ဓား(၁၀၈)လက်။
Vol. 12 Ch. 137
ဤနည်းလမ်းသည် အခြေခံအုတ်မြစ်ကို တည်ဆောက်ရန်အတွက် တုနှိုင်းမမီသော အရာ ဖြစ်သည်။
“ ဝုန်း ... ။ ”
သွေးအတွင်းရှိ စွမ်အင်များ လောင်မြိုက်လျက် လက်သီးနှင့် ခြေသည်းများ ထိပ်တိုက်တွေ့ဆုံသွားသည်။ တောင်ကုန်းနှစ်ခု တိုက်မိသလိုမျိုး တုန်ဟည်းသွားစေ၏။
ရိုက်ခတ်လှိုင်းများသည် အရပ်ရပ်သို့ ပြန့်ကျဲသွားကာ လေဟာနယ် ပြိုကျလုမတတ် သက်ရောက်မှုမျိုး ပေးစွမ်းလာသည်။
အကျိုးဆက်အနေဖြင့် စုရီတစ်ယောက် ပြင်းစွာတုန်ယင်သွားပြီး ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်လိုက်ရသည်။
ခြေလှမ်းတိုင်း မြေပြင်တွင် အက်ကြောင်းများ ထင်ကျန်ရစ်ပြီး အစိမ်းရောင် ဝတ်ရုံသည် တဖျပ်ဖျပ်ခတ်သွား၏။
“ အရမ်းကောင်းတယ်။ ”
ထို့နောက် အော်ဟစ်လျက် အလင်းတန်းသဖွယ် ခုန်ပေါက်လျက် မီးတောက် ကျားကို တိုက်ခိုက်တော့သည်။
အသက်ကို နှုတ်ယူနိုင်သော လက်သည်းချက်များသည် သူ့ခန္ဓာကိုယ်ပေါ် မကြာမကြာပွတ်ဆွဲသွား၏။ သူတို့အနား ပေတစ်ထောင် ဧရိယာသည် ၎င်းတို့၏ တိုက်ပွဲမြေပြင် ဖြစ်လာသည်။
မြက်ပင်များ၊ သစ်ပင်များနှင့် ကျောက်တုံးများအားလုံး အမှုန်အဖြစ်သို့ ပြိုကျ သွားတော့၏။
မြေပြင်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများနှင့် ထိတ်လန့်ဖွယ်ရာ ပျက်စီးမှုများ ဖြစ်ပေါ်နေသည်။
ဤအခိုက်တွင် သူမနှင့် စုရီအကြား ကွာဟချက် မည်မျှ ကြီးမားသည်ကို ချာကျင်မှ သိရှိလာခဲ့၏။ တစ်ဖက်လူသည် ချီသန့်စင်ခြင်း အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။
“ အစ်ကိုကြီး ... မင်းဂိုဏ်းက ဘယ်သူမှ သူ့ကို မယှဉ်နိုင်တော့မှာ ငါကြောက်မိတယ် ... ။ ”
စုရီကို ဓားပျံနှင့် ခိုးဝင်တိုက်ခိုက်ခဲ့သော စီနီယာအစ်ကိုသည် စောလျင်စွာ ထွက်ပြေးခဲ့ပြီး စစ်ကူများ ပြန်လည်ခေါ်ယူလာမည်ဟု ကတိပေးသွားသည်။
“ ဟား ဟား ဟား ... ။ ”
ရုတ်တရက် စုရီက ကျယ်လောင်စွာ ရယ်မောလျက် ကြီးစိုးသော အမူအရာပြသ လာခဲ့သည်။
သူသည် အချိန်များစွာ ပျင်းရိပြီး မာနကြီးသူဖြစ်၏။ အသက် ဆယ့်ခုနစ်နှစ်သာ ရှိသော်လည်း စိတ်ခံစားချက် ကင်းသည်။
ယခုမူ တိုက်ပွဲအပေါ် ရူးသွပ်စွာ စီးမျောနေသည်။ ဤလူငယ်သည် တန်ခိုးရှင် ကမ္ဘာမှ နှင်ထုတ်ခံရသူ ဖြစ်ချေမည်။
တစ်ဖက်တွင်လည်း မီးတောက်ကျား၏ အဖြူရောင်အမွေးများပေါ်၌ သွေးကွက်များ ထွက်ပေါ်လာ၏။
