← Chapters

နောင်တရဖို့ အချိန်မရှိဘူး

Vol. 11 Ch. 138

နောင်တရဖို့ အချိန်မရှိဘူး

Vol. 11 Ch. 138

အာရန်သည် မိစ္ဆာဂိုဏ်းချုပ်မှ သူ့အားပေးအပ်ထားခဲ့သော ဤတာဝန်ကို ပြီးမြောက်ရန်အတွက် အားအနည်းဆုံး တပည့်ဆယ်ယောက်၏ အကူအညီသက်သက်ဖြင့် အလုပ်မဖြစ်နိုင်ကြောင်း နားလည်ထားလေသည်။

အတွင်းစည်းတပည့်တစ်ဦးလောက်ထပ်မံ ပါဝင်မည်ဆိုပါက ဖြစ်နိုင်ချေရှိသေးသော်လည်း ထိုသို့လုပ်လိုက်၍မရပေ။

ဤခရီးတွင် အစေခံအဖြစ် လိုက်ပါလာသော ရဲ့လန်ကိုပင် သူသည် အသုံးမပြုနိုင်ပေ။

ထို့ကြောင့် ဤတာဝန်သည် အပြင်စည်းတပည့်ဆယ်ယောက်ကို အသေခံရန် သက်သက် စေလွှတ်လိုက်ခြင်းနှင့် မခြားနားပေ။

ဤခရီးထွက်လာရာ လမ်းခရီးတစ်လျေက်တွင် အာရန်သည် ထိုဂိုဏ်းအား ဝင်ရောက်တိုက်ခိုက်ခြင်းမပြုပဲ သို့မဟုတ် အခြားသူ၏ အကူအညီကိုမည်သို့ယူလျှင်အဆင်ပြေနိုင်မည် စသဖြင့် ယခုတာဝန်ကို အောင်မြင်အောင် ကူညီနိုင်မည့် နည်းလမ်းအမျိုးမျိုးကိုတစ်လမ်းလုံး တွေးတောလာခဲ့သည်။

ကံကောင်းစွာဖြင့် သူ၏ စနစ်မှသတ်မှတ်ထားသော ရွေးချယ်မှု၏ စံနှုန်းများနှင့် ကိုက်ညီသော သင့်လျော်သည့် နည်းလမ်းတစ်ခုကို သူတွေးတောနိုင်ခဲ့သည်။

“အကြီးအကဲရန်ခင်ဗျာ ပုံစံကွက်အစီအရင် အသက်ဝင်နေပါပြီ”

သင်္ဘောသားတစ်ဦးက အစီရင်ခံလာသည်။

“ကျွန်တော်တို့ ဒီဟာကို ချိုးဖျက်သင့်သလား”

အာရန်သည် သင်္ဘောသားများကို မဖြေဘဲ တပည့်ဆယ်ယောက်ကိုသာ လှည့် ကြည့်လိုက်သည်။

သူသည် သူ၏ နောက်တွင်ရပ်နေသော အပြင်စည်းတပည့်ဖြစ်သူ မိန်းကလေးတစ်ဦးအား အထူးဂရုပြုစိုက်ကြည့်လိုက်မိသည်။

သူမသည် အစမှအဆုံးအထိ အဖွဲ့အစည်းအား မည်သည့်ဦးဆောင်မှုမှ မပြုလုပ်ခဲ့သော်လည်း သူ၏မျက်စိကို ဖမ်းစားနိုင်ခဲ့လေသည်။

တပည့်ဆယ်ယောက်ထဲတွင် ဤတာဝန်အကြောင်းပြောပြစဉ်တွင် သူတို့အားလုံး ကိုယ့်ကိုယ်ကိုယ်သာအားကိုးရမည်ဖြစ်ကြောင်း ထိုသို့မလုပ်နိုင်ပါက သေဆုံးရမည်ဟု ပြောကာ ခြောက်လှန့်ရန် ကြိုးစားမိသောအခိုက်အတန့်က ထိုမိန်းကလေးသည် ကြောက်ရွံ့မှုများစွာ မပြသော တစ်ဦးတည်းသော တပည့်လဲဖြစ်လေသည်။

