← Chapters

ရွေးချယ်ပါ ... ။

Vol. 12 Ch. 143

ရွေးချယ်ပါ ... ။

Vol. 12 Ch. 143

အမည်မသိ လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ဦးမှ ကယ်တင်ပေးခဲ့သည် ဟူသော စကားအပေါ် လူတိုင်း စိတ်ဝင်စားသွား၏။

“ အဲဒီညက ... မိုးတွေ အရမ်း သည်းထန်စွာရွာတယ် ဂူတစ်လုံးထဲကို မိုးခိုမို့ လုပ်တော့ လူငယ်တစ်ယောက် ရှိနေတာ တွေ့လိုက်ရတယ် ...

... အဲဒီလူငယ်ဟာ တောထဲမှာ ကြိမ်ကုလားထိုင်တစ်လုံးနဲ့ ဘေးမှာလှပတဲ့ ကောင်မလေးတစ်ကောင်လည်း ရှိနေတော့ ချမ်းသာတဲ့ သခင်လေးအဖြစ် ယူဆလိုက်မိတယ် ... ။ ”

“ ဒီလူက သူ့ကိုယ်သူ ဘယ်လို ပျော်ရွင်မှုရယူမလဲဆိုတာ တကယ် သိတယ်။ ”

ကျိုးကျစ်လီမှ ပြုံးလျက် မှတ်ချက်ပေးလိုက်သည်။ ချင်ကျင်းက၊

“ တိတ်တိတ်နေစမ်း ... ။ ”

-ဟု အော်ငေါက်လာ၏။

သူ့သိုင်းအဒေါ်သည် ပါးရိုက် ခံရပြီးသည့်အချိန်မှ စကာ ဒေါသကြီးတတ် လာချေပြီ။

ချောင်းကွာခယ်မှ သက်ပြင်းချလိုက်ပြီး၊

“ ဒါပေမယ့် တိုက်ပွဲဖြစ်လာတော့ ... ငါမှားပြီဆိုတာ သိလိုက်ရတယ် ချီသန့်စင်ခြင်း အဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် သူ့ရဲ့အစွမ်းက နားမလည်နိုင်အောင်ပါပဲ ... ။ ”

ချန်ကွာခယ်တစ်ယောက် ထိုည တိုက်ပွဲမြင်ကွင်းများ ပြန်မြင်ယောင်လာပြီး လေးစားမှု အရိပ်အမြွက်များ ဖြစ်ပေါ်လာကာ အသေးစိတ်ပြောပြလိုက်၏။

“ ဟမ့် ... လျှပ်စီးကို ဓားနဲ့ထိန်းချုပ်ပြီး ... ရန်သူတွေအပေါ် အဝေးကနေ သတ်ပစ်တယ် ဒါက မြေကြီးအဆင့် ကျွမ်းကျင်သူတွေ အသုံးပြုတဲ့ နည်းလမ်း မဟုတ်လား။ ”

ထိုစကားကိုကြားပြီးနောက် ကျန်းတျန်းဟီတစ်ယောက် ထိတ်လန့်သွား လေသည်။

“ မှန်တယ် ... ငါ့မျက်စိနဲ့ မမြင်ရင် ဒီလို အစွမ်းထက်ပြီး ... ထက်မြက်တဲ့ နည်းလမ်းမျိုး လူငယ်တစ်ယောက် ပိုင်ဆိုင်နိုင်မယ်ဆိုတာ ငါလည်းယုံမှာ မဟုတ်ဘူး။ ”

“ နေဦး ... ဒီလူငယ်ပုံစံက ဘာလို့ သခင်လေးစုနဲ့ ဒီလောက်တူနေရတာလဲ ... တိမ်မြစ်စီရင်စုမှာ လေနဲ့မိုးကို ဆင့်ခေါ်ပြီး မြို့စောင့်တပ်ကို ဒီနည်းနဲ့ သတ်ခဲ့တာ မဟုတ်လား။ ”

ကျိုးကျစ်လီတစ်ယောက် စိတ်လှုပ်ရှားလာ၏။ ချင်ကျင်းသည်လည်း နိုးကြားလာပြီး၊

“ ဒီကောင် ဖြစ်နိုင်တယ်။ ”

-ဟု ဝင်ရောက်ထောက်ခံ၏။

သူမအသံသည် ရှုပ်ထွေးပြီး အံ့သြမှုနှင့် မုန်းတီးမှု အရိပ်အမြွက်များ ပါဝင်နေခဲ့သည်။ ချောင်ကွာခယ်မှ ပြောကြားစဉ်တည်းကပင် ထိုအရာအတွက် တွေးမိပြီး ဖြစ်၏။