ရံဖန်ရံခါတွင် ကျယ်လောင်သော ဟောက်သံများပြုလျက် တောင်ကုန်းများစွာကို တုန်ဟည်းစေသည်။
“ ဝေါင်း ... ။ ”
အဆုံးတွင် မီးတောက်ကျားသည် ကောင်းကင်ပေါ် ခုန်တက်လိုက်ပြီး စုရီထံသို့ ရုတ်တရက် ပျံသန်းလာခဲ့၏။
၎င်းအထက် ကောင်းကင်ယံတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော သားရဲ အရိပ်ကြီး ထွက်ပေါ်လာသည်။ ဒဏ္ဍာရီလာ သားရဲတစ်ကောင်ဖြစ်၏။
“ ဘာကြီးလဲ ... ။ ”
ချာကျင်ခမျာ တုန်လှုပ်သွားပြီး ကြောက်ရွံ့မှုများဖြင့် မော့ကြည့်လိုက်မိသည်။ ဤသည်မှာ ဒဏ္ဍာရီလာနတ်သားရဲ ခြင်္သေ့နဂါး ပုံရိပ်ဖြစ်၏။
မီးတောက်ကျားတွင် မျိုးဆက်သွေး အနည်းငယ် ပါရှိချေပြီ။ ခြင်္သေ့နဂါးများသည် ပျက်စီးမြေရှစ်ပါး၌ပင် ပထမတန်း ဝိညာဉ်သားရဲ ဆယ့်ရှစ်ပါး အဆင့်ဝင်၏။
လေ၊ လျှပ်စီး၊ မြေကြီးနှင့် မီးတို့ကို ထိန်းချုပ်နိုင်စွမ်းရှိသော မွေးဖွားရာပါ တန်ခိုးရှင် သားရဲများဖြစ်သည်။
တိမ်များနှင့် မြူများကို စားသုံးကာ စွမ်းအားသည် အကန့်သတ်မရှိချေ။ တိမ်၊ မြူနှင့် အသွင်ပြောင်းခြင်းများ ပြုလုပ်နိုင်သည်။
အရိုင်းမြေကိုးပါးတွင် ကျော်ကြားပြီး အလွန်အစွမ်းထက်သော တိမ်မြူဧကရာဇ်သည် ထိုသို့သော မျိုးဆက်သွေးပါရှိသည့် နတ်ဆိုး ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူ့ရှေ့ရှိ ဤမီးတောက်ကျားတွင်မူ ခြင်္သေ့နဂါးသားရဲ၏ မျိုးဆက်သွေး အနည်းငယ် မျှသာ ပါရှိသည်။ သို့သော်လည်း မဟာကျိုး၌ ဘုရင်ဖြစ်ရန် လုံလောက်ချေ၏။
ဤအခိုက်တွင် စုရီသည် သူ့ထံသို့ ရောက်ရှိလာသော ဖိအားကို ခံစားလိုက်ရသည်။ အလွန်အန္တရာယ်များသော ရောင်ဝါဖြစ်၏။ မီးတောက်ကျား၏ ဝှက်ဖဲ ဖြစ်ပေမည်။
အဖြူရောင်အမွေးများမှာ မီးလျှံများ တောက်လောင်လျက် အနီးရောင်ပြောင်းလဲ ကုန်သည်။
“ ဟား ဟား ဟား ... လာ။ ”
သွေးအတွင်း စွမ်းအင်ကို လောင်ကျွမ်းစေလျက် စွမ်းအင်လမ်း (၁၀၈)ခုကို ဖွင့်လိုက်၏။ ဤအချိန်သည် သူ စောင့်မျှော်နေ ခဲ့သည့် အခိုက်အတန့်ဖြစ်သည်။
စွမ်းအင်လမ်းကြောင်းများ ပွင့်သည်နှင့် သူ့လက်ချောင်းများ၌ အလင်းတန်း တစ်ရာ့ရှစ်ခု ဖြာထွက်လာ၏။
အလင်းတန်းများသည် သက်တံတစ်စင်း ကဲ့သို့ ကောင်းကင်ပေါ် ထိုးဖောက်ဝင်ရောက် နေ၏။ အဆုံးတွင် စုရီကို ဗဟိုပြုလျက် စက်ဝိုင်းပုံသဏ္ဍာန် ဖွဲ့တည်လာသည်။
