← Chapters

သူ ဘယ်သူလဲ ... ။

Vol. 12 Ch. 142

သူ ဘယ်သူလဲ ... ။

Vol. 12 Ch. 142

နံနက်ခင်းအလင်းရောင်နှင့်အတူ လေပြေလေညင်းများက ပြတင်းပေါက်မှတဆင့် စုရီခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။

ချာကျင်တစ်ယောက်မှ ကုတင်ပေါ်မှ အမြန်ထရပ်ကာ စုရီအတွက် ပြင်ဆင်ပေးပြီး မနက်စာ မှာကြားလိုက်သည်။

တည်းခိုခန်းမှ ထွက်လာသောအခါ ရထားလုံးဘေးတွင် ရပ်နေသော ချန်ကျင်းလုံကို မြင်လိုက်ရ၏။

“ အစ်ကိုစု၊ ငါဒီမှာ စောင့်နေတာ ကြာပါပြီ အင်ပါယာမြို့တော်ကို မသွားခင် ... မင်းကို တောင်းပန်စရာတစ်ခု ရှိပါတယ်။ ”

စုရီမှ မျက်ခုံးပင့်လျက်၊

“ တောင်းပန်မယ် ဘာအတွက်လဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ မနေ့ညက အစ်ကိုစုအကြောင်း ... လူတချို့ကို ငါထုတ်ပြောမိခဲ့ပါတယ် သူတို့က မဟာသခင်တွေပါ ... အစ်ကိုစု ခွင့်လွှတ် နားလည်ပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ”

“ ဟမ့် ဒါကြောင့် သူတို့က ငါ့အကြောင်း အကုန်သိနေတာကိုး ... အံ့သြစရာ မဟုတ်တော့ ပါဘူး။ ”

ထိုစကားကြောင့် ချန်ကျင်းလုံခမျာ ချက်ချင်းအေးစက်လာပြီး ချွေးများ စီးကျလာ ခဲ့သည်။

“ အစ်ကိုစု၊ ငါ့ရဲ့ကျင့်ကြံမှုက နိမ့်ပါးလွန်းပါတယ် ... အတင်းအကြပ်ခံရရင် ငါ ပါးစပ်ပိတ် မနေဝံ့ဘူး။ ”

“ ကောင်းပြီ ... ဒီအကြောင်း ထားလိုက်ရအောင်။ ”

စုရီက လက်ပြလိုက်၏။ ထို့နောက် သုံးယောက်သား ရထားလုံးပေါ်တက်ကာ အင်ပါယာမြို့သို့ ဦးတည်တော့သည်။

“ အစ်ကိုစု ... အင်ပါယာမြို့တော် ရောက်ပြီးရင် မင်းမှာ နေစရာနေရာရှိလား။ ”

စုရီမှ ငြင်းပယ်ခြင်း မရှိသလို ရန်လိုသည့် အမူအယာလည်း မပြသဖြင့် အနည်းငယ်မျှ ရဲဝံ့ လာခဲ့သည်။ စုရီမှ ခေါင်းရမ်းပြ၏။

“ မြို့ထဲမှာ ဘယ်တည်းခိုခန်းက အဆင်ပြေဆုံးလဲဆိုတာ မင်းသိလား။ ”

“ တည်းခိုခန်းက ဘယ်လောက်ပဲ ကောင်းနေပါစေ လူတွေနဲ့ စည်ကားနေမှာဘဲ ... အစ်ကိုစုက စိတ်၀င်စားရင် ... မင်းငါ့အိမ်မှာ နေနိုင်တယ်။ ”

“ မင်းအိမ် ... ။ ”

“ မှန်တယ် လွန်ခဲ့တဲ့နှစ် အနည်းငယ်က အင်ပါယာမြို့တော်မှာ အိမ်တချို့ကို ငါ့အဖေ ဝယ်ထားခဲ့တယ် ...

