ပေတစ်ရာအကွာမှ ဓား။
Vol. 12 Ch. 135
အမျိုးသမီးမှ အံ့အားသင့်သွားပြီး၊
“ ကောင်းကင်က နတ်ဘုရားတွေ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလည်း ငါတို့တွေ အတူလက်တွဲနေသမျှ လုံလောက် နေပါပြီ။ ”
မုတ်ဆိတ်မွှေးနှင့် အမျိုးသားက စုရီနှင့်ချာကျင်ထံ လှည့်ကြည့်ကာ၊
“ သူတို့ကို လွှတ်ပေးရင် ... ငါထပ်မပြေးတော့ဘူး။ ”
-ဟု တောင်းဆိုလိုက်သည်။
“ ဟမ့် မင်းက ... ငါတို့ကို တကယ် စိတ်ရှုပ်စေတယ် သူတို့သေရင် မင်းကိုယ်မင်းပဲ အပြစ်တင်သင့်တယ် ငါတို့နဲ့ ဘာဆိုင်လဲ။ ”
“ ငါအဲဒီကောင်မလေးကို သဘောကျတယ် ချန်ထားပေး။ ”
ပုစိန်နှင့် အဖိုးအိုက ချာကျင်ထံ လှမ်းကြည့်ကာ ပြောလိုက်၏။ ချာကျင်ခမျာ ဒေါသထွက်သွားလေသည်။
တစ်ဖက်လူသည် ရမ္မက်များသာ ရှိနေသည့် သင်္ချိုင်းသို့ ခြေတစ်ဖက်လှမ်းနေသော အဖိုးကြီး ဖြစ်ချေပြီ။
မုတ်ဆိတ်မွေးနှင့်အမျိုးသားက စုရီထံ လှည့်ကြည့်ကာ၊
“ ငါ တောင်းပန်ပါတယ် တိုက်ပွဲဖြစ်ရင် မင်းတို့နှစ်ယောက် လွတ်မြောက်အောင် ကူညီဖို့ ငါသေတဲ့အထိ တိုက်ပေးမယ်။ ”
“ ဒါဆို သေတဲ့အထိ အခုတိုက်ပါ။ ”
“ ဟား ဟား ဟား ... ။ ”
စုရီက အေးစက်စွာ တုန်ပြန်လိုက်သဖြင့် အနက်ရောင်သစ်သားပေတံနှင့် အမျိုးသားက ရယ်မောလိုက်၏။ အစိမ်းရောင်ဝတ် အမျိုးသမီးမှ၊
“ ဟေး ... ဒီကောင်လေးပြောတာ ငါသဘောကျတယ် ... သူ့ကို ငါ့အတွက် ချန်ထားပေး ... ။ ”
-ဟု စုရီထံ ကြည့်ကာ ပြောလိုက်သည်။
“ ဟမ့် ... အလှည့်စားမခံပါနဲ့၊ ဒီကောင်လေးက ငါတို့သူ့ကို လွှတ်ပေးဖို့ ဟန်ဆောင်နေတာ ဖြစ်နိုင်တယ်။ ”
အဖိုးအိုမှ နှာခေါင်းရှုံ့သွားလေသည်။ အနက်ရောင် သစ်သားပေတံနှင့် အမျိုးသားက ရုတ်တရက် ပေတံကိုဆွဲထုတ်လိုက်၏။
“ ရွှပ် ... ။ ”
လေးလံပြီး ခမ်းနားထည်ဝါသော တောင်ကြီးတစ်လုံး ကောင်းကင်မှ ကျဆင်းလာ သကဲ့သို့ လေနှင့် မိုးခြိမ်းသံများ ဖြစ်ပေါ်လာသည်။
“ မဟာသခင်တွေလား။ ”
ချာကျင်မှ သက်ပြင်းချလိုက်သည်။ ဤမျှ ဝေးလဲခေါင်သီသော အရပ်တွင် မဟာသခင်များ ထွက်ပေါ်လာသည်မှာ မယုံနိုင်စရာပေပင်။
မုတ်ဆိတ်မွေးနှင့် အမျိုးသားက သူ့နောက်မှဓားကြီးကို ဆွဲထုတ်ပစ်လိုက်ပြီး လူသတ်ရောင်ဝါများ ထုတ်ဖော်လိုက်၏။
“ ဟိတ် ... ။ ”
