ခရီးအဆုံးသတ်
Vol. 11 Ch. 150
“သင့်ကို ဘာမှမသိသေးတဲ့သူတစ်ယောက်လို့ပဲ ကျုပ်သတ်မှတ်ရလိမ့်မယ် သင့်ရဲ့ အသိပညာတွေက အစကတည်းက ချို့ယွင်းနေပုံရပေမဲ့ သင်ဟာ အရာအားလုံးကို သိတယ်တတ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်မှားယွင်းပြီး အမှန်ထင်နေတဲ့သူမျိုးပဲ”
ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်သည် အာရန်၏ယူဆချက်များအား သဘောမတူခဲ့ပေ။
သူ၏ နတ်ဘုရားမအပေါ် ယုံကြည်မှုသည် အလွန်အားကောင်းလွန်းနေခဲ့ပြီး သူ၏ ခံယူချက်သည်လည်း အလွန်ခိုင်မာနေခဲ့လေသည်။
သူ့အတွက်မူ အာရန်သည် ကိုယ်ပြောနေသည့်စကားကိုပင် ကိုယ်နားမလည်သည့် လူတစ်ယောက်ဟုသာရှုမြင်ခဲ့လေသည်။
“မကြာခဏဆိုသလို မာနတရားက လူတွေကို အမှန်တရားအကြောင်း သိမြင်နိုင်ခွင့် ကနေ လွဲချော်သွားစေတယ် သူတို့ အမှန်တရားကို မြင်လိုက်တဲ့အခါ အရာရာ နောက်ကျသွားပြီပဲ သူတို့လုပ်နိုင်တာက အဲ့ဒီအချိန်မှာ နောင်တရနေရုံပဲတတ်နိုင်တယ် သင်ဟာလည်း အဲ့ဒီလိုပဲ နောင်တရမဲ့လမ်းကို လျှောက်လှမ်းနေပုံရတယ်”
ဂိုဏ်းအုပ်ဘုန်တော်ကြီးသည် ပြန်လည်သုံးသပ်မှုများပြုလုပ်ရင်း သူ၏ နှလုံးသားအတွင်မှ မျိုးစေ့တစ်ခုကို ပိုမိုခိုင်မာစေရန်ကြိုးစားလိုက်သည်။
“ကျုပ်က လမ်းနှစ်သွယ်ကို လျှောက်နေပြီး ဘယ်လမ်းကမှ နောင်တရမဲ့ လမ်း မဟုတ်ဘူး အနာဂတ်မှာ ကျုပ်နောင်တရမယ့် အရာအနည်းငယ်တော့ ရှိလာနိုင်တယ် အထူးသဖြင့် ကျုပ်ရဲ့ လုပ်ရပ်မှားယွင်းမှုအချို့ကြောင့်ပေါ့ ဒါပေမယ့် လူသားဆန်တယ်ဆိုတဲ့ အဓိပ္ပာယ်က အဲဒါပဲ မဟုတ်ဘူးလား”
အာရန်က ပြန်ဖြေလိုက်သည်။
“လူသားတစ်ယောက်ဖြစ်လာပြီဆိုကတည်းက ကျုပ်တို့ဘဝတွေရဲ့ အစိတ်အပိုင်းတိုင်းမှာ သက်ဆိုင်ရာ ရွေးချယ်မှုတွေ ပြုလုပ်ကြရတာပဲ ခင်ဗျားကိုယ်တိုင်တောင် မသက်မသာဖြစ်စေနိုင်တဲ့ အရာတွေကိုလည်း တစ်ခါတလေ ပြုလုပ်မိမှာပဲလေ အဲ့ဒါတွေက ခင်ဗျားအပေါ် အကျိုးအမြတ်ရှိနေတယ်လို့ ယူဆထားသရွေ့ပေါ့” ဟု အာရန်က ထပ်ပြောလိုက်သည်။
“ဘယ်သူမဆို နောင်တတစ်ခုမဟုတ်တစ်ခုတော့ ရဘူးခဲ့ကြမှာချည်းပါပဲ”
“မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ လူသားတစ်ယောက်ဟာ သူ့ကိုယ်ပိုင်လမ်းကြောင်းကို ကိုယ်တိုင်ဖန်တီးဖို့လိုအပ်တယ် ပြီးတော့ အဲဒါကို လူသားဆန်တယ်လို့ခေါ်တယ် ကျုပ်ဟာ တစ်စုံတစ်ယောက်ရဲ့ ရုပ်သေးရုပ်အဖြစ်ခံမယ့်အစား လူသားဆန်ဆန် ပြုမူနေထိုင်ရတာကိုပဲ ပိုပြီး သဘောကျတယ်”
“သင်က ကျုပ်ကို ရုပ်သေးရုပ်လို့ ပြောချင်တာလား” ဂိုဏ်းအုပ်ဘုန်တော်ကြီး က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။
“ကျုပ်ခင်ဗျားကို ဘယ်တုန်းကမှ နာမည်တပ် မပြောခဲ့ပါဘူးဗျ”
အာရန်က ပြန်ဖြေလိုက်သည်။
“ကျုပ်က ဒီအတိုင်းထွေရာလေးပါးလျောက်ပြောလိုက်တာ ခင်ဗျားက အဲဒါကို ခင်ဗျားကို ပြောနေတယ်လို့ ယူဆမယ်ဆိုရင်တော့လည်း ကျုပ်ကဘာမှ မတတ်နိုင်ဘူးပေ့ါ”
အပြင်စည်းတပည့်များသည် ဂိုဏ်းထဲသို့ ဝင်ရောက်တိုက်ခိုက်နေစဉ် ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်နှင့် အာရန်တို့ သည် စကားဆက်ပြောနေခဲ့ကြလေသည်။
နောက်တွင် ရပ်နေသော ရဲ့လန်သည် ၎င်းတို့ပြောနေသော အရာများကို ဘာတစ်ခုကိုမျှ နားမလည်ခဲ့ပေ။
ဤနှစ်ယောက် ဘာကို ငြင်းခုန်နေကြသနည်း။
နာသန်နီယယ်သည် မျက်မှောင်များပိုမိုကြုတ်လိုက်မိပြီး ပိုနက်ရှိုင်းစွာ စဥ့်စားလိုက်မိသော်လည်း သူသည်ဘာမှထပ်မံ မပြောဆိုတော့ပေ။
သူ၏ စကားများကိုပင် ဂရုမစိုက်သောသူတစ်ဦးနှင့် ငြင်းခုံရခြင်းသည် မည်သို့မျှ အသုံးမဝင်ကြောင်း သူစတင်ခံစားလာရပြီဖြစ်သည်။
အပြင်စည်းတပည့်များသည် အတော်လေးကောင်းမွန်စွာ တိုးတက်လာနေခဲ့သည်။
သူတို့ယခုရင်ဆိုင်နေရသော ဂိုဏ်းသည် အမှန်တကယ်ပင် အသူရာဂိုဏ်းထက် အားနည်းသော်လည်း ဂရုမစိုက်ဘဲ နေနိုင်သည်အထိတော့မဟုတ်ပေ။
ဂိုဏ်းတည်ရှိရာနေရာဆီမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကြောင့် အာရန်၏ အတွေးစများ ပြတ်တောက်သွားသည်။
တပည့်အချို့သည် ခုခံမှုအချို့နှင့် ရင်ဆိုင်နေရပုံရသည်။
နာသန်နီယယ်သည် အာရန်အား လှမ်းကြည့်လိုက်ရာ သူ၏ စိုးရိမ်ပူပန်မှု ကင်းမဲ့နေသည့်ဟန်ကို သတိပြုမိလိုက်သည်။
“မင်းက သူတို့အပေါ်မှာအတော်လေး အရမ်းယုံကြည်မှုရှိနေပုံရတယ်”
အာရန်သည် ပြန်မဖြေခဲ့ချေ။ သူသည် ရိုးရှင်းစွာသာ စောင့်ကြည့်နေခဲ့သည်။