... အဲဒီအထဲမှာမှ ... တိမ်ပင်လယ် စံအိမ်ဆိုတာ ဆိတ်အငြိမ်ဆုံးပါပဲ စိတ်ဝင်စားရင် မင်းနေလို့ရပါတယ်။ ”

စုရီမှ ခဏမျှစဉ်းစားပြီး ငွေစက္ကူတစ်ရွက်ကို ထုတ်ယူကာ၊

“ ဒါဆို မင်းက ငါ့ကို အဲဒီအိမ်ကြီးဆီ ခေါ်သွားပေး ... ဒီမှာ အိမ်ငှားခပေးမယ်။ ”

“ အစ်ကိုစု၊ ဒါက မလိုအပ်ပါဘူး ငါတို့နှစ်ယောက်စလုံးက မြစ်ပြာဓားစံအိမ်ရဲ့ တပည့်တွေ ဖြစ်ခဲ့ကြတာပဲ ... မင်းပိုက်ဆံကို ငါဘယ်လိုယူရမလဲ ... ။ ”

“ ဒီမှာ ... ။ ”

စုရီမှ အနည်းငယ် မျက်မှောင်ကြုတ် လိုက်သဖြင့် ချန်ကျင်းလုံခမျာ တုန်လှုပ်သွားပြီး ငွေစက္ကူကို အမြန်ယူလိုက်ရသည်။

နှစ်နာရီခန့်ကြာပြီးနောက် ခမ်းနားထည်ဝါသော မြို့ကြီးကောက်ကြောင်း ပေါ်လာတော့၏။

၎င်းအမည်ကို ရှေးခေတ်အချိန်အခါက ရေကန်တစ်ထောင်မြို့တော်အဖြစ် သတ်မှတ်ခဲ့ ဖူးသည်။

မြေကြီးပေါ်တွင် မြှုပ်ထားသော မှန်ချပ်များအလား အရွယ်အစားမျိုးစုံရှိသည့် ရေကန်များရှိ၏။

မဟာကျိုးရှိ မြို့တော်များအားလုံးအနက် ၎င်းအတိုင်းအတာနှင့် ကြွယ်ဝမှုသည် ထိပ်တန်း ဆယ်မြို့စာရင်းအတွင်းဝင်၏။

မြို့တွင်း၌ ထိပ်တန်း အင်အားစု ရှစ်ခုရှိသည်။ ၎င်းတို့မှာ ​ပြည်နယ်သခင်စံအိမ်၊ ကောင်းကင်မူလ အကယ်ဒမီ၊ မြို့စောင့်တပ်နှင့် ထိပ်တန်းမိသားစုငါးစုတို့ ဖြစ်သည်။

ပြည်နယ်သခင် စံအိမ်သည် မဟာကျိုးနိုင်ငံကို ကိုယ်စားပြုပြီး ပြည်နယ် ခြောက်ပါးအပေါ် အာဏာသက်ရောက်၏။

ကောင်းကင်မူလ အကယ်ဒမီသည် မဟာကျိုး၏ အဓိက အကယ်ဒမီ ဆယ်ခု အနက်မှတစ်ခု ဖြစ်သည်။

မြို့စောင့်တပ်မှာ အနီရောင်သံချပ်ကာ တပ်ရင်းကြီးဖြစ်ပြီး သူရဲကောင်း ရှန်းကျိုးစုန်မှ ဦးစီး၏။ မြို့အနောက်တောင်ဘက် မိုင်သုံးဆယ် အကွာတွင် တပ်စွဲထားသည်။

ထိပ်တန်းမိသားစုများမှာ ‌ကျောက်၊ယွီ၊ပိုင်၊ ကျန်းနှင့် ရွယ်တို့ဖြစ်ပြီး မိသားစု တစ်ခုစီသည် ပြည်နယ်သခင်စံအိမ်နှင့် တန်းတူ အင်အား ရှိချေ၏။

မြို့အတွင်းရောက်သည်နှင့် စုရီက လမ်းဆင်းလျှောက်၏။ လမ်းတစ်လျှောက်တွင် ဆေးဖက်ဝင်အပင် အရောင်းဆိုင်များစွာကို သတိပြုမိသည်။

အချို့ဆိုင်များတွင် နဂါးအရေခွံနှင့် အသားများကို အထူးပြု ရောင်းချကြ၏။ စုရီမှ လက်နှစ်ဖက် နောက်ပို့ကာ၊

“ ဝိညာဉ်ဆေးနဲ့ ဝိညာဉ်ပစ္စည်းတွေကို ရောင်းဝယ်ချင်ရင် ဘယ်ကိုသွားရမလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ရွှေကျောက်တုံးခန်းမက ဒီမြို့မှာတော့ ထိပ်တန်းကုန်သွယ်မှု လုပ်ငန်းတွေထဲကတစ်ခုပဲ သူ့ရဲ့ဆိုင်တွေကို မဟာကျိုးအနှံ့ ဖွင့်ထားတယ် ပိုင်ရှင်က ကျောက်စိမ်းမြို့တော်မှာနေပြီး နေရာတိုင်း အာဏာရောက်တယ်။ ”