အဝေးမှမျှော်ကြည့်ပါက ထိုအလင်းလွှာများအတွင်း တန်ခိုးရှင်တစ်ပါး ရပ်နေကဲ့သို့ ထင်မှားသွားစေမည်။
မြင်ကွင်းသည် မြင့်မြတ်ပြီး ခမ်းနား၏။ လျင်မြန်စွာဆင်းလာသော မီးတောက်ကျားခမျာ ထိုအလင်းလွှာကို ဦးစွာထိမှန်သည်။
“ ဘောင်း ... ။ ”
အလင်းလွှာသည် အလွှာပေါင်း (၁၀၈)လွှာရှိနေကာ မီးတောက်ကျားနောက်ရှိ ခြင်္သေ့နဂါးပုံရိပ်ကြီးကို ချက်ချင်း ပေါက်ကွဲသွားစေ၏။
ဒေါသထွက်နေသော မီးတောက်ကျားက အန္တရာယ်ခံစားလာမိသဖြင့် တုန်လှုပ်သွားကာ လက်သည်းကို ချက်ချင်း ပြန်ရုတ်သည်။
“ ဝှစ် ... ။ ”
“ တိမ်တွေက ပေါ့ပါးပြီး လေပြေလေညှင်းက သာယာနေတယ်။ ”
“ ဘုန်း ... ။ ”
“ ဝေါင်း ... ။ ”
သို့သော် စုရီက ခွင့်မပြုချေ။ လက်ကို ဆန့်ထုတ်ပြီး ပြင်းစွာ ရိုက်ချပစ်လိုက်သည်။ မီးတောက်ကျားခမျာ တောင်ကြီးတစ်လုံးဖြင့် ထိမှန်သွားသကဲ့သို့ ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။
မြေပြင်၌ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ အပျက်အစီးများ နေရာအနှံ့ ပျံ့လွင့်သွား၏။
မီးတောက်ကျားက အပျက်အစီးပုံ အောက်မှထရပ်ရန် ရုန်းကန်လိုက်သော်လည်း ပြန်၍လဲကျသွားသည်။
“ ဝေါင်း ... ဝေါင်း ... ။ ”
၎င်းက ဝမ်းနည်းနာကျည်းဖွယ်ရာ ဟောက်သံများ ထုတ်လွှတ်လျက် စုရီထံသို့ စိုက်ကြည့်ရုံသာ တတ်နိုင်တော့၏။
သူ့အမွေးများ မွဲခြောက်လျက် ခန္ဓာကိုယ်အတွင်းရှိ မရေမတွက်နိုင်သော အရွတ်နှင့် အရိုးများ ကျိုးကြေကုန်သည်။
ဤလက်ဖဝါးသည် ပဉ္စမအဆင့် မဟာသခင်တစ်ပါးနှင့် ယှဉ်နိုင်၏။ အလင်း အလွှာများ အထပ်ထပ် ရစ်ပတ်လျက် စုရီက ကြီးစိုးစွာ ကြည့်နေခဲ့သည်။
ထိုမြင်ကွင်းက ချာကျင်ကို တုန်လှုပ် သွားစေသည်။ သူမတစ်သက် မေ့နိုင်တော့မည် မဟုတ်ချေ။ လက်ဖဝါးတစ်ချက်တည်းဖြင့် နဝမအဆင့် ဘုရင်သားရဲကို နှိမ်နင်းနိုင်ချေပြီ။
“ ဟား ဟား ဟား ... နောက်ဆုံးတော့ အောင်မြင်မှုတစ်ခု ငါရပြီ။ ”
ထိုအချိန်တွင် စုရီက အော်ဟစ် ရယ်မောလိုက်သည်။ သူ့နှလုံးသားထဲတွင် ကျေနပ်မှုလှိုင်းများ ထလာ၏။
စွမ်းအင်လမ်းကြောင်း (၁၀၈)ခုသည် အလုံးစုံကြည်လင်လာပြီး စွမ်းအင်များသည် စမ်းရေအလား အတားအဆီးမဲ့စွာ စီးဆင်းတော့သည်။
၎င်းအတွင်း လျှို့ဝှက်ဆန်းကြယ်ပြီး ထူးထူးဆန်းဆန်း ဖြစ်စဉ်များ ရောယှက်ပါဝင် နေ၏။ ဤသည်မှာ စွမ်အင်လမ်းကြောင်းများ အားလုံး သန့်စင်နိုင်ခြင်း ဖြစ်စဉ်ပေပင်။