အဆုံးတွင် မိုးရွာထဲ ပြေးဝင်လျက် သူ့ဓားကိုလှုပ်ခါကာ ပြိုင်ဘက်မရှိ စွမ်းအားဖြင့် ခုတ်ချပစ်လိုက်သည်။
ကောင်းကင်တွင် လျှပ်စီးများ ပြိုးပြက် လင်းလက်နေပြီး သူ့လက်ထဲရှိ ဓားပြားကြီးထံမှ ကျယ်လောင်သော လေခွင်းသံများ ပေါ်လာစေ၏။
ဓားသည် အထင်ကြီးစရာကောင်း၏။ မှင်ကဲ့သို့ နက်မှောင်ကာ အလျားသုံးပေနှင့် အကျယ် ကိုးလက်မ ရှိသည်။
၎င်းရွေ့လျားလိုက်တိုင်း အနက်ရောင် လျှပ်စီးကဲ့သို့ အလင်းတန်းတစ်ခု ပေါ်လာသည်။ မြွေနဂါးကဲ့သို့ ကြီးစိုးကာ ထက်ရှလှ၏။
“ ထန် ... ထန် ... ။ ”
သို့တိုင် ရှပ်အင်္ကျီနှင့် အမျိုးသားသည် သစ်သားပေတံဖြင့် ပေါ့ပါးစွာ ခုခံနိုင်ခဲ့သည်။ ဓားချက်တိုင်းကို ထိပ်တိုက်ရင်ဆိုင်ပြ၏။ အားနည်းချက် မပြချေ။
ဤသည်မှာ မဟာသခင် နှစ်ယောက်ကြား အသက်နှင့်သေခြင်းဖြစ်၏။ အန္တရာယ်များလှပြီး ကြောက်မက်ဖွယ်ကောင်းကာ ကျောက်တုံး များစွာ ကွဲအက်လွင့်စင်ကုန်သည်။
“ အတူတူ သွားရအောင်။ ”
အစိမ်းရောင် ဝတ် အမျိုးသမီးက စက္ကူထီးကိုခေါက်သိမ်းကာ သွေးနီရောင်ဓား ထုတ်ယူပြီး ပျံသန်းလာခဲ့သည်။
“ ဝှီး ... ။ ”
အဖိုအိုသည်လည်း သူ့ပုဆိန်နှစ်လက် ပြင်းစွာလွှဲလျက် ဝင်ရောက်လာ၏။ လူတိုင်း မဟာသခင်များပေပင်။
ဤအဆင့်ကျွမ်းကျင်သူသည် မဟာကျိုး၌ လက်တစ်ဆုပ်မျှသာရှိသော်လည်း သည်အရပ်၌ လေးပါးပေါ်လာ၏။
“ ဂျိန်း ... ။ ”
မိုးများ ပိုသည်းလာသည်။ ကောင်းကင်တခွင်၌ ငွေရောင်မြွေများအလား လျှပ်စီးများ ပြေးလွှားနေ၏။
မြေပြင်တွင် မုတ်ဆိတ်မွေးနှင့် အမျိုးသားသည် သုံးယောက်တစ်ယောက် တိုက်ခိုက်နေရသော်လည်း ခံနိုင်ရည် ရှိဆဲဖြစ်သည်။
သူ့လက်ထဲက ဓားနက်ကြီးသည် ဓားလှိုင်းပေါင်းများစွာကို ဖန်တီးပေးပြီး ပြိုင်ဘက်များထံ တွန်းလှန်နေ၏။
သို့သော် ပြိုင်ဘက်များသည် အဆင့်တူ မဟာသခင်သုံးယောက် ဖြစ်နေကြပြီး ပေတံနှင့် အမျိုးသားသည် သူ့နီးနီး သန်မာလှသည်။
အစိမ်းရောင်ဝတ် အမျိုးသမီးနှင့် အဘိုးအို ပေါင်းထည့်သော် သူ့အခြေအနေမှာ အလွန်ပင် စိုးရိမ်ရချေပြီ။ များမကြာခင် ဒဏ်ရာများ ပြည့်နှက်လာ၏။
“ မြန်မြန်ပြေးတော့ ... ။ ”
အဆုံးတွင် သူ့အသက်ကို စွန့်ပြီး ပြိုင်ဘက်သုံးဦးအပေါ် အတင်းအကြပ်ထိန်းကာ စုရီတို့ထံ လှည့်ကာအော်ဟစ်လိုက်သည်။ သို့သော်စုရီမှ မော့ပင်မကြည့်ခဲ့သဖြင့် ဒေါသထွက်သွားသည်။