သူပေးထားသော ထိုပစ္စည်းများဖြင့်ပင် ဤတပည့်များသည် ဤအရာကို မပြီးမြောက်နိုင်လျှင် ၎င်းတို့သည် အသုံးမဝင်ဟုသာ ခေါ်ဆိုနိုင်လေသည်။
ဂိုဏ်းအုပ်ဘုန်တော်ကြီး လည်း တိတ်ဆိတ်သွားပြီး နေမင်းကြီးထွက်ပေါ်လာသည်ကိုသာ ပြန်လည်အာရုံစိုက်နေလိုက်သည်။
သူသည် သူ၏မြင့်မြတ်သောနတ်ဘုရားမအား အာရန်၏ ယုံကြည်မှု ကင်းမဲ့နေသည်ကို နားမလည်နိုင်ခဲ့ပေ။
အခြားတိုက်များမှ လူများမှာ အဘယ့်ကြောင့် မြင့်မြတ်သောနတ်ဘုရားမကို မယုံကြည်နိုင်ကြသနည်း။
သူတို့၏ ဦးခေါင်းတွင် မည်သည့်အရာများ မှားယွင်းနေကြသနည်း။
ဤသို့ဖြင့် မိနစ်အနည်းငယ် ကြာသွားခဲ့သည်။
တိုက်ပွဲသည် ခက်ခဲခဲ့သော်လည်း အပြင်စည်းတပည့်များသည် အသူရာဂိုဏ်း၏ ပစ္စည်းများကို ကောင်းမွန်စွာ အသုံးပြုနိုင်ခဲ့ကြသည်။
သူတို့သည် အသူရာဂိုဏ်းနှင့် ရင်ဆိုင်ခဲ့စဉ်က တိုက်ပွဲအတွေ့အကြုံအချို့ ရရှိခဲ့လေသည်။
ထိုအတွေ့အကြုံများသည် အထူးသဖြင့် သူတို့၏ သတ္တိရှိမှုကို ကောင်းစွာ အသုံးချနိုင်လာခဲ့သည်။
အပြင်စည်းတပည့်များသည် အခြားအတွင်းစည်းတပြည့်များနှင့် အနည်းငယ် ကွဲပြားကြောင်း အာရန်လည်း သတိထားမိလေသည်။
သူတို့ ပထမဆုံး ရောက်လာစဉ်အခါက သူတို့သည် အလွန် ကြောက်ရွံ့နေကြပြီး သတ္တိလဲနည်းကြလေသည်။
သူတို့သည် တကယ်ကို ကလေးများကဲ့သို့ ဖြစ်ကြသည်။
သို့သော် ယခု သူတို့သည် သွေးများစွာစွန်းထင်းခြင်း၏ အရသာကို နားလည်လာကြသော စစ်သည်တော်များသဖွယ် ရဲရင့်စွာ ပြုမူနေကြပြီဖြစ်လေသည်။
မကြာမီ တိုက်ပွဲသံသည် ဖြည်းဖြည်းချင်း လျော့နည်းလာလေသည်။
တပည့်များသည် အောင်ပွဲခံနိုင်ခဲ့သော်လည်း ပင်ပန်းနွမ်းနယ်စွာဖြင့် ပြန်လာကြလေသည်။
သူတို့သည် ထိုဂိုဏ်း၏ ဂိုဏ်းချုပ်ကိုပင် အရှင်ဖမ်းဆီးနိုင်ခဲ့ကြသည်။
ထိုဂိုဏ်းချုပ်သည် ကြိုးများဖြင့် ချည်နှောင်ခံထားရပြီး မြေပြင်ပေါ်တွင် ဒူးထောက်ခိုင်းခံထားရကာ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရရှိထားလေသည်။
“အကြီးအကဲရင်” တပည့်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့က xxဂိုဏ်းကို နှိမ်နင်းပြီးလို့ ခေါင်းဆောင်ကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ် ဘာများ အမိန့်ပေးလိုပါသလဲ”
