← Chapters

အတူတူ သွားရအောင်။

Vol. 12 Ch. 139

အတူတူ သွားရအောင်။

Vol. 12 Ch. 139

ဧရိယာကျယ်ဝန်းပြီး မဏ္ဍပ်များ၊ လှေကားထစ်များ၊ တံတားများနှင့် ရေကန်များ ပါရှိသော စံအိမ်တစ်ခုတွင် ယွီပိုင်တျန်ဟူသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။

သူသည် အင်ပါယာမြို့တော်ရှိ ထိပ်တန်းမိသားစုငါးခုအနက်မှ တစ်ခုဖြစ်သည့် ယွီမိသားစု၏ ခေါင်းဆောင် အကြီးအကဲ ဖြစ်သည်။

သူ့သြဇာသည် ပြည်နယ် ခြောက်ခုကို ခြိမ်းခြောက်နိုင်၏။ လက်ရှည်အင်္ကျီ ၀တ်ဆင်ပြီး မုတ်ဆိတ်မွေးရှည်များဖြင့် ပုတီးတစ်ကုံးကို ကိုင်ဆောင်ထားသည်။

နွေးထွေးသော အပြုံးနှင့် တောက်ပ စူးရှလွန်းသည့် မျက်ဝန်းတစ်စုံ ရှိနေ၏။ ခန်းမ အလယ်တွင် အစေခံအိုကြီး တစ်ယောက်မှ သူ့ကို သတင်းပို့နေသည်။

“ သခင်၊ ဆယ်ရက်အတွင်း ... ပြည်နယ် ဦးစီးချုပ် ရှန့်ထျန်းချိုးက ... လက်ဖက်ရည်ပွဲ ကျင်းပလိမ့်မယ် ... ‌ကျောက်နဲ့ပိုင် မိသားစုတွေက ....

.... ငြိမ်းချမ်းရေးမြို့တော်သခင် ကျန်းလင်ယွီကို ရှန့်ထန်းချိုးနေရာမှာ အစားထိုး ချင်ကြတယ် ... ကျန်တဲ့ မိသားစုတွေကတော့ ဘာမှမပြောသေးပါဘူး။ ”

ဆိုလိုသည်မှာ ဤမိသားစုကြီးနှစ်စု သည်သာ ဒုတိယမင်းသားဘက်တွင် ပြတ်ပြတ် သားသား ရပ်တည်ဝံ့သည်ဟု အဓိပ္ပါယ်ရ၏။

“ ရွယ်မိသားစုက သူ့ရဲ့ ရပ်တည်ချက်ကို မဖော်ပြသေးပေမယ့် ... ကျန့်မိသားစုကတော့ ဆဋ္ဌမမင်းသားနဲ့ အလွန်နီးစပ်နေပါတယ်။ ”

ယွီပိုင်တျန်မှ လက်ကို ဝှေ့ယမ်းပြလိုက်ပြီး၊

“ ဒီလိုအယူအဆတွေက အဓိပ္ပါယ်မရှိဘူး ... စစ်မှန်တဲ့ခွန်အားနဲ့ ရင်ဆိုင်ရရင် ရပ်တည်ချက် ဆိုတာတွေ အဓိပ္ပါယ်မဲ့သွားလိမ့်မယ် ...

... ဒါက ဒုတိယမင်းသားနဲ့ ဆဌမ မင်းသားကြားက အားပြိုင်မှုပဲ အနိုင်ရသူက စီရင်စုသခင်ကို ဆုံးဖြတ်ပေးလိမ့်မယ်။ ”

အစေခံအဘိုးအိုက၊

“ သခင် ... ၊ ပြည်နယ်ဦးစီးချုပ် ရှန့်ထျန်းချုံးက ယွီမိသားစုအဖြေကို စောင့်နေ ပါတယ်။ ”

-ဟု တိုးတိုးလေးပြောသည်။

ယွီပိုင်တျန်မှ ခဏလောက် စဉ်းစားပြီး၊

“ ရှန့်ထျန်းချုံးက ဒုတိယမင်းသားရဲ့ ဗိုလ်ချုပ်တစ်ယောက်ပဲ သူရာထူးက မထွက်ခင် ကျန်းလင်ယွီကို ထောက်ပံ့ဖို့ စီစဉ်နေတယ် ... ဆိုလိုတာက နောက်ကွယ်မှာ ဒုတိယ မင်းသားရှိနေတယ် ...