“ မင်းလို လေလွင့်ကျင့်ကြံသူ တစ်ယောက်က တခြားသူတွေရဲ့ အသက်နဲ့ သေခြင်းအတွက် စိတ်ပူနေတာလား ... မယုံနိုင်စရာပါပဲ ... အဟား။ ”
“ စွပ် ... ။ ”
အဘိုးအိုမှ လှောင်ပြောင်တော့သည်။ ထိုစဉ်အနက်ရောင်ပေတံသည် ဓားပြားကြီးကို ရိုက်ဖယ်လိုက်သဖြင့် ထက်ရှသောသွေးနီဓားက ရင်ဘတ်ထံ ထိုးဖောက်ခွင့်ရသွား၏။
“ မင်း သေလိုက်တော့ ... ။ ”
သည့်နောက် ရှပ်အင်္ကျီနှင့်အမျိုးသားက ရှေ့တိုးလာပြီး ဦးခေါင်းကို သစ်သားပေတံဖြင့် ရိုက်ခွဲပစ်လိုက်သည်။
“ ဘန်း ... ။ ”
“ ခရစ် ... ။ ”
“ အား ... ။ ”
မုတ်ဆိတ်မွှေးနှင့် အမျိုးသားခမျာ မရှောင်တိမ်းနိုင်တော့ဘဲ ခေါင်းငဲ့ပေးလိုက်ရ၏။ ပေတံက ပခုံးရိုးပေါ် ကျရောက်သွားပြီး အရိုးကျိုးသံများ ထွက်ပေါ်လာသည်။
နာကျင်စွာ အော်ဟစ်လျက် ချက်ချင်း ပြိုကျသွားကာ ရွံ့နွှံအတွင်းသွေးများဖြင့် ဖုံးလွှမ်း လာတော့သည်။ ဒဏ်ရာ ပြင်းချေ၏။
ချာကျင်တစ်ယောက် အနည်းငယ် တုန်လှုပ်သွားသည်။ သူမအနေဖြင့် အကြိမ်ကြိမ် ကူညီချင်သော်လည်း စုရီထံမှ အမိန့်မရသဖြင့် သည်းခံနေခဲ့ရသည်။
အဆုံးတွင် နောင်တနှင့် အပြစ်များ ပြည့်နှက်လာကာ ဆက်လက်ရပ်ကြည့်နေပါက သူမ ပုံစံမဟုတ်တော့ကြောင်း နားလည်လိုက်သည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ပုဆိန်နှစ်လက်ကို တဝီဝီ ဝှေ့ရမ်းလျက် အဖိုးအိုက ရှေ့လှမ်းတက်လာပြီး အသေခုတ်ပိုင်းတော့သည်။
“ လုံလောက်ပြီ ... ။ ”
“ ဝှစ် ... ။ ”
“ ထန် ... ထန် ... ။ ”
ချာကျင်က ဓားတိုနှစ်လက် ဆွဲထုတ်ကာ ပြေးလွှားအော်ဟစ်လျက် ထိုပုဆိန်နှစ်လက်ကို အမှန်တကယ် ပိတ်ဆို့ပေးလိုက်၏။ မီးပွားများ ပွင့်လျက် အဖိုးအိုခန္ဓာကိုယ်ခမျာ အနည်းငယ် ယိမ်းယိုင်သွားလေသည်။
ရှပ်အင်္ကျီဝတ်အမျိုးသားနှင့် အစိမ်းရောင်၀တ် အမျိုးသမီးက တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်မိ၏။
ဤမိန်းကလေးသည် ပန်းအိုးတစ်အို ဟုတ်ပုံမရချေ။ စုရီသည်လည်း ချာကျင်ထံ လှမ်းကြည့်လာသည်။ အကောင်းအဆိုး ဝေဖန်ခြင်း မပြုခဲ့ချေ။
ချာကျင်တစ်ယောက် ရုတ်တရက် သတိရလာပြီး အသက်ပြင်းပြင်းရှူလျက် စုရီကို တုန်တုန်ယင်ယင်ဖြင့်၊