စွမ်းအင်လမ်းကြောင်းတိုင်းသို့ ကောင်းကင်နှင့်မြေကြီးကြားရှိ စွမ်းအင်များက စီးဝင်ရန် ချိတ်ဆက်လာသည်။
ဤအဆင့် အောင်မြင်မှုသည် အရိုင်းမြေကိုးပါး၌ပင် တစ်သန်း-တစ်ယောက် မျှသာ အောင်မြင်နိုင်မည်။
“ ဘရူး ... ။ ”
ရုတ်တရက် အသိစိတ်ပင်လယ်ထဲရှိ ငရဲဘုံကိုးပါးဓားသည် ထူးထူးခြားခြား တုန်ခါသံ ပြုလာ၏။
စွမ်းအင်လမ်းကြောင်း (၁၀၈)ခုသည် ကောင်းကင်မှ ကြယ်တာရာများကဲ့သို့ ချက်ချင်း တောက်ပလာကာ ထိုတုန်ခါမှုကို တုန့်ပြန်၏။
များမကြာမီ ငရဲဘုံကိုးပါးဓားများ ဖြစ်ပေါ်လာသည်။ ဓားတိုင်းတွင် သံကြိုးများ မပါရှိဘဲ ထူးခြားသောရောင်ဝါများ ထုတ်လွှတ်ထား၏။
ဤသည်မှာ ငရဲဘုံကိုးပါးဓားငယ်ပေါင်း (၁၀၈)လက်ပေပင်။ ထိုနည်းအားဖြင့် စွမ်းအင် လမ်းကြောင်းများသည် ဝိညာဉ်အဆင့်သို့ အသွင်ပြောင်းသွားခဲ့၏။
စုရွှမ်ကြွယ်ဘဝ တပည့်ကိုးဦးအနက် ဧကရီချင်းတန်သာလျှင် ဤသို့ ဝိညာဉ်အဆင့် စွမ်းအင်လမ်းကြောင်းများ ပိုင်ဆိုင်ချေပြီ။
“ စိတ်ဝင်စားဖို့ ကောင်းတယ်။ ”
ဤသည်မှာ ငရဲဘုံကိုးပါးဓား၏ ကျေးဇူးတော်ဖြစ်၏။ အစောပိုင်းချီသန့်စင်ခြင်း အဆင့်ဖြင့် ဝိညာဉ်လမ်းကြောင်းများ ပိုင်ဆိုင်ခွင့် ရသည်မှာ ယုံနိုင်စရာ မရှိချေ။
ခဏအကြာတွင် အတွေးများကို ရုတ်သိမ်းလိုက်ပြီး အပျက်အစီးပုံအောက်ရှိ မီးတောက်ကျားထံ ငုံ့ကြည့်လိုက်သည်။
အမွေးများတွင် သွေးများ စွန်းထင်းကာ မီးတောက်သည် မှိန်ဖျော့နေ၏။ သူ့အကြည့်ကို သတိပြုမိသောအခါ ၎င်းက ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်လာသည်။
“ ဝေါင်း ... ။ ”
စုရီက သူ့အနား လျှောက်လှမ်း သွားရာ မီးတောက်ကျားမှ တိုးဖျော့စွာ ဟိန်းဟောက်ပြီး မငြိမ်မသက်ဖြစ်လာ၏။ မသေချင်သေးချေ။
“ ဟမ့် ... မင်းက ငါ့အတွက် အများကြီး အကူအညီပေးခဲ့တယ် ဒါဆို ငါ မင်းရဲ့အသက်ကို ဘာလို့ယူရမှာလဲ။ ”
စိတ်ခံစားချက် ကောင်းမွန်နေသဖြင့် စုရီတစ်ယောက်ပြုံးပြီး အနီရောင်မက်မွန်သီး တစ်လုံးထုတ်ယူကာ ပစ်ကျွေးလိုက်၏။
မီးတောက်ကျားမှ မက်မွန်သီးကို ငုံ့နမ်းစစ်ဆေးလျက် အံ့သြတကြီး ချက်ချင်း ကိုက်ဝါးလိုက်တော့သည်။
“ ဒီနေ့ ... ငါတို့ရဲ့ တွေ့ဆုံမှုဟာ ... ကံကြမ္မာအဖြစ် ယူဆလို့ရပါတယ် ... ဒါကြောင့် ဒဏ်ရာကနေ သက်သာလာတဲ့အခါ မင်းကို အသွင်ပြောင်းခြင်း နည်းစနစ် ငါပေးမယ်။ ”
ထို့နောက် စုရီက ဂူထဲသို့ ပြန်လှည့်ကြည့်လိုက်ပြီး၊
