ရွေးချယ်မှု ... ။
Vol. 12 Ch. 144
ကျိုးကျစ်လီသည် စုရီကို အနိုင်ယူရန်အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ သော်လည်း အကြိမ်တိုင်း ရှုံးနိမ့်သည်။
ဤအရာသည် စုရီကဲ့သို့ တန်ခိုးရှင် ကမ္ဘာမှ နှင်ထုတ်ခံရသော လူသားကို သူ့အနေဖြင့် လုံးဝ အနိုင်ယူနိုင်မည် မဟုတ်ကြောင်း နက်နက် ရှိုင်းရှိုင်း နားလည်လာစေ၏။
“ ခေါင်းဆောင်ယွီ ငါ့မျက်လုံးထဲမှာတော့ မင်းရဲ့ယွီမိသားစု ထောက်ပံ့မှုဆိုတာ ဆရာစုရဲ့ လက်ညိုးတစ်ချောင်း လောက်တောင် ...
... အသုံးဝင်မယ် မထင်ပါဘူး ... နှုတ်ဆက်ပါတယ် မင်းနဲ့ယွီမိသားစု ဂရုစိုက်ပါ သွားရအောင်။ ”
ထိုသို့ပြောပြီးနောက် မတ်တပ်ရပ်ကာ ထွက်ခွာလာခဲ့သည်။ ချင်ကျင်းတို့သည်လည်း သူ့နောက်မှ လိုက်ပါသွားကြ၏။
၎င်းတို့ ထွက်သွားသည်ကို ကြည့်ပြီး ယွီပိုင်တျန်မှ အချိန်အတော်ကြာ မလှုပ်မယှက် ထိုင်နေခဲ့သည်။ အနားတွင် ရပ်နေသော အစေခံအိုကြီးက သက်ပြင်းချကာ၊
“ စုရီအတွက်နဲ့ ... ဆဋ္ဌမမင်းသားက ငါတို့ယွီမိသားစုကို စော်ကားဖို့ ဆန္ဒရှိနေတယ် ဒါက မိုက်မဲလွန်းပါတယ်။ ”
-ဟု ညည်းတွားလိုက်၏။
“ လူမိုက်လား ... မဟုတ်ဘူး၊ သူက ဉာဏ်ကောင်းနေတာ။ ”
ယွီပိုင်တျန်က ဝိုင်တစ်ခွက် ငှဲ့လျက်၊
“ ချီသန့်စင်ခြင်း အဆင့်က တစ်စုံတစ်ယောက် သွေးဝံပုလွေဘုရင်ကို သတ်နိုင်တယ် ... ချောင်းလန်လို ပထမအဆင့် မဟာသခင်တောင် ဒါကို မလုပ်နိုင်ဘူး ...
... ဒါ့အပြင် စိတ်ဝိညာဉ် တိုက်ခိုက်မှုကို အထူးကျွမ်းကျင်တဲ့ အကြီးအကဲဝမ်တောင်မှ တစ်ချက်တည်း အသတ်ခံရတယ် ... ။ ”
အကြီးအကဲဝမ်သည် ယွီမိသားစု၏ အရာများစွာကို အလွယ်တကူ ဖြေရှင်းပေးနိုင်ခဲ့ သဖြင့် နှစ်များစွာ ကြာလာသည့်အခါ ညာလက်ရုံးတစ်ဆူ ဖြစ်လာခဲ့သည်။
သို့သော် ယမန်နေ့ညတွင် လူငယ် တစ်ယောက်ကြောင့် သေဆုံးသွားခဲ့တော့၏။ အများအမြင်အရ မြွေနီအကိုက်ခံရကာ သေဆုံးခြင်းဖြစ်သည်။
အမှန်တွင် စစ်မှန်သော ဒဏ်ရာသည် အကြီးအကဲဝမ်၏ စိတ်ဝိညာဉ်အတွင်း ရှိနေ၏။ ဝိညာဉ်ဖမ်းမျက်လုံးပင် ပျက်စီးသွားရသည်။ အမှန်ပင် ကြောက်စရာ ကောင်းချေပြီ။