“ သခင်လေး၊ ဒီလူသေသည်ဖြစ်စေ ... ရှင်သည်ဖြစ်စေ သူတို့သုံးယောက်က ငါတို့ကို လွှတ်ထားမှာ မဟုတ်ဘူး၊ ဒါကြောင့် ... ။ ”
-ဟု ချက်ချင်း ရှင်းပြတော့သည်။
လူတိုင်း စုရီထံ ဆက်၍ ကြည့်မိကုန်၏။ ဤမိန်းကလေးသည် ကြီးစိုးစွာဖြင့် သူတို့တိုက်ပွဲ အတွင်း ဝင်ရောက်စွက်ဖက်ပြီး ထိုလူငယ်ထံ ချက်ချင်းတောင်းပန်နေသည်။
ဤလူငယ်သည် မည်သူဖြစ်မည်နည်း။ စုရီတစ်ယောက် ၎င်းတို့၏ အတွေးများအပေါ် လျစ်လျူရှုလျက် ကြိမ်ကုလားထိုင်မှထရပ်ကာ၊
“ မင်း ဘာအမှားမှ မလုပ်မိဘူး ... အမှားလုပ်ခဲ့တာက ဒီလူပဲ ... သူသေထိုက်တယ် ဒါပေမဲ့ သူယူလာတဲ့ ဒုက္ခက ... ငါတို့နဲ့ ပတ်သက်ရင်တော့ မတူတော့ဘူး။ ”
-ဟု ပြောကြားလိုက်သည်။ သို့မှသာ ချာကျင်တစ်ယောက် သက်သာရာရသွား၏။
စုရီသည်သာ စိတ်အနှောင့်အယှက် ဖြစ်သွားပါက ဝိညာဉ်ချည်ကြိုးဖြင့် အပြစ်ပေး မည်ကို စိုးရိမ်သွားခြင်းဖြစ်သည်။
“ ဟမ့် ... မင်းက ဘယ်သူလဲ။ ”
“ မင်းကို သတ်မဲ့လူ။ ”
စုရီက ပြန်ဖြေပြီး မြေပြင်၌ ဒဏ်ရာရရှိနေသော မုတ်ဆိတ်မွေးနှင့် အမျိုးသားထံ လက်ညှိုးညွှန်ပြကာ၊
“ မင်းသေခဲ့ရင် ... အပြစ်က သူ့အပေါ်မှာပဲရှိလိမ့်မယ် ... ငါနဲ့ မဆိုင်ဘူး နားလည်လား။ ”
-ဟု အဖိုးအိုကို ပြောကြားလိုက်သည်။
အဖိုးအိုက စုရီစကားကြောင့် မျက်ခုံးပင့်လျက် သူ့အဖော်များထံ ပြန်လှည့် ကြည့်လိုက်ကာ၊
“ မင်းတို့နှစ်ယောက် ကြားလား ... ချီစုစည်းခြင်း အစောပိုင်းအဆင့်က ဒီလူငယ်က ငါကိုသတ်ပြီးရင် ... ချန်ကွာခယ်မှာပဲ အပြစ်ရှိတယ်လို့ ပြောနေတယ်။ ”
“ ဟား ဟား ဟား ... ။ ”
“ မဟာသခင် သုံးပါးရှေ့မှာ ဒီလို မောက်မာဝံ့တဲ့ လူငယ်တစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ”
ရှပ်အင်္ကျီနှင့်မျိုးသားက အနည်းငယ် မျက်မှောင်ကြုတ်ကာ၊
“ သခင်လေး မင်းနာမည် မေးလို့ရမလား၊ မင်းရဲ့ဆရာက ဘယ်သူလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ ဆိတ်ညံတဲ့ တောင်တန်းကြီးပေါ်မှာ လေပြင်းနဲ့ မိုးတွေအရမ်း ရွာနေတယ် ... ဒါက လူသတ်ဖို့ အကောင်းဆုံး ရာသီဥုတုလို့ မင်းမထင်ဘူးလား။ ”
စုရီမှ ပြုံးလျက် ပြန်မေးသည်။ ရှပ်အင်္ကျီနှင့် အမျိုးသားက ပို၍ပင် မျက်မှောင်ကြုတ်သွား၏။ တစ်ဖက်လူသည် မောက်မာလွန်းချေပြီ။