“ သိုင်းဦးလေးချန် ... အဲဒီလူငယ်နဲ့ မိန်းကလေးပုံစံ ဘယ်လိုပုံစံလဲဆိုတာ ပြောပြ ပေးနိုင်မလား။ ”

ကျိုးကျစ်လီ တောင်းဆိုချက်ကို ချန်ကွာခယ်မှ ခေါင်းညိတ်ကာ အသေးစိတ် ရှင်းပြလိုက်၏။ အဆုံးတွင် ကျိုးကျစ်လီက စားပွဲကို ဖြန်းခနဲရိုက်ချလိုက်၏။

“ သေချာတယ် ဒါသခင်လေးစုရီပဲ ... မိန်းကလေးက ချာကျင်။ ”

“ ဆဋ္ဌမမင်းသား သခင်လေးစုရီဆိုတာ ဘယ်သူလဲ။ ”

ကျန်းတျန်းဟီမှ သိချင်စိတ် ပျင်းပြလာ၏။

“ ဒီကမ္ဘာပေါ်မှာ မာနအကြီးဆုံး ကျွမ်းကျင်သူတစ်ယောက်ပါ ငါအမြင်အရတော့ တန်ခိုးရှင်ကမ္ဘာကနေ နှင်ထုတ်ခံထားရတဲ့ တစ်စုံတစ်ယောက်လို့ မြင်တယ်။ ”

ထို့နောက်တွင် သင်္ဘောပေါ်၌ စုရီနှင့် တွေ့ခဲ့ပုံ၊ တိမ်မြစ်စီရင်စု၏ အဖြစ်အပျက်များ စသည်တို့ကို ပြန်ပြောပြလိုက်၏။

ဖြစ်စဉ်များ ပြန်ကြားပြီးနောက် ချန်ကွာခယ်နှင့် ကျန်းတျန်းဟီခမျာ မောဟိုက် သွားလေသည်။ အမှန်ပင် တန်ခိုးရှင်ကမ္ဘာမှ နှင်ထုတ်ခံရသူ ဖြစ်နိုင်၏။

မဟုတ်သော် (၁၇)နှစ်အရွယ် လူငယ်တစ်ယောက်မှ ဤမျှ သန်မာနေစရာ အကြောင်းမရှိချေ။

“ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ သခင်လေးစုက သိုင်းဦးလေးချန်ရဲ့ အသက်ကို ကယ်တင်ရုံသာ မကဘဲ ငါ့တတိယမြောက် အစ်ကိုရဲ့ မဟာသခင်အဆင့် ...

... ကျွန်သုံးယောက်ကို သတ်ပစ်လိုက်ပြီ ကောင်းတယ် ... အရမ်းကောင်းတယ် ဒီကျေးဇူး ပြန်ဆပ်ရမယ်။ ”

မဟာကျိုးတွင် မဟာသခင်အဆင့် ကျွမ်းကျင်သူသုံးဦ၏ အခန်းကဏ္ဍသည် များစွာ သက်ရောက်ချေ၏။ တတိယအစ်ကိုအတွက် အကြီးအကျယ် အကြပ်ရိုက်စေမည်မှာ သေချာသည်။

“ အင်ပါယာမြို့တော်ကို မလာတာ နှမျောစရာဘဲ မဟုတ်ရင် သူ့ကို ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် သတ်မှတ်ပြီး ဖျော်ဖြေမိမယ်။ ”

“ မဟုတ်ဘူး ... သူ မြို့ကိုရောက်နေပြီ။ ”

ချန်ကွာခယ်မှ ဝင်ပြောလိုက်သည်။

“ ဟမ့် ... ဘယ်လို ... သခင်လေးစု ဒီရောက်နေပြီလား ... ဘယ်မှာလဲ။ ”

ကျိုးကျစ်လီမှ စိတ်လှုပ်ရှားလာတော့၏။ ထိုမေးခွန်းက ချန်ကွာခယ်ကို ကူကယ်ရာမဲ့စွာ ရှက်ရွံ့ ခေါင်းခါမိစေသည်။

“ သူက ငါနဲ့ မပတ်သက်ချင်ဘူး ... ဆဌမမင်းသား ... ငါ့ကို ဒုက္ခပေးသူအဖြစ် မြင်နေတယ်။ ”