သူမသည် သူ၏ စကားများကို ယုံကြည်နေသကဲ့သို့ သူမ၏ အသက်အားလည်း စွန့်လွှတ်ရန် ပြင်ဆင်ထားပုံပေါ်လေသည်။

“လာ မင်းကို တစ်ခု သင်ပေးမယ်”

အာရန် သည် ထိုမိန်းကလေး၏ ပခုံးပေါ် လက်တင်လိုက်သည်။

“ကျန်ကိုးယောက်ကတော့ တိုက်ပွဲအတွက် ပြင်ဆင်ထားကြပါ ဒီအကာအကွယ်လွှာ အစီအရင် ပျက်သွားတာနဲ့ မင်းတို့ဟာ ချက်ချင်းအောက်

ဆင်းပြီး ဂိုဏ်းထဲကို ဝင်တိုက်ရမယ်”

ဂိုဏ်းတပည့်ကိုးယောက်သည် ရှုပ်ထွေးစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

အကြီးအကဲရန်သည် အဘယ့်ကြောင့် ထိုမိန်းကလေးကိုမှ ရွေး၍ ခေါ်ဆောင်ရသည်ကို သူတို့ နားမလည်နိုင်ကြပေ။

သူတို့သည် ဂိုဏ်းအတွင်းတွင် အားအနည်းဆုံး တပည့်ဆယ်ယောက်ဖြစ်သော်လည်း အကြီးအကဲရန် ခေါ်သွားသော မိန်းကလေးသည် သူတို့ထဲတွင်ပင် အားအနည်းဆုံးဖြစ်လေသည်။

သူမသည် ဂိုဏ်းထဲသို့ မည်သို့ဝင်ရောက်နိုင်ခဲ့သည်ကိုပင် လူအများက အံ့အားသင့်ကြရသည်အထိ ဂိုဏ်း၏ အားအနည်းဆုံး တပည့်လည်းဖြစ်လေသည်။

အပြင်စည်းတပည့်များကြားတွင် သူမသည် လိမ်လည်မှုဖြင့် ဝင်ရောက်လာသည်ဟူသော ကောလာဟလများပင် ရှိသည်။

ထို့ကြောင့် သူမသည် အပြင်စည်းဂိုဏ်းမှ တပည့်များ၏ အထင်သေး အနိုင်ကျင့်ခြင်းကိုပင် အမြဲတစေခံခဲ့ရလေသည်။

အပြင်စည်းတပည့်ကိုးယောက်သည် အကြီးအကဲရန်မှာ ထိုအားအနည်းဆုံးတပည့်ကို ရွေးချယ်သည်မှာ အကြောင်းပြချက် ကောင်းတစ်ခုရှိနေ၍လားဟူ၍ပင် တွေးတောမိကြလေသည်။

သို့မဟုတ် အားနည်းသူများအပေါ် သူသည် ကြင်နာတတ်သော စိတ်အခံရှိနေ၍များလားဟုလည်းတွေးမိလိုက်ကြသည်။

အာရန်၏ လုပ်ရပ်များသည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေသည်။

ထို့နောက် သူတို့သည် ထိုသံသယများကို ဘေးဖယ်လိုက်ကာ လာမည့် တိုက်ပွဲကိုသာ အာရုံစိုက်ရန်ပြင်ဆင်ထားလိုက်ကြသည်။

အသူရာဂိုဏ်းမှ မဟာအကြီးအကဲများနှင့်ရင်ဆိုင်ရလျှင်ပင် သူတို့အပေါ် စောင့်ကြည့်နေသော အကြီးအကဲရန်ရှိနေသေးသည်။