ချန်ကျင်းလုံမှ ခေတ္တရပ်လိုက်ပြီး သူ့မျက်လုံးများတွင် တောင့်တသည့် ဆန္ဒများ ပေါ်လာ၏။

“ ရွှေကျောက်တုံးခန်းမမှာ ရှားပါးတဲ့ ရတနာတွေရှိပြီး ဝိညာဉ်ရေးပစ္စည်းတွေတောင် ရှိတယ် ... ဝိညာဉ်ကျောက်တုံး အလုံအလောက် ရှိနေသရွေ့ ... ရှန်ရှင်းအဆင့် သင့်လျော်တဲ့ ဆေးတွေတောင် ဝယ်လို့ရပါတယ်။ ”

စုရီမှ ခေါင်းညိတ်ကာ မှတ်သားလိုက်သည်။

“ ရွှေကျောက်တုံးခန်းမလား ငါသိတယ်၊ မဟာဝေမှာလည်း သူတို့ဆိုင်ခွဲတွေရှိတယ်။ ”

ချာကျင်မှ တအံ့တဩ ပြောကြားလာ၏။

“ သခင်လေး၊ မိန်းကလေး ... မင်းတို့လည်း ဒီမှာလား။ ”

မုတ်ဆိတ်မွေးနှင့် ဓားပြားကြီးတစ်လက် လွယ်ထားသော အမျိုးသားတစ်ဦး သူတို့ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

“ မင်း ... ဒီမှာ ထပ်ပြီး ဒုက္ခရောက် ပြန်ပြီလား။ ”

ဤသည်မှာ ချန်ကွာခယ်ဖြစ်၏။ ၎င်းက စုရီစကားကြောင့် ချက်ချင်းပင် ရှက်ရွံ့သွားပြီး လက်သီးများ တင်းတင်းဆုပ်ကာ၊

“ ပြီးခဲ့တဲ့ အဖြစ်အပျက်အတွက် အမြဲတမ်းအပြစ်ရှိသလို ခံစားရပါတယ် ကျေးဇူး မမေ့ပါဘူး။ ”

“ ကောင်းပြီ၊ ဒါက အတိတ်ပဲ ထပ်ပြောစရာ မလိုတော့ပါဘူး။ ”

စုရီက ဆက်လက် ထွက်ခွာသွား၏။ ထိုအပြုအမူကြောင့် ချန်ကွာခယ်တစ်ယောက် အံ့အားသင့်သွားကာ သူ့ကိုယ်သူ လှောင်ပြုံးဖြင့် လှောင်ပြောင်လိုက်၏။ တစ်ဖက်လူသည် သူ့နှင့် ပတ်သတ်လိုပုံ မရချေ။

ထိုစဉ် အဖိုးတန် ရထားလုံးတစ်စင်း သူ့ဘေး၌ လာရပ်သည်။ ရထားလုံးအတွင်းမှ အလွန်လှပသော မျက်နှာတစ်ခု ပေါ်လွင်လာ၏။

“ ညီမလေး ချင်ကျင်း။ ”

ချန်ကွာခယ်မှ ပြုံးရွှင်သွား၏။

“ အစ်ကိုချန် ... မတွေ့တာ ကြာပြီနော် ... ။ ”

“ မှန်တယ် ... မင်းတောင်ပေါ်ကနေ ဆင်းသွားတာ တစ်နှစ်ရှိနေပြီ ... မဟုတ်လား။ ”

“ လာ ... ရထားလုံးပေါ်တက်ပါ ... ဆဋ္ဌမမင်းသား စောင့်နေတယ် အဲဒီရောက်ရင် ငါတို့စကားပြောကြမယ်။ ”

“ ကောင်းပြီ ... ။ ”

***

ကျန်းမိသားစု စံအိမ်မိသားစု၏ ခမ်းနားထည်ဝါသော နန်းတော်တစ်ခုအတွင်း ကျိုးကျစ်လီမှ အနည်းငယ် စဉ်းစားပြီး၊

“ ဦးလေးကျန်း၊ ယွီပိုင်တျန်က ငါ့ကိုတွေ့ဖို့ ရုတ်တရက် ဘာလို့ တောင်းဆို လာရတာလဲလို့ မင်းထင်လဲ။ ”