“ ဟမ့် ... ဒါက လွယ်ပါတယ် ... ငါ့ရဲ့ ကျန်းမိသားစုက ဒီမြို့မှာ လူတစ်ယောက်ရှာဖို့ မခက်ပါဘူး။ ”

ကျန်းတျန်းဟီမှ ပြုံးလျက် ကတိပေး လိုက်သည်။ သူသည်လည်း ထိုလူငယ်ကို မြင်ဖူးချင်နေခဲ့၏။

“ ဦးလေးကျန်း၊ မင်းသတိထားရမယ် နည်းနည်းလေးမှ မစော်ကားမိစေနဲ့ သူ့မာနက အရိုးထဲကလာတယ်။ ”

“ စိတ်မပူပါနဲ့ ငါ ဂရုစိုက်ပါ့မယ် ... ဒါနဲ့ တိမ်တောင်‌မျှော်စင်ကို သွားရမယ်မဟုတ်လား မွန်းတည့်ချိန်နီးနေပြီ။ ”

“ အိုး ... ငါမေ့သွားတယ်၊ ဦးလေးကျန်း ... မုကျန်းတုံခေါ်ပြီး လိုက်လာပါ ... သိုင်းဦးလေး ငါတို့သွားရအောင်။ ”

“ ကောင်းပြီ ... ။ ”

***

တိမ်ပင်လယ်စံအိမ်သည် ငါးဧကခန့် ကျယ်ဝန်းပြီး စိမ်းလန်းစိုပြေသော သစ်တော ကြီးများ၊ ဝါးတောများ၊ စမ်းချောင်းအတုများနှင့် မဏ္ဍပ်များ စနစ်တကျ ဆောက်လုပ်ထား၏။

ခြံအလယ်တွင် ကြာကန်ငယ် တစ်ကန်ရှိသည်။ ၎င်းပတ်ဝန်းကျင်သည် အလွန်သာယာပြီး တိတ်ဆိတ်နေ၏။

“ အစ်ကိုစု၊ ဘယ်လိုထင်လဲ ... ။ ”

ပင်မခန်းမဆောင်ဆီသို့ အကွေ့အကောက်ရှိသော စင်္ကြံတံတားမှတဆင့် လျှောက်လှမ်းလျက် ချန်ကျင်းလုံမှ သတိထားပြီး မေးလိုက်သည်။

“ ကောင်းတယ် ... မင်းပြန်ရင် ဒီမှာရှိနေကြတဲ့ ကျွန်တွေအားလုံးကို ပြန်ခေါ် သွားလိုက်။ ”

ချန်ကျင်းလုံမှ ခေါင်းညိတ်ကာ ထွက်ခွာသွားတော့သည်။ စုရီသည် သူနှင့် စကားပြောရန် ပျင်းရိနေပုံရ၏။ စုရီက စံအိမ်အတွင်းလှမ်းဝင်ကာ၊

“ ချာကျင် ညစာစားရအောင် အပြင်ထွက်မယ် ... အဝတ်အချို့ ဝယ်ဖို့ ပြင်ဆင်ပါ။ ”

-ဟု အမိန့်ပေးလိုက်တော့သည်။

ဤနေရာတွင် နေထိုင်ခြင်းသည် ဆိတ်ငြိမ်ပြီး အေးချမ်း၏။ တည်းခိုခန်းတွင် နေထိုင်ခြင်းထက် များစွာသာလွန်ချေပြီ။

***

တိမ်တောင် မျှော်စင်သည် အင်ပါယာ မြို့တော်ရှိ အကောင်းဆုံး စားသောက်ဆိုင်များ အနက်မှတစ်ခုဖြစ်ပြီး ၎င်းသည် ပေတစ်ရာကျော် မြင့်မား၏။

မျှော်စင်၏ ကြယ်ကြည့်ခန်းမသည် အပေါ်ဆုံးထပ်တွင်ရှိကာ အတွင်း၌ ယွီမိသားစု ခေါင်းဆောင်ထိုင်နေသည်။

ကျိုးကျစ်လီ၊ချင်ကျင်း၊မုကျန်းတုံနှင့် ချန်ကွာခယ်တို့ ဝင်လာသောအခါ ၎င်းမှခေါင်း ညိတ်ပြ၏။

အေးစက်သော သဘောထားကို မြင်လိုက်ရချိန်၌ ကျိုးကျစ်လီ၏ အပြုံးများ သည်လည်း ပျောက်ကွယ်သွားသည်။

“ ခေါင်းဆောင်ယွီ ... ဒီနေ့ ငါနဲ့ တွေ့ချင်တာ ဘာအတွက်လဲ။ ”