သူတို့သည် အာရန်အား ယုံကြည်ထားရန်သာ ဆုံးဖြတ်လိုက်ကြသည်။

ထိုအားနည်းသောအပြင်စည်းတပည့်များသည် သူတို့၏လက်နက်များကို အသင့်ပြင်ဆင်ထားလိုက်ကာ ဂိုဏ်း၏ အကာအကွယ်ဝင်္ကပါပုံစံကွက်များဖြင့် ဖုံးကွယ်ထားသော အသူရာဂိုဏ်းအား ငေးကြည့်ရင်း သင်္ဘော၏ ရှေ့ဆုံးပိုင်းတွင် ရပ်လျက်ရှိနေကြသည်။

အကာအကွယ်လွှာ အပြင်ဘက်မှ မြင်ကွင်းတွင်မူ အသူရာဂိုဏ်းသည် ထိုဒေသအတွင်း သြဇာညောင်းသော အင်အားကြီးဂိုဏ်းတစ်ခုပုံစံထက် သူ၏ ကိုယ်ပိုင် အခွံအတွင်း ပုန်းအောင်းနေသော လိပ်တစ်ကောင်နှင့်ပင် ပို၍တူလေသည်။

ကောင်းကင်စစ်သင်္ဘောသည် အသူရာဂိုဏ်း၏ အကာအကွယ်လွှာရှေ့တွင် နှေးကွေးစွာ ရပ်တန့်သွားခဲ့သည်။

ဂိုဏ်းတပည့်ကိုးယောက်တို့သည် အကာအကွယ်လွှာ ပျက်စီးသည်နှင့် တစ်ပြိုင်နက် အောက်သို့ ခုန်ချရန် အလေးချိန်လျှော့ချပေးသော အဆောင်များကို ကိုင်လျက် ကြမ်းတမ်းသော တိုက်ပွဲတစ်ခုအတွက် အသင့် ပြင်ဆင်ထားကြလေသည်။

သို့သော် ကောင်းကင်စစ်သင်္ဘော ရပ်တန့်ပြီး တစ်မိနစ်ခန့်ကြာသွားသော်လည်း မည်သည့်အရာမျှ မဖြစ်လာခဲ့ပေ။

ထို့နောက် ငါးမိနစ်ထပ်ကြာသွားသော်လည်း အခြေအနေမှာ မည်သို့မျှ မပြောင်းလဲသေးပေ။

မိစ္ဆာဂိုဏ်းမှ အပြင်စည်း တပည့်ကိုးယောက်သည် တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြကာ တစ်စုံတစ်ခု မှားယွင်းသွားသလားဟု တွေးတောမိကြကာ သင်္ဘောကုန်းပတ်တွင် အနေရခက်သည့် တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

…………

သူတို့နောက်မှ ခြေသံတစ်စုံကို ကြားလိုက်ရသောအခါမှသာ အနေရခက်သည့် တိတ်ဆိတ်မှုသည် မကြာမီ ပျက်ပြယ်သွားခဲ့လေသည်။

အကြီးအကဲရန် ပြန်ရောက်လာသည်ကို တွေ့လိုက်ရသော်လည်း ဤတစ်ကြိမ်တွင်မူ သူတစ်ယောက်တည်းသာဖြစ်လေသည်။

အာရန်၏ ပုံစံသည် အရင်အတိုင်းပင် အလွန်ခန့်ညားလျက်ရှိပြီး ထိုတပည့်များ၏ရှေ့သို့ ကျော်သွားလိုက်ကာ အသူရာဂိုဏ်းဆီသို့ ငုံ့ကြည့်လိုက်သည်။

“မင်းတို့ အဆင်သင့်ဖြစ်ပြီလား” ဟု အာရန်က မေးလိုက်သည်။

“ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါပြီ”

တပည့်များက တစ်သွေးတစ်သံတည်းဖြင့် ပြိုင်တူ ပြန်လည်ဖြေလိုက်ကြသည်။

“မင်းတို့ ဘာအတွက် အဆင်သင့်ဖြစ်တာလဲ” အာရန်က ထပ်မေးသည်။

“ဂိုဏ်းအတွက် ကျွန်တော်တို့ အသက်ကို ပေးဆပ်ဖို့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့” တပည့်များက ထပ်မံ၍ ပြိုင်တူပြန်ဖြေလိုက်ကြသည်။