“ မနေ့ညတည်းက ... ရှန့်တျန်ချူးနဲ့ ဒုတိယမင်းသားကို ထောက်ပံ့ဖို့ ဆုံးဖြတ်ထားပြီး ပါပြီ ဒီနေ့ ဆဋ္ဌမမင်းသားကို ငါလာတွေ့ရတဲ့ အကြောင်းရင်းက သူ့သဘောထားကို စမ်းသပ်ဖို့ထက် ဘာမှ မပိုပါဘူး။ ”
“ နားလည်ပါပြီ ... ။ ”
“ ဒါပေမယ့် မင်းနားမလည်ဘူး။ ”
“ ..... ။ ”
အစေခံအိုကြီးခမျာ ပါးစပ်ပိတ်သွား၏။
“ စိတ်မချမ်းသာတဲ့ အခါတိုင်း ငါတို့ ယွီမိသားစုဆီလာမယ်လို့ ... သူ ပြောခဲ့တယ် ... ဒီလို ခြိမ်းခြောက်မှုမျိုး မခံစားရတာ ဘယ်လောက် ကြာနေပြီလဲ။ ”
“ ဒီကောင်လေးက အရမ်းမိုက်တယ်။ ”
“ ဒါက မိုက်တာ မဟုတ်ဘူး ... သတ္တိရှိတာလို့ခေါ်တယ် ... ဒီလိုလူငယ်မျိုးကို တားဆီးဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်။ ”
ယွီပိုင်တျန်မှ ဝိုင်ပုလင်းကို ကောက်ကိုင်လိုက်ပြီး နောက်ထပ် ဝိုင်တစ်ခွက် ငှဲ့သောက်လိုက်ကာ၊
“ သတ်လိုက်တာ အကောင်းဆုံးပဲ။ ”
-ဟု ပြောကြားလိုက်တော့သည်။
***
“ မနေ့ညက သခင်လေးစု ဘာလုပ်ခဲ့လဲမသိဘူး ဒီမြေခွေးအိုကြီး အရမ်း ဒေါသထွက်နေတယ်။ ”
အပြန်လမ်းတွင် ယွီပိုင်တျန်၏ သဘောထားသည် ကျိုးကျစ်လီကို များစွာ ဒေါသထွက်စေ၏။
“ အရှင်မင်းသား ... ဒါက ငါတို့အတွက် တကယ်ကောင်းတဲ့အရာပဲ။ ”
မုကျန်းတုံမှ ပြုံးပြီးပြောသည်။
“ သခင်လေးစုသာ ငါတို့ဘက်မှာ ပါဝင်လာရင် ... ယွီမိသားစုကို ဆုံးရှုံးသွားလည်း စိုးရိမ်စရာမရှိပါဘူး။ ”
ချန်ကွာခယ်မှ မျက်မှောင်ကြုတ်လျက်၊
“ အစ်ကိုမုက သခင်လေးစုရီရဲ့ဓားကို ငှားချင်နေတာလား။ ”
-ဟု အေးစက်စွာ မေး၏။
“ ငါ့ကို အထင်မလွဲပါနဲ့ အစ်ကိုချန်... ငါသခင်လေးစုကို ဘယ်တော့မှ အခွင့်ကောင်း မယူဝံ့ပါဘူး အခြေအနေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကိုပဲ ခွဲခြမ်းစိတ်ဖြာပေးနေတာပါ။ ”
“ သိုင်းဦးလေးချန် ပြောတာမှန်တယ် ငါတို့သခင်လေးစုရီအပေါ် ကျေးဇူးအများကြီး တင်နေမိပြီး ... သူ့ကို အခွင့်ကောင်းယူဖို့ မစဉ်းစားရဘူး ...
... ဦးလေးကျန်းသာ တည်နေရာကို ရှာတွေ့ရင် လူကိုယ်တိုင်သွားပြီး ယွီပိုင်တျန်ရဲ့ သဘောထားကို ပြောပြရမယ် ...
... အကူအညီလိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ သူ့ဘေးမှာ ရပ်တည်ပေးမယ် ဒါက ငါတို့ရဲ့ ပြန်ဆပ်မှုပဲ။ ”
ကျိုးကျစ်လီက ပြတ်သားစွာ ပြောကြားလိုက်၏။ ချန်ကွာခယ်တစ်ယောက် ခေါင်းညိတ်သည်။
“ ကျေးဇူးတရားနဲ့ ရန်ငြိုးကို သိတတ်တာ လူအစစ်ပဲ။ ”
“ တတိယအစ်ကို ... ၊ ဆဋ္ဌမမင်းသားရဲ့ နှလုံးသားထဲမှာ စုရီက အဆင့်အတန်း အရမ်း မြင့်မားနေပြီ ... ဘယ်သူမှ အစားမထိုးနိုင်ဘူး စုရီသာ မိန်းကလေးဖြစ်ခဲ့ရင် ဆဌမမင်းသားက အရင်ဆုံး လဲကျမဲ့သူပဲ။ ”
ချင်ကျင်းက ဒေါသတကြီး ဝင်ပြော၏။ ကျိုးကျစ်လီတစ်ယောက် ချက်ချင်းရှက်ရွံ့သွား လေသည်။
“ သိုင်းအဒေါ် ... အဲဒီလို မဟုတ်ပါဘူး ဒါကိုအပြန်အလှန် လေးစားမှုလို့ ခေါ်နိုင်တယ် သခင်လေးစုရီက တုနှိုင်းမရတဲ့ ပညာရှင် တစ်ယောက်ပဲ ... သူ့စရိုက်နဲ့ သူ့မာနကို ငါအတုယူပြီး တစ်နေ့ ကျင့်သုံးရမယ်။ ”
ချင်ကျင်းမှ မျက်လုံးပြူးလျက်၊
“ မင်း သူ့ရှေ့မှာ ဒီလိုမြှောက်ပင့်တဲ့ စကားတွေပြောဖို့ စကားလုံးတွေကို သိမ်းဆည်း ထားသင့်တယ်။ ”
ကျိုးကျစ်လီမှ သက်ပြင်းချလိုက်၏။ မျှော်လင့်ထားသည့်အတိုင်း စုရီထံမှ ပါးရိုက်ခံရ ပြီးနောက် သိုင်းအဒေါ်၏ ပါးစပ်သည် အရမ်း ကြမ်းတမ်းလာချေပြီ။
***
ကျောက်စိမ်းတုံး ခန်းမ။
“ သခင်လေး ဒီတံဆိပ်ပြားနဲ့ ... ရွှေကျောက်တုံးခန်းမမှာရှိတဲ့ ဘယ်ဌာနခွဲမဆို အထူးအလေးပေးမှုကို ခံစားနိုင်ပါတယ်။ ”
ရေစိမ်းဝတ်စုံနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကပြုံးပြီး စုရီထံ တံဆိပ်တစ်ခု ပေးလိုက်၏။
သူမ အမည်သည် ဟွာယန် ဖြစ်သည်။ အင်ပါယာမြို့တော် ရွှေကျောက်တုံးခန်းမ၏ တာဝန်ခံဖြစ်၏။
သူမသည် အသက်နှစ်ဆယ်ခန့်သာ ရှိသေးသည်။ သူမ၏ မိတ်ကပ်လိမ်းခြယ်မှုသည် ဂါဝန်ရှည်ဖြင့် လိုက်ဖက်ကာ နွဲ့နှောင်းသည့် ကိုယ်ဟန်ရှိ၏။
စုရီမှ မလှုပ်သဖြင့် ချာကျင်က လက်ခံ ယူလိုက်သည်။ ချာကျင်၏ ကျက်သရေရှိသော အသွင်အပြင်သည် ဟွာယန်ကို မျက်မှောင် ကြုတ်သွားစေသည်။
ဤမျှ ချစ်စဖွယ် အမျိုးသမီး တစ်ယောက်သည် တစ်စုံတစ်ယောက်အနား အိမ်အကူအဖြစ် ထမ်းဆောင်နေသည်မှာ အံ့သြစရာပေပင်။
“ မင်းမှာ ချန်ယွီလို့ခေါ်တဲ့ ညီမရှိလား ... ။ ”
စုရီမေးခွန်းကြောင့် ဟွာယန်မှ မျက်ဝန်းများ မှေးစင်းကာ၊
“ သခင်လေး၊ မင်းက အရမ်း ဉာဏ်ကောင်းတယ် ငါ့မှာချန်ယွီလို့ခေါ်တဲ့ ညီမလေးတစ်ယောက် ရှိပါတယ်။ ”
“ အမွှာတွေလား ... ။ ”
“ မင်းနောင်မှာ ကျောက်စိမ်းမြို့တော်ရဲ့ ရွှေကျောက်တုံး ခန်းမကို ရောက်ခဲ့ရင် အဖြေကို ရှာတွေ့နိုင်မှာပါ။ ”
“ စိတ်ဝင်စားဖို့ ကောင်းတယ်။ ”
စုရီမှပြုံးကာ သူ့လက်ကို နောက်ပို့လျက် အေးအေးဆေးဆေး ထွက်ခွာသွားတော့သည်။ ချာကျင်က မှုန်ကုပ်ကုပ်ဖြင့် လိုက်ပါလာ၏။