“ ဒါဆို ... မင်းကို အရင်ခုတ်သတ် လိုက်မယ်။ ”
အဖိုးအိုက စိတ်မရှည်တော့ဘဲ ပုဆိန်နှစ်လက်ကိုလွှဲလျက် စုရီထံခုတ်ချပစ် လိုက်တော့သည်။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
ကောင်းကင်မှ လျှပ်စီးများ ဖျစ်ဖျစ်မြည်လာပြီး လေခွင်းသံသည် လူတိုင်း၏ ဝိညာဉ်ကို ထိတ်လန့်သွားစေ၏။
“ ဝှစ် ... ။ ”
သို့တိုင် စုရီမှလှောင်ပြုံးဖြင့် ပုဆိန်နှစ်လက်ကြား လပ်နေသည့်နေရာလွတ် ထံသို့ လက်ကိုဆန့်ထုတ်လိုက်သည်။
“ ဖောက် ... ။ ”
ကောင်းကင်လမ်းညွှန်ဓား ထွက်ပေါ်လာပြီးနောက် အတားအဆီးမရှိဘဲ အဖိုးအို၏ လည်မျိုထံ ထိုးဖောက်ဝင်ရောက် သွားလေသည်။
ရိုးရှင်းသော ဓားချက်ဖြစ်သော်လည်း မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှ၏။ ပုဆိန်နှစ်လက် အဖိုးအိုခမျာ မျက်လုံးများ ပြူးကျယ်သွားလေသည်။
သူ့လည်မျိုကို ငုံ့ကြည့်ပြီး၊ “ ဒါ ... ဒါက ဘယ်လို ဓားရေးမျိုးလဲ ... ။ ” -ဟု ရေရွတ်လိုက် တော့သည်။ ထို့နောက်တွင် နောက်ပြန် လဲကျသွားတော့၏။
ဤမြင်ကွင်းက အစိမ်းရောင်ဝတ် အမျိုးသမီးကို မောဟိုက်သွားစေ၏။ ကျောရိုးများ အေးစက်ကာ ဦးရေပြားများ ယားယံလာတော့သည်။
“ ပြေး ... ။ ”
ရှပ်အင်္ကျီနှင့် အမျိုးသားက ချက်ခြင်း ဆုံးဖြတ်ချက်ချပြီး လှည့်ပြေးသွားတော့သည်။ ထိုဓားအပေါ် မမြင်နိုင်ခဲ့ချေ။
ဤသည်မှာ သူရဲဘောကြောင်ခြင်းမျိုး မဟုတ်ဘဲ ရှင်သန်ရန်အတွက် ပညာရှိသော လုပ်ရပ်ဖြစ်လေသည်။
“ ဒီကောင်းကင်ကြီးအောက်မှာ ... မင်းအတွက် လွတ်လမ်း မရှိပါဘူး။ ”
စုရီမှ ဓားကို ကောင်းကင်ပေါ် ချိန်ရွယ်လိုက်သည်။ ဓားကိုယ်ထည်ရှိ တားမြစ် အမိန့် အသက်ဝင်လာပြီး လျှပ်စီးများ လက်လာတော့၏။
ချက်ချင်းပင် ကောင်းကင်တခွင် အလင်းများတောက်ပလျက် တောင်တန်းနှင့် မြစ်များ ဝင်းပကုန်သည်။
“ ဖျစ် ... ဖျစ် ... ဖျစ် ... ။”
ထို့နောက် အဝေးမှနေ၍ ဓားဖြင့်ခုတ်ပိုင်းချလိုက်၏။ ပေတရာအကွာသို့ ရောက်ရှိနေသော ရှပ်အင်္ကျီဝတ်အမျိုးသားခမျာ မိုးကြိုးပစ်ခံလိုက်သကဲ့သို့ မြေပြင်ပေါ် တုန့်ခနဲလဲကျသွားသည်။
အသက်နှင့် သေဆုံးခြင်းကို မသိနိုင်ချေ။ အစိမ်းရောင်ဝတ်အမျိုးသမီးမှ ကြောက်ရွံ့သော မျက်ဝန်းများဖြင့် ထိုမြင်ကွင်းကို လှည့်ကြည့်နေမိခဲ့သည်။
***