“မှားတယ် ဂိုဏ်းရဲ့ ဂုဏ်သိက္ခာက မင်းတို့ရဲ့ အကာအကွယ်ကို မလိုအပ်ဘူး ဂိုဏ်းရဲ့ ကြီးမားတဲ့ အစီအစဉ်တွေမှာလည်း မင်းတို့ဟာ ဘာမှအရေးမပါကြဘူး မင်းတို့ကို ထပ်မေးမယ် မင်းတို့က ဘာအတွက် အဆင်သင့်ဖြစ်နေတာလဲ”

တပည့်များသည် ခဏလောက် တိတ်ဆိတ်သွားကြပြီးနောက် သူတို့ထဲရှိ တစ်ယောက်မှထပြောလိုက်လေသည်။

“ဒီအခွင့်အရေးကို ယူပြီး ကျွန်တော်တို့ ကိုယ့်ကိုယ်ကို သက်သေပြဖို့”

“ဘယ်သူ့ကို သက်သေပြမှာလဲ”

“ကျွန်တော်တို့ကိုယ်တိုင်ကိုပါ”

အာရန်သည် တပည့်များ၏ စကားများကို ကြားလိုက်ရသောအခါ တစ်ချက်ပြုံးလိုက်သည်။

နောက်ဆုံးတော့ သူတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြပြီဖြစ်လေသည်။

“ဒါမှန်တယ် ဒီနေ့မှာ မင်းတို့ဟာ ကိုယ့်ကိုယ်ကို သက်သေပြရမယ် ဒါပေမယ့် ငါ့ကို မဟုတ်ဘူး ဂိုဏ်းကိုလည်း လုံးဝ မဟုတ်ဘူး မင်းတို့ကိုယ်မင်းတို့သာ သက်သေပြရမှာဖြစ်တယ်”

“ကဲ အောက်ကို ဆင်းဖို့ ပြင်ဆင်ကြတော့”

အာရန်က အသံကျယ်လောက်စွာ ဆက်လက်အမိန့်ပေးလိုက်သည်။

တပည့်များက ရှေ့သို့ တက်လာကြပြီး အာရန်ပေးထားသော အလေးချိန်လျှော့ချပေးသော အဆောင်များကို ကိုင်မြှောက်ထားလိုက်ကြသည်။

“သုံးအထိ ရေမယ်”

“တစ်”

“နှစ်”

“သုံး”

နားကွဲထွက်လောက်သော ဟိန်းဟောက်သံဖြင့် ကောင်းကင်စစ်သင်္ဘောကြီးသည် အသူရာဂိုဏ်း၏ အကာအကွယ်လွှာကို တူနှင့်ထုသကဲ့သို့ ပေါက်ကွဲအားပြင်းထန်သော စွမ်းအင်ဗုံးများဖြင့် စတင် ပစ်ခတ်လိုက်လေသည်။

ပထဝီမြေကြီးသည် ပြင်းထန်စွာတုန်ခါသွားပြီး အသူရာဂိုဏ်းကို ဗဟိုပြု၍ မြေပြင်တွင် အက်ကွဲကြောင်းများ စတင်ပြန့်နှံ့လာလေသည်။

“ချီတက်ကြ” အာရန်မှ အမိန့်ပေးလိုက်သည်။

ဂိုဏ်းတပည့်များသည် သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ကြကာ အောက်ရှိ အခိုးအငွေ့များဖြင့် ရှုပ်ထွေးမှုနေသော အက်ကွဲနေသည့်

အကာအကွယ်လွှာကြားသို့ ခုန်ဆင်းသွားကြလေသည်။

သူတို့သည် ခဏတာ အလေးချိန် လျှော့ချပေးသော အဆောင်ပစ္စည်းများကို အသက်သွင်းကာ အသူရာဂိုဏ်းအထက်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်ကြလေသည်။

....