“ ဆဌမမင်းသား ... မနေ့က မင်းရဲ့လုပ်ရပ်အတွက် ငါစိတ်မချမ်းသာလို့ ဒီနေ့လာတွေ့တာပါ။ ”

သူ့စကားကြောင့် ကျိုးကျစ်လီမှ မျက်မှောင်ကြုတ်လိုက်ကာ၊

“ မနေ့ညက ဘာဖြစ်လို့လဲ။ ”

-ဟု ပြန်မေးလိုက်၏။

“ အရှင်မင်းသား ... မင်းရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ ဒီလိုစက်ဆုပ်ဖွယ် ကောင်းတဲ့ အမှုကို ကိုယ်တိုင်လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ငါယုံကြည်ခဲ့တယ်၊ ဒါပေမယ့် မင်း မနေ့ညက စုရီကို ငါဆီစေလွှတ်ခဲ့တယ်။ ”

“ မင်းဘာတွေပြောနေတာလဲ ခေါင်းဆောင်ယွမ် ... နေဦး စုရီလား မင်းသူနဲ့ တွေ့ခဲ့လား ... ။ ”

ကျိုးကျစ်လီက အံ့သြသွားသည်။

“ ဆဋ္ဌမမင်းသား ဝေ့ဝိုက်တာမျိုး ငါမကြိုက်ဘူး မင်းကို မေးခွန်းတစ်ခုမေးမယ် စုရီက မင်းရဲ့ လက်အောက်ငယ်သားလား။ ”

“ မဟုတ်ဘူး ... ငါ့သူငယ်ချင်းပါ၊ ဒါပေမယ့် ငါတို့ မတွေ့တာ အတော်ကြာနေပြီ ... ။ ”

သို့သော် ယွီပိုင်တျန်မှ ကျိုးကျစ်လီ၏ ရှင်းပြချက်ကို မစောင့်တော့ဘဲ လက်ဝှေ့ယမ်း နှောင့်ယှက်ကာ၊

“ ထပ်ရှင်းပြနေစရာ မလိုတော့ပါဘူး ... ဆဌမမင်းသားနဲ့ ပတ်သတ်မှုရှိတယ် ဆိုတာ ဝန်ခံရုံနဲ့ လုံလောက်ပြီ။ ”

“ ဟမ့် ... မင်းငါ့ကို ဒီနေ့ခေါ်တာ ရိုင်းရိုင်းစိုင်းစိုင်းပြောဖို့ ... အတွက်လား ခေါင်းဆောင်ယွီ။ ”

ကျိုးကျစ်လီမှ ဒေါသထွက်လာ၏။ ခန်းမအတွင်းရှိ လေထုသည်လည်း မှုန်မှိုင်းကာ စိတ်ပျက်စရာ ကောင်းလာတော့သည်။

“ မဟုတ်ပါဘူး ... ငါဘယ်လောက်ပဲ သတ္တိရှိနေပါစေ မင်းသားကို စော်ကားဝံ့မှာ မဟုတ်ပါဘူး ...

... မင်းသားနဲ့ ညှိနှိုင်းချင်တာပါ အဲဒီစုရီကို သတ်ပေးသရွေ့ ငါကမင်းရဲ့လူပါ .. ရေနွေးကြမ်း သောက်ပွဲမှာ ငါရပ်တည်ပေးပါ့မယ်။ ”

“ သခင်လေး စုရီကို သတ်ပေးရမှာလား။ ”

ကျိုးကျစ်လီက အံ့ဩသွားပြီး၊

“ သူက ငါ့လက်အောက်ခံ မဟုတ်ဘူး၊ တကယ်လို့ ငါ့လက်အောက်ခံ ဖြစ်နေရင်တောင် သတ်မှာ မဟုတ်ဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။

မဟာသခင်များကို သတ်နိုင်သည့် တစ်စုံတစ်ယောက်နှင့် ယွီမိသားစုအင်အားကို လဲလှယ်ရမည်လော။ ဟာသပေပင်။

ယွီမိသားစုခေါင်းဆောင် တစ်ယောက် မျက်နှာမည်းမှောင်လျက် မျက်ဝန်းများ မှေးစင်း သွားချေပြီ။

“ ကောင်းပြီ ... ဆဌမမင်းသား မင်းစဉ်းစားချင်သေးလား စုရီအတွက်ကြောင့်နဲ့ တကယ်ပဲ ငါယွီမိသားစုကို စွန့်မှာလား။ ”

***

All Chapters