-ဟု မေးမြန်းလိုက်သည်။

ကျန်းမိသားစု ခေါင်းဆောင်သည် သူ့မိခင်၏ဝမ်းကွဲအစ်ကို ဖြစ်၏။ သို့သော် အင်ပါယာမြို့တော်တွင် လူအနည်းငယ်သာ ဤပတ်သတ်မှုအကြောင်းကို သိသည်။

သို့သော် ကျိုးကျစ်လီမိခင်သည် ကိုယ်လှုပ်တော်တစ်ဦးဖြစ်သဖြင့် သူ့သြဇာမှာ သူ့သားထက်ပင် နည်းပါးချေပြီ။

ထို့အပြင် လက်ရှိဧကရာဇ် ကျိုးသည် ပြတ်သားလှပြီး နိုင်ငံအရေး၌ ပြင်ပဆွေမျိုးများ ဝင်ရောက်စွက်ဖက်ခြင်းအပေါ် မုန်းတီး၏။

ယင်းကြောင့် ကျန်းမိသားစုသည် တော်ဝင်မိသားစုဝင်အဖြစ်မှ ထုတ်ပယ်ခြင်း ခံထားရသည်။

“ ယွီပိုင်တျန်က ​​သူ့ခံစားချက်တွေကို ဘယ်တော့မှ ... ထုတ်မပြတတ်တဲ့ မြေခွေးလို အဖိုးအိုတစ်ယောက်ပဲ သူ့အတွေးတွေက ခန့်မှန်းရ ခက်ပါတယ် ...

... ဒါပေမယ့် မင်းနဲ့တွေ့ဖို့ ... ဆန္ဒရှိနေတာကြောင့် အနိုင်ယူဖို့ ကြိုးစားရမယ် ယွီမိသားစုရဲ့ အထောက်အပံ့ကိုသာ ရနိုင်ရင် အကောင်းဆုံးပဲ။ ”

“ ကောင်းပြီ ... ဒါဆို ငါယွီမိသားစု ခေါင်းဆောင်နဲ့တွေ့ဆုံဖို့ တိမ်တောင်မျှော်စင်ဆီ သွားလိုက်မယ်။ ”

ထိုအကြောင်းကို ပြောနေချိန် ခန်းမအပြင်ဘက်မှ ခြေသံများ ကြားလိုက်ရ၏။ ဤသည်မှာ ချင်ကျင်းနှင့် ချန်ကွာခယ်ဖြစ်သည်။ ကျိုးကျစ်လီမှ ရွှင်လန်းသောအကြည့်ဖြင့် မတ်တပ်ထရပ်ကာ၊

“ သိုင်းအဒေါ် ... သိုင်းဦးလေး။ ”

-ဟု နှုတ်ဆက်တော့၏။

ချန်ကွာခယ်မှ လက်ချောင်များ အချင်းချင်း ယှက်ကိုင်လိုက်ပြီး၊

“ ငါချောင်ကွာခယ် ... ဆဋ္ဌမမင်းသားကို နှုတ်ခွန်းဆက်ပါတယ်။ ”

-ဟု နှုတ်ဆက်လိုက်၏။

ချန်ကွာခယ်သည် လျှို့ဝှက်နဂါးဓားဂိုဏ်း၏ ပြင်ပအကြီးအကဲဖြစ်ကာ ချင်ကျင်း၏ စီနီယာ အစ်ကို ဖြစ်၏။

“ အစ်ကိုချန်က ... ငါ့ဆရာရဲ့ တတိယတပည့်ပါ ဒုတိယ မဟာသခင်အဆင့် ဆိုပေမယ့် တတိယ မဟာသခင်တစ်ယောက်ကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်။ ”

ကျိုးကျစ်လီမှ ရွှင်မြူးသွားလေသည်။ တိမ်မြစ်စီရင်စုမှ ထွက်လာချိန်၌ သူမဂိုဏ်းထံ အကူအညီ တောင်းပေးမည်ဟု ချင်ကျင်းမှ ပြောခဲ့ဖူး၏။

ဤသို့ မဟာသခင် ဖြစ်နေလိမ့်မည်ဟု မထင်ချေ။ ချင်ကျင်းဆရာသည် ဧကရာဇ်ကျိုးမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် များစွာ အရာရောက်သည်။