အသူရာဂိုဏ်းအတွင်း၌ မဟာအကြီးအကဲများသည် သူတို့၏ အကာအကွယ် ပုံစံကွက်များ အက်ကွဲလာသည်ကို ကြောက်လန့်တကြား စိုက်ကြည့်နေခဲ့ကြသည်။

ကောင်းကင်စစ်သင်္ဘောဆီမှ စွမ်းအင်ဗုံးများမှာ ပေါက်ကွဲအား အလွန်ပြင်းထန်လွန်းပြီး ၎င်းတို့၏ အကာအကွယ်၀င်္ကဘာ အလွှာများမှာ တဖြည်းဖြည်းပိုပိုပြီး ပြိုလဲအက်ကွဲလာနေခဲ့သည်။

“ကျုပ်တို့ သူတို့ကို အချိန်အကြာကြီး မတားဆီးနိုင်တော့ဘူး” အကြီးအကဲတစ်ဦးက စိတ်ပျက်အားငယ်စွာဖြင့် ငြီးတွားလိုက်သည်။

သူတို့သည် ထိုတိုက်ပွဲအတွင်း အနည်းဆုံး အကာအကွယ်၀င်္ကဘာများကို အချိန်တစ်ခုအထိ ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ထင်နေခဲ့ကြသော်လည်း တိုက်ပွဲမစခင်မှာပင် ၎င်းတို့သည် ပြိုလဲလုမတတ်ဖြစ်နေကြပြီ ဖြစ်လေသည်။

ဂိုဏ်း၏ အကာအကွယ်တွင် အက်ကွဲကြောင်းများအဆက်မပြတ် ဆက်လက်ပြန့်နှံ့နေသည်။

ဝင်္ကဘာသည်လည်း အားနည်းလာကာ နောက်ဆုံးတွင် အကာအကွယ်လွှာတစ်ခုလုံးသည် အပိုင်းအစငယ်များအဖြစ် ကွဲထွက်သွားပြီး လေထဲတွင်ပင် ပျောက်ကွယ်သွားလေသည်။

ဝင်္ကဘာ အလုပ်မလုပ်တော့သဖြင့် ဂိုဏ်းမှာ ခုခံကာကွယ်မှု မရှိတော့ပေ။

“တိုက်ပွဲရှေ့တန်း စစ်မြေပြင် ပုံစံကွက်ကို အသက်သွင်းလိုက်ကြ ကြိုတင်ချမှတ်ထားတဲ့ အစီအစဉ်တွေကိုမမေ့ကြနဲ့”

မဟာအကြီးအကဲတစ်ဦးက အသံကုန် အော်ဟစ်အမိန့်ပေးလိုက်လေသည်။

ဂိုဏ်းတစ်ဝိုက်ရှိ နေရာအများအပြားတွင် ပုံစံကွက်များ ထပ်မံအသက်ဝင်လာသည်။

သို့သော် ဤပုံစံကွက်များသည် ယခင်ကဲ့သို့ ကာကွယ်ခြင်းနှင့် မသက်ဆိုင်ပေ။

ယင်းတို့သည်တိုက်ခိုက်ရန်အတွက်သာ ရည်ရွယ်ထားသော စစ်မြေပြင်သုံး ပုံစံကွက်များပင် ဖြစ်လေသည်။

ဂိုဏ်းသည် တစ်ချိန်တည်းတွင် ပုံရိပ်ယောင်များဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသော ဝင်္ကဘာပုံစံကွက်ကိုပင် အသက်သွင်းလိုက်လေသည်။

အကြီးအကဲလီယန်သည် သူ၏ လက်သီးများကို ကျစ်ကျပ်ပါအောင် ဆုပ်ထားလိုက်သည်။

“ခုမှတော့ နောင်တရဖို့ အချိန်မရှိတော့ဘူး ကျူးကျော်သူအားလုံးကို သတ်ဖို့ ပြင်ဆင်ထားကြ”

All Chapters