သခင်လေးသည် အသက်ကြီးကြီး အမျိုးသမီးများအပေါ် သဘောကျနေပုံရသည်။ ဤအမျိုးသမီးသည် ယောကျ်ားများစွာကို မည်သို့ဆွဲဆောင်ရမည်ဟု ကောင်းစွာ သိရှိနေပုံရ၏။
စုရီနှင့် ချာကျင်တို့ အဝေးသို့ လျှောက်လှမ်းသွားနေသည်ကို ကြည့်ပြီးနောက် ဟွာယန်တစ်ယောက် လျှို့ဝှက်ခန်းထဲ ပြန်ဝင်လာသည်။
“ မိန်းကလေး ... ။ ”
လျှို့ဝှက်ခန်းအတွင်းမှ ဆံပင်ဖြူ အဘိုးအိုတစ်ဦးက မတ်တပ်ရပ်ကာ နှုတ်ဆက် လေသည်။
“ ဦးလေးရင် ဒီလက်နက်တွေရဲ့ ဇစ်မြစ်ကို ပြောပြနိုင်မလား။ ”
ဟွာယန်မှ ခေါင်းညိတ်ပြီး ခုံတွင် ဝင်ထိုင်လိုက်သည်။ အဖိုးအို အမည်မှာ ရင်ဘို ဖြစ်၏။ အဖိုးအိုက သူ့ရှေ့ စားပွဲပေါ်ရှိ လက်နက်များစွာထံ ပြန်ကြည့်သည်။
“ ဒီထီးကို သွေးဆူးလို့ ခေါ်ပါတယ် ... သူ့မှာလျှို့ဝှက်ယန္တရားတစ်ခု ပါရှိတယ် အဲဒါက အလွန်ကောင်းတဲ့ ဝိညာဉ်လက်နက်တစ်ခုပဲ ပိုင်ရှင်နာမည်က မဟာသခင် ဟွာလျန်းရှီး။ ”
“ ဒီပုဆိန်ကြီးကိုတော့ တောင်ခွဲပုဆိန်လို့ခေါ်တယ် ... ပိုင်ရှင်က မဟာသခင်ကျိချန်ဟီး ... ။ ”
“ အိုး ... ။ ”
ဟွာယန်၏ လှပသောမျက်လုံးများ မှေးစင်းသွားသည်။
“ "မနေ့က၊ တတိယမင်းသားရဲ့ မဟာသခင်အဆင့် နောက်လိုက်သုံးယောက်ဟာ အင်ပါယာမြို့တော်နဲ့ မိုင်သုံးရာဝေးတဲ့ တောင်တန်း တစ်နေရာမှာ သေဆုံးသွား ခဲ့တယ်လို့ ငါသတင်းရထားတယ် ...
... သူတို့အပြင် တတိယမင်းသားရဲ့ အကြံပေးအရာရှိ ယင်တုံလည်း ပါရှိခဲ့တယ် ဒါဆို ဒီသတင်းက ခိုင်မာပြီပေါ့။ ”
အရပ်မျက်နှာဆယ်ပါးဟူသော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းတစ်ခု ထံမှ ထိုသတင်းကို ရရှိခဲ့သည်။
၎င်းအဖွဲ့အစည်းသည် မဟာကျိုး၊ မဟာဝေနှင့် မဟာချင်တို့တွင် အမြစ်တွယ်နေ ကြ၏။
ထောက်လှမ်းရေး လုပ်ငန်းဖြင့် လျှို့ဝှက် သတင်းများစွာကို ရောင်းဝယ်ရေး လုပ်ဆောင် ကြသည်။ မဟာကျိုး၏ မဟာသခင်အဆင့် သတ်မှတ်ချက်ကို ထိုအဖွဲ့အစည်းမှပင် သတ်မှတ်ပေးခြင်းဖြစ်၏။
၎င်းစာရင်းသည် ခြောက်လတစ်ကြိမ် ပြန်လည်ပြင်ဆင်ပြီး ထိပ်တန်း မဟာသခင်များ (၁၀၀)အမည်ဖြင့် ထွက်ရှိချေပြီ။
ထို့ကြောင့် မဟာကျိုး မင်းဆက်၏ သူရဲကောင်းများကြားတွင် ဤစာရင်းသည် ကြီးမားသော သြဇာလွှမ်းမိုးမှုရှိပြီး တရားဝင် အသိအမှတ်ပြုလာကြသည်။
ဦးလေးရင်မှ ခေါင်းခါလျက်၊
“ ငါ့အမြင်အရတော့ ဒီကောင်လေးက အရောင်းသမား သက်သက် ဖြစ်သင့်ပါတယ် ... ချီစုစည်းခြင်းအဆင့်က တစ်စုံတစ်ယောက်က နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့တဲ့ မဟာသခင် သုံးပါးကို သတ်ပစ်နိုင်မယ် မထင်ဘူး။ ”
-ဟု လေးနက်စွာ မှတ်ချက်ချလိုက်၏။
“ ဒါဆို သူ့နောက်မှာ ရှိနေတဲ့ ... ကျွမ်းကျင်သူတစ်ယောက်က ဘယ်သူ ဖြစ်နိုင်မလဲ။ ”
***
Book-12