... ကောင်းပြီ၊ စာပြန်လိုက်ပါ ဘယ်သူအနိုင်ရရ ငါ့ယွီမိသားစုက ထောက်ခံ ပါတယ်လို့။ ”

“ ဒါပညာရှိတဲ့ ရွေးချယ်မှုပါပဲ။ ”

ယွီပိုင်တျန်က ခေါင်းခါပြပြီး၊

“ ဘယ်မှာများ ပညာရှိလို့လဲ ... ဒီနည်းလမ်းကို ရွေးလိုက်တဲ့အတွက် ငါတို့က မင်းသားနှစ်ပါးကြား တိုက်ပွဲမှာ ပါဝင်စရာ မလိုဘူး တစ်ဖက်မှာလည်း မင်းသား နှစ်ပါးလုံးကို စော်ကားလိုက်တာပဲ။ ”

-ဟု စိတ်အိုက်စွာ ရှင်းပြလိုက်သည်။

ခေတ္တရပ်ပြီးနောက် ရှုတ်ချသော အကြည့်တစ်ခု ပေါ်လာပြီး

“ ဒါပေမယ့် ငါတို့ယွီမိသားစုက ဒါတွေကို မကြောက်ဘူး အင်ပါယာမြို့မှာ ဒုတိယမင်းသား ဖြစ်ဖြစ် ဆဌမမင်းသားဖြစ်ဖြစ် ... ငါတို့ကို ရန်ပြုဖို့ နှစ်ခါစဉ်းစားရမယ် ... ။ ”

“ နားလည်ပါပြီ။ ”

“ ဒါဆို သွားတော့ ... ။ ”

“ ဖေဖေ ... ။ ”

ထိုစဉ် ​ကောင်​မ​လေးတစ်ယောက် ဝင်ရောက်လာ၏။ သူမနောက်တွင် မဟာသခင် အမျိုးသား လိုက်ပါလာသည်။

“ ဟမ့် ... ကောင်မလေး ဘာလို့ ... ဒီလောက်တောင် စိတ်မချမ်းမသာ ဖြစ်လာ ရတာလဲ။ ”

ဤသည်မှာ သူ့သမီး ယွီရွှမ်းနင်ဖြစ်သည်။ ယွီရွှမ်နင်မှ နှုတ်ခမ်းဆူလျက်၊

“ အဖေ ... မသိပါဘူး ... ဒီနေ့ အရမ်းမုန်းစရာကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ် နောက်ဆုံးတော့ လေးစားမှုကို လက်နက်အဖြစ်နဲ့ သုံးတာခံခဲ့ရတယ် ... ။ ”

ယွီပိုင်တျန်မှ မျက်ခုံးပင့်ကာ မဟာသခင်အမျိုးသားထံ လှမ်းကြည့်လေသည်။

“ ချောင်းလန် ဘာဖြစ်သွားတာလဲ။ ”

ချောင်းလန်မှ သက်ပြင်းချကာ ယနေ့ ချောက်ထဲတွင် သွေးမီးတောက် ဝံပုလွေများနှင့် တွေ့ကြုံရသည့် အဖြစ်အပျက်ကို ပြောပြလိုက်သည်။

ဖုံးကွယ်ခြင်း သို့မဟုတ် ချဲ့ကားခြင်းမျိုး မရှိခဲ့ဘဲ အချက်အလက်အချို့သာ ချန်လှပ်ထား ခဲ့၏။ သူ့စကားကို ကြားပြီးနောက် ယွီပိုင်တျန်မှ မျက်မှောင်ကြုတ်လျက်၊

“ ချီသန့်စင်ခြင်း အစောပိုင်းအဆင့်က တစ်စုံတစ်ယောက်ဟာ သွေးမီးတောက် ဝံပုလွေ ဘုရင်ကို သတ်လိုက်တာလား။ ”