အာရန်သည် ကောင်းကင်သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ကာ ထိုဂိုဏ်းချုပ်ရှေ့တွင် ဆင်းသက်လိုက်သည်။
သူသည် သူ့အား ရန်လိုစွာ စိုက်ကြည့်နေသော ဂိုဏ်းချုပ်အား ငုံ့ကြည့်လိုက်သည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ” သူက မေးသည်။
“ဂျင်”
ထိုသူက တံတွေးတစ်ချက် ထွေးကာ ပြောလိုက်သည်။
“ပြီးတော့ ငါ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်မှာ မဟုတ်ဘူး”
အာရန်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသည်။
“မင်းရဲ့ တောင်းပန်မှုကိုလည်း ငါစိတ်မဝင်စားဘူး မင်းရဲ့ ဘဏ္ဍာတိုက် ဘယ်မှာလဲဆိုတာပဲ သိချင်တယ်”
“ငါ မင်းကို ပြောမယ်လို့ ထင်နေတာလား” ဂိုဏ်းချုပ်က ပြန်လှောင်ပြောင်လိုက်သည်။
“မင်း ငါ့ကို ပြောပြီး ငြိမ်းချမ်းစွာ သေနိုင်တယ် ဒါမှမဟုတ် မင်းရဲ့ ဝိညာဉ်ကို ထာဝရ ကျွန်ပြုခံရပြီးမှပဲ ဖြေဆိုရင်လည်း ဖြေဆိုနိုင်တယ် ရွေးချယ်မှုက မင်းအပေါ်မှာပဲမူတည်တယ်”
အာရန်က ထိုဂိုဏ်းချုပ်ကို ခြိမ်းခြောက်လိုက်လေသည်။
ဝိညာဉ်ကျွန်ပြုခြင်းအကြောင်း ကြားသောအခါ ထိုဂိုဏ်းချုပ်၏ မျက်နှာမှာ အလွန်ဖြူဖျော့သွားလေသည်။
မိစ္ဆာဂိုဏ်းတွင် ထိုကဲ့သို့သော အရာမျိုးကို လုပ်နိုင်သော အကြီးအကဲတစ်ဦးရှိကြောင်း သူကြားဖူးထားသည်။
ထိုသူသည် ဝိညာဉ်ထောင်ပေါင်းများစွာကိုပင် ကျွန်ပြုထားပြီးဖြစ်လေသည်။
သူတို့၏ ဝိညာဉ် ကျွန်ပြုခံရခြင်းထက် သေခြင်းက ပိုကောင်းသည်ဟု ဆိုကြသည်။
သာမန်အကြီးအကဲတစ်ဦးသည် ထိုအရာကို သိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အာရန်က အမှန်ပြောနေသည်လား သို့မဟုတ် လိမ်လည်နေသည်လားဟု သူ မသိနိုင်သော်လည်း ထိုအရာကိုအမှန်တကယ်မခံစားလိုခဲ့ပေ။
သူသည် မည်သို့ပင်ဖြစ်စေ သေရတော့မည်ဖြစ်သောကြောင့် သူ၏ ဝိညာဉ်ကို အန္တရာယ်ပြုခံလိုက်ခြင်းသည် အဓိပ္ပါယ်မရှိချေ။
သူသည် ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပြီး သူ၏ မျက်လုံးများမှ မုန်းတီးသည့် အမူအရာများ ပျောက်ကွယ်သွားသည်။
သူသည် ဘဏ္ဍာတိုက်ကို ဖွင့်ရန် နည်းလမ်းအပါအဝင် အရာအားလုံးကို အာရန်အား ပြောပြခဲ့သည်။