“ စကားမစပ်၊ မင်းရဲ့အမျိုးအနွယ်ကို ငါသတ်ခဲ့တာမဟုတ်ဘူး ... ဒါကြောင့် ငါ့အပေါ် ရန်ငြိုးမဖွဲ့နဲ့ ... ဖွဲ့လည်း ဂရုမစိုက်ဘူး။ ”
-ဟု ဆိုကာ ဂူထဲသို့ ပြန်၍ လျှောက်လှမ်းလာခဲ့သည်။
ထို့နောက် ကုသရေးဆေးလုံးအချို့ သောက်သုံးပြီး မီးတောက်ကျားကို လျစ်လျူရှု လိုက်ကာ တရားထိုင်တော့၏။
ဤတိုက်ပွဲအတွင်း ဒဏ်ရာများစွာ ရရှိထားသည်။ ကုသရန် အချိန်လို၏။ ချာကျင်မှ မီးပုံဘေးဝင်ထိုင်ကာ မီးတောက်ကျားထံ စောင့်ကြည့်နေခဲ့သည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား ပြီးနောက် အရုဏ်တက်ချိန် နီးလာသောအခါ မီးတောက်ကျား၏ ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာပြီး စုရီထံ မျှော်ကြည့်၏။
ထို့နောက် ချက်ချင်း ထွက်ခွာ သွားတော့သည်။ အသွင်ပြောင်းနည်းစနစ်သည် သားရဲများအတွက် ရှားပါးချေ၏။ ၎င်းကို မယူချင်လောက်အောင် ဤသားရဲသည် စုရီအပေါ် ကြောက်ရွံ့သွားပုံရချေပြီ။
နေမင်းကြီး၏ အလင်းရောင်သည် အမှောင်ထုကို ဖယ်ရှားလျက် တောင်နှင့် မြစ်များအပေါ် ကျဆင်းလာသည်။
“ ကျလိ ... ကျလိ ... ။ ”
ငှက်အုပ်တစ်အုပ်က ကျယ်လောင်စွာ အော်မြည်လျက် မိုးကုပ်စက်ဝိုင်းထံ ဦးတည် ပျံသန်းကြတော့၏။
“ သွားကြရအောင်။ ”
စုရီက မျက်လုံးများ ဖွင့်လာပြီး တရားထိုင်နေရာမှ ထရပ်ကာ ကုလားထိုင်ကို ခေါက်သိမ်းလိုက်သည်။
နေမွန်းတည့်ချိန် ရောက်ရှိသောအခါ ချောက်ကမ်းပါးတစ်ခုအတွင်း ရေကျသံကြား လိုက်ရသဖြင့် ချာကျင်၏ မျက်လုံးများ တောက်ပလာခဲ့သည်။
“ သခင်လေး ... ငါရေချိုးချင်တယ်။ ”
စုရီက ရေတံခွန်ထံ လှမ်းကြည့်ကာ၊
“ ကောင်းပြီ ... ငါအရင်ချိုးလိုက်မယ် မစောင့်နိုင်ရင် ... မင်းငါနဲ့အတူတူ လာချိုးလို့ ရတယ်။ ”
-ဟု ဆိုလျက် ရေကန်ထဲ ဆင်းသွားတော့သည်။
“ ..... ။ ”
ချာကျင်တစ်ယောက် မျက်လုံးပြူးလျက် ကျန်ရစ်ခဲ့၏။ မည်သို့သော အပျိုစင်မိန်းကလေး များသည် ယောကျ်ားတစ်ယောက်နှင့်အတူ အရှက်မဲ့စွာ ရေချိုးဝံ့မည်နည်း။
များမကြာခင် စုရီက ကမ်းပေါ် ပြန်တက်လာပြီး အဝတ်လဲကာ ကျောက်တုံး တစ်တုံးပေါ် ခုန်တက်လိုက်တော့သည်။
အဝေးတစ်နေရာမှနေ၍ သူ့ကို စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကို မြင်လိုက် ရသည်။ ၎င်းက သူ့ကိုမြင်သည်နှင့် ပါးစပ်တွင် ကိုက်ထားသော တောဝက်ကို ပစ်ချလိုက်ပြီး ပြန်လှည့်ထွက်သွားတော့သည်။
***