ မျက်ခုံးပင့်မိသည်။

ဤစီနီယာသည် အဘယ့်ကြောင့် ရှက်ရွံ့နေသည်ကို နားမလည်နိုင်တော့ချေ။ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပုံပေပင်။

“ မင်းပြောတာ မှန်တယ် ... ဒီကိစ္စက လင်ရွယ်နဲ့ မပတ်သတ်ဘူး၊ သူ့ကို ဆွဲမထည့်နဲ့ မဟုတ်ရင် အကျိုးဆက်ကို မင်းခံစားရမယ်။ ”

စုရီက တည်ငြိမ်စွာ ပြောကြားလိုက်၏။ ဤသည်မှာ မဟာသခင်အပေါ် ခြိမ်းခြောက်ခြင်း မည်ချေသည်။ ကျူးကုချင်းတစ်ယောက် မျက်လုံးပြူးသွားတော့၏။

“ နင် … ။ ”

“ ချာကျင် မင်းဘာလို့ ရေနွေးကြမ်း သွားမယူရတာလဲ လင်ရွယ်လာပါ ... အမျိုးသမီး မင်းတံခါးကနေဝင်ပါ။ ”

စုရီက အမျိုးသမီး သုံးယောက်ကို တပြိုင်နက်တည်း လေသံသုံးမျိုးဖြင့် ပြောကြား လိုက်သည်။

ဝမ်လင်ရွယ်မှ ဆုရီနောက် လိုက်ပါလာပြီး

“ အစ်ကိုစု ကျန်တဲ့ လူတွေရော။ ”

“ ထွက်သွားကုန်ပြီ။ ”

“ ဟမ့် ... ဘယ်ကို သွားတာလဲ။ ”

“ သူတို့နဲ့ သင့်လျော်တဲ့ နေရာကို။ ”

စုရီက ရှင်းပြရန် ပျင်းရိလာသဖြင့် ဝမ်လင်ရွယ်ကို ပြန်ကြည့်ကာ၊

“ မင်း လာနှုတ်ဆက်တာလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ မှန်တယ် ... လင်ရွယ်က ဒီနေ့ပဲ ... စီနီယာနဲ့ ကောင်းကင်မူလ အကယ်ဒမီကို လိုက်သွားတော့မယ်။ ”

“ ကောင်းပြီ ... ၊ ငါ အင်ပါယာမြို့တော်ကို ရောက်တဲ့အခါ မင်းကိုလာရှာမယ်။ ”

ထိုအရပ်တွင် ဝေကျန်းရန်ကဲ့သို့သော မယားခိုးများကို ဖြေရှင်းရန် ကျန်ရှိနေသေး၏။ သည့်ပြင် ကျင့်ကြံမှုအတွက် ရင်းမြစ်များလည်း သူ့အတွက် လိုအပ်နေပြီ ဖြစ်သည်။

***

All Chapters