-ဟု ရေရွတ်လိုက်သည်။

ချောင်းလန်မှ ခေါင်းညိတ်ပြီး၊

“ ဒါဟာ တကယ့်ကို ... မယုံနိုင်စရာပါပဲ ဒါပေမယ့် အမှန်ပါ ... အဲဒီလူငယ်မှာ နောက်ခံ ကောင်းတယ်လို့ သံသယဖြစ်မိပါတယ်။ ”

ယွီပိုင်တျန်မှ မုတ်ဆိတ်မွေးကို ညင်သာစွာ ပွတ်သပ်လျက်၊

“ သမီးက ဘာလို့ ဒီလူငယ်ကို စိတ်မချမ်းမသာ ဖြစ်လာရတာလဲ။ ”

-ဟု ပြန်မေးလိုက်သည်။

“ သူ့ကို ကျေးဇူးမတင်တာ မဟုတ်ပါဘူး ဒါပေမယ့် ငါအမုန်းဆုံးက ဒုတိယတန်း ဝိညာဉ် ကျောက်တုံး (၁၀၀၀၀) တောင်းခဲ့တာကိုပဲ။ ”

“ မေ့လိုက်ပါ ... ဒါက အသေးအမွှားပဲ ဒါတင်မကဘူး သမီးအသက်ကို သူ ကယ်တင် ပေးခဲ့တာအမှန် ... ငါတို့က ပိုခံနိုင်ရည်ရှိဖို့ ကျိုးကြောင်းဆီလျော်ရမယ်။ ”

“ ဟုတ်ပါတယ် သူ့လိုလူမျိုးကို ငါစိတ်မ၀င်စားသင့်ဘူး။ ”

ခဏကြာ စကားစမြည်များ ပြောကြား ပြီးနောက် ယွီရွှမ်နင်မှ ပြန်လှည့်ထွက်သွား၏။ ချောင်းလန်သာလျှင် ကျန်ရစ်ခဲ့သည်။

“ ဘာဖြစ်တာလဲ ... ငါ့ကို ထပ်ပြောပါဦး။ ”

ယွီပိုင်တျန် အမူအရာက ချက်ချင်း တင်းမာလာပြီး ချောင်းလန်ကို စိုက်ကြည့်လိုက် တော့၏။ ဖိအားနှစ်ဆ တိုးပွားလာလေသည်။

ထို့နောက် ချောင်းလန်က အသေးစိတ် အချက်အလက်များကို တစ်ခုပြီးတစ်ခု ပြန်၍ ပြောပြလိုက်သည်။

“ အဲဒီလူငယ်က ရွှမ်နင်ကို ... ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့တာလို့ မင်းထင်လား ... ဒါက တိုက်ဆိုင်လွန်းတယ် မဟုတ်လား။

“ မိသားစုခေါင်းဆောင်က သူ့ကို သံသယဝင်နေတာလား ... ။ ”

ချောင်းလန်မှ အံ့အားသင့်သွား၏။

“ အင်ပါယာ မြို့တော်က လူတိုင်းက ဒီကောင်မလေးက ငါ့ရဲ့ အချစ်ဆုံးဆိုတာကို သိထားကြပါတယ် အခုအချိန်မှာ ဒုတိယ မင်းသားနဲ့ ဆဌမမင်းသားတို့ဟာ ...

... ပြည်နယ်ဦးစီးမှူး ရာထူးအတွက် တိုက်ပွဲဝင်နေကြတယ် အလွန်အစွမ်းထက်တဲ့ လူငယ်တစ်ယောက် ရုတ်တရက်ပေါ်လာတာ သံသယဖြစ်စရာပဲ မဟုတ်လား။ ”

ချောင်းလန်မှ မှတ်ချက်မပေးချေ။

“ သူတို့ ယန်ကူမြို့ကို ရောက်နေတယ်လို့ ပြောခဲ့တယ် မဟုတ်လား ဒါဆို နောက်ကြောင်း သွားစုံစမ်းလာခဲ့ ...