“အခု သူ့ကို သတ်နိုင်ပြီ”
အာရန်က ဘဏ္ဍာတိုက်ဆီသို့ သွားနေစဉ် တပည့်များကို ပြောလိုက်သည်။
နေရာတစ်ခုလုံးကို လုယက်ပြီးနောက် သူသည် သင်္ဘောပေါ်သို့ ပြန်လာခဲ့သည်။
ပြန်လာသည့်လမ်းတွင် ဂိုဏ်းချုပ်၏ အလောင်းကို တွေ့လိုက်ရသည်။
သူသည် ဝိညာဉ်ကျွန်ပြုခြင်း နည်းလမ်းကို မသိသော်လည်း အရေးမပါတော့ပေ။
သူသည် အလိုရှိသော အရာအားလုံးကို ရရှိပြီးဖြစ်သည် မဟုတ်ပါလေ။
“မင်းနဲ့ မင်းဂိုဏ်းအပေါ်မှာ ငါ ဘာရန်ငြိုးမှ မရှိခဲ့ပါဘူး မင်းက နောက်ဘဝမှာ တစ်ယောက်ယောက်ကို လက်စားခြေချင်တယ်ဆိုရင် ဟိုမိန်းမ ဖန်းယုဆီပဲ သွားလိုက်ပါ” ဟု အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်တစ်ခုကို ပြောပြီး သင်္ဘောဆီသို့ ပြန်သွားလိုက်သည်။
…………
နောက်ရက်အနည်းငယ်အတွင်း မိစ္ဆာဂိုဏ်း၏ ကောင်းကင်စစ်သင်္ဘောကို အရှေ့တိုက်ကြီး၏ နေရာအနှံ့အပြားတွင် တွေ့မြင်ခဲ့ကြရသည်။
ဤသင်္ဘော ပေါ်လာသည့် နေရာတိုင်းမှ ဂိုဏ်းတစ်ခုစီသည် ကွယ်ပျောက်သွားခဲ့ရသည်။
ရက်အနည်းငယ်အတွင်း တိုက်တစ်ခုလုံးတွင် မိစ္ဆာဂိုဏ်းမှလွဲ၍ ကျန် ဂိုဏ်းတိုင်းသည် ဖျက်ဆီးခံခဲ့ရလေသည်။
အာရန်သည် သင်္ဘောအား ပြန်မဆုတ်ခွာခင် နောက်ဆုံးဂိုဏ်းကိုလည်း လုယက်ခဲ့လေသည်။
“အရာအားလုံးပြီးပြီပဲ နောက်ဆုံးတော့လည်း မိစ္ဆာဂိုဏ်းကို သွားလို့ရပြီမဟုတ်လား”
နာသန်နီယယ်က ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် စောင့်ဆိုင်းရသည်ကို စိတ်ကုန်လာသောကြောင့် မေးလိုက်သည်။
“ဒီမှာ ငါက သင်္ဘောကို လျှောက် စီးဖို့ စီစဉ်နေတာလေ” အာရန်က နောက်ပြောင်ကာ ပြန်ဖြေလိုက်သည်။
နာသန်နီယယ်သည် ပြန်လည်တည်ငြိမ်သွားသည်နှင့် တစ်ပြိုင်နက် အာရန်သည် ဆက်သွယ်ရေးအဆောင်ကို အသုံးပြုလိုက်သည်။
“ငါတို့ ဂိုဏ်းကို ပြန်ကြမယ် ငါတို့တာဝန် ဒီမှာ ပြီးပြီ”
အာရန်သည် သူ၏ရှေ့ရှိ စနစ်မျက်နှာပြင်ကို ကြည့်ရင်း ပြောသည်။
[ရွေးချယ်ထားသော ရွေးချယ်မှုကို ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါသည်]
[သင်သည် ငရဲလမ်းကြောင်းဖြတ်သန်းခွင့် ကို ဆုအဖြစ်ရရှိလိုက်ရပါသည်]
#Catfoot