ဘွဲ့အမည်မှာ ထင်းရှူးမီးလျှံ ဖြစ်၏။ မြေကြီးအဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက် ပေပင်။

ယင်းကို သဘာဝအတိုင်း သိရှိသော ကျန်းထျန်းဟီမှ ထိတ်လန့်သွားပြီး နှုတ်ဆက်ရန် လှမ်းတက်လိုက်သည်။

“ ဒါဆို ... မင်းဟာ လျှို့ဝှက်နဂါး ဓားဂိုဏ်းထဲက ကျွမ်းကျင်သူတစ်ယောက်ပေါ့ ငါ့နာမည်ကျန်းတျန်းဟီပါ ... တွေ့ရတာ ဝမ်းသာပါတယ်။ ”

“ အစ်ကိုကျန်း ကျေးဇူးပြုပြီး ယဉ်ကျေးမနေပါနဲ့ ... ငါက ကျွမ်းကျင်သူဘွဲ့နဲ့ မထိုက်တန်သေးပါဘူး။ ”

လူတိုင်း ထိုင်ခုံ၌ ထိုင်လျက် စကားစမြည် ပြောကြားလိုက်ကြ၏။ ချာကျင်မှ ချန်ကွာခယ် ရောက်ရမည့် အချိန်ထက် နောက်ကျနေသဖြင့် အနည်းငယ် စူးစမ်းလိုက်သည်။

“ အစ်ကိုချောင် ... မင်းပြောထားတဲ့ အချိန်ထက် နှစ်ရက်နောက်ကျပြီးမှ ရောက်တာ လမ်းမှာတစ်ခုခု ဖြစ်ခဲ့လား။ ”

“ မှန်တယ် ... ငါလမ်းမှာ မျက်လုံးစိမ်း ကြက်သွေးရောင် မီးတောက်ကျားကို ဖမ်းဖို့ ကြိုးစားနေတုန်း ... ။ ”

ထို့နောက်တွင် ဟွာလျန်းရှီး၊ ကျိချန်ဟီး၊ ယင်တုံတို့နှင့် တွေ့ဆုံပုံကို ပြန်၍ပြောပြလိုက် တော့သည်။

သူ့စကားကို ကြားသောအခါ ချင်ကျင်းမှ ဒေါသထွက်သွား၏။

“ တတိယမင်းသားက ဒီလောက် ရဲရင့်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး ငါ့ဆရာ ဒေါသထွက်မှာကို မကြောက်ဘူးလား။ ”

“ ညီမလေးချင်ကျင်း လျှို့ဝှက် နဂါးဓားဂိုဏ်းရဲ့ စည်းမျဉ်းအရဆိုရင် ငါတို့ တောင်အောက်ဆင်းရင် လောကရဲ့ စည်းမျဥ်း စည်းကမ်းတွေကို လိုက်နာရတယ် ...

... ဒါ့အပြင် တတိယမင်းသားရဲ့ ဆရာကငါတို့ဂိုဏ်းရဲ့ ဒုခေါင်းဆောင်လည်း ဖြစ်နေတယ် ... ဒါဆို ငါတို့ဆရာ ထင်းရှူးမီးလျှံ အပေါ် ... သူ ကြောက်နေရဦးမှာလား။ ”

ချန်ကွာခယ်မှ သက်ပြင်းချကာ ပြောကြားလိုက်သည်။ လျှို့ဝှက်နဂါးဓားဂိုဏ်းရှိ ထိပ်တန်းအာဏာ ရှိသူများသည် တော်ဝင် မိသားစုနှင့် နက်ရှိုင်းစွာ ပတ်သတ်မှု ရှိ၏။

ဥပမာအားဖြင့် ဆဋ္ဌမမင်းသားဆရာသည် ထင်းရှူးမီးလျှံ၏ စတုတ္ထတပည့် ဆေးခန်းမ အကြီးအကဲဖြစ်သည်။

“ ဒါနဲ့ အစ်ကိုချန် ... မင်းကိုကူညီတဲ့ လူငယ်က ဘယ်သူလဲ။ ”

ကျန်းမိသားစု ခေါင်းဆောင်မှ မေးလိုက်သည်။ ချန်ကွာခယ်တစ်ယောက် လှောင်ပြုံး ပြုံးလိုက်တော့၏။

“ သူက ... ။ ”

***

All Chapters