... မင်းနဲ့အတူ အကြီးအကဲဝမ် ခေါ်သွားပါ၊ အဖိုးတန်ဝိညာဉ်ဆေးတွေယူပြီး ကျေးဇူးဆပ်တဲ့ အနေနဲ့ သွားတွေ့ပါ ငါ့မှာ ဆန္ဒတစ်ခုပဲ ရှိတယ် ရွှမ်နင်နဲ့ ရင်းနှီးဖို့ မကြိုးစားပါစေနဲ့။ ”

ချောင်းလန်မှ ခေါင်းညိတ်ပြီး ထွက်ခွာလာခဲ့သည်။ မိသားစုခေါင်းဆောင်၏ သံသယသည် အဓိပ္ပါယ်ရှိ၏။

တစ်ဖက်တွင်လည်း ထိုလူငယ်သည် ယုတ်မာသော ရည်ရွယ်ချက်များ ရှိနေသည်ဟု သူ မထင်ချေ။ သို့တိုင် သူ့စကားသည် အသုံး မဝင်ကြောင်း သိထားသဖြင့် ပါးစပ်ပိတ်ထား လိုက်မိသည်။

***

ယန်ကူမြို့ မင်္ဂလာတည်းခိုခန်း ပထမထပ် စားသောက်ခန်းတွင် ချန်ကျင်းလုံနှင့် လူငယ် အချို့ အရက်သောက်နေ၏။

“ အစ်ကိုချန်၊ ဒါနဲ့ မင်း ကောင်းကင်မူလအကယ်ဒမီရဲ့ အကဲဖြတ်မှုမှာ ပါဝင်ဖို့ ဒီတခေါက် လာခဲ့တာလား။ ”

“ မှန်တယ် ... ။ ”

ချန်ကျင်းလုံမှ ခေါင်းညိတ်ပြပြီး စိတ်ထဲ အတော်လေး နာကျည်းသွား၏။ တိမ်မြစ်စီရင်စု မြို့တော်၌ သူနေ၍ မရတော့ချေ။

မဟုတ်သော် ဤသို့ မွေးရပ်မြေမှ ထွက်ပြေးလာမည် မဟုတ်ကြောင်း ပြောနိုင်၏။ တစ်စုံတစ်ယောက်သည် သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး၊

“ မင်းရဲ့ အရည်အချင်းနဲ့ ... အကဲဖြတ်မှု အောင်ဖို့ သေချာပေါက် အခွင့်အရေး ရလိမ့်မယ် ... လာ ... အတူတူ သောက်ရအောင်။ ”

-ဟု ပြောကြားလိုက်သည်။

ချန်ကျင်းလုံမှ ပြုံးကာ သူ့ဖန်ခွက်ကို မြှောက်ပြီး တိုက်လိုက်တော့၏။ အကြည့်သည် တည်းခိုခန်း တံခါးဝကို ပေါ့ပေါ့ပါးပါးရောက်ရှိ သွားရာ ချက်ချင်း အကြောအချဉ်များ တောင့်တင်းကုန်လေသည် ။

“ ဒီနတ်ဆိုးက ဘာလို့ ဒီရောက်လာရတာလဲ။ ”

“ အစ်ကိုချန်၊ ဘယ်သူလဲ ... ။ ”

သူ့အသွင့်ကြောင့် တစ်စုံတစ်ယောက်ကမေးပြီး လှည့်ကြည့်သည်။ ချက်ချင်း မျက်လုံးများ တောက်ပလာ၏။

“ ငါမြင်ပြီ ... အလှတရား ။ ”

အခြားသူများမှလည်း လှည့်ကြည့် လိုက်ကြသည်။ တည်းခိုခန်းအတွင်း လူငယ် တစ်ဦးနှင့် မိန်းကလေး ဝင်ရောက်လာ၏။

လူငယ်သည် အစိမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး အမျိုးသမီးသည် အဖြူရောင် ဝတ်စုံ ဆင်မြန်းထားသည်။ အံ့ချီးဖွယ် အလှတရား ပေပင်။

ယန်ကူမြို့၌ မြင်တွေ့ရန် အလွန် ရှားပါးချေပြီ။ ချန်ကျင်းလုံမှ ခေါင်းငုံ့ကာ သူ့ကို မတွေ့စေရန် ကြိတ်ဆုတောင်းလိုက်၏။

