ပစ်မှတ် ... ။
Vol. 12 Ch. 136
ယခင်က အဘိုးအိုကို ဓားတစ်ချက်ဖြင့် သတ်ခဲ့ခြင်းသည် သူမ၏ နားလည်မှုထဲတွင် ရှိနေသေးသည်။ ယင်းသည် အဖိုးအိုပေါ့ဆမှုဟု အကြောင်းပြချက်ပေးနိုင်၏။
ကောင်းကင်ရှိ လျှပ်စီးစွမ်းအင်အပေါ် ထိန်းချုပ်ကာ ပေတစ်ရာအကွာမှ သတ်ခြင်းကိုမူ သူမ နားမလည်နိုင်တော့ချေ။
ဤသည်မှာ တန်ခိုးရှင်များ၏ နည်းလမ်း ဖြစ်ပေမည်။ ထိုအတွေးက သူမကို အသက်မဲ့ သွားစေ၏။ တစ်ဖက်တွင် ချာကျင်သည်လည်း မှင်သပ်နေမိသည်။
သူမ ဂိုဏ်းအတွင်းရှိ ထိပ်တန်း အကြီးအကဲအချို့သည် ဤနည်းလမ်းမျိုးဖြင့် တိုက်ပွဲဝင်ကြသည်ကို မြင်ဖူး၏။
၎င်းတို့သည် မုန်တိုင်းကို ထိန်းချုပ်ပြီး မိုးကြိုးကိုစေစားနိုင်သည့် လောက၏သခင်များ ပေပင်။ သို့သော် ၎င်းတို့အားလုံးသည် မူလ တာအိုနယ်ပယ် မြေကြီးအဆင့် ကျွမ်းကျင်သူများဖြစ်၏။
“ သွားပြီးတော့ ... သူ့ကို ပြန်ခေါ်လာခဲ့ ... ။ ”
စုရီက အမိန့်ပေးသည်။ ချာကျင်မှ ခေါင်းညိတ်ပြီး မိုးကြိုးပစ်ခံရသည့် ထိုလူထံ လျှောက်လှမ်းသွားတော့သည်။
“ ဘာလို့ ထွက်မပြေးသေးတာလဲ။ ”
စုရီက အစိမ်းရောင်ဝတ် အမျိုးသမီးကို လှည့်ကြည့်လိုက်၏။ အမျိုးသမီက ရွှံ့နွံအတွင်း ဒူးထောက်ချလိုက်သည်။
“ စီနီယာ ... ငါကမျက်ကန်းပါ ... ကျေးဇူးပြုပြီး ဒီလူမိုက်ရဲ့အသက်ကို နှမြောပါ။ ”
သူမဝိညာဉ်သည် ကြောက်စိတ်ဖြင့် တုန်လှုပ်နေပြီး နုပျိုမှုကို ထိန်းသိမ်းထားသည့် အဖိုအိုတစ်ဦးအဖြစ် စုရီအပေါ် ထင်မှား လာတော့သည်။
“ မင်းမှာ မဟာသခင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာမျိုး ရှိသေးရဲ့လား။ ”
စုရီမှ ဒူးထောက်နေသော အမျိုးသမီးထံ ငုံ့ကြည့်ကာမေးမြန်းလိုက်၏။ သူမနှင့်ယှဉ်သော် ချန်ကွာခယ်၏ ရဲရင့်သော လုပ်ရပ်များသည် လေးစားစရာကောင်းချေပြီ။
“ ငါက မဟာသခင်တစ်ယောက် ဆိုပေမဲ့ အသွေးအသားရှိတဲ့ သာမန် လူတစ်ယောက်ပါ စီနီယာ ... စီနီယာလို တန်ခိုးရှင်တစ်ပါးရဲ့ စွမ်းအားကို ငါမမြင်နိုင်တာ သဘာဝပါပဲ။ ”
ထိုအချိန်တွင် ချာကျင်သည် မီးလောင်ကျွမ်းနေသော ခန္ဓာကိုယ်ကြီးကို ဆွဲလျက် ထိုအမျိုးသမီးဘေးမှ ဖြတ်လျှောက်လာ၏။
“ ဟိတ် ... ။ ”
မြေပြင်ပေါ်တွင် ဒူးထောက်နေသော အစိမ်းရောင်ဝတ် အမျိုးသမီး၏ မျက်ဝန်းများ၌ ကောက်ကျစ်သော အရိပ်အမြွက်များပေါ်လာပြီး ချာကျင်ကိုဖမ်းရန် ခုန်ထလိုက်တော့သည်။
“ စွပ် ... ။ ”
သို့သော် သူမလည်ပင်းကို ဓားတစ်လက်ဖောက်ဝင်လာပြီး လမ်းတဝက်၌ ပြုတ်ကျသေဆုံးသွားသည်။
“ ဒီအလောင်းတွေကို ဝေးဝေးမှာ စွန့်ပစ်လိုက်ပါ မဟုတ်ရင် ... သွေးရနံ့ကြောင့် တစ်ညလုံး သားရဲတွေ ရောက်လာလိမ့်မယ်။ ”
ထို့နောက် ဂူထဲပြန်လှည့်ဝင်ကာ ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ ထိုင်ချလိုက် တော့သည်။ တစ်ဆက်တည်းမှာပင် မီးပုံအနား လျှောက်လှမ်းလာသည့် မုတ်ဆုတ်မွေးနှင့် အမျိုးထံ လှမ်းကြည့်ကာ၊
“ ပြောပါဦး ဒီကျားက ဘာဖြစ်တာလဲ။ ”
-ဟု မေးမြန်းလိုက်လေသည်။
စုရီ၏ မေးခွန်းကြောင့် ချန်ကွာခယ်မှ အသက်ပြင်းပြင်းရှူလျက် ရှင်းပြလာတော့၏။
“ ဒီကျားရဲ့ သွေးကြောက သိပ်တော့ မရိုးရှင်းပါဘူး ... ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ရစ်သိုင်းနေတဲ့ နတ်ဆိုးအငွေ့အသက်အရ အဆင့်ကိုး ဝိညာဉ်သားရဲဖြစ်နိုင်တယ်။ ”
ဝိညာဉ်သားရဲများကို အဆင့် (၉)ဆင့် ခွဲခြားထားသည်။ သွေးသန့်စင်ခြင်း အဆင့်မှ ကျွမ်းကျင်သူများသည် အဆင့်(၁)မှ (၃)ရှိ သားရဲများနှင့် ခွန်အားညီမျှ၏။
ချီသန့်စင်ခြင်းသည် အဆင့်(၄)မှ (၆)အတွင်းဖြစ်ကာ အဆင့်(၇)နှင့်အထက်သည် မဟာသခင်ခွန်အား ရှိချေပြီ။
အထူးသဖြင့် အဆင့်(၉)အဆင့် ဝိညာဉ်သားရဲများသည် သားရဲဘုရင်များဖြစ်ပြီး ၎င်းတို့တွင် ပင်ကိုယ်စွမ်းရည်နှင့် ဉာဏ်ရည် ဉာဏ်သွေးများ ပိုင်ဆိုင်ထား၏။
မဟာသခင်များသည်ပင် ထိုအဆင့်သားရဲများဖြင့် ထိပ်တိုက်တွေ့ရန် မဝံ့ကြချေ။
“ သခင်လေး၊ မင်းရဲ့မျက်လုံးတွေက အရမ်းထက်မြက်လွန်းပါတယ် မင်းဆီကနေ ငါ ဘာကိုမှ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး၊ ...
... ဒါက ကျောက်စိမ်းမျက်လုံး ကြက်သွေးရောင် မီးတောက်ကျားပါ ဒါပေမယ့် ငါ့ရဲ့တကယ့်ပစ်မှတ်က ... သူ မဟုတ်ဘူး သူ့မိဘပဲ။”
“ ဟမ့် ... ကျောက်စိမ်းမျက်လုံး ကြက်သွေးရောင် မီးတောက်ကျားဆိုတာ ... သာမန်အဆင့်(၉) သားရဲ မဟုတ်ဘူး။ ”
စုရီက မနေနိုင်တော့ဘဲ ဝင်ပြောသည်။
“ အတိအကျပါပဲ ... ။ ”
ချန်ကွာခယ်မှ သက်ပြင်းချလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ... မဟာသခင် တတိယအဆင့်ကို တက်လှမ်းဖို့အတွက် သူ့ အမြုတေကို ငါလိုတယ် ... ကံဆိုးစွာနဲ့ပဲ ဒီသားရဲက အစွမ်းထက်လွန်းပြီး မဟာသခင် ငါးယောက်ခွန်အားနဲ့ တူညီနေခဲ့တယ် ...
... အရမ်းကြောက်ဖို့ ကောင်းတယ် .. ပြေးဖို့ကလွဲပြီး အခြား ရွေးစရာ မရှိတော့ဘူး ... လမ်းမှာ အဲဒီမိန်းမနဲ့တွေ့လာတာပဲ ...
... သူတို့အမည်တွေက ဟွာလျန်းရှီး၊ ကျိချန်ဟီး၊ ယင်တုံတို့ဖြစ်ပြီး တတိယမင်းသား လက်အောက် မဝင်ခင်မှာ ငါလိုပဲ လေလွင့် ကျင့်ကြံသူတွေပါ ... သူတို့က ... ။ ”
“ ငါစိတ်မဝင်စားဘူး။ ”
စုရီက နားထောင်ရန် ပျင်းရိသွားသည်။ ချန်ကွာခယ်မှ ခေါင်းညိတ်လိုက်ကာ၊
“ အခုလို ... ငါ့အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”
“ ဒါဆို ဒီကျားကိုထားခဲ့ ... ။ ”
“ ဒါ သဘာဝပါပဲ ... ။ ”
“ မိုးတိတ်တာနဲ့ ထွက်သွား ... ။ ”
ချန်ကွာခယ်မှ ခေါင်းညိတ်လိုက်သည်။ များမကြာခင် ချာကျင်က အလောင်းများကို ရှင်းလင်းပြီး ပြန်ရောက်လာ၏။
“ သခင်လေး၊ သူတို့ရဲ့ လက်နက်အပြင် ကုသရေးဆေး၊ ဝိညာဉ်ကျောက်တုံးနဲ့ ... ငွေစ နည်းနည်းရခဲ့တယ် တခြား ဘာမှမရှိဘူး။ ”
စုရီက အနည်းငယ် စိတ်ပျက်သွားပြီး အနက်ရောင် သစ်သားပေတံကို ကောက်ယူ ကြည့်လိုက်သည်။
၎င်းမျက်နှာပြင်ပေါ်တွင် ဖီးနစ်(၇)ကောင် ရေးထိုးထား၏။ အနှစ်(၇၀၀) သက်တမ်းရှိသော အခွံမာသစ်ပင်မှ ပြုလုပ်ထားခြင်းဖြစ်သည်။
တန်ခိုးကြီးဂိုဏ်းနှင့် မျိုးနွယ်စုများသည် အိမ်ရှေ့တွင် သစ်မွှေးပင်နှင့် အနောက်ဘက်၌ အခွံမာသစ်ပင်များ စိုက်ပျိုးတတ်ကြ၏။
ကျက်သရေ မင်္ဂလာရှိစေသော ဖုန်းရွှေ နည်းလမ်းဖြစ်သည်။ သည့်ပြင် အခွံမာသစ်ပင် များသည် ယင်စွမ်းအင်များ ပါဝင်သဖြင့် ချင်ဝမ် ကဲ့သို့သော တစ္ဆေကျင့်ကြံသူများအတွက် ရတနာလည်းဖြစ်သည်။
ထို့နောက် ချာကျင်ပေးအပ်လာသော ပစ္စည်းတိုင်းကို ကျောက်စိမ်းဆွဲသီး အတွင်း၌ ထည့်သိမ်းကာ မျက်လုံးမှိတ်လိုက်တော့၏။
ချာကျင်က ချန်ကွာခယ်အနား လျှောက်သွားပြီး ကုသရေးဆေးတစ်ပုလင်းကို ပေးကမ်းလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ... မိန်းကလေး၊ မင်းရဲ့သခင်လေး နာမည်ကို မေးလို့ရမလား။ ”
ချန်ကွာခယ်မှ ကျေးဇူးတင် စကားဆိုလိုက်သည်။ ချာကျင်တစ်ယောက် စုရီထံ လှည့်ကြည့်ကာ ခေါင်းရမ်းပြမိ၏။
ချန်ကွာခယ်မှ ဆက်မမေးတော့ချေ။ တဖြည်းဖြည်း မိုးတိတ်သွားပြီး အဖြူရောင် မြူခိုးများ တောင်တန်းတစ်လျှောက် ရစ်သိုင်းလာတော့၏။
“ ငါ့ကို ခွင့်ပြုပါဦး ... ။ ”
အဆုံးတွင် ချန်ကွာခယ်မှ ထရပ်ပြီး နှုတ်ဆက်သည်။ စုရီမှ ဂရုမစိုက်သော်လည်း ချာကျင်မှ ခေါင်းညိတ်ပြ၏။
“ အန္တရာယ်ကင်းသော ခရီးဖြစ်ပါစေ။ ”
များမကြာခင် ချန်ကွာခယ်၏ ပုံသဏ္ဍာန်သည် မြူခိုးအတွင်း လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ သို့မှသာ စုရီ မျက်လုံးများ ပွင့်လာပြီး၊
“ ဒီမှာ ... ကျောက်စိမ်းမျက်လုံး မီးတောက်ကျား လာနေပြီ ... ဘာဖြစ်ဖြစ် မင်း ရပ်ကြည့်နေပါ ... ဝင်မပါနဲ့။ ”
-ဟု ပြောကြားလိုက်၏။
ချာကျင်မှ ပတ်ဝန်းကျင်ထံဝေ့ကြည့်ကာ ခေါင်းညိတ်ပြမိလေသည်။ ထိုစဉ် လှိုဏ်ဂူထဲသို့ လေပြင်းများ တိုက်ခတ်ပြီး မီးငြိမ်းလုနီးပါး ဖြစ်သွားတော့၏။
စုရီမှ ထရပ်ကာ ဂူဝသို့ ချက်ချင်း ရောက်ရှိသွားလေသည်။ သွယ်လျလျသော အသွင်ဖြင့် အဝတ်အစားများ လေထဲ တဖျပ်ဖျပ်ခတ်လာ၏။
ညသည် မှင်ကဲ့သို့ မည်းမှောင်နေပြီး မြူခိုးများ ဖုံးလွှမ်းနေသောကြောင့် မြင်ကွင်းမှာ မှုန်ဝါးဝါးဖြစ်နေခဲ့သည်။
တစ်ဆက်တည်းမှာပင် တောက်ပသော စိမ်းပြာရောင် မျက်ဝန်းတစ်စုံက မြူခိုးများကြား လင်းလက်လာလေသည်။
အေးစက်ပြီး ကြောက်စရာကောင်းသော မျက်ဝန်းများပေပင်။ ကြင်နာခြင်းမရှိ။ အကြွင်းမဲ့ သတ်ဖြတ်လိုသည့် မုန်းတီးနေသော မျက်ဝန်းများဖြစ်သည်။
ထိုအကြည့်ဖြင့် အကြည့်ခံရသူသည် နှလုံးသားတုန်ခါလျက် လည်ချောင်းထဲ တစ်ခုခု တွယ်ကပ်နေသလိုမျိုး ခံစားရစေမည်။
သို့သော် စုရီမှ ပြုံး၏။ ဤဘဝ၌ ပထမဆုံးအကြိမ်အဖြစ် တိုက်ပွဲဝင်လိုစိတ်များ တဟုန်ထိုး ပေါက်ပွားလာချေပြီ။
“ ငါ့ရဲ့အခွင့်အရေး ရောက်လာပြီ။ ”
ဤခရီးစဉ်၏ ရည်ရွယ်ချက်သည် ကြောက်စရာကောင်းသော ပြိုင်ဘက်များ ရှာဖွေရန်ဖြစ်၏။
ကျင့်ကြံမှုသည် ချီသန့်စင်ခြင်း အစောပိုင်းအဆင့်၌ ပိတ်မိနေသည်။ ၎င်းကို ဖြတ်ကျော်လိုပါက ပြင်းထန်သော ဖိအားလိုချေ၏။
ထို့ကြောင့် ဂူထဲမှ မဆိုင်းမတွ လှမ်းထွက်လာခဲ့သည်။ ယင်းသည် ဓားအိမ်မှ ထုတ်လိုက်သော ဓားတစ်လက်နှင့်တူ၏။
မည်သည့် ဓားထက်မဆို ပို၍ ထက်ရှနေသည်။ ချာကျင်မှ မျက်ခုံးပင့်လိုက်၏။ တစ်ဖက်လူထံမှ ဤမျှပြင်းထန်သော တိုက်ပွဲဝင် ဆန္ဒမျိုး တစ်ကြိမ်မျှ မမြင်ဖူးချေ။
ဓားတစ်လက်သည် ဓားအိမ်အတွင်း၌ ရှိနေသောအခါ ၎င်းအစွယ်ကို မမြင်နိုင်ဟူသည့် စကားကို ယခု နားလည်လိုက်ပြီ ဖြစ်သည်။
ကျောက်စိမ်းမျက်လုံး ကြက်သွေးရောင် မီးတောက်ကျားသည်လည်း ဖြည်းညှင်းစွာဖြင့် လှမ်းထွက်လာသည်။
အလျားသည် ဆယ်ပေရှိကာ ၎င်း၏ အမွေးများသည် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေ၏။ မျက်လုံးများအတွင်း မုန်းတီးမှုမီးလျှံများ တောက်လောင်နေသည်။
၎င်းရောင်ဝါကြောင့် တောအုပ်တစ်ခုလုံး တိတ်ဆိတ်သွားကာ ပိုးမွှားများပင် ငြိမ်သက် ကုန်၏။
ဤသည်မှာ အဆင့်ကိုး ဝိညာဉ်သားရဲ၏ ရောင်ဝါဖြစ်သည်။ ကြောက်စရာကောင်းချေ၏။ မည်သည့်သားရဲမဆို ခြိမ်းခြောက်ခံရသည်။
ချာကျင်သည် လဂိုဏ်း၏ အမာခံတပည့်ဖြစ်လေရာ ကျက်သရေရှိသော ဝိညာဉ်သားရဲများစွာကို မြင်တွေ့ဖူး၏။
သို့သော် ၎င်းတို့အားလုံးသည် ဤကျောက်စိမ်းမျက်လုံး ကြက်သွေးရောင် မီးတောက်ကျားကို မမီချေ။ ပဉ္စမအဆင့် မဟာသခင်နီးပါး သန်မာချေ၏။
“ မျှော်လင့်ထားသလိုပါပဲ ... ။ ”
စုရီမှ ပြုံးသည်။ ကျောက်စိမ်းမျက်ဝန်း ကြက်သွေးရောင် မီးတောက်ကျားက အမှန်ပင် ဖိအားပေးနိုင်၏။
“ ဝေါင်း ... ။ ”
ဟောက်သံတစ်ခုတည်းဖြင့်ပင် မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းလျက် တောင်များ တုန်ခါကုန်သည်။
အဝေးရှိ ချာကျင်သည်ပင် နားစည် ပေါက်ထွက်မတတ် ခံစားလိုက်ရကာ သွေးအန် လုနီးပါး ဖြစ်သွားခဲ့၏။
စုရီသာလျှင် ရှေ့သို့ ဆက်လျှောက် သွားသည်။ သူ့မျက်ဝန်း၌ တိုက်ပွဲဝင်ဆန္ဒများ နက်နက်ရှိုင်းရှိုင်း ပေါက်ဖွားလာ၏။
“ ဝေါင်း ... ။ ”
“ ဝှစ် ... ။ ”
မီးတောက်ကျားက အမြီးဖြင့် ချက်ချင်းလွှဲရိုက်လာသည်။ အဟုန်သည် လျှပ်စီးအလား မြန်ဆန်ချေပြီ။
မဟာသခင်တစ်ပါးအတွက် ကောင်းစွာထိတ်လန့်စေရန် လုံလောက်သည်။
“ မိုက်မဲတဲ့ သားရဲ ... ။ ”
“ ဝုန်း ... ။ ”
သို့သော် စုရီက လက်ဗလာဖြင့် ပြန်လည် ထိုးနှက်လိုက်တော့၏။ ယနေ့တွင် သူ့စွမ်းအင် လမ်းကြောင်းများကို အလုံးစုံသန့်စင်ရန် ကြံရွယ်ထားချေပြီ။
***