“ သူတို့က ယန်ကူမြို့ကို ... အခုမှ ရောက်ဖူးတာဖြစ်မယ် ... သိပ်ရင်းနှီးပုံ မရဘူး ငါသွားပြီး ကူညီပေးလိုက်မယ်။ ”

လူငယ်တစ်ယောက်က မတ်တပ် ထရပ်နေသဖြင့် ချန်ကျင်းလုံမှ ထိုင်ခုံပေါ်သို့ ပြန်လည်ဆွဲချလိုက်သည်။

“ အဲ့ဒီလူက ဘယ်လိုလူလဲဆိုတာ မင်းမသိဘဲ သူ့ပတ်ဝန်းကျင်က အမျိုးသမီးကို ဘယ်လိုများတွေးဝံ့သလဲ မင်းသေချင်ရင် ငါတို့ကိုဆွဲမထည့်နဲ့ ... ။ ”

ချန်ကျင်းလုံတစ်ယောက် ထိုလူငယ်ကို ပါးရိုက်ချင်စိတ် ပေါက်သွား၏။ လူငယ်ခမျာ တုန့်ဆိုင်းစွာ ပြန်မော့ကြည့်လျက်၊

“ ဒါပေမယ့် သူ ရောက်နေပြီ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဟမ့် ... ။ ”

“ မင်း ... ။ ”

စုရီက သူ့ကို နှုတ်မဆက်ခင် ချန်ကျင်းလုံတစ်ယောက် ထိတ်လန့်တကြား ချက်ချင်း ထရပ်လိုက်၏။

“ အဟား ... ဆရာစု၊ ငါချန်ကျင်းလုံပါ မင်းငါ့ကို အခုထိ မှတ်မိနေသေးလို့ ဝမ်းသာမိ ပါတယ်။ ”

သူ့အပေါင်းအဖော်များမှ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိပြီး တိတ်ဆိတ်သွား တော့သည်။ ဤလူငယ်သည် မည်သူနည်း။ ချန်ကျင်းလုံမှ အဘယ့်ကြောင့် သည်မျှ ကြောက်လန့် နေရသနည်း။

“ မင်းဘာလို့ ဒီကိုရောက်နေတာလဲ။ ”

“ ငါမင်းကို ရှောင်ဖို့ ဒီကိုရောက်လာတာလေ။ ”

အထက်ပါ စကားများကို ရင်တွင်း၌ ထိမ်းသိမ်းထားပြီး ချန်ကျင်းလုံတစ်ယောက် ငိုလုမတတ်ဖြင့်၊

“ ငါ ... ငါ ကောင်းကင်မူလ အကယ်ဒမီရဲ့ အကဲဖြတ်မှုမှာ ပါဝင်ဖို့ ... စီစဉ်ထားပြီး ဒီနေ့ပဲ ယန်ကူမြို့ကို ရောက်တာပါ။ ”

-ဟု ပြန်ဖြေလိုက်၏။

“ ဟမ့် ... တိုက်ဆိုင်တယ် ... ငါလည်းဒီနေ့ပဲရောက်တယ် မင်းဘယ်နေ့ အင်ပါယာမြို့တော်ကို သွားမလဲ။ ”

“ မနက်​ဖြန်​ မနက်​​စော​စောထွက်​ဖို့ စီစဉ်ထားပါတယ်။ ”

“ ကောင်းတယ် ... ဒါက ကံကြမ္မာပဲ ... ပြင်ပဒေသမှာ သူငယ်ချင်းဟောင်းနဲ့ ပြန်ဆုံတာ ဝမ်းသာစရာပါ ... မနက်ဖြန် ငါတို့အတူတူ သွားလို့ရပြီ။ ”

“ မဟုတ်ဘူး ... မသွားဘူး ... ။ ”

ချန်ကျင်းလုံခမျာ စိတ်ဝိညာဉ်ထဲမှ အကြောက်အကန် ငြင်းဆန်လျက် ချက်ချင်း အေးခဲသွားလေသည်။ စုရီမှ ဂရုမစိုက်ဘဲ လှည့်ထွက်သွားတော့၏။